Advertise Here !











အမ်ပလီဖိုင်ယာများနှင့် နားကြပ်များအတွက် နာမည်ကျော်လူသိများသော Marshall ကုမ္ပဏီသည် အသံအရည်အသွေး မြင့်မားသော London ဟုခေါ်သည့် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။


အဆိုပါ Android စမတ်ဖုန်းသည် ကမ္ဘာပေါ်တွင် အသံအကျယ်ဆုံး မိုဘိုင်းဖုန်း ဖြစ်ကြောင်း ကုမ္ပဏီက ညွှန်းဆိုထားသည်။ ၎င်းတွင် front-facing စပီကာ နှစ်ခုနှင့် hi-fi sound card တစ်ခုတို့ ပါဝင်သောကြောင့် သုံးစွဲသူများက နားကြပ်မလိုဘဲ သီချင်းကို အရည်အသွေးမြင့်မြင့်ဖြင့် နားဆင်နိုင်မည် ဖြစ်သည်။


ထို့အပြင် နားကြပ်ပေါက် နှစ်ခုပါဝင်သောကြောင့် သုံးစွဲသူများက နားကြပ်နှစ်ခုတပ်ဆင်ကာ သူငယ်ချင်းတစ်ဦးနှင့်အတူ သီချင်းနားထောင်ခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်းတို့ကို အတူတကွ ပြုလုပ်နိုင်မည် ဖြစ်သည်။


London စမတ်ဖုန်း၏ ထိပ်ဘက်တွင် M-Button ဟုခေါ်သော ခလုတ်တစ်ခု ပါဝင်ပြီး ၎င်းသည် သုံးစွဲသူက click တစ်ချက်နှိပ်ရုံဖြင့် သီချင်းကို နားဆင်နိုင်စေမည် ဖြစ်သည်။ ၎င်းတွင် ပါဝင်သည့် music player သည် mp3, mp4 နှင့် AAC စသော နာမည်ကျော် format များကိုပါ အထောက်အပံ့ပေးနိုင်သည်။


၎င်းဖုန်းကို အသံသွင်းရာတွင်လည်း အသုံးပြုနိုင်ပြီး အသံသွင်းရန်အတွက် ဆူညံသံလျှော့ချပေးမည့် software နှင့် dual microphone တို့ကို ထောက်ပံ့ပေးထားသည်။ DJ app တစ်ခု ပါဝင်သောကြောင့်လည်း သုံးစွဲသူများက သီချင်းများကို ရောစပ်ဖန်တီးနိုင်မည် ဖြစ်သည်။


Marshall London တွင် Android Lollipop ကို အသုံးပြုထားပြီး ၄.၇ လက်မ screen, 2GB memory နှင့် 16GB သိုလှောင်မှုပမာဏတို့ကို ထောက်ပံ့ပေးထားသည်။ အပိုဆောင်း သိုလှောင်မှုပမာဏအတွက် microSD card slot ပါဝင်ပြီး ဘက်ထရီက 2500mAh ဖြစ်သည်။ ကျောဘက်ကင်မရာမှာ 8MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 2MP ဖြစ်သည်။


အဆိုပါ စမတ်ဖုန်းကို စတာလင်ပေါင် ၃၉၉ ဖြင့် နိုင်ငံပေါင်း ၂၂ နိုင်ငံသို့ တင်ပို့ ရောင်းချမည် ဖြစ်သည်။ Marshall ဝက်ဘ်ဆိုက်တွင် ကြိုတင်မှာယူသူများ အနေဖြင့် Monitor နားကြပ်တစ်စုံ အခမဲ့ရရှိမည်ဖြစ်သည်။ တင်ပို့ရောင်းချမည့် အချိန်မှာ နိုင်ငံအပေါ်မူတည်ပြီး သြဂုတ်လကုန်မှ စက်တင်ဘာလလယ်အတွင်း ဖြစ်ကြောင်း သိရသည်။


Ref: Telegraph
Credit to internetjournal 
Thiha Htike(THT)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !