Advertise Here !





၂၀၀၈ ခုနှစ် ရတနာပုံဈေး မီးလောင်မှု ဖြစ်ပွားခဲ့စဉ်က ပါဝင်သွားခဲ့သည့် Mandalay ICT Park ကို လာမည့် သြဂုတ်လ ၈ ရက်၌ ပြန်လည်ဖွင့်လှစ်သွားမည်ဟု သိရသည်။

အဆိုပါ ICT Park ကို ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧရိယာအားဖြင့် စတုရန်းပေ ၆ သောင်း ၆ ထောင် ခန့် ရှိသည်ဟု သိရသည်။

မီးလောင်မှု၌ ပါဝင်သွားခဲ့သည့် ICT Park ကို အသစ်ပြန်လည် တည်ဆောက်ထားသည့် ရတနာပုံ စူပါစင်တာ တတိယထပ်၌ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိ အချိန်၌ ပြည်တွင်းရှိ ထိပ်တန်းအဆင့် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သော MIT ကုမ္ပဏီနှင့် အခြားသော နည်းပညာ ကုမ္ပဏီနှစ်ခုတို့က တည်နေရာ ရယူထားပြီး ဖြစ်သည်ဟု သိရသည်။

“ICT Park ထဲမှာ Conference Hall တစ်ခု၊ Meeting Room တစ်ခု ရှိတယ်။ MIT က တော့ စတုရန်းပေ ၅ ထောင်ကျော်လောက်ကို တည်နေရာယူထားတယ်။ ဒီမှာ Hardware လုပ်ငန်းတွေအတွက်တော့ မရှိဘူးပေါ့။ ရည်ရွယ်ထားတာက IT နည်းပညာတွေ၊ Soluction တွေ လုပ်ဖို့အတွက် ရည်ရွယ်ထားတာပါ” ဟု ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းထွဋ်က ပြောသည်။
ဒေသတွင်းရှိ နည်းပညာ လုပ်ငန်းငယ်များအနေဖြင့်လည်း ICT Park ၌ ဝင်ရောက်လုပ်ကိုင်နိုင်ရန် အစီအစဉ်များ ရေးဆွဲထားကြောင်း၊ ပြည်ပမှ နည်းပညာကုမ္ပဏီများနှင့် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများ သည်လည်း လိုအပ်သော ဧရိယာ စတုရန်းပေအလိုက် ဝင်ရောက်နေရာယူလာမည်ဟု ခန့်မှန်းထားကြောင်း ဦးသိန်းထွဋ်က ဆိုသည်။

ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းကို ၂၀၀၂ ခုနှစ်က ဒေသတွင်း နည်းပညာကုမ္ပဏီများနှင့် စိတ်ပါဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ Mandalay ICT Development အမည်ဖြင့်စတင် လုပ်ကိုင်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ ၎င်းတို့၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃ သန်းကျော်သို့ ရောက်ရှိခဲ့ပြီလည်း ဖြစ်သည်။

မီးလောင်မှုကြောင့် ဆုံရှုံးနစ်နာမှုများ အပါအဝင် ပြန်လည်တည်ဆောက်ခြင်းတို့အတွက်လည်း ကုန်ကျစရိတ် များစွာရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အားလုံးကို ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်း တစ်ခုတည်းကသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ Private Limited အဆင့်သာရှိသေးသည့် ရတနာပုံဆိုက်ဘာ ကော်ပိုရေးရှင်းသည် လက်ရှိ ICT Park ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် တိုင်းဒေသကြီး စည်ပင်သာယာသို့ အမေရိကန်ဒေါ်လာ ၁ သန်း ပေးသွင်းထားခြင်း ဖြစ်သည်။


Ref:internetjournal

Thiha Htike(THT)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !