Galaxy S6 Edge Plus ကို သြဂုတ်လတွင် Samsung ပွဲထုတ်မိတ်ဆက်ဖွယ်ရှိ



နောက်ဆုံးထွက်ပေါ်လာသော ကောလာဟလသတင်းများအရ Samsungစမတ်ဖုန်းသစ်များကို သြဂုတ်လတွင် တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။
ကိုရီးယား မိုဘိုင်းဖုန်းကုမ္ပဏီကြီးသည် screen အရွယ်အစားကြီးမားသည့် စမတ်ဖုန်းများဖြစ်သော Galaxy S6 Edge Plus နှင့် Galaxy Note 5 ကို သြဂုတ်လတွင် မိတ်ဆက်ကြေညာဖွယ်ရှိကြောင်း SamMobile blog site မှ ဖော်ပြခဲ့သည်။ အဆိုပါ စမတ်ဖုန်းနှစ်မျိုးစလုံးကို သြဂုတ်လ ၁၂ ရက်တွင် မိတ်ဆက်ဖွယ်ရှိပြီး သြဂုတ်လ ၂၁ ရက်တွင် ရောင်းချရန် စီစဉ်ထားကြောင်း SamMobile ၏ ရင်းမြစ်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က အမြတ်ငွေများ ဆိုးရွားစွာကျဆင်းခဲ့သည့် Samsung သည် စမတ်ဖုန်းရောင်းအား နှင့် ဈေးကွက်ရှယ်ယာ ပြန်လည်မြင့်တက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကုမ္ပဏီ၏ ဇူလိုင်လ ၆ ရက်တွင် ထုတ်ဖော်ပြောကြားချက်အရ ရောင်းအားနှင့် ဖောက်သည်များကို Apple ထံ ဆုံးရှုံးခဲ့ရခြင်းနှင့် Xiaomi ကဲ့သို့သော တရုတ်ကုမ္ပဏီများ၏ ဈေးသက်သာသော စမတ်ဖုန်းများကြောင့် သုံးလပတ် အမြတ်ငွေမှာ ၇ ကြိမ်ဆက် ကျဆင်းဖွယ်ရှိကြောင်း သိရသည်။

ထို့ကြောင့် phablet ဟု လူသိများသည့် screen အရွယ်ကြီးမားသော ဖုန်းနှစ်မျိုးကို မိတ်ဆက်ခြင်းသည် ဆုံးရှုံးသွားသည့် ဈေးကွက်ရှယ်ယာများကို ပြန်လည်ရယူနိုင်စေမည့် နည်းလမ်းတစ်ရပ် ဖြစ်လာဖွယ်ရှိ သည်။

အစောပိုင်း ထွက်ပေါ်လာခဲ့သော သတင်းများအရ Samsung သည် Galaxy S6 Edge Plus နှင့် Note 5 ကို စက်တင်ဘာလတွင် ကျင်းပမည့် IFA ပြပွဲ၌ မိတ်ဆက်ကြေညာမည်ဟု ဆိုခဲ့သော်လည်း Samsung အနေဖြင့် Apple ၏ စက်တင်ဘာလ iPhone သစ် မိတ်ဆက်ပွဲမတိုင်မီ Note 5 ကို ကြေညာဖွယ်ရှိကြောင်း Wall Street Journal မှ ပြောကြားခဲ့သည်။

Ref: CNET

Credit to ==> Internet Journal
 
 
Credit to==>www.pyaephyo.com
 
 
 
 
 
 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Galaxy S6 Edge Plus ကို သြဂုတ်လတွင် Samsung ပွဲထုတ်မိတ်ဆက်ဖွယ်ရှိ Title : Galaxy S6 Edge Plus ကို သြဂုတ်လတွင် Samsung ပွဲထုတ်မိတ်ဆက်ဖွယ်ရှိ
Description : နောက်ဆုံးထွက်ပေါ်လာသော ကောလာဟလသတင်းများအရ Samsung ၏ စမတ်ဖုန်းသစ်များကို သြဂုတ်လတွင် တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။ ကိုရီးယ...
Rating : 5

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.