Advertise Here !



မီဒီယာလုပ်ငန်း တစ်ခုလုပ်တဲ့အခါ သို့တည်းမဟုတ် စီးပွားရေး လုပ်ငန်း တစ်ခုလုပ်တဲ့အခါ အွန်လိုင်း လုပ်သင့်လား အပြင်လောကမှာပဲ လုပ်သင့်လား ဆိုတာ မေးခွန်းထုတ်စရာတွေ ရှိပါတယ်။ အများစု ဖြေကြမှာ ကတော့ အွန်လိုင်းဟာ ဈေးသက်သာတယ်။ အချိန်မြန်ဆန်တယ်။ လူအင်အား သိပ်မလိုဘူး အစရှိသဖြင့် ပြောပါတယ်။ ဒီတော့ အတော်များများလည်း သိနေကြပြီး ဖြစ်တော့ အကျယ်ချဲ့ မရေးတော့ ပါဘူး။ အဓိက ကွာခြားချက်ကို ပြောပါရစေ။ ယင်းဟာ ပရိတ်သတ် ပမာဏ (Audience) ပဲ ဖြစ်ပါတယ်။


ဈေးကွက်တစ်ခုမှာ အရေးအကြီးဆုံးက စစ်မှန်ပြီး သေချာတဲ့ Auidence ဖြစ်ပါတယ်။ လက်ရှိ အွန်လိုင်း သုံးသူဟာ ဆိုရင် ၁၀ သန်းအောက်မှာပဲ ရှိသေးပြီး Facebook user က ၄ သန်းပဲ ရှိပါတယ်။ အသုံးပြုသူ ၇၀ ရာခိုင်နှုန်းက ရန်ကုန်က ဖြစ်ပြီး ကျန်တာက မန်းမြို့နဲ့ တောင်ကြီးအပြင် အခြားမြို့များဆီမှာ ပြန့်နှံ့တည်ရှိပါတယ်။ ဒါကြောင့်မို့ မိမိအနေနဲ့ တားဂတ်ထားပြီး လုပ်တဲ့ လုပ်ငန်းဟာ မြို့ငယ်တွေကိုပါ ပါချင်တယ်ဆိုရင် အွန်လိုင်း တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ ကုန်ပစ္စည်းဟာ နယ်တစ်ကာအထိပါ ပြန့်နှံ့ လူသိများစေချင်တယ်ဆိုရင် အကောင်းဆုံးကတော့ တီဗီကြော်ငြာနဲ့ သတင်းစာ၊ ဂျာနယ် ကြော်ငြာများ ဖြစ်ပါတယ်။

ဒီတော့ မီဒီယာ လုပ်ငန်းတစ်ခုလုပ် တဲ့အခါ နိုင်ငံအနှံ့ကို ရောက်ချင်ရင် Offline လို့ခေါ်တဲ့ ပုံနှိပ်ကို မှီခို အားထားရဆဲပါ။ အွန်လိုင်းတိုးတက်တယ်ဆိုတာ အစပိုင်းပဲ ရှိပါသေးတယ်။ ဒါကြောင့်မို့ အွန်လိုင်းမှာ အတော်တန်သင့် အောင်မြင်ပြီဖြစ်တဲ့ ဝဘ်ဆိုဒ်များဟာဆိုရင် ဝဘ်ဆိုဒ်ကနေ ပုံနှိပ်ဘက်ကိုပါ ပြန်သွားပါတယ်။ အဓိကကတော့ အသုံးပြုသူ၊ ဖတ်ရှုသူတွေကို နေရာအနှံ့ရောက်စေချင်ကြလို့ ဖြစ်ပါတယ်။ user များများဆီကို ရောက်မှပဲ ပိုလို့ သိလွယ်စေမှာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ MyanmarMobileApp, SoccerMyanmar အပြင် www.ict.com.mm နဲ့ iMyanmarHouse တို့သာမက အခြားသော အွန်ုလိုင်းမှာ နာမည်ရ အမှတ်တံဆိပ် များဟာ အွန်လိုင်းသုံးရန် ခက်ခဲသူများအတွက် ပုံနှိပ်စာအုပ်၊ ဂျာနယ်၊ မဂ္ဂဇင်းများ ထုတ်လုပ်ပေးလာပါတယ်။
.

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !