July 2015
All Free Softwares, e-Books, Tutorials and Knowledges

 


ဒီစာအုပ်ကတော့ IELTS စာမေးပွဲဝင်ဖို့ ကြိုးစားနေတဲ့ကျောင်းသားတွေထဲမှာမှယ..Grammar အားနည်းတယ်..Grammar ကိုပိုလေ့လာချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်ဖြစ်ပါတယ်....IELTS စာမေးပွဲဝင်မယ့်ကျောင်းသားတွေသာမက အင်္ဂလိပ်စာလေ့လာနေသူတွေအားလုံးအတွက်သင့်တော်ပါတယ်..



ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

All Free Softwares, e-Books, Tutorials and Knowledges
Android ဖုန်း နှင့်Tablet ကိုင်းဆောင်ထားတဲ့ဘော်ဒါတွေအတွက် အသံဖိုင်းများစွာ Record လုပ်ပေးမယ် apk လေးတင်ပေးလိုက်ပါတယ်။ ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်ကြည်လင်လင်နဲ့ record လုပ်ပေးထားမှာဖြစ်ပါတယ်။ Record လုပ်ချင်းတယ်ဘော်ဒါတွေအတွက် အောက်ကလင့်ခ် ဒေါင်းနိုင်ပါတယ်ဗျာ။Android version 2.2 နှင့်အထက်ရှိတဲ့ ဖုန်းအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါတယ်ဗျာ။ ဒီကောင်းလေး၏ ဖိုင်ဆိုဒ်လေးကတော့ 16.03 ရှိပါတယ်။






 Download Here

All Free Softwares, e-Books, Tutorials and Knowledges
6 စမတ်ဖုန်းတွေရဲ့ ကျေးဇူးကြောင့်ပဲ လူတိုင်းလိုလိုဟာ ကင်မရာတွေ သီးခြား ၀ယ်ယူစရာ မလိုတော့ဘဲ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါပြီ။ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေဟာ တစ်ဖြည်းဖြည်း ကောင်းမွန်လာနေပါတယ်။ သင့်ဖုန်းရဲ့ ကင်မရာ အရည်အသွေး သာမကဘဲ နည်းလမ်းတွေကလည်း ဓါတ်ပုံကောင်းတွေ ရရှိဖို့ အရေးကြီးပါတယ်။ Focus ဓါတ်ပုံ တစ်ပုံ ရိုက်ကူးတော့မယ်ဆိုရင် ကင်မရာက Focus ပြုလုပ်ပါလိမ့်မယ်။ သင်ရိုက်ကူးချင်တဲ့ အရာဝတ္ထု သို့မဟုတ် လူတွေကို Focus မလုပ်ပေးထားဘူးဆိုရင် သင့်ဖုန်းရဲ့ တည်နေရာကို ချိန်ညှိပါ။ ဒါမှမဟုတ် နောက်ဆုတ်ပါ။ သင် ရိုက်ကူးချင်တဲ့ လူ သို့မဟုတ် အရာဝတ္ထုကို ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိပြီးလည်း Focus လုပ်နိုင်ပါတယ်။ ဓါတ်ပုံတစ်ပုံ မရိုက်ခင်မှာ ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်ပြီး Focus လုပ်ထားတာ မှန်ကန်လားဆိုတာ စစ်ဆေးပါ။ 1 Digital Zoom မပြုလုပ်ပါနဲ့ စမတ်ဖုန်းတွေရဲ့ ကင်မရာဟာ Point-and-Shoot ကင်မရာတွေနဲ့ မတူညီပါဘူး။ Point-and-Shoot ကင်မရာတွေမှာ Zoom လုပ်တဲ့အခါမှာ ပုံရိပ်ကို အကြီးချဲ့ဖို့အတွက် ရွှေ့လျားနိုင်တဲ့ Optical Zoom တွေပါရှိပါတယ်။ စမတ်ဖုန်းတွေရဲ့ ကင်မရာတွေမှာတော့ လက်နှစ်ချောင်းကို ပူးကပ်၊ ဖုန်းမျက်နှာပြင်ပေါ်မှာ တို့ထိထားပြီး ဆန့်ကားလိုက်ခြင်းဖြင့် Zoom လုပ်နိုင်ပါတယ်။ ဒါကို Digital Zoom လုပ်တယ်လို့ ခေါ်ပါတယ်။ Digital Zoom လုပ်တယ်ဆိုတာ ပုံကို Crop လုပ်လိုက်တာ ဖြစ်ပါတယ်။ Digital Zoom လုပ်ရင် ဓါတ်ပုံ အရည်အသွေး ညံ့ဖျင်းမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Digital Zoom မလုပ်ဘဲ ဖုန်းကို ရှေ့နားတိုးပြီး ရိုက်သင့်ပါတယ်။ ဒါမှမဟုတ် ဓါတ်ပုံရိုက်ပြီးမှ ပုံကို Crop လုပ်သင့်ပါတယ်။ 2 Flash ကို ကျင်လည်စွာ အသုံးပြုပါ။ စမတ်ဖုန်းတွေမှာပါတဲ့ Flash ကိုဖွင့်ပြီး ဓါတ်ပုံရိုက်ရင် သဘာဝကျတဲ့ ဓါတ်ပုံကောင်းတစ်ခု ထွက်မလာဘဲ စူးရှတဲ့ အလင်းတန်းတွေ ပါတဲ့ ဓါတ်ပုံတစ်ပုံသာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့သာ ဓါတ်ပုံရိုက်ကူးတာက ပိုမိုကောင်းမွန်ပါတယ်။ အလင်းရောင် အလွန်နည်းပါးတဲ့ နေရာမှာ မဖြစ်မနေ ဓါတ်ပုံရိုက်ရမယ်ဆိုရင်တော့ Flash ကို ဖွင့်ထားပြီး တစ်ခါနဲ့ ပိတ်ထားပြီး တစ်ခါ ဓါတ်ပုံရိုက်ကူးပါ။ အဲဒီဓါတ်ပုံနှစ်ခုထဲမှာမှ ပိုမိုကောင်းတဲ့ တစ်ခုကို နောက်ပိုင်းမှ ရွေးချယ်နိုင်ပါတယ်။ နောက်ထပ် နည်းတစ်ခုက တစ်သျှူးလို အဖြူရောင်အလွှာတစ်ထပ်နဲ့ Flash ကို ဖုံးအုပ်ရိုက်ကူးမယ်ဆိုရင် သင့်တင့်တဲ့ အလင်းရောင်နဲ့ ဓါတ်ပုံကောင်းတစ်ခု ရနိုင်ပါတယ်။ 3 Resolution ကို စစ်ဆေးပါ။ Camera App အများစုမှာ Resolution တွေကို ရွေးချယ်နိုင်ပါတယ်။ Resolution နိမ့်ကျတာကို ရွေးချယ်ရင်တော့ Messenger တွေကနေ လျှင်မြန်စွာ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတစေ သိမ်းထားမယ့် ဓါတ်ပုံကောင်းလေးတစ်ခုကို လိုချင်ရင်တော့ Resolution မြင့်မားတာကိုရွေးချယ်ပါ။ 4 အနောက်ဘက် ကင်မရာကို အသုံးပြုပါ။ စမတ်ဖုန်းတွေရဲ့ အရှေ့ဘက်မှာ ကင်မရာတွေကို တပ်ဆင်ထားတဲ့အတွက် အခြားလူတစ်ယောက်ရဲ့ အကူအညီမလိုဘဲ မိမိကိုယ်တိုင် ဓါတ်ပုံရိုက်ကူးနိုင်တဲ့ အားသာချက်ရှိပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ထုတ်လုပ်သူတွေက အရည်အသွေး ပိုမိုမြင့်မားတဲ့ ကင်မရာကို ဖုန်းရဲ့ အနောက်ဘက်မှာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် ဓါတ်ပုံကောင်းကောင်းလိုချင်ရင် အနောက်ဘက်ကင်မရာကို အသုံးပြုသင့်ပါတယ်။ နောက်ထပ် မှတ်သားစရာတစ်ခုက တက်ဘလက်တွေဟာ ဓါတ်ပုံရိုက်ကူးဖို့အတွက် အဆင်မပြေတဲ့အတွက် ထုတ်လုပ်သူတွေဟာ တက်ဘလက်တွေမှာ အရည်အသွေးနိမ့်တဲ့ ကင်မရာကိုသာ တပ်ဆင်ပေးလေ့ရှိပါတယ်။ အဲဒီအတွက် တက်ဘလက်နဲ့ ဓါတ်ပုံရိုက်မယ့် အစား ဖုန်းကို အသုံးပြုပါ။ 5 Lens ကို သန့်ရှင်းပါ။ စမတ်ဖုန်းဟာ လူတွေသွားလေရာ ယူဆောင်သွားရတဲ့ ကိရိယာ ဖြစ်တာကြောင့် Lens မှာ ဖုန်များ ကပ်ညိနေတတ်ပါတယ်။ Lens ဟာ ညစ်ပေနေရင်တော့ ဒီဆောင်းပါးမှ အခြား နည်းလမ်းတွေကို လိုက်နာရင်တောင် ဓါတ်ပုံကောင်းတစ်ခု ထွက်လာမှာ မဟုတ်ပါဘူး။ 6 စမတ်ဖုန်း ကင်မရာတွေဟာ ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတွေ အသုံးပြုတဲ့ ကင်မရာတွေလောက် မကောင်းပေမယ့် အထက်ဖော်ပြပါ နည်းလမ်းတွေကို အသုံးချမယ်ဆိုရင်တော့ ဓါတ်ပုံကောင်းကောင်းလေးတွေ ထွက်ရှိနိုင်ပါတယ်။

http://www.myanmardigitallife.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
Android ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application  လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated လိုချင်းသူများအတွက် အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော့34MB ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။
  Download Here

All Free Softwares, e-Books, Tutorials and Knowledges



မိမိတို့ရဲ့ ဖေ့ဘုတ် မှာ သူငယ်ချင်းဘယ်လောက်ရှိတယ်  ယောက်ျားလေး ဘယ်လောက် မိန်းကလေးဘယ်လောက် အပျိုဘယ်လောက် လက်ထပ်ပြီးသူဘယ်လောက် ဘယ်သူ့မွေးနေ့ကဘယ်ရက်
အနီးဆုံးမွေးနေ့ရောက်မယ့်သူတွေ စသဖြင့် ဖေ့ဘုတ်နှင့်ပတ်သက်သမျှကို ဒီဆော့ဝဲလေးထဲမှာ အကုန်ကြည့်နိုင်ပါတယ် အားလုံးအသုံးဝင်မယ်ထင်လို့တင်ပေးလိုက်ပါတယ်


  ဒီနေရာ  မှာဒေါင်းပါ...


 Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click
ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
ဖုန်း နဲ့ sms မှာ ဖုန်းလာလာ မလာလာ ဖုန်း နဲ့ sms ကို ခေါ်ထား မခေါ်ထားထား အဝင်အထွက် ရှိနေအောင် လုပ်ပေးမယ့် Fake Call & SMS Apk လေးတစ်ခုပါ အိမ်မှာ နေပီးတော့ ရည်းစားနဲ့ စကားပြောပီးတော့ ဖုန်းဘေ ကုန်နေတဲ့ သူတွေ ဒီကောင်လေး သုံးပီးတော့ ဘယ်သူ့ကို ခေါ်ထားတာပါ ဘာညာ လုပ်လို့ရတာပါပါ့ လိုအပ်သူများ ယူထားလိုက်နော်



 
 
 
ဒေါင်းလုပ်ဆွဲရန် ဒီနေရာကိုနှိပ်ပါ...
 
 
 Thiha Htike(THT)

thihahtike.it@gmail.com
 

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
Mobile ဖုန်းများဈေးသက်သာစွာပြင်ဆင်ပေးနေပါပြီ။ ။
++++++++++++++++++++++++++++++++++++++++++++

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
 
WeChat ၏ အခမဲ့ငွေဖြည့်ပေးခြင်း အစီအစဉ်အား ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး ပါဝင်နိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ကတ် ၁,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အစီအစဉ်တွင်ပါဝင်ရန် WeChat သုံးစွဲသူများအနေဖြင့် WeChat Team မှ ဖိတ်ခေါ်ကုဒ် (Invitation Code) ကို ရယူပြီး app အသုံးမပြုသေးသူများကို ပေးပို့ရမည်ဖြစ်သည်။

မိမိ၏ မိတ်ဆွေသူငယ်ချင်းတို့မှ WeChat app ကို ထည့်သွင်းခြင်း၊ အကောင့်ဖွင့်ခြင်းတို့ လုပ်ဆောင်ပြီးနောက်တွင် ရရှိထားသောကုဒ်ကို WeChat Team သို့ ပြန်လည်ပေးပို့ရမည်ဖြစ်သည်။

အဆိုပါကုဒ်ကို WeChat Team မှ အတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် app ထည့်သွင်းသူနှင့် ကုဒ်ပေးပို့သူ နှစ်ဦးစလုံးမှာ ဖုန်းငွေဖြည့်ကတ်ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

WeChat ၏ ဖုန်းငွေဖြည့်ကတ် ပိုင်ဆိုင်နိုင်ခြင်း အစီအစဉ်ကို ၂ ပတ်ကြာ လုပ်ဆောင်သွားမည်ဖြစ်ပြီး တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၀၀ တိတိ (US$30,000) ကိုလည်း သုံးစွဲသူများအား မဲဖောက်ပေးသွားမည် ဖြစ်သည်။

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges

  ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူဦးရေ၏ ထက်ဝက်ခန့်သည် Facebook လူမှုကွန်ရက်ကို အနည်းဆုံး တစ်လလျှင် တစ်ကြိမ်ခန့် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ဇွန်လတွင် ကုန်ဆုံးမည့် သုံးလပတ်တွင် ကုမ္ပဏီ၏ လူမှုကွန်ရက်ကို လစဉ်သုံးစွဲသူဦးရေ တိုးတက်မှုနှုန်း ၁၃ ရာခိုင်နှုန်း ရှိလာခဲ့ပြီး သုံးစွဲသူ ၁.၄၉ ဘီလီယံ ရှိလာခဲ့ကြောင်း Facebook မှ ပြောကြားခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူ ဦးရေ ၃ ဘီလီယံ၏ ထက်ဝက်နှင့် ညီမျှကြောင်း၊ ၎င်းကိန်းဂဏန်း၏ ၆၅ ရာခိုင်နှုန်းသည် Facebook ကို နေ့စဉ်သုံးစွဲလျက်ရှိကြောင်း ဆိုသည်။

Facebook ကို လစဉ် သုံးစွဲသူဦးရေ မြင့်တက်မှုသည် ကုမ္ပဏီ၏ ဒုတိယသုံးလပတ် ဝင်ငွေကို ပြီးခဲ့သည့်နှစ်ထက် ၃၉ ရာခိုင်နှုန်း မြင့်တက်လာစေခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၀၄ ဘီလီယံ (ပေါင် ၂.၆ ဘီလီယံ) ရှိလာခဲ့သည်။

အမေရိကန်ရှိ စမတ်ဖုန်းသုံးစွဲသူများသည် ၅ မိနစ်လျှင် တစ်ကြိမ် Facebook ကို သုံးစွဲကြကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: BBC
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges

သီရိလင်္ကာသည် နိုင်ငံအတွင်း မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရေးအတွက် မိုးပျံပူဖောင်းများအသုံးပြုရန် Google နှင့် ပူးပေါင်းခဲ့သည်။

ဟီလီယံဓာတ်ငွေ့ ဖြည့်တင်းကာ အသုံးပြုရသော နည်းပညာမြင့် မိုးပျံပူဖောင်းများကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံတစ်ခု၏ ဝေဟင်ထက်တွင် လအနည်းငယ်အတွင်း အသုံးပြုနိုင်ရေးအတွက် မြို့တော် ကိုလမ်ဘိုတွင် Google နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး မန်ဂါလာ ဆာမာရာဝီရာက ပြောကြားခဲ့သည်။

Google သည် ကမ္ဘာတစ်ဝန်းရှိ ကျေးလက်ဒေသများတွင် မိုးပျံပူဖောင်း ထောင်ပေါင်းများစွာကို အသုံးပြုကာ အင်တာနက်ချိတ်ဆက်မှု ထောက်ပံ့ပေးနိုင်မည့် Project Loon ကို ၂၀၁၃ ခုနှစ်တွင် မိတ်ဆက်ကြေညာခဲ့သည်။

“သီရိလင်္ကာကျွန်းတစ်ခုလုံးမှာရှိတဲ့ ကျေးရွာတိုင်းဟာ Google Loon ရဲ့ မိုးပျံပူဖောင်းနည်းပညာကို အသုံးပြုပြီး မြန်နှုန်းမြင့် အင်တာနက်ကို ရရှိနိုင်ပါလိမ့်မယ်” ဟု အိုင်တီဝန်ကြီးလည်း ဖြစ်သည့် ဆာမာရာဝီရာက ပြောကြားခဲ့သည်။

ထို့အပြင် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် ဒေသတွင်းရှိ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများကလည်း Google မိုးပျံပူဖောင်းများကို အသုံးပြုမည်ဟု အာဏာပိုင်များက ဆိုခဲ့သည်။
ဒေသတွင်း အချက်အလက်နှင့် ဆက်သွယ်ရေး အေဂျင်စီမှ အကြီးအကဲဖြစ်သူ မူဟန်သန် ကာနေဂျီကလည်း Google အနေဖြင့် လာမည့်နှစ် မတ်လတွင် မိုးပျံပူဖောင်းများ ပေးပို့မှုကို အပြီးသတ် လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတွေ အနေနဲ့ မိုးပျံပူဖောင်းစီမံကိန်း စတင်တာနဲ့ တစ်ပြိုင်နက် မြန်နှုန်းမြင့် အင်တာနက်ကို အသုံးပြုခွင့်ရရှိပြီး လက်ရှိဝန်ဆောင်မှုတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ပါလိမ့်မယ်” ဟု ကာနေဂျီက AFP ထံ ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက “ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းတွေ လျော့ကျသွားဖို့လည်း မျှော်လင့်ထားပါတယ်” ဟု Google ဒုဥက္ကဋ္ဌ မိုက်ကယ် ကက်ဆီဒီနှင့် သဘောတူလက်မှတ်ရေးထိုးအပြီးတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့လေထု ဒုတိယအလွှာတွင် တည်ရှိမည့် မိုးပျံပူဖောင်းများကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်ရန် ခက်ခဲကြောင်း Google မှ ဆိုသည်။

Google သည် မိုးပျံပူဖောင်းများကို ကမ္ဘာ့လေထု ဒုတိယအလွှာတွင် ရက် ၁၀၀ အကြာ ထားရှိပြီး ကမ္ဘာ့မြေပြင်သို့ အင်တာနက် ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်ထားသည်။ စမ်းသပ်ဆောင်ရွက်မှုကို ၂၀၁၃ ခုနှစ်က နယူးဇီလန်တွင် ပြုလုပ်ခဲ့သည်။

လူဦးရေ သန်း ၂၀ ကျော်ရှိသည့် သီရိလင်္ကာတွင် မိုဘိုင်းအင်တာနက် ချိတ်ဆက်မှု ၂.၈ သန်းရှိပြီး ကြိုးဖုန်း အင်တာနက်ချိတ်ဆက်မှု ၆၀၆,၀၀၀ ရှိသည်။

သီရိလင်္ကာသည် တောင်အာရှတွင် မိုဘိုင်းဖုန်းများကို စတင်မိတ်ဆက်ပေးခဲ့သော ပထမဦးဆုံးနိုင်ငံ ဖြစ်သလို 3G နှင့် 4G ကွန်ရက်ကို စတင်မိတ်ဆက်ခဲ့သော နိုင်ငံလည်းဖြစ်သည်။

Ref: AFP
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
Network - GSM/HSPA/LTE
Processor - QC 1.5GHz & QC 2 GHz
Screen - 5.5inches
Camera - 13 MP
Bluetooth - v4.1
Storage - up to 128GB
OS - Android OS, v5.0.1
Contact - 09-73171214
Price - 709,000Ks


ဒီဇိုင်းပုံစံထူးခြားဆန်းပြားသည့် ဟန်းဆက်များကိုအသုံးပြုချင်သူများအတွက် ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီ များသည်ရိုးရိုးဟန်းဆက်များနဲ့ အသွင်ကွဲသည့်ဖုန်းများကို ထုတ်လုပ်ပေးထားကြပါတယ်။ ထိုဖုန်းများကတော့ ကိုယ်ထည်ကွေးသော၊ မျက်နှာပြင်ခုံးသောဟန်းဆက်များဖြစ်ပါတယ်။ မျက်နှာပြင်ခုံးသောဟန်းဆက် များသည်အချို့သောသုံးစွဲသူများအတွက် ရသသစ်တစ်မျိုးကိုပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်ခံစားမှု အပြောင်း အလဲကိုရရှိချင်သည့်သုံးစွဲသူများသည် ထိုဟန်းဆက်များကိုဝယ်ယူအသုံးပြုကြပါတယ်။မျက်နှာပြင်ကွေးညွှတ် သည့်ဖုန်းများကိုထုတ်လုပ်ထားသည့်ကုမ္ပဏီများကတော့Samsung နဲ့LG တို့ဖြစ်ပါတယ်။

LG ဟာပထမမျိုးဆက်G Flex ကိုထုတ်လုပ်ရောင်းချပေးထားပြီး၊၂၀၁၅ခုနှစ်မှာတော့ ဒုတိယမျိုးဆက်ကို ထပ်မံမိတ်ဆက်လာပါတယ်။ မျက်နှာပြင်ကွေးညွှတ်သည့်ဖုန်းများဟာ တန်ဖိုးမြင့်မားသော Class Aအမျိုး အစားဖုန်းတွေဖြစ်ပါတယ်။ G Flex 2 ဟာထုတ်လုပ်ရောင်းချရာဒေသ အလိုက်မော်ဒယ်နံပါတ်များ ကွဲပြားပါတယ်။ပျမ်းမျှမော်ဒယ်နံပါတ်လေးခုရှိပါတယ်။LG H955, LG LS996, LG H950, LG US995 တို့ဖြစ်ပါတယ်။ 2G, 3G, 4G network များသုံးစွဲနိုင်မယ့်G Flex 2 ရဲ့ကိုယ်ထည်တွင် Self-healing back panel coating ပါရှိပါတယ်။ ကိုင်ဆောင်အသုံးပြုဖို့အတွက် ထုတ်လုပ်ပေးထားသည့် ဖုန်းရဲ့အလျား၊ အနံ အရွယ်အစားကတော့149.1x75.3 ဖြစ်ပါတယ်။

အထူပမာဏကတော့ (7.1-9.4) mm ရှိပါတယ်။အလေးချိန်သည်152g ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အတွက်အသုံးပြုပေးထားသောTouchscreenကတော့ Curved P-OLED capacitive touchscreen အမျိုးအစားပါ။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက်ထောက်ပံ့ပေးထားသော pixels ပမာဏကတော့1080x1920 ပါ။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့403ppi ဖြစ်ပါတယ်။အကြမ်းခံနိုင်သောဖုန်းမျက်နှာပြင်ဖြစ်စေဖို့အတွက်လည်း Gorilla Glass 3ဖုံးအုပ်ပေးထားပါသေးတယ်။အဓိကကင်မရာဟာကောင်းမွန်သောအမျိုးအစားဖြစ်ပါတယ်။ Dual LED Flash စနစ်ပါရှိပြီး၊ဓာတ်ပုံရိုက်ကူးနိုင်သောဆက်စပ်စနစ်များဖြစ်သည့်Laser autofocus, optical image stabilization များကိုလည်းအသုံးပြုနိုင်ပါတယ်။

အနောက်ဘက်ကင်မရာသည် 13MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့2.1MP စွမ်းရည်ပါ။ 2160p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါကတစ်စက္ကန့်ကို30frames နှုန်းရရှိပါမယ်။1080p စွမ်းရည်ဖြင့် ရိုက်ကူးလျှင်တစ်စက္ကန့်ကို60frames ရရှိပါမယ်။မှတ်ဥာဏ်ပမာဏတွင်နှစ်မျိုးနှစ်စားရှိပါမယ်။RAM 2GB ဖြစ် ပါကInternal Storageသည်16GB ပါရှိပါမယ်။RAM သည်3GB ဖြစ်လျှင်Internal Storage က32GB ပါ။ဘက်ထရီအမျိုးအစားကLi-Po 3000mAh ဖြစ်ပြီး၊အားသွင်းမြန်ဆန်သောQuick Charge 2.0 ပါရှိပါတယ်။

Credit to ==> Mobile Guide Journal
 
www.pyaephyo.com
Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges

Network - GSM/HSPA
CPU - Quad Core 1.3 GHz
Memory - 8GB, up to 32GB
OS - Android OS, v5.1.1
Bluetooth - v4.0


ပြည်တွင်းဈေးကွက်အတွက်ရောင်းချပေးထားသော LG ရဲ့ဟန်းဆက်ကတော့L Bello ဖြစ်ပြီး၊ အခု အသစ်ထပ်မံမိတ်ဆက်လိုက်သော ဟန်းဆက်ကတော့ Bello IIပါ။ ဖုန်းအမျိုးအစား တူညီပေမယ့် ဖုန်းနာမည်နဲ့မော်ဒယ်နံပါတ်များဟာ တစ်ခါတလေမှာနေရာဒေသပေါ်မူတည် ၍ခေါ်ဆိုမှုကွဲလွဲတတ်ကြပါ တယ်။ အထူးသဖြင့်အလယ်အလတ်တန်းစား Samsung ဖုန်းများဆိုရင်မော်ဒယ် တစ်ခုတည်းပေမယ့် အမည်နာမအနည်းငယ်ကွဲပြားခေါ်ဆိုတတ်ကြပါတယ်။ အချို့တွေကဟန်းဆက်နာမည် ကိုမူရင်းအတိုင်း သိထားကြပေမယ့် တစ်ခါတလေမှာဟန်းဆက် နာမည်နောက်ဘက်တွင်Plus (သို့)+ များပါရှိတတ် ကြပါတယ်။

LG ရဲ့ယခုဟန်းဆက်ဟာလည်းBrazil နှင့်Chile တို့တွင်LG Prime IIအဖြစ်သိထားပါတယ်။Mexico, India နှင့်CIS တို့တွင်LG Max အဖြစ်သိထားပါတယ်။Bello II ဟာ140.8x71.6x9.6mm အရွယ်အစားရှိပြီး၊အလေးချိန်ကတော့155g ဖြစ်ပါတယ်။ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့်ဖုန်း အမျိုးအစားဖြစ်ပါတယ်။IPS LCD capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့5 inches ပါ။ မြင်ကွင်းစွမ်းရည်အတွက်ထောက်ပံ့ပေးထားသောpixelsပမာဏကတော့480x854 ဖြစ်ပြီး၊တစ်လက်မမှာ ရှိမယ့်pixel ပမာဏသိပ်သည်းဆကတော့196ppi ပါ။Multitouchစနစ်တွင်LG UI 4.0 ကိုသုံးစွဲနိုင်ပါမယ်။အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့5MP စွမ်းရည်ဖြစ်ပါ တယ်။ ဒါကြောင့်လှပသည့်Selfieပုံများကိုရိုက်ကူးနိုင်ပါမယ်။

ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့1080p ဖြစ်ပြီး၊နှုန်းကတော့တစ်စက္ကန့်ကို30frames ပါ။ မှတ်ဥာဏ် ပမာဏအပိုင်းတွင်RAM ကို1GB ထည့်သွင်းပေးထားပြီး၊Internal Storage သည်8GB ပါရှိပါမယ်။CPU စွမ်းရည်ကတော့Quad Core 1.3GHz ဖြစ်ပါတယ်။ အားသွင်းအသုံးပြုနိုင်မယ့်ဘက်ထရီ အမျိုးအစားမှာ Li-Ion 2540mAh ဖြစ်ပြီး၊ဖုန်းကိုအရောင်သုံးမျိုးဖြင့်ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Credit to ==> Mobile Guide Journal
 
www.pyaephyo.com
Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
Network - GSM/WCDMA
Screen - 5inches
CPU - Octa Core 1.4GHz
OS - Android OS, v4.4.2
Memory - up to 32GB
Bluetooth - v4.0
Contact - 09-250080364
Price - 165,000 Ks

အိန္ဒိယနိုင်ငံအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သောXOLO သည် ပြည်တွင်းဈေးကွက်အတွက် ဖုန်းအမျိုးအစားအချို့ကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ထိုအမျိုးအစားတွေထဲကတစ်ခုဖြစ်သည့် Omega 5.0 ဟာ 144x72x10.5mm အရွယ်အစားရှိပါတယ်။ ဖုန်းကိုယ်ထည်ကတော့ ထိပ်ဘက်နှင့်အောက်ဘက်များသည်အ၀န်းအ၀ိုက်ပုံစံရှိပါတယ်။ ဖုန်းရဲ့အနောက်ဘက်တွင်အဓိကကင်မရာ ဟာအ၀ိုင်းပုံသဏ္ဌာန်ရှိပြီး၊ Flash မီးကိုတော့မှန်ဘီလူးအောက်ဘက်တွင်တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့ဘေးဘောင်များဟာငွေမှင်ရောင်လိုင်းဖြင့် ခြယ်မှုန်းပေးထားပါတယ်။ ဖုန်းရဲ့Power Butoonနဲ့ အသံအတိုးအချဲ့ခလုတ်များဟာငွေမှင်ရောင်လိုင်းနှင့်တစ်သားတည်းရောယှက်နေပါတယ်။အခြားဖုန်းများကဲ့ သို့ထင်ပေါ်အောင်မဖန်တီးပေးထားခြင်းဟာလည်းထူးခြားသည့် ဒီဇိုင်းပုံစံဖြစ်ပါတယ်။ USB Port နှင့် နားကြပ်အပေါက်ဟာ ဖုန်းရဲ့ထိပ်ဘက်တွင်တည်ရှိပါတယ်။အသုံးပြုနိုင်မယ့်UI ကလည်း အမြင်တစ်မျိုး ဆန်းသစ်ပါတယ်။

Touch Screen အားစတင်အသုံးပြုဖို့အတွက်ဖွင့်သည့် အခါတွင်ကင်မရာ၊ မက်ဆေ့ခ်ျနှင့်ဖုန်းခေါ်ဆိုမှုများ ကိုတိုက်ရိုက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးထားခြင်းကြောင့်ဆင်းကတ်အပိုင်းတွင်အားသာချက်ရှိပါတယ်။IPS LCD capacitive touchscreen ရဲ့အကျယ်အ၀န်းပမာဏကတော့5 inchesပါ။ မြင်ကွင်းစွမ်းရည် အတွက်ထောက်ပံ့ပေးထားသည့် pixels ပမာဏသည် 720x1280 ဖြစ်ပြီး၊ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့294ppi ပါ။အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။မှတ်ဥာဏ်ပမာဏအပိုင်းတွင်RAM ကို1GB နှင့်Internal Storage ကို8GB ထည့်သွင်းပေးထားပါတယ်။ တပ်ဆင်ပေးထားသော ဘက်ထရီအမျိုးအစားကတော့Li-Ion 2100mAh ဖြစ်ပြီး၊ 3G network တွင်စကားပြောဆိုဖို့အတွက်၇နာရီနီးပါးခံနိုင်ရည်ရှိပါမယ်။

Credit to ==> Mobile Guide Journal
 
www.pyaephyo.com

 Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges


Google သည် ကြော်ငြာများကို လူအများ စိတ်ဝင်စားလာစေရန် iOS, Android နှင့် Chrome တွင် ၃၆၀ ဒီဂရီ လှည့်လည်၍ ကြည့်ရှုမည့် ဗီဒီယိုကို ထောက်ပံ့ပေးထားသည်။

ဘီယာအမှတ်တံဆိပ် Bud Light သည် Google ၏ TrueView ကြော်ငြာ paltform အသုံးပြုထားသော feature ပါဝင်သည့် ပထမဆုံး ကြော်ငြာဖြစ်လာသည်။ PC သုံးစွဲသူများသည် ၃၆၀ ဒီဂရီလှည့်လည် ကြည့်ရှုနိုင်သည့် ဗီဒီယိုများကို mouse အသုံးပြု၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။ မိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် ဖုန်းအားအနည်းငယ် စောင်းငဲ့၍ ၃၆၀ ဒီဂရီမြင်ကွင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ မတ်လက Google သည် ၃၆၀ ဒီဂရီဗီဒီယို ထောက်ပံ့မှု feature ကို မိတ်ဆက်ခဲ့ပြီး ယခင် ၃၆၀ ဒီဂရီ ဗီဒီယိုများသည် လက်ရှိ ဗီဒီယိုများထက် ၃၆ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေရန် စွမ်းဆောင်ခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Ref: TheNextWeb
Credit==>internetjournal

Thiha Htike(THT)
 thihahtike.it@gmail.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
iPhone, iPad တို့ပေါ်တွင် Lock Screen ကို အလှဆင်လိုသူများအတွက် အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် iPhone 6 နှင့် 6+ တို့တွင် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး Lock Screen Design နှင့် HD Wallpaper များစွာကို ရယူနိုင်မည်ဖြစ်သည်။

အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.1 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
Android OS ဖုန်း နှင့် Tablet တွေမှာ အမိုက်စား Application Browser  ဖြစ်တဲ့
Internet Broser တွေထဲမှာ အားလုံးထက် %100%aလာက်မြန်ဆန်တဲ့ Maxthon Browser လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ တကယ်လည်းအသုံးပြုကြည့်ပါမှ အရမ်းကောင်းမှန်သတိထားမိတယ်ဗျာ။ ဟိုတုန်းကတော့ ဒီဆော့ဝဲဟာကွန်ပျူတာမှာသာအသုံးပြုလို့ရတာပါ အခုတော့Apk လေးပါထပ်ထွက်လာတော့ ဖုန်းမှာအသုံးပြုလိုတဲ့ဘော်ဒါတွေအတွက်လည်း ပိုလို့အဆင်ပြေသွားတာပေါ့ ဒီဗားရှင်းမှာဆိုရင်တော့ Featureအသစ်တွေနဲ့မိမိထင်ထားတာထက်ကိုပိုအသုံးပြုကောင်းနေတာပါ။
 မိမိဖုန်းမှာ အင်တာနက်အသုံးပြုဖို့ တစ်ခြား Browser တွေထက်%100% လောက်မြန်ဆန်တဲ့ ဆော့ဝဲလေးကို အသုံးပြုလိုတယ်ဆိုရင်တော့ ဒီ Maxthon Browser Apk လေးကိုအသုံးပြုကြည့်လိုက်ပါလို့ အကြုံပြုပါရစေ။




Download Here

All Free Softwares, e-Books, Tutorials and Knowledges
Q. ကျွန်တော်ဟာဖုန်းကို လွန်လွန်ကဲကဲအသုံးပြုမိနေတယ်လို့ ကိုယ့်ကိုယ်ကို သံသယရှိနေပါတယ်။ ဖုန်းကိုအစွဲလွန်နေတယ်လို့ ပြသနေတဲ့ လက္ခဏာတွေအကြောင်း ပညာရှင်တွေက ပြောထားတာ ရှိသလားသိချင်ပါတယ်။
A. စမတ်ဖုန်းတွေက ဘ၀ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းနဲ့တက်ဘလက်အသုံးပြုမှုကို ကန့် သတ်သင့်တယ်ဆိုတဲ့အချက်က ထင်ရှားလာပါတယ်။ ဖုန်းကို လွန်လွန်ကဲကဲ အသုံးပြုတာဟာလူမှုရေးနဲ့ ကျန်းမာရေး ဖရိုဖရဲ ဖြစ်စေနိုင်တယ်လို့ ယုံကြည်စရာဖြစ်လာတယ်။ အချိန်မလွန်ခင် ဖုန်းကို စွဲလမ်းနေပြီလားဆိုတာ သိရအောင် အောက်ပါအချက် (၁၀) ချက်နဲ့ တိုက်ဆိုင်စစ်ဆေး ကြည့်နိုင်ပါတယ်။
  1.  ဖုန်းစွဲလမ်းနေတဲ့သူတွေဟာ သူတို့ရဲ့ဖုန်းကို နေရာအထား မှားပြီးဆိုတာရှာဖွေတွေ့ရှိတာနဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားကြတယ်။ ဖြစ်နိုင်သမျှ နေရာတိုင်းမှာလိုက်ရှာပြီး မတွေ့မချင်းရပ်နားမှာမဟုတ်ပါဘူး။ ရှာမတွေ့ဘူးဆိုရင် စိတ်ဓာတ်ကျနေပြီး အခြားသူတွေနဲ့ရက် အနည်းငယ်ကြာအောင် ခပ်ခွါခွါနေပါလိမ့်မယ်။
  2.  သူတို့က ဖုန်းကိုအိမ်မှာချန်ထားခဲ့မိရင် စိတ်ထဲဟာတာတာခံစားနေရမယ်။ အရေးကြီးတဲ့ကလေးငယ်ကို အစောင့်အရှောက်မရှိဘဲ အိမ်မှာချန်ထားခဲ့ရသလို ခံစားရမယ်။ သူတို့က အိမ်ကိုပြန်ဖုန်းကို ကောက်ယူပြီး notification တွေစစ်ဆေးဖို့ မစောင့်နိုင်အောင် ဖြစ်နေနိုင်တယ်။
  3.  အိပ်ရာကနိုးလာတာနဲ့ ဖုန်းကိုဘယ် လောက်မြန်ဆန်စွာနဲ့ စစ်ဆေးပါသလဲ။ လေ့လာ မှုအချို့က လူအများစုဟာ အိပ်ရာကနိုးပြီး တစ်နာရီအတွင်း သူတို့ဖုန်းကိုစစ်ဆေးကြတယ် လို့ဆိုပါတယ်။ အချို့ကိစ္စတွေမှာ လူတွေက အိပ် ရာကနေထဖို့ မနည်းလုပ်နေရတဲ့အချိန်မှာ အိပ်ချင်မူးတူးနဲ့ ဖုန်းကိုစစ်ဆေးကြတာတွေ့ရပါ တယ်။
  4.  အိမ်သာတက်တဲ့အခါ သတင်းစာအစား ဖုန်းကိုယူသွားပါသလား။ ဒီအချက်က အထက်ကိစ္စ အပေါ် အခြေခံပေမယ့် အနည်းငယ်ကွာခြားပါတယ်။ ဒီနေရာမှာ ထောက်ပြလိုတဲ့အချက်က သတင်းအတွက် တကယ့်သတင်းစာအစား ဖုန်းနဲ့တက်ဘလက်တွေ အသုံးပြု တာဖြစ်ပါတယ်။
  5.  ရေချိုးတဲ့နေရာ ဖုန်းကိုယူသွားပါသလား။ လူတွေက ရေလုံ water-proof cover တွေသုံးပြီး ဖုန်းတွေကို ရေပန်းဒါမှမဟုတ် ရေချိုးကန်ထဲ ယူဆောင်သွားကာ chatting နဲ့ အလားတူဆင်တူတာတွေ လုပ်တဲ့ကိစ္စတွေရှိနေပါတယ်။
  6.  Notification တွေအတွက် ဖုန်းကိုမကြာခဏ စစ်ဆေးနေပြီး ဘာတစ်ခုမှ မတွေ့ရတဲ့အခါ စိတ်ပျက်သွားတာ မျိုးဖြစ်လာလိမ့်မယ်။ လူတစ်ယောက်က ဖုန်းကိုလွန်လွန်ကဲကဲ စွဲနေပြီဆိုတာပြောနိုင်တဲ့ လက္ခဏာများစွာထဲကတစ်ခုက user ဟာ အပြင်မှာ ဘာပဲလုပ်နေနေ သူတို့ရဲ့ဖုန်းတွေနဲ့ အဆက်မပြတ်တုံ့ပြန် ဆက်သွယ်မှု လိုချင်နေတာပါပဲ။
  7.  ဒီတစ်ခုက အထက်ကအချက်ကိုချဲ့ထွင်ထားတာပါ။ သင်ဟာ လက်ရှိအချိန်မှာ စကားပြောစရာသက်ရှိထင်ရှား လူတစ်ယောက် ရှေ့မှာရှိနေတာတောင် texting and chatting တွေလုပ်ဆောင်နေ တုန်းပဲလား။ အခြားတနည်းပြောရရင် တကယ့်ပြင်ပလူတစ်ယောက်နဲ့ စကားပြောနေတဲ့အထိ ဖုန်းကိုဆက်ပြီး အသုံးပြုနေတုန်းပဲလား။
  8.  ယခုအခါမှာ ဖုန်းတွေနဲ့ယှဉ်ရင် ကွန်ပျူတာသုံးတဲ့အချိန်ပို နည်းလာသလား။ လူတွေကဖုန်းကို စွဲလမ်းလာတဲ့အခါ သူတို့က အရာ ကိစ်္စအားလုံးနီးပါးအတွက် ပုံမှန်ကွန်ပျူတာကနေ ဖုန်းတွေနဲ့တက်ဘ လက်တွေဆီက တဖြည်းဖြည်းရွှေ့ပြောင်းသုံးစွဲလာကြတယ်။ ၀က်ဘ် ဆိုက်တစ်ခုကို လည်ပတ်ကြည့်ရှုဖို့၊ မေးလ်စစ်တာ၊ chatting ပြော တာတွေနဲ့ အခြားကိစ်္စတွေအတွက်ဖြစ်ပါတယ်။ ပုံမှန်ကွန်ပျူတာအသုံး ချမှုအချိန် ရုတ်တရက်ကြီးကြီးမားမားကျဆင်းသွားမှုနဲ့ ဖုန်းတွေကို သုံးစွဲတဲ့အချိန်ကြာမြင့်လာမှုအပေါင်းအစပ်က ဖုန်းစွဲလမ်းမှုကိုညွန်ပြ နေပါတယ်။
  9.  Chat လုပ်တာ၊ စကားပြောတာ၊ Facebook လို social site တွေကြည့်တာတွေနဲ့ ညဥ့်နက်သွားတာမျိုးကြိမ်ရေဘယ်လောက် များများဖြစ်ဖူးပါသလဲ။ လက်ထဲမှာဖုန်းကိုင်းရင် ပြန်နိုးလာတာမျိုးဖြစ် ဖူးပါသလား။
  10.  နောက်ဆုံးအချက်ကတော့ နေ့တစ်နေ့ရဲ့အဆုံးမှာ ဘယ်လို ကုန်ဆုံးဖို့နှစ်သက်ပါလဲ။ ဖုန်းပေါ်မှာတစ်ခုခုလုပ်ရင်းအိပ်ရာထဲမှာ နေဖို့လား။ ဒါမှမဟုတ် မိသားစုနဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကုန်ဆုံးစေဖို့လား။
ref: http://www.myanmardigitallife.com/
All Free Softwares, e-Books, Tutorials and Knowledges

ဇူလိုင်လ ၂၉ ရက်တွင် ထွက်ရှိလာမည့် Windows 10 တွင် Microsoft သည် ပြောင်းလဲမှုများစွာ ပြုလုပ်ထားသည်။ Windows သည် Microsoft အတွက် အရေးပါသောအပြောင်းအလဲတစ်ရပ် ဖြစ်ပြီး ယခင် desktop နှင့်မိုဘိုင်း အတွေ့အကြုံများ ပေါင်းစည်းထားသော Windows 8.1 ကို အတိတ်တွင် ထားခဲ့နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ အောက်ဖော်ပြပါ အချက်များမှာ Windows 10 တွင် အကြီးအကျယ်ပြောင်းလဲမှု ပြုလုပ်ထားသည့် အချက်များ ဖြစ်သည်။
Cortana
Microsoft ၏ တစ်ကိုယ်ရေ digital assistant ဖြစ်သော Cortana သည် Windows ဖုန်းများတွင်စတင် ပါဝင်လာသည်။ Windows 10 တွင် တိုးချဲ့ထားသော feature များနှင့်အတူ PC အတွက် Cortana ကို ထောက်ပံ့ပေးထားသည်။ Cortana သည် Siri နှင့် Google Now ကဲ့သို့ ထုတ်ကုန်များတွင် ညွှန်ကြားမှုကို ဖြေကြားခြင်းနှင့် တာဝန်များကို လုပ်ဆောင်နိုင်သည်။ ထို့အပြင် Cortana သည် ရှာဖွေမှုများပြုလုပ်သည့် လုပ်ဆောင်ချက်နှင့် အနီးစပ်ဆုံး ရှာဖွေမှုများ ပြုလုပ်နိုင်ပြီး ကုမ္ပဏီမှ ထောက်ပံ့ထားသော ဘာသာစကားဖြင့် ဖြေကြားပေးကာ ဖိုင်များကို ရှာဖွေပေးခြင်း သို့မဟုတ် မှာကြားချက်ကို ဖတ်ပြခြင်းတို့ ပြုလုပ်ပေးနိုင်သည်။ သုံးစွဲသူက အီးမေးလ် သို့မဟုတ် နှုတ်ဖြင့် ရာသီဥတုအခြေအနေမေးမြန်းသည့်အခါ ရာသီဥတု အစီရင်ခံစာကို ပြသပေးမည် ဖြစ်သည်။
Task Switcher and New, Universal Apps
Apple ၏ OSX တွင် virtual desktop များ အသုံးပြုသကဲ့သို့ပင် Windows 10 ၌ desktop များစွာဖန်တီးပြီး app များရွေ့ပြောင်း အသုံးပြုနိုင်သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် app နှင့် ပရိုဂရမ်များစွာကို ဖွင့်ရန် virtual desktop များကို အသုံးပြုနိုင်ပြီ ဖြစ်သည်။
Windows app များကို PC, tablet အပြင် ဖုန်းနှင့် Xbox One ထုတ်ကုန်အမျိုးမျိုးတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ သုံးစွဲသူများတွင် Windows အမှတ်တံဆိပ် ထုတ်ကုန်များရှိပါက hardware များအားလုံးတွင် အဓိက app တစ်ခုကို အသုံးပြုထားနိုင်မည် ဖြစ်သည်။
Continuum
Windows 10 တွင် အသုံးပြုသည့် ထုတ်ကုန်ပေါ်မူတည်၍ app များကို အလိုအလျောက် ချိန်ညှိပေးနိုင်သည်။ သုံးစွဲသူများက two-in-one hybrid ကွန်ပျူတာ အသုံးပြုရာတွင် Desktop mode အတွင်း Microsoft Word အသုံးပြုနေစဉ် Tablet mode သို့ ချက်ချင်းပြောင်းလဲလိုက်လျှင် ၎င်း app သည် မျက်နှာပြင်ပြည့် ချိန်ညှိပေးကာ touch ဖြင့်အသုံးပြုနိုင်ရန် ခလုတ်များကိုလည်း ပြောင်းလဲပေးသွားမည် ဖြစ်သည်။
Windows 10 ကို ဖုန်း၊ ကွန်ပျူတာနှင့် tablet များတွင် အဓိက operating system တစ်ခုတည်းအဖြစ် အသုံးပြုနိုင်သည်။ Continuum ၏ အကူအညီဖြင့် desktop ကဲ့သို့ Windows 10 ဖုန်း ကို ကီးဘုတ်၊ mouse နှင့် display နှင့်ချိတ်ဆက်၍ အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသို့အသုံးပြုရန် ထုတ်ကုန် ကန့်သတ်ချက်များ ရှိနေသော်လည်း Word သို့မဟုတ် Outlook ကဲ့သို့ Windows app များကို အပြည့်အဝ အသုံးပြုနိုင်မည် ဖြစ်သည်။
သုံးစွဲသူများအနေဖြင့် ဖုန်းကို desktop ကဲ့သို့ အသုံးပြုစဉ် text message များဝင်လာသည့်အခါ windows desktop app များမှတစ်ဆင့် ဖုန်းပေါ်တွင် clipboard သို့ ကူးယူနိုင်မည် ဖြစ်သည်။
Microsoft Edge
Edge သည်နှစ်သက်ရာ content အကြောင်းအရာကို အပြန်အလှန်ဖလှယ်နိုင်သည့် နည်းလမ်းများနှင့် အကြောင်းအရာ များကို ဖတ်ရှုနိုင်ရန် အကြီးအကျယ်ပြုလုပ်ထားသည်။ ၎င်း browser ကိုရိုးရှင်းသော ဒီဇိုင်းဖြင့် ဖန်တီးထားသည်။
Microsoft အနေဖြင့် browser အတွင်း Cortana ကိုထည့်သွင်းထားပြီး စကားလုံးအနက်များ ရှာဖွေခြင်း၊ မြေပုံတွင် နီးစပ်ရာ အိမ်လိပ်စာရှာဖွေခြင်း သို့မဟုတ် ကျော်ကြားသူများ၏ ယေဘုယျအချက်အလက်များကို ရှာဖွေခြင်းတို့ ပြုလုပ်နိုင်သည်။ စာသားကို highlight ပြုလုပ်ကာ right click ဖြင့်ထောက်၍ အချက်အလက် များကို “Ask Cortana” ကိုရွေးချယ်ကာ copy နှင့် paste ပြုလုပ်၍ လွယ်ကူစွာ ရှာဖွေနိုင်သည်။
ကျွမ်းကျင်အဆင့်ရှိ ကွန်ပျူတာသုံးစွဲသူများသည် ဝက်ဘ်တွင် စီမံခန့်ခွဲမှုများ အဆင့်မြှင့်တင် ပြုလုပ်နိုင်ရန် ဝက်ဘ် extension များအသုံးပြုကြသည်။ သို့ရာတွင် Edge သည် ၎င်း extension တစ်ချို့ကို ဖယ်ရှားရန် Annotations နှင့် Reading Lists feature များထည့်သွင်းပေးထားသည်။ Annotation သည်ဝက်ဘ်စာမျက်နှာ ၏ screenshot ကိုမှတ်သားပေးပြီး အခြား Windows 10 သုံးစွဲသူများကို ဝေမျှရန် စာသားများ highlight ပြုလုပ်ခြင်း၊ ပုံဆွဲခြင်း သို့မဟုတ် ရေးသားထားသော မှတ်စုများကို ပေးပို့နိုင်သည်။ Evernote သို့မဟုတ် Pocket တို့ကဲ့သို့ ဆောင်းပါးများကို အချိန်အတန်ကြာမှ ပြန်လည်ဖတ်ရှုရန် Reading List feature ကိုလည်း အသုံးပြုနိုင်သည်။
Edge ၏အကြီးမားဆုံး feature များမှာ Reading View ဖြစ်ပြီး ကြော်ငြာများ သို့မဟုတ် ဗွီဒီယိုများကဲ့သို့ ဝက်ဘ်စာမျက်နှာတွင် ပိတ်ပင်ထားသည့် အရာများကို ဖယ်ရှားပေးနိုင်သည်။
Gaming
Windows 10 သည် Xbox One အပါအဝင် Microsoft ထုတ်ကုန်များအားလုံးသို့ ထောက်ပံ့မှုပေးထားသည်။ ဂိမ်မာအများစုအနေဖြင့် အသုံးပြုမည့် feature သစ်များသည် OS သစ်တွင် ပါဝင်လာသည်။
ထုတ်ကုန်များကို Windows 10 အထိအဆင့်မြှင့်တင်ပြီးလျှင် Windows 10 ကွန်ပျူတာ သို့မဟုတ် tablet များသို့ Xbox One ဂိမ်းများ ပြန်လည်ထုတ်လွှင့်၍ ကစားနိုင်သည်။
Windows 10 အသုံးပြုထားသော Xbox နှင့် ကွန်ပျူတာများသည် platform တစ်ခုစီမှနေ၍ ဂိမ်းတစ်ခု တည်းကို ကစားနိုင်မည် ဖြစ်သည်။ ၎င်း feature သည် မည်သည့်ဂိမ်းကိုမဆို ထောက်ပံ့ပေးထားခြင်း မရှိသော်လည်း Montiga ကဲ့သို့ developer များမှ ထုတ်လုပ်သော Gigantic ဂိမ်းနှင့် ပူးပေါင်းမှုပြုလုပ်ထားသည်။
ထို့အပြင် Microsoft သည် Xbox app သစ်တွင် မိတ်ဆွေစာရင်းကို စီမံခန့်ခွဲခြင်း၊ ဂိမ်းနှင့်သက်ဆိုင်သည့် အချက်အလက်ခြေရာခံခြင်း သို့မဟုတ် ကွန်ပျူတာမှ ဂိမ်းဗွီဒီယိုများ ကြည့်ရှုခြင်းတို့ ထည့်သွင်း ထောက်ပံ့ထားသည်။
Start Menu
Windows 10 ၏ feature များအနက် အကောင်းဆုံးတစ်ခုမှာ ယခင်က ထွက်ရှိခဲ့ဖူးသော OS အများစုတွင် ပါဝင်ခဲ့သည့် Start Menu ပါဝင်လာခြင်း ဖြစ်သည်။ Microsoft သည် Windows 10 တွင်ပြင်ဆင်မှု အနည်းငယ်ပြုလုပ်ထားသော Start Menu ကိုပြန်လည် ထည့်သွင်းခဲ့သည်။
Microsoft သည် Start Menu ကို Windows 8 လုပ်ဆောင်ချက်များနှင့်အတူ Windows 7 မှ ရိုးရှင်းသော Start Menu ကိုပေါင်းစပ်၍ ဒီဇိုင်းသစ်ဖြင့် ဖန်တီးထားသည်။ Start Menu တွင် Windows 8 ၏ Live Tiles များ ဆက်လက် ပါဝင်လာသော်လည်း ၎င်းတို့သည် ပိုမိုသေးငယ်ကာ ကဏ္ဍတစ်ခုအဖြစ် ပါဝင်လာသည်။ ၎င်း၏ ဘယ်ဘက်ခြမ်းတွင် အသုံးအများဆုံး app နှင့် Setting ကဲ့သို့အရာအပြင် File Explorer ကိုပြပေးမည် ဖြစ်သည်။ အဆိုပါ Start Menu ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး အရွယ်အစားကို ပြောင်းလဲနိုင်ကာ နှစ်သက်သော app များကို pin ပြုလုပ်ထားခြင်းနှင့် desktop wallpaper အလိုက်အရောင်များလည်း ပြောင်းလဲနိုင်သည်။

Ref: Reviewed internetjournal
All Free Softwares, e-Books, Tutorials and Knowledges

English Dictionary တွေထဲမှာ Offline အသံထွက်နားထောင်လို့ရတာ ရှားပါတယ်...အကုန်လုံးနီးပါးက ကော်နချိန်..ရှိမှရတတ်ပါမယ်..ဒါပေမဲ့ ဒီ Offline Dictionary ကတော့ ကော်နချိန်မရှိလဲ အသံထွက်ကို နားထောင်လို့ရပါတယ်...အဓိပ္ပါယ်ဖွင့်ရှိချက်တွေကလည်း...ကောင်းပါတယ်..Android ဖုန်းသုံးသူတွေ အရမ်းထည့်ထားသင့်တဲ့ Dictionary တစ်ခု memory ကလည်း 9mb လောက်ပဲဆိုတော့ ဒေါင်းလုပ်ဆွဲသူတွေအတွက်..မခက်ခဲဘူးပေါ့ဗျာ..စမ်းထားပြီးသားပါ...အားလုံးအကုန် အလုပ်လုပ်ပါတယ်...


ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

All Free Softwares, e-Books, Tutorials and Knowledges

  

အရင်တစ်ခါတင်ပေးလိုက်တဲ့ Offline mode Dictionary ကတော့ အဘိဓာန်သက်သက်ပဲလေ...သဒ္ဒါတွေ Idioms တွေ phrase တွေကိုရှင်းပြတဲ့ ကဏ္ဍမပါဝင်ဘူး..အခုတင်ပေးလိုက်တဲ့ English Dictionary-Offline ကတော့ Grammar, Phrase နှင့် Idioms တွေကိုတစ်ထိုင်တည်းမှာ သင်လို့ရတော့ အရမ်းမိုက်တာပေါ့....အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် အရမ်းအဖိုးတန်မယ်ဆိုတာ..လုံးဝသေချာပါတယ်..
English Tense တွေကိုရှင်းပြချက်..
Idioms တွေကိုရှင်းပြချက်.
ပြီးတော့..သဒ္ဒါဆိုင်ရာ ရှင်းပြချက်တွေ အပြည့်ပါတဲ့ ဒီ apps လေးကိုဒေါင်းယူထားလိုက်ပါ..


ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

All Free Softwares, e-Books, Tutorials and Knowledges


ဗဟန်းမြို့နယ်ရှိ အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် တစ်ခုအဖြစ် ဖွင့်လှစ်ထားသော သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (University of Information Technology - UIT) တွင် Open Campus အား သြဂုတ်လ ၁၀ ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ Open Campus တွင် ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် Project များ၊ Mobile Apps များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ကျောင်းသား၊ ကျောင်းသူများ အား လေ့ကျင့်သင်ကြားပေးနေမှုပုံစံနှင့် ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့လာနေပုံများကို ဝင်ရောက် လေ့လာနိုင်မည်ဖြစ်သည်။

Open Campus ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့ စိတ်ပါဝင်စားသည့် အထူးပြုဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး အထောက်အကူ ဖြစ်စေရန်နှင့် အများပြည်သူများမှ တက္ကသိုလ်၏ လုပ်ဆောင်နေမှုများကို လေ့လာသိရှိနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်လိုသူများအနေဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်(University of Information Technology - UIT) အမှတ်(၁၄-၂၀)၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း- ဝ၁-၅၃၇၃၉၃ ၊ ဝ၁-၅၃၄၃၁၅ သို့ ဆက်သွယ်စုံစမ်း တက်ရောက်နိုင်မည်ဖြစ်သည်။


Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges

Motorola သည် ကုမ္ပဏီ၏ နောက်ဆုံးပေး Android ဖုန်းဖြစ်သော တတိယမျိုးဆက် Moto X Style ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ဖုန်းသစ်သည် ယခင် Moto X ဗားရှင်းများကဲ့သို့ပင် ဖုန်းကို အရောင်နှင့် အစိတ်အပိုင်းများကာ စိတ်ကြိုက်ရွေးချယ်တပ်ဆင်ပြီး ဝယ်ယူနိုင်မည် ဖြစ်သည်။ ၎င်းတွင် ၅.၇ လက်မ Quad HD display ကို အသုံးပြုထားပြီး ကျောဘက်တွင် 21MP ကင်မရာနှင့် အရှေ့ဘက်တွင် 5MP ကင်မရာတို့ကို ထောက်ပံ့ထားသည်။ ယခင်နှစ် အမျိုးအစားနှင့် မတူသည်မှာ မှန်ဘီလူးအောက်တွင် စက်ဝိုင်းပုံစံ flash ကို အသုံးပြုထားခြင်း ဖြစ်သည်။

Moto X Style ကို 1.8GHz hexa-core Snapdragon processor, 3GB RAM တို့ဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှု အနေဖြင့် 16GB, 32GB, 64GB တို့ဖြင့် ရရှိနိုင်ပြီး microSD slot မှတစ်ဆင့် 128GB အထိ အသုံးပြုနိုင်သည်။ Android Lollipop 5.1.1 ကို အသုံးပြုထားပြီး bloatware နှင့် skin များ မပါဝင်ကြောင်း Motorola မှ ပြောကြားခဲ့သည်။

ဘက်ထရီမှ 3,000mAh ဖြစ်ပြီး ၁၅ မိနစ်အားသွင်းရုံဖြင့် ၁၀ နာရီအထိ အသုံးပြုနိုင်ကြောင်း သိရသည်။
Moto X Style ကို စက်တင်ဘာလတွင် အမေရိကန်၌ ၃၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ ၎င်းကို Motorola.com, Amazon နှင့် Best Buy တို့မှ ဝယ်ယူနိုင်သည်။

Motorola သည် Moto X Style နှင့်အတူ Moto G နှင့် Moto X Play တို့ကိုလည်း မိတ်ဆက်ပေးခဲ့သည်။

Ref: TheNextWeb
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




အသစ်ထွက်မည့် Samsung Galaxy Note 5 တွင် Samsung Exynos 7422 processor ပါဝင်လာဖွယ်ရှိကြောင်း GSM Arena မှ ဖော်ပြချက်အရ သိရသည်။

၎င်းသည် Galaxy S6 နှင့် Galaxy S6 Edge တွင် အသုံးပြုထားသော Exynos CPU ထက် ပိုမိုကောင်းမွန်ဖွယ်ရှိပြီး integrated GPU နှင့် modem တစ်ခု ပါဝင်ဖွယ်ရှိကြောင်း ဆိုသည်။
 
အခြား အချက်အလက်များ အနေဖြင့် internal storage 32GB နှင့် 4GB RAM ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ သို့ရာတွင် microSD card ပါဝင်ခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။

ကောလာဟလ သတင်းများအရ display မှာ ၅.၇ လက်မ 2560 x 1440 pixel ဖြစ်ကြောင်း သိရသည်။
Samsung သည် သြဂုတ်လ ၁၃ ရက်တွင် ကျင်းပမည့် ပွဲတစ်ခု၌ Galaxy Note 5 ကို Galaxy S6 Edge+ နှင့်အတူ ပွဲထုတ် မိတ်ဆက်သွားဖွယ်ရှိသည်။

*** သတင်းဖော်ပြပါပုံမှာ Samsung Galaxy Note 4 ပုံ ဖြစ်သည် ***

Ref: CNET
Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges
Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူးအဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထားရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android ကမည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ Systemတစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊Bootloader ဆိုတာဘာလဲBootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Codeအစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကိုစတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က InternalMemory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာတည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Pointပါပဲ၊Bootloader ဘယ်လိုအလုပ်လုပ်တာလဲPower စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ BootStrap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloaderအလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.cဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး LinuxKernel image ကို Memory ကနေ ၀င်တင်မယ်၊Botloader ရွေးချယ်မှူBootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံးစတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက်ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Androidဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကိုသူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကိုLocked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် CustomROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊Kernel ဆိုတာဘာလဲKernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲIOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High LevelOperation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာကAndroid အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် LinuxOperation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ AndroidKernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versionsအသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေအလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်သုံးတဲ့ drivers တွေက Ice Cream Sandwichkernel အတွက် အလုပ်လုပ်မှာမဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardwareကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲတကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Softwareတို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကိုညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းကလုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screenအလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကိုချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardwareကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာKernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernelကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardwareကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုကSoftware က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်Hardware ကိုပြန်ပေးပါတယ်၊အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကိုခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် ApplicationDevelopers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကိုResquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာDevelop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Developလုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Developလုပ်ပေးစရာလို့ပါတယ်၊CWM ဆိုတာဘာလဲCWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်းနဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recoverလုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root accessရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROMထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကိုနားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲတွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်းmemory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေBoot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလိုအချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recoveryလိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Updateလုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကိုဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cacheများဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာစိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သောအလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ AndroidROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Androiddevices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊Firmware နဲ့ ပက်သက်သမျှFirmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Softwareprogram ကိုဆိုလိုပါတယ်၊ Window computerတွေမှာသုံးတဲ့ window7 installလုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို AndroidVersion တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memoryကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Updateလုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmwareရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာFirmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ ReadOnly Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROMထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flashmeonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊Flashing ဆိုတာဘာလဲFlashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmwareထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Dataတွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMsအစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited၀င်ဆောင်မှူကို ရရှိနိုင်ပါတယ်၊Rooting ဆိုတာဘာလဲAndroid System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကိုလိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root accessလုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Accessရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကိုစိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူးကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (HyperText Transfer Protocol) DHCP (Dynamic Host Configuration Protocol)(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲအသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲကရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrarycommands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သောအချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Rootလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Softwarerestrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကိုအသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Androidဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလိုအကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root accessရဖို့ကြိုးစားကြပါတယ်၊Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေကကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကိုကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလိုပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲStock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM ကဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ SoftwareRestriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Versionတစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Deviceတစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊System Applications တွေပါမယ်၊Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROMဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Customဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက်Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလိုစိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊ADB ဆိုတာဘာလဲADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲသူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့တံတားတစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Clientကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကိုအလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADBရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊Baseband ဆိုတာဘာလဲBaseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်းVersion နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODINတို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာတတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functionsတွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာတွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကိုပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲရှော့ချပေးနိုင်ပါတယ်၊ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsetsတွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊။။

All Free Softwares, e-Books, Tutorials and Knowledges
7
HTC က Desire 820G+ Dual-SIM စမတ်ဖုန်းကို အိန္ဒိယတွင် ရူပီး ၁၉ ၉၉၀ ( ဒေါ်လာ ၃၁၅) ဖြင့် ရောင်းချပေးလိုက်ပါသည်။

Desire 820G+ Dual-SIM တွင် 1.7GHz Octa-Core Porcessor ပါသော MediaTek MKT6592 SoC မောင်းနှင်မည် ဖြစ်ပြီး ၅.၅ လက်မ 720p Display တပ်ဆင်ထားပါသည်။ 1GB RAM, 16GB Storage , 2600mAh Battery ပါရှိပါသည်။

အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 8MP Camera ပါရှိပါသည်။ Android 4.4 KitKat မောင်းနှင်မည် ဖြစ်သည်။

Credit to ==> Myanmar DigitalLife Journal
 
www.pyaephyo.com
 
Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



All Free Softwares, e-Books, Tutorials and Knowledges




မကြာမီတွင် Xbox One ဂိမ်းစက်ကို mouse နှင့် keyboard ဖြင့် ချိတ်ဆက်၍ ဂိမ်းများကစား နိုင်တော့မည် ဖြစ်ကြောင်း Microsoft ၏အမှုဆောင် ဖီးလ်စပင်ဆာ Twitter တွင်ပြောကြားခဲ့သည်။

Xbox အကြီးအကဲ ဖီးလ်စပင်ဆာကို Twitter ပေါ်တွင် Windows ထုတ်ကုန်များကို Xbox သို့ stream ပြုလုပ်၍ ဂိမ်းများကစားနိုင်ဖွယ် ရှိမရှိ မေးမြန်းခဲ့ကြသည်။ အဆိုပါ မေးခွန်းကို ဖီးလ်စပင်ဆာက ၎င်းကဲ့သို့ ပြုလုပ်ရန် keyboard နှင့် mouse ထောက်ပံ့မှု လိုအပ်မည် ဖြစ်ကြောင်းပြန်လည် ဖြေကြားခဲ့သလို ထိုသို့ဖြစ်ပေါ်လာရန် ကြာမြင့်ဖွယ် မရှိတော့ကြောင်း ပြောဆိုခဲ့သည်။

Microsoft အမှုဆောင် အရာရှိချုပ် ဆတ်ရာနာဒယ်လာသည် Windows လုပ်ငန်းများစွာ၏ အစိတ်အပိုင်း များစွာကို ပေါင်းစပ်လိုသည့် ဆန္ဒရှိနေသည်။ Win-dows 10 ကို မိတ်ဆက်စဉ်အခါက “မိသားစု ထုတ်ကုန်တစ်ခု၊ platform  တစ်ခု၊ စတိုးတစ်ခု”ဟု အမည်တပ်၍ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အပြောင်းအလဲသည် Windows ဂိမ်းဌာနကို အခြားလုပ်ငန်းများဖြင့်  ချိတ်ဆက်ပေးနိုင်သည်။
 အကယ်၍ Xbox One ဂိမ်းစက်တွင် keyboard နှင့် mouse ထောက်ပံ့မှုများ ပါဝင်လာပါက Windows 10 app များ ထောက်ပံ့ မှုလည်း ပါဝင်လာဖွယ်ရှိပြီး hard-ware ရောင်းချမှု ပိုမိုတိုးတက် လာဖွယ်ရှိသည်။

Ref: Engadget
 Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link