ခုရက်ပိုင်းလေးမှာပဲ လှေစီးဒုက္ခသည် သတင်း၊ မြန်မာ့ U20 ဘောလုံးကစားသမားလူငယ်တစ်ဦးကို မန်ယူက စိတ်ဝင်စားနေ ဆိုတဲ့သတင်း၊ ကမ္ဘာကျော်အဆိုတော် Akon တစ်ယောက် ဗုဒ္ဓဘာသာကို ကူးပြောင်းတဲ့သတင်း၊  ငှက်ပျော်ဖူးခိုးတဲ့သူခိုးကြီးကို မိတဲ့ အာဂသစ်တောအရာရှိများ သတင်း၊ ကောင်မလေးနဲ့ အီစီကလီဆိုတဲ့ မြန်မာနိုင်ငံအရာရှိကြီးတစ်ယောက်အကြောင်း စတဲ့ သတင်းရေးရာအဖြာဖြာဟာ အင်တာနက်တစ်ခွင်မှာ ဟိုးလေးတကျော် ထင်ရှားကျော်ကြားလှပါတယ်..
အဲဒီလို ထင်ရှားကြော်ကြားလှတဲ့ သတင်းတွေအားလုံးနီးပါးဟာ မဟုတ်မမှန် လုပ်ကြံပြီး အပျော်သဘောစခြင်းနောက်ခြင်း၊ တစ်ဖက်သားကို သိက္ခာချလိုခြင်းတွေအပြင် အခြားအခြား သောရည်ရွယ်ချက်တွေနဲ့ ဖြန့်ချိထားတာကို တွေ့ရမှာဖြစ်ပါတယ်..
ဒါကို အဟုတ်မှတ်ပြီး ယုံကြည်ကြသူတွေအနေနဲ့ သတင်းအမှားတွေကို လက်ခံပြီး ကိုယ်တိုင် ငပေါကြီးဖြစ်နေတာကို ရှင်းလင်းအောင် အထောက်အထားအချို့နဲ့တကွ တင်ပေးလိုက်ပါတယ်..
-
မြန်မာ့ U20 ကစားသမား ကျော်မင်းဦးကို မန်ယူက ခေါ်ယူရန်စောင့်ကြည့်နေ ဆိုတဲ့သတင်း

ဒီသတင်းကို ခေါင်းစဉ် မဲမဲကြီးနဲ့ ဂျာတယ်တစ်ခုမှာ ဖတ်ဖူးကြမှာပါ.. အမှန်က အင်တာနက်မှာ Fake and Funny တွေလုပ်လို့ရတဲ့ ဆိုဒ်တွေသုံးပြီးရေးထားတာပါ.. ဒါကို တကယ့် ကမ္ဘာ့သတင်းလို့ ယုံကြည်ပြီး ဂျာနယ်အချို့မှာတောင် ဖေါ်ပြခဲ့ကြပါတယ်..
-
ငှက်ပျော်ဖူးသူခိုးကိုမိတဲ့ အာဂ သစ်တောအရာရှိများ 



သတင်းဟာ TheCambodiaToday ဆိုတဲ့ Facebook စာမျက်နှာမှာ ကမ္ဘောဒီးယားဘာသာနဲ့ ရေးထားတဲ့သတင်းသာဖြစ်ပြီး မြန်မာသစ်တော အရာရှိတွေ မဟုတ်ကြပါဘူး.. ပုံမှာပါတဲ့ သစ်တောယူနီဖောင်းက မြန်မာသစ်တောယူနီဖောင်းနဲ့ ခပ်ဆင်ဆင်သာဖြစ်ပါတယ်.. မူရင်းလင့်က https://www.facebook.com/TheCambodiaToday/photos/a.354103001313007.82539.343516229038351/884586354931333/?type=1
ဖြစ်ပါတယ်.. အမှားအမှန်ကို ဆင်ခြင်ကြဖို့ဖြစ်ပါတယ်..
-
ကမ္ဘာကျော်အဆိုတော် Akon တစ်ယောက် ဗုဒ္ဓဘာသာကို ကူးပြောင်းတဲ့သတင်း၊

ဒီသတင်းဟာ အရှင်ဝီရသူ နဲ့ Akon ပုံကို Photoshop လို့ခေါ်တဲ့ ဓါတ်ပုံပြုပြင်တည်းဖြတ်တဲ့ Software နဲ့ ဖန်တီးထားတာဖြစ်ပြီး လက်ရာသေသပ်ကောင်းမွန်မှုကြောင့် အစစ်လို့ထင်ရပါတယ်.. မူရင်းပုံတွေနဲ့တကွ တင်ပေးလိုက်ပါတယ်.. ဒီသတင်းကို Scientific Buddhist လို့နာမည်ပေးထားတဲ့ Facebook စာမျက်နှာ်မှာ ကမ္ဘာကျော်အဆိုတော် Akon မူဆလင်အဖြစ်မှ ဗုဒ္ဓ သာသနာ့ဘောင်သို့ ဝင်ရောက်၊ ဗုဒ္ဓဘာသာကို စော်ကားမိခဲ့သည်ကို နောင်တရမဆုံးဟုဆို ခေါင်းစဉ်နဲ့ အပြောင်အပျက် ရေးထားတာဖြစ်ပြီး အဲဒီ Scientific Buddhist စာမျက်နှာဟာ ဗုဒ္ဓဘာသာကို ထင်ယောင်ထင်မှားဖြစ်အောင် တမင်ရေးသားနေတဲ့ Page လည်းဖြစ်ပါတယ်.. Page လိပ်စာက https://www.facebook.com/8foldparticle ဖြစ်ပါတယ်.. အပြောင်အပျက်စာမျက်နှာကိုတော့ http://www.newsaline.co.uk/akon-became-a-budhist-monk.html မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်..



ကောင်မလေးနဲ့ အီစီကလီဆိုတဲ့ မြန်မာနိုင်ငံအရာရှိကြီးတစ်ယောက်အကြောင်း
ဒီသတင်းကလည်း The Cambodia Today မှာဖေါ်ပြထားတဲ့ သတင်းတစ်ခုသာဖြစ်ပြီး မြန်မာပြည်က အရာရှိတစ်ယောက်ရဲ့ နာမည်ကိုသုံးထားတာ ထင်ယောင်ထင်မှာဖြစ်အောင် လုပ်ထားတဲ့သတင်းသာဖြစ်ပါတယ်.. ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ လုပ်မှန်းမသိပေမယ့် စာဖတ်ပြီး Like တွေလုပ်ကြ၊ Share ကြနဲ့ တကယ့် ငပေါကြီးတွေဖြစ်အောင် ဖန်တီးထားတာပါ.. မူရင်းလင့်က https://www.facebook.com/TheCambodiaToday မှာရေးသားထားတာဖြစ်ပါတယ်...


မြန်မာ U20 ကစားသမား ကျော်မင်းဦး သတင်း၊ ကမ္ဘာကျော်အဆိုတော် Akon တစ်ယောက် ဗုဒ္ဓဘာသာကို ကူးပြောင်းတဲ့သတင်း လိုမျိုး အပြောင်အပျက်သတင်း ဓါတ်ပုံတွေကို http://www.newsaline.co.uk မှာ ကိုယ်တိုင်ဖန်တီးနိုင်ပြီး ကမ္ဘာ့သတင်းလိုမျိုး Facebook မှာ Share နိုင်ပါတယ်..

 ဒီလို အခြေအမြစ်မရှိ၊ တစ်ဦးတစ်ယောက်၊ ဘာသာတစ်ခု အကြောင်းအရာကို တမင်ဖန်တီးသူတွေရဲ့ သတင်းကို အမှန်ထင်ပြီး ကိုယ့်ကိုယ်ကို ငပေါမှန်းမသိ သေးသူတွေ ဆင်ခြင်နိုင်ဖို့ ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ပါတယ်..


မိတ်ဆွေများ လိမ်ညာခြင်းရန်က ကင်းကွာကြပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အောက်ကကြော်ငြာကိုတစ်ချက်ကလစ်ပေးပါခင်ဗျာ.

Post A Comment: