Advertise Here !



Windows 10 သည် Microsoft Windows operating system ၏ နောက်ဆုံးဗားရှင်း ဖြစ်လာမည်ဟု Microsoft developer တစ်ဦးက ပြောကြားလိုက်သည်။

ကုမ္ပဏီ၏ Ignite ကွန်ဖရင့်စ်တွင် developer ဖြစ်သူ ဂျယ်ရီနစ်ဆင်က “အခုအချိန်မှာ ကျွန်တော်တို့က Windows 10 ကို ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ Windows 10 ဟာ Windows ရဲ့ နောက်ပိတ်ဆုံး ဗားရှင်း ဖြစ်ပါတယ်။ Windows 10 အတွက် ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့အတွက်ကြောင့် Windows 11 ဟူ၍ ထွက်ရှိလာတော့မည် မဟုတ်ဘဲ app များနှင့် browser များကဲ့သို့ပင် Windows 10 အတွက် update များကိုသာ ပုံမှန်ဖြန့်ချိသွားမည် ဖြစ်သည်။

Microsoft ၏ ထုတ်ပြန်ကြေညာချက်တွင်လည်း Windows ကို ဆန်းသစ်တီထွင်မှုများနှင့် update များပါဝင်သည့် ဝန်ဆောင်မှုတစ်ရပ် အနေဖြင့် အနာဂတ်တွင် ဆက်လက် ထောက်ပံ့သွားမည်ဟု အတည်ပြု ဖော်ပြခဲ့သည်။

Microsoft သည် Windows 8.1 ကို ပြီးခဲ့သည့်နှစ်က ဖြန့်ချိခဲ့ပြီးနောက် Windows 10 ဖွံ့ဖြိုးတိုးတက်မှုအတွက် တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်။

Windows 10 ကို ယခုနှစ်ကုန်ပိုင်းတွင် အခမဲ့ download အနေဖြင့် ဖြန့်ချိဖွယ်ရှိသည်။ Window 10 ကို ဖြန့်ချိရာတွင် တစ်ကိုယ်ရေသုံး ကွန်ပျူတာများ၊ မိုဘိုင်းများ၊ tablet များ၊ Xbox One နှင့် single-board ကွန်ပျူတာများ အပါအဝင် ကွဲပြားခြားနားသည့် ထုတ်ကုန်များအတွက် မတူညီသော ဗားရှင်းများဖြင့် ဖြန့်ချိသွားမည် ဖြစ်သည်။

Credit : Internet Jorunal

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !