Advertise Here !

 
ဇွန်လမှစတင်၍ ငွေဖြည့်ကတ် အသစ်များကို ဈေးကွက်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ ငွေဖြည့်ကတ်များအပေါ်၌ အခွန်ပေးဆောင်ထားသည့် ပမာဏကို ပူးတွဲဖော်ပြ ပေးထားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီကတ်တွေမှ ငွေဖြတ်မှာတော့ မဟုတ်ပါဘူး။ အရင်ကတ် အဟောင်းတွေလည်း ကျန်ရှိနေဦးမှာပဲ။ သူတို့ကိုလည်း ဖြတ်မှာပါပဲ။ အဟောင်းတွေကိုတော့ ပြန်မသိမ်းပါ ဘူး”ဟု Telenor မှ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။

ဆက်သွယ်ရေးစနစ်အတွက် ဘီလ်ဖြည့်သွင်းအသုံးပြုသည့် ပမာဏအပေါ်မူတည်၍ ကောက်ခံထားသည့် အခွန် ၅ ရာခိုင်နှုန်းကို သီးခြားစနစ်တစ်ခုအနေဖြင့်ထားရှိပြီး အဆိုပါစနစ်ကို နိုင်ငံတကာ Audit များကလည်း စစ်aဆးကြသည့်အတွက် နိုင်ငံတော်အနေဖြင့် ယုံကြည်မှုရှိလိမ့်မည်ဟု Mr. Petter Furberg က ဆိုသည်။

ဆက်သွယ်ရေးစနစ် အတွက် အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေး အော်ပရေတာက ကောက်ခံခြင်းမဟုတ်ဘဲ အစိုးရမှ ကောက်ခံခိုင်းခြင်းဖြစ်သည့်အတွက် ၎င်းတို့က အတိအကျကောက်ခံ၍ ပြန်လည်ပေးအပ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ငွေဖြည့်ကတ် ပုံစံအသစ်နှင့် ပတ်သက်၍ အခြားသော ဆက်သွယ်ရေး အော်ပရေတာများက သတင်းထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း Telenor ၏ သတင်း ထုတ်ပြန်ချက် အရ ၎င်းတို့သည် အခွန်နှင့်ပတ်သက်၍ အစိုးရထံသို့ လစဉ် ပေးဆောင်ရမည်ဟု သိရသည်။

အင်တာနက်ဂျာနယ်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !