လက်ရှိ မြန်မာပြည်မှာ Andriod App ပေါင်းများစွာ ရှိပြီး iOS app တွေ အင်မတန်နည်းနေပါသေးတယ်။ ဒါပေမယ့် user  volume ကတော့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ၁၀ ဦးမှာ တစ်ဦးဟာ iOS သုံးတဲ့ iPhone များကို အသုံးပြုတဲ့ အနေအထားအထိ ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။


ပြီးတော့ Apple ကနေပြီးတော့လည်း Wai Yan Electronic ကို Apple တရားဝင် ကိုယ်စားလှယ်ရောင်းချခွင့် လိုင်စင် ပေးအပ်ထားပြီကြောင့် မြန်မာပြည်မှာ Apple iPhone အသုံးပြုသူများ သိသိသာသာ တိုးတက်လာအုံးမှာ ဖြစ်ပါတယ်။ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနည်းဆုံး ၅ သိန်းကနေ ဈေးအကြီးဆုံး ၁၅ သိန်းလောက်ထိ ပေါက်ဈေး ရှိသော်ငြားလည်း iPhone အသုံးပြုသူ အရေအတွက်ဟာ သိသိသာသာကို တိုးတက်လာနေ ပါတယ်။

မြန်မာပြည်မှာ  localise လုပ်ထားတဲ့ iOS app အဖြစ် သိပ်အများကြီး မတွေ့ရ ပါဘူး။ များသောအားဖြင့်က နိုင်ငံတကာက App များကိုသာ အသုံးပြုနေကြရခြင်း ဖြစ်ပါတယ်။ မြန်မာပြည်တွင် လူသုံးအများဆုံး iOS app များ အနေဖြင့် Facebook, Viber, Messenger တို့က ရှိနေပြီး Game ထဲမှာတော့ Candy Crush, Pirate King, COC များ ရှိနေပါတယ်။ iPhone အသုံးပြုသူ ၁၀ ဦးမှာ ငါးဦးက Jail break ပြုလုပ်အသုံးပြုပြီး ငါးဦးဟာ ဝယ်ပြီး အတိုင်းပဲ အသုံးပြု ပါတယ်။ iPhone user များအနေနဲ့ သတင်းအချက်အလက် ဖတ်ရှုမှုကိုတော့ Facebook တွေပေါ်မှာပဲ ပြုလုပ်ဖြစ်ကြတာ များပါတယ်။ Android မှာတွေလို RSS Feed ဆွဲတဲ့ app များ မရှိပါဘူး။ အဓိကကတော့ Apple ရဲ့ App Store မှာ ကန့်သတ်ချက်များ ထားရှိထားခြင်းကြောင့် ဖြစ်ပြီး Developer account ဖွင့်တာတောင်မှ အခက်အခဲရှိပါတယ်။

App ကိုတင်ပြီးရင်လည်း စစ်ဆေးမှုက ၁ ပတ်မက ကြာမြင့်နိုင်ပြီး reject ထိကြတာ များပါတယ်။ ဒါကြောင့်မို့ iOS app များနည်းရခြင်းလည်း ပါဝင်ပါတယ်။ ဒ့ါအပြင် နောက်တစ်ချက်က language ပြဿနာပဲ ဖြစ်ပါတယ်။ Zawgyi, Unicode encoding အပိုင်းမှာ ပြဿနာ ရှိတာကြောင့် မြန်မာဘာသာဗားရှင်း app များ အထွက်နည်းပါတယ်။ ဒါကြောင့်မှို့ နိုင်ငံတကာ ကုမ္ဗဏီများအနေနဲ့ ပြည်တွင်းဗားရှင်းထုတ်မယ့် ၎င်းတို့မှာ ရှိပြီးသား app ကို မြန်မာပြည်ဒေသ အသုံးပြုနိုင်ရန် category အသစ်တစ်ခုဖွင့်ခြင်းမျိုးသာ ပြုလုပ်ကြောင်း kaymu မှ ဆိုပါတယ်။ ၎င်းတို့က Kaymu online shopping community ဆိုပြီးတော့ community app ဖန်တီးထားခြင်းပါ။

မြန်မာပြည်မှာ Android Developer ၁၀ ဦးရှိရင် iOS developer ဟာ ၁ ဦးပဲ ရှိပါသေးတယ်။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အောက်ကကြော်ငြာကိုတစ်ချက်ကလစ်ပေးပါခင်ဗျာ.

Post A Comment: