Advertise Here !



အတွေးတွေရှေ့သို့ပြေးနေလေရဲ့
တိမ်ရေးရေးက နောက်ကျလို့သာ။
ခရီးရှည် အပျင်းပြေအောင်
အံမဝင် ဒိုင်ယာလော့အဟောင်းနဲ့
အောက်ပိုင်းပျက်လုံးကတာဝန်ယူလျှက်။
မြိုသစ်ကိုငေးကြည့်ရင်း
မြင်ရတဲ့နောက်တိုးထန်းတောလေးက
လယ်ကွင်းစိမ်းကို ဖတ်တွယ်လို့ပေါ့။
မခွဲခြားတတ်တဲ့ တောအစပ်မှာ
ငါ့ကဗျာဟာ အဆုံးသတ်သွားခဲ့
ဒါ ခြောက်သွေ့တောလား အမြဲစိမ်းတောလား။
မြင်နေရပြီ ဘုရားအို 
                                           ကျောင်းပြို နဲ့
ထန်တောညို.......ဟိုးးးးနောက်မှာတော့
သားကိုစောင့်မျှော်
 ကြိုနေလောက်ရောပေါ့-------မေမေ။

Admin……………လင်းလက်လွန်း။
Ph no……………09428187125

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !