Advertise Here !

Image result for poem image






ကျွန်တော်ပို့စ်တွေမရေးဖြစ်တာ ကြာသလိုလိုဖြစ်နေပြီ ကွက်တိကွက်ကြားဖြစ်နေပြီ Why?
Answer- အလုပ်မအားတာကြောင့် 
               နေမကောင်းလို့
               အကြောင်းအမျိုးမျိုး ကြောင့်...
               
ဟုတ်ကဲ့အဲ့ဒိအလုပ်ပိနေတဲ့ကြားမှ အဆင်ပြေပြေ ပို့စ်တွေကို တင်ဖြစ်အောင်တင်ပေးပါတယ် ကျွန်တော့် ပို့စ်တင်ချိန်က မနက် 4 နာရီမှ 5 ခွဲထိပေါ့ 30 minu ကိုတော့ FB ပေါ်မှာ မေးထားတာလေးတွေဖြေတယ် Total=2 hour ပေါ့ ဟုတ်ကဲ့ပါ ကျွန်တော် ညအလုပ်ပိလို့မထနိုင်ရင် ည 7 to 9 hour တင်ပေးပါတယ်ခင်ဗျ ကျွန်တော် အဲ့အချိန်အလုပ်မအားသေးပါဘူး ည9 hour မှဆိုင်သိမ်းတာပါ သို့ပေမဲ့ ည ကို မအိပ်တော့ဘူးလေ အိပ်ချိန်မှာ လုပ်စရာရှိတဲ့အလုပ်တွေကိုလုပ်လိုက်ပါတယ်  အခု ဒါတွေဘာလို့တင်ပြရသလဲဆိုတော့ ပို့စ်တွေကို အချန်နဲ့တပြေးညီ မနက်တိုင်းမတင်နိုင်တာ အပေါ်ကကြောင့်ပါလို့ နားလည်ပေးစေချင်လို့ တင်ပေးထားတာပါ...
ဟုတ်ကဲ့ သီဟထိုက်၏ ပို့စ်များ တင်ပေးလိုက်ပါပြီ...
အဲဒါနဲ့ ကဗျာတွေကို ကိုယ်တိုင်တင်ပေးပေမဲ့ ကိုယ်တိုင်ရေးသားတာမဟုတ်ပါဘူး နောက်ပြီး ရေးသားသူများက တစ်ကယ့်ဝါသနာ ပါပြီး တစ်ကယ်ပါရမီရှိတဲ့သူတွေပါ အဲ့တာကြောင့်ကဗျာရေးသူများကို အောက်တွင် ရေးသူ=မည်သူမည်ဝါ    လို့ရေးသားထားပါတယ် မိမိတို့ အနေနဲ့ကြိုက်နှစ်သက်ရင် ထိုကဗျာရေးသူ နာမည်ကို  Message ပေးပို့နိုင်ပါတယ် ကျွန်တော့်အနေနဲ့ ကဗျာဆရာ အား ၀မ်းသာစေမည့်စကားလေးများ လက်ဆင့်ကမ်းပေးပါမည်ခင်ဗျာ...
" ကြယ်စင်တွေ
လင်းလက်တာဟာ
လမင်းကြီးရဲ့ကျေးဇူးကြောင့်
လမင်းကြီး လင်းလက်တာဟာ
နေမင်းကြီးရဲ့ကျေးဇူးကြောင့်
ပန်းချီ အချစ်တွေလင်းလက်တာဟာ
မင်းရဲ့ကျေးဇူးကြောင့်ပါ boy "

{ရေးသူ=မေပန်းချီ}






" တီထွင်ဖန်တီးကြသူတိုင်းနှင့်
အောင်မြင်လိုသူတိုင်း၏ဘ၀မှာ
အားပေးချီးမြောက်ချင်းနှင့်
ကဲ့ရဲ့ရူံ့ချချင်းဆိုတဲ့
အနဲအများ
ဒီစကားတွေကတော့ ရှိမှာပဲ
ဒါတွေက မှတ်ထားရမှာမဟုတ်
သိထားပြီး ရှေ့ဆက်လိုက်တဲ့အရာတွေက
လုသားအားလုံး
တစ်ဦးတစ်ယောက်ကိုမှထိခိုက်ခြင်းမရှိပဲ
လူသားအားလုံး ပျော်ရွှုင်စွာ နေရတယ်ဆိုရင်
ဒါဟာ ကို့ရဲ့အောင်မြင်မူ့တစ်ခုပဲ... "

{ရေးသူ=သူရအောင်}

" အသဲတောင်ကြားသိမ်းစည်းထားတဲ့
စကားတဆစ်
မပြောဖြစ်တာ
တနှစ်ပြည့်ပါတော့မယ်
ချောစုရယ်
ရင်မှာမောရ
ပြောလည်းပြောချင် ပြောစန်ပြလည်းချောသိခဲ့သော်
မောင်အပေါ်တွင်မတော်တဆမုန်း
မာန်ရှိပြီး စိမ်းကားသွားမှာ ကို
စိုးရွံမိပါတယ် မမချောစုရယ် "

{ရေးသူ=တိတ်တခိုးချစ်သူ(ဇွဲ)}


" ဟေး.... လိပ်ပြာမင်းသာနားမယ်ဆို
ငါ့... ရင်ခွင်တစ်ခုလုံး
ပန်းတွေအကုန်ပွင့်ပေးပါ့မယ်။
ဒါပေမဲ့...
ပန်းကလေးတွေ
မျက်ရည်ဝဲအောင်
ပျံရုံပဲတော့ မပျံပါနဲ့နော် "

{ရေးသူ=သူရထွန်း(လှည်းတန်း)}

" စစ်မှန်တဲ့ ချစ်ခြင်းမေတာ
ဆိုတာ...
မြတ်နိုးရမယ် ၊ တန်ဖိုးထား
ရမယ်
သဘောထားကြီးရမယ် ၊ အနစ်နာခံနိုင်ရမယ်
သည်းခံခွင့်လွှတ်နိုင်ရမယ်တဲ့
ဒီကနေ့ကပဲ
ကျွန်တော်နော်ကတစ်ခုထပ်တိုးလိုက်ပါတယ်။
စွန့်လွတ်နိုင်ရမယ်။ "

{ရေးသူ=သူရထွန်း(လှည်းတန်း)}


" သူပြောဘူးတယ်
အချစ်ဦးတဲ့
ပျော်လိုကတာလေ
ဒီလိုပါဘဲ ဒို့ကလည်း
မချစ်ဘူးတော့အချစ်ဦးပေါ့
ခုတော့ ညာရက်သူရေ
မင်းကိုလေ မမုန်းနိုင်ဘဲ
ကျေပါတယ် "

{ရေးသူ=-----}


" ချစ်သူ
မင်းရဲ့စိမ်းကားမူ
ကြောင့်
မုန်းတယ်
လို့ပြောနေပေမယ့်
ငါ့...နှလုံးသားမှာ
သွေားတစ်စက်စက်ကျနေတာ
မင်းမသိနိုင်ပါဘူး
ချစ်သူ "

{ရေးသူ=ကျော်ကျော်H(လှည်းကူး)}


"မုန်းတယ်
ချစ်တယ်
လင်းတယ်
မှောင်တယ်
မဲတယ်
ဖြူတယ်
ငိုတယ်
ရယ်တယ်
ကျန်သေးတယ် ဟ
မွေးတယ်
သေတယ်လေ"

{ရေးသူ=-------}


" ခွင့်လွှတ်တယ်
ချစ်သူရယ်
မင်းထင်ချင်သလိုထင်
မင်းမြင်ချင်သလိုမြင်
မင်းရက်စက်သလိုရက်စက်လိုက်ပါ
အပြစ် မယူရက်သည်းခံခွင့်လွှတ်ချစ်နေပါ့မယ်
ချစ်သူရယ် "

{ရေးသူ=အေးမင်း(တာင်ဘက်)မောင်ဝင်းထ*မကွေး*}



" မင်းလေးကိုစတွေ့တဲ့နေ့
အကြည့်လေးတွေက
သမင်လည်ပြန်
မင်းကို့ကို မုန်းတဲ့နေ့
အကြည့်
လေးတွေကသခင်အာခံ "


ရေး=လင်းသာ


" သိပ်ချစ်ရတဲ့ကောင်မလေးရေ
ကို့နှလုံးသားကို
အမုန်းမြှားတွေစိုက်ပြီးမသွားပါနဲ့
မစာမနာနဲ့ကို့ရဲ့အသဲကို မကစားပါနဲ့
လူတကာရဲ့သွေးထိုးစကားကိုလည်း
မယပါနဲ့ပန်းကလေးတွေကြွေဒါမြင်ပြီး
နှလုံးသားကြွေကျအသဲကွဲရမှာကြောက်လို့ပါ "


ရေးသူ=လင်းသာ(ဟုမလင်း)


" (မစင်ပုံထဲကလောက်)သွားလည်းဒိစိတ်
ထိုင်လည်းဒီစိတ်
ထိုင်လည်းဒီစိတ်
စားလည်းဒိစိတ် အိပ်လည်းဒီစိတ်
မနောကံကိုသံဃောဇဉ်
ကိုးနှင့် တရစ်ချင်းပါတ်
အထပ်ထပ် ဓါးဖြင့်ခုတ်လည်းမပြတ်နိုင်ရှာဘု
ရေသောက်လည်းရေခွက်ထဲသူ့မျက်နှာ
ထမင်းစားလည်း
ခုတ်လည်းမပြတ်နိုင်ရှာဘု
ရေသောက်လည်းရေခွက်ထဲ သူ့မျက်နှာ
ပုဂံထဲသူ့မျက်နှာ
အိပ်ရာဝင်လည်းသူ့မျာက်နှာ
စောင်ခြုံလိုက်တော့ ပိုဆိုးသွား
သူ့ မျက်နှာအား တဏှာဝဲယက်မှ
ပုထုစဉ်လူသားများ
မစင်ပုံထဲလောက်ကောင်လိုပဲစားသုံးကြ
စားပြီးရင်းစားချင်(---)ကချိ
မြိန်လို့လား??? "

{ရေးသူ=စလူ}



" အရက်တစ်ခွက်ရယ်
ဆေးပြင်းလိပ်တစ်လိပ်ရယ်
အဆွေးသီချင်းတစ်ပုဒ်ရယ်
ရှိနေခဲ့ရင်  ဘ၀ဟာ
ပြည့်စုံနေပါပြီ
       မှတ်ချက်။        ။ သိပ်ချစ်ရတဲ့သူက    အနားမှာရှိနေပေးရင်
ပိုပြည့်စုံမှာပေါ့ "

{ရေးသူ= အမည်မသိ}



" ချစ်သူရယ်...
ချစ်တယ်ဆိုတဲ့   စကားထက်
လေးနက်တဲ့စကား  ရှိပါသေးရင်
ကိုယ်မင်းကို          ပြောပြချင်ပါသေးတယ်ကွာ "


{ရေးသူ=ကိုလေး(အင်းရဲ)}



" သူ့ကို စွန့်လွှတ်ဖို့လည်း
အကြိမ်ကြိမ်ကျိုးစားဖူးတယ်
မေ့ပစ်ဖို့လည်း
အခါခါ စဉ်းစားဖူးတယ်
but
နောက်ဆုံးတော့လည်း
သူ့အနားကရုန်းမထွက်နိုင်ခဲ့သူပါ "


{ရေးသူ=ဇွဲ}


" ရှင့်ကိုမုန်းတယ် ရင်ထဲကမပါ
ပြောမိပေမယ့် တဆတ်ဆတ်ရင်မှာ
နာခဲ့တာကို သူမသိ
သူထွက်သွားပြီ
မျက်လုံးအိမ်တွင် မျက်ရည်များစို့တတ်လာလဲ
မငိုမိအောင် ထိန်းရင်းနဲ့ပင်
ရင်ထဲတွင် ကားအော်လိုက်မိခဲ့
I Love You "

{ရေးသူ=အမည်မသိ}


" မင်းနဲ့ဝေးမယ့်နေ့ကို
ကြိုတင်ကာမျှော်လင့်
လမင်းကို အဖော်အဖြစ်
ကိုယ်နေရစ်ခဲ့မယ်
ထားသွားလိုက်ချစ်သူ
တစ်နေ့ဖြစ်မှာ ကြိုသိအဖော်မရှိတဲ့
ငါ့ဘ၀ မင်းအလှမှာယစ်မူး
ငါရူုံးခဲ့ဖူးတယ်လေ
ဒါပေမဲ့.......
ပေးဆပ်ခြင်းအချစ်နဲ့ မင်းကို
တူညီတဲ့ညီမျှခြင်း
ကံတရားက ဖန်ဆင်းရင်
ဝေဒနာဆိုတဲ့အသိ
မင်းသိမယ့်နေ့ကို
ငါမျှော်လင့်တယ်..... "


{ရေးသူ=Rome Love}


" သိပ်သတိရ     ညညတွေမျိုး
တရေးနိုးရင်    မင်းမျက်နှာလေး
မြင်ရောင်မိတယ် **
*သြော်,. အချစ်ရယ် """
ကိုယ်ဆက်အိပ်လို့
မရတော့ဘူး "

{*အောင်ဇေ =ဘုတလင်}


" သက်
သက်နဲ့ဝေးရ    နေ့ညတွေမှာ
ပျော်စရာဆတ်သုဉ်း  အလွမ်းဖုံး
သက်နားလာချင်
မဖြစ်တော့ပဲ   ရင်ထဲမွန်းကြပ်
ခံစားရတာ  နေ့ညတွေကို
သက်သိစေလို  ကဗျာဆိုပြီး
ရင်ထဲအတည် ဖြစ်ရပါသည် "

{ရေးသူ=ဌေးအောင်(လုံးခင်း)}

" လွမ်းဆွတ်မိရင်လည်း ငါတစ်ယောက်ထဲ
ငိုကြွေးပါမယ်... ပျော်ရွှင်နေတဲ့မင်းဘ၀လေးကို
ငါ့အတွက်နဲ့ ၀မ်းနည်းစေခြင်လို့ပါ
ချစ်သူရယ်... "

{ရေးသူ=အမည်မသိ}


" တောသားလေး...
အချစ်ဈေးမစစ်နဲ့  ကြိုက်ရာယူသွား{၁၅၀၀}

{ရေးသူ=သူရိန်ဦး}


ကောင်မလေး   မင်းသာနှင်းဆီပန်းတစ်ပွင့်ဆို
မင်းအနားမှာ      ဆူးကလေးအဖြစ်
          ကာရန်ပေးပါရစေ "

{ရေးသူ=သူရိန်ဦး}


" နှင်းဆီမွေးမြ     ရန်မခအောင်
အလှကိုဆင်      ဆူးတွေဆင်လည်း
အဆင်သူ့မှာ       ၀န်းရံကာ
နေလိပ်ပြာနှင့်      ပျားပုတုန်းများကလှည့်စားသုံးသည်
ဝတ်ရည်လည်းခမ်း  ပန်းလည်းသည်နွမ်းမှပြန်သန်းလေပြီ
တစ်ပွင့်ဆီသို့          ဒီမှာဘ၀အသည်းမွကြွေရလေပြီတည်း "


-------

" သမီးငယ်လေး   သိပ်ငယ်သေးလှ
ချစ်သောမကျွမ်း   ခရောင်းလမ်းထဲ
မလှမ်းလေနဲ့      သမီးငယ်
ဆင်ကန်းတောတိုး  ဖလံပိုးလို
မီးကိုရွှေကြည်     မထင်လိုက်နဲ့
တောလိုက်မုဆိုး   ရက်စက်မျိုးဆုံပစ်လိုက်မျှားဦး
သဲရွှေအုံသို့        အချစ်စူးလို့သေတတ်တယ် "

{ရေးသူ=အမည်မသိ}



" ကွက်လပ်

သူ့အတွက်
မဆုံးနိုင်တဲ့ ကဗျာတေါ
သီကုံးပေးချင်လည်း
ငါ့မှာ ကာရံတို့က မရှိ

သူ့အတွက်
မရိုးနိုင်တဲ့သီချင်းတွေ
ဆိုငြီးပေးချင်လည်း
ငါ့မှာ သံဇဉ်တို့ကမရှိ

သူ့အတွက်
အတောက်ပဆုံး
အလင်းတွေ
ပေးစွမ်းချင်လည်း
ငါ့မှာ အရောင်တို့က မရှိ "

{ရေးသူ=Oxygen(မြစ်ကြီးနား)}




"မင်းနဲ့ငါ...
ဘ၀တွေတိုင်း တောင်းဆုပြုမယ်
ဒီလိုညနေ  မင်းနဲ့ငါ...
တောင်းဆုပြုမယ်
ဒီလိုညနေ  မင်းမေ့မရတော့ပြီး
လာပါခရီးကြမ်းလဲ  ဆက်ရန်အသင့်ပါ
ဘ၀ဆက်တိုင်း မင်းနဲ့ငါ "


ရေးသူ-အူမိုးသောင်



ကိုးစားလျက်...
------------------

" ဘ၀မှာရစ်ပတ်
ဆုလာဘ်မဲ့ကာ
အနွံတာခံဒီဘဝ
 ရိုးရှင်းသောအချစ်
အပြစ်မဲ့စွဲချက်
ထိုးခံဒီလူ
အမျက်မထင်
ခေါင်းငုံ့လျက်ကာ
ဤဝေဒနာ
ကိုးစားလျက်ပါ "
ရေးသူ-သူ


" ပန်းပိတောက်တွေလည်းပြာ
ခါးတမာတွေလည်းချို
အာကာယံကမိုးတွေပြိုပြီး
တောင်မြင့်မိုရ်အက်ကမွာပျက်မှ
ဒို့ကိုမေ့မယ်ဆို အခုတော့
ပိတောက်မပြာ
တမာလဲမချို
မိုးမပြိုတောင်မအက်ဘဲ
မေ့ရင်ခွင်ကို ခွဲ
အဝေးဆုံးသွားပြီပေါ့ချစ်ရယ် "

ရေးသာ=လင်းသာ



" နင်နဲ့ငါဟာချစ်ခဲ့တာကြာပေမဲ့
သံဃောစဉ်ကြိုးလေးက ဆွေးမြေ့မသွားဘူးနော်
နင်နဲ့ငါရန်ဖြစ်တာလည်းခဏခဏပဲ
ဲနာကျဉ်းခြင်းဆိုတဲ့
စိတ်တစ်ချက်လေးမှမဖြစ်ခဲ့ဘူး
ဒါပေမဲ့
သံဃောဇဉ်ကြိုးမျဉ်လေးကို
နားကျဉ်ခြင်းမီးစလေးနဲ့ညှိလိုက်မိရင်တော့
ဒို့တွေရဲ့အချစ်တွေဟာ
တစ်နေ့နေ့မှာ ပြာဖြစ်မှာ
ပြာဖြစ်မှာအမှန်ပဲ ချစ်သူရယ် "


ရေးသူ=ခင်ဇာဇာကျော်(တောင်ကြီး)


တမူးမြေသို့
---------------

 "တစ်နေ့တစ်ရက်
အမေ့ခက်တည့်
အလွမ်းရက်ရှည်
တမူးမြေ *
ဝေးကာရက်ပေါင်းရာထောင်သောင်းလဲ*
မမေ့ခဲ့ပေတမူးမြေကို*
ရာသီတစ်ဆစ်အလွမ်းတစ်ရစ်ဖြင့်
နွေမှမိုးဆောင်းဘယ်လိုပြောင်းလဲ*
မပြောင်းချစ်ကြင် အစဉ်မေစ်တာ*
အနာဂါတ်လမ်းထက်*
ကြိုးစားလျက်မို့*
တောင်းဆုတွေချွေ စောင့်မျော်လျက်နေပါ့
တမူးသူရယ်။***** "

ရေးသူ=WinZaw(ဟုမတ်လင်းမြို့နယ် -မှန်ပင်ကျေးရွှာ)
ph-09-262749094


" အချစ်နင်လိုချင်တဲ့
ငွေတစ်မျိုးနဲ့
ငါလိုလူရဲ့
အချစ်မျိုး
မင်းဘာမှ
တန်ဖိုးထားစရာမှမရှိတာ
ငါသိတယ်
ဒါပေမဲ့
ဥုစွာနထိ
ဘာမရှိတဲ့
ငါ့အချစ်မှာ
မင်းအတွက်
သတ်တိရှိတယ်
မင်းငွေနဲ့
ဝယ်လို့မရတဲ့
ငါ့လည်ချောင်းသွေး
နင့်ခြေသလုံး
စေးပေးရမလားပြောအသင့်ပဲ...။ "

ရေးသူ=ကျော်ကျော်



" နောင်ငြိစွဲလမ်း
ရင်ထဲပန်း
မခွဲတမ်းတစ်သက်
အမြဲတမ်းအတွက် "

ရေးသူ=အမည်မသိ

" မိဘမေစ်တာ
မိဘမေစ်တာချော့၍ တခါ  ခြောက်၍ တလှည့်
နုတ်လျှာကြမ်းတမ်းဆိုဆုံးမလဲ
သူများတွေက ပြန်မပြောနားမထောင်
သူတို့တွေက ပြန်ပြောနားမထောင်
ငြူစူဆောင်အောင့်ဖနောင့်ပေါက်လု
စိတ်ဆိုးတခဏကွယ်ရာမှာတော့
ငါ့သမီးတွေနေမှကောင်း ကြရဲ့လား...
ပူပင်သောကမျက်ရေများနဲ့
ဒုတ်ခပင်လယ်အမေတစ်ယောက်ထဲ
မောင်လေးတွေနဲ့ခက်နေရတယ်
သမီးတို့ရယ်... "


ရေးသူ=မတရာ ရွှေမြေမှရန်ကင်းမေ


" ဥပဒေအထက်မှာမည်သူမျှမရှိစေရ
သို့သော်
ဥပဒေကိုလက်တလုံးခြား၍
တရားရေးရာ
အမူ့များစွာတို့တွင်
ရှေ့နေကပွဲစား
ဥပဒေအရာရှိနဲ့
တရားသူကြီးတို့က
ဗြောင်စားပြီး ငွေများများပုံပေးလိုက်နိုင်ပါက
အနိမ့်ဆုံးပြစ်ဒဏ်
သို့မဟုတ်
သက်သေမခိုင်လုံ၍ လွှတ်စေဟု
ငွေပုံအာဏာတည်ရှိနေသေးသ၍
ဥပဒေအထက်မှာ ငွေရှိသည်။ "


ရေးသူ=ရိုးမ(မိုးကုတ်)


မှတ်ချက်။ ။ ကဗျာများတင်ရန် အများကြီးကျန်ပါသေးတယ် ကျန်သော ကဗျာများကို လည်းတင်ပေးသွားပါမည်။ ။


    
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ

အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call

& Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply

ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ.. 

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Links

Tusfiles Download Links

Mp Download Links ( 7 Links )



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !