Advertise Here !





သမာရိုးကျ စနစ်ဖြစ်တဲ့ သတင်းစာနဲ့ အေးဂျင့်များမှ တဆင့်  အိမ်၊ခြံ၊မြေ၊ တိုက်ခန်းများ ရှာတဲ့ ခေတ်ဟာ တဖြည်းဖြည်း နဲ့ ဒီဂျစ်တယ် ရှာဖွေရေး စနစ်သို့ ကူးပြောင်းလာပါပြီ။
ယနေ့ မြန်မာပြည် မြို့ပြကြီးများ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့တွေမှာ ပြည်သူများအနေနဲ့ အင်တာနက်မှမိမိ ကြိုက်နှစ်သက်ရာ အိမ်၊ခြံ၊မြေ၊ တိုက်ခန်း၊ ကွန်ဒို များကို လွယ်ကူ သက်သာစွာရှာဖွေ နေတယ်ဆိုတာကို တွေ့ နိုင်ပါတယ်။ ယခုလို ရှာဖွေတဲ့ စနစ်ဟာ ကွန်ပြူတာ သုံး အင်တာနက် မှသာမက မိုဘိုင်း အခြေခံ အင်တာနက်မှလည်း အသုံးပြုရှာဖွေနိုင်ပါပြီ ။ မိုဘိုင်းမှ တဆင့်ရှာဖွေတဲ့ စနစ် ဟာနောက်ဆုံးသုံး စနစ်နဲ့ လွယ်ကူစွာ ရှာဖွေတဲ့ စနစ်ဖြစ်တဲ့ အတွက်ကြောင့် အသုံးပြုသူများ အတွက် အကောင်းဆုံးသော user experience ကိုပေးပါတယ်။ ဒီတော့် ယနေ့မြန်မာပြည်အတွင်း အကောင်းဆုံးဖြစ်တဲ့ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ကွန်ဒို များရှာတဲ့အခါမှာ အသုံးပြုတင့်တဲ့ Android Apps နဲ့ iOS Apps ကို တင်ပြသွားလိုပါတယ်။


၁။ ငွေထိန်းချုပ်နည်းနဲ့ ရှာဖွေသည့် အကောင်းဆုံး Apps များ
 

အိမ်၊ခြံ၊မြေ၊တိုက်ခန်းများ ဌားရန်သို့မဟုတ် ရောင်းတဲ့ အခါမှာ ပထမဦးစွာသိထားဖို့လိုတာကတော့် မိမိရဲ့ ငွေ ဘယ်ကို ရောက်သွားနိုင်တယ်ဆိုတာကိုကြိုတင်သိထားခြင်းဖြစ်ပါတယ်။ ဒီအတွက် Android သုံးသူများအနေနဲ့ Moneywise Apps ဖြစ်တဲ့ မိမိရဲ့ အသုံးငွေကို စီမံခန့်ခွဲပေးတဲ့ Apps ကို သုံးရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီ Apps ဟာ ဘဏ္ဍာငွေကို အကောင်းဆုံး နည်းစနစ်နဲ့ ထိန်းပေးတဲ့ Android Apps ဖြစ်ပါတယ်လို့ Lifehacker က 2012 မှာ အသိအမှတ်ပြုသွားပါတယ်။ iOS အတွက်ကတော့် Mint  ဆိုတဲ့ အသုံးစရိတ် ကို ထိန်းချုပ်ပေးတဲ့ Apps ဖြစ်ပါတယ်။

၂။ အိမ်ခြံ မြေ တိုက်ခန်း များ အတွက် သိတင့်သည့် ဝေါဟာရများဖော်ပြပေးသည့် အကောင်းဆုံး Apps များ

မိတ်ဆွေအနေနဲ့  အိမ်ခြံမြေ အတွက် professional usage အသုံးအနှုန်း များကို အင်္ဂလိပ်ဘာသာအားဖြင့်သိဖို့လိုပါတယ်။ ဒါကြောင့် အကောင်းဆုံး အိမ်ခြံမြေသုံး Apps ဖြစ်တဲ့ Glossary of Real Estate Terms နှင့် Kaplan Real Estate Terms app များကို အသုံးပြုနိုင်ပါတယ်။ အေးဂျင့်များ နှင့်အိမ်ခြံမြေအကြောင်း ကျွမ်းကျင်လေ့လာသူများ အနေနဲ့ သာမာန်သူများ နားမလည်နိုင် သည့် အသုံး အနှုန်းများကို မကြာခဏသုံးလေ့ရှိပါတယ်။ ဤ Apps များကို အသုံးပြုခြင်းအားဖြင့် သတင်းအချက် အလက် နဲ့ သိတင့််တဲ့ အိမ်ခြံမြေအရောင်းဝယ် သုံး ဝေါဟာရများကို သိမှာဖြစ်ပါတယ်။

၃။ အိမ်ခြံမြေ ရှာရန်အတွက် အကောင်းဆုံး Apps  များ

 

မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ကာလအတွင်း house.com.mm မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက် မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps ဟာအိမ်၊ ကွန်ဒို နှင့် တိုက်ခန်များ ရောင်း၊၀ယ်လိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးတဲ့ Apps ဖြစ်နေပါတယ်။ လောလောဆယ်မှာတော့် house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း ၂၀၀၀၀ ကျော်ကို လွယ်ကူစွာ ရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။


၎။ မိတ်ဆွေရဲ့ ချေးငွေ အပေါင် ပစ္စည်း ကို အကောင်းဆုံး စီမံခန့်ခွဲပေးသည့်  Apps

ဈေးကွက်မှာ ချေးငွေ အပေါင် ပစ္စည်း ကို စီမံခန့်ခွဲပေးသည့် Apps တော်တော်များများရှိနေပါပြီ။ အသင့်တော်ဆုံး Apps များကတော့် Karl’s Mortgage Calculator  နဲ့ Mortgage Calculatorများဖြစ်ပါတယ်။ ဒီ Apps နှစ်ခုကတော့် အတိုးငွေ၊ အမြတ် နဲ့ ကြိုတင်ပေးရမယ့် စနစ်များကို သင်ပြပေးတဲ့ Apps ဖြစ်ပါတယ်။

၅။ အိမ်မပြောင်းခင် သုံးသင့်သည့် အကောင်းဆုံး Apps များ

မိတ်ဆွေ အနေနဲ့ အိမ် တိုက်ခန်း ကို ပြုပြင်ပြောင်းလည်းသို့မဟုတ် ရွှေ့ပြောင်းခြင်း ပြုလုပ်လိုပါက တိုင်းထွာသည့် Apps ဖြစ်တဲ့ My Measures & Dimensions ဟာ အကောင်း ဆုံးဖြစ်ပါတယ်။ ဤ Apps ဟာ ဓာတ်ပုံနှင့် တကွ တိုင်းထွာသည့် စနစ်ကိုပေး သည့်အတွက် သုံးသူများအတွက် ပို၍ အဆင်ပြေနိုင်ပါတယ်။
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !