Advertise Here !

ကျွန်တော် စမ်းသပ်ပြီး ဖြစ်ပါတယ် ...။ Root လုပ်ချင်သူများအတွက်တင်ပေးလိုက်ပါတယ်။
Root လုပ်ချင်တဲ့ C8817D ကို bootloader unlock အရင်လုပ်ထားပါ။
bootloader unlock မလုပ်ထားလျှင် သုံးရမည် မဟုတ်ပါ။

အရင်ဆုံး UPDATE-SuperSU-v2.46.zip ကို
ဒီလင့်ကဒေါင်းပြီး ဖုန်းရဲ့ internal memory ထဲ ကူးထည့်ထားပါ >>> http://mmitstore.blogspot.com/2015/03/c8817d-twrp-recovery-root.html

ပြီးရင် ဒီလင့်က recovery.rar ကိုဒေါင်းပါ>> http://mmitstore.blogspot.com/2015/03/c8817d-twrp-recovery-root.html
recovery.rar ကိုဖြည်လိုက်ရင် recovery.img ရပါမယ်။ ဖြည်တဲ့အခါ password တောင်းရင် ngaluu လို့ရိုက်ပါ။
ဖြည်ပြီးလို့ရလာတဲ့ recovery.img ကို fastboot.exe ရှိတဲ့ folder(Adb fastboot folder) ထဲကိုကူးထည့်ပါ။
ဖုန်းကို vol minus + power တွဲနှိပ်ပြီး fastboot mode ၀င်ပြီး ချိတ်လိုက်ပါ (သို့) အဆင်ပြေတဲ့ နည်းနဲ့ fastboot mode ၀င်ပြီးချိတ်လိုက်ပါ။

ရိုက်ရမယ့် fastboot command ကတော့ fastboot boot recovery.img ပါ။

(မှတ်ချက် fastboot flash recovery recovery.img ကိုမသုံးပါနှင့် မှားမရိုက်မိပါစေနှင့်)

ခဏစောင့်ပြီးရင် ဖုန်းကအလိုလို twrp recovery mode ကို ရောက်သွားပါမယ်။
(recovery ဟာ အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း screen size မကိုက်ဘဲ ဖြစ်နေပါလိမ့်မယ် ဘာမှမဖြစ်ပါ)
twrp recovery mode ကနေ internal memory ထဲကို ကူးထည့်ထားခဲ့တဲ့ UPDATE-SuperSU-v2.46.zip ကို install မှတဆင့် ရွေးပေးလိုက်ပြီး
reboot ချလိုက်ပါ။ ပါဝါတက်လာလျှင် SuperSu icon ကိုတွေ့ရပါပြီ။ Root ရပါပြီ။
တကယ်လို့  root access တောင်းတဲ့အခါ root check ကြည့်တဲ့အခါ
root လိုတဲ့ app တွေrun တဲ့အခါ  မှာ Grant or deny ပေါ်မလာပဲ ဖြစ်နေမယ်ဆိုရင်
SuperSu >SETTINGS>Default access မှာ  Grant ကို ရွေးပေးထားလိုက်ရင် ok သွားပါမယ် ခင်ဗျား။
လေးစားစွာဖြင့်
ငလူ

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !