Advertise Here !





 လွန်ခဲ့သည့် နှစ် ဂျာမနီ အခြေစိုက် စက်မှုဆိုင်ရာ ဒီဇိုင်း ဌာန Gizmodo မှ လာမည့် ၂၀၅၀ အတွင်း ထွက်ပေါ်လာမည့် High Tech Smart Homes များကို Home of the Future ဟု ဆိုသည့် အစီအစဉ်အသစ်အနေဖြင့် လူအများ သိရန် Exhibition တခုတီထွင်တင်ပြခဲ့ပါတယ်။ ဤ သတင်းနှင့်ပတ်သက်ပြီး ဂျာမနီ အခြေစိုက် ဖြစ်တဲ့ Lamudi.com မြန်မာအတွင်း House.com.mm တီထွင် ဆန်းသစ် ကဏ္ဍ တစ်ခုအနေနှင့် တင်ပြလိုက်ပါတယ်။  


 


Wifi-Controlled Futuristic Home

ဦးစွာ Gizmodo မှ Custom Built လို့ခေါ်တဲ့ မိမိကြိုက်နှစ်တဲ့ Design ပုံစံမျိုးနှင့် ဆောက်လုပ်နိုင်တဲ့ အိမ်များကို ပထမဦးဆုံးအနေဖြင့် All in One ဆိုတဲ့ တိုက်ခန်းတခုမှာ တီထွင်တင်ပြခဲ့ပါတယ်။ တိုက်ခန်းမှာ မိမိလိုအပ်တဲ့အရာအားလုံး၊ လုပ်ငန်းဆိုင်ရာ ကိစ္စများ၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာနည်းပညာများနှင့်ပြုလုပ်ထားတဲ့ smart technology များကို အိမ်တွင်းမှာ တပ်ဆင်ထား နိုင်ကြောင်းကို ပြသသွားပါတယ်။
ဥပမာအားဖြင့် မိမိအနေဖြင့် အလုပ်မသွား နိုင်သို့မဟုတ် အစည်းအဝေးကို ကိုယ်တိုင်မတက်ရောက်နိုင်ပါ က မိမိ်ရုံးအတွင်းရှိ Telepresence  Robot ဟုခေါ်သည့် Wifi Ipad စနစ်ဖြင့်  ထိန်းထားပြီး လှုပ်ရှားသွားလာနိုင်သည့် စက်ရုပ်ကို မိမိကိုယ်တိုင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ Interactive အပြန်အလှန်လွယ်ကူစွာ ဆက်သွယ်နိုင်ရန်ပြုလုပ်ထားပါတယ်။  စက်ရုပ်ပေါ်ခေါင်းအတွင်း မိမိ၏ ပုံကို လုပ်ဖော်ကိုင်ဖက်များအနေဖြင့် Video Camera မှ တဆင့်တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အဝေးမှ ရုပ်မြင် Visual Movement ဖြင့် လှုပ်ရှားသွားလာပြီး မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့် တိုက်ရိုက် လုပ်ကိုင်ပြောဆို နိုင်သည့်လုပ်ငန်းများလည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ 





Telepresence Robot  

အိမ်အတွင်း တပ်ဆင်ထားသည့် Device များမှာလည်း လုပ်ဆောင်မှုပိုမို ထက်မြတ်လာမှာဖြစ်ပြီး  ဥပမာအားဖြင့် ၀ိုင်ပုလင်းများကို လည်း Automatic System ဖြင့် အဖုံး ဖွင့်စရာ မလိုပဲ သောက်နိုင်မှာဖြစ်ပါတယ်။
ပိုမိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့် သဘာဝကို အခြေခံပြီး Cellulose ဖြင့်ပြုလုပ်ထားတဲ့ အလိုအလျှောက် သန့်စဉ်ပေးတဲ့ အိုးခွက်ပန်းကန်များ ဖြစ်ပါတယ်။ ဒီတော့် အနာဂတ်မှာ ပန်းကန်ဆေးစက်ဆိုတာပျောက်ကွယ်သွားနိုင်မှာဖြစ်ပါတယ်။ ဒီထက်မက ဘီယာ ကို မိမိအိမ်တွင်း Home Made အနေဖြင့် ထုတ်လုပ်သောက်လိုပါကလည်း ဘီယာချက် နည်းကိရိယာပါ စက်များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒီအရာတွေဟာ အခြေခံအနေဖြင့် လောလောဆယ် မှာ တီထွင်စ အခြေအနေမှာဖြစ်နေပါတယ်။ ၂၀၅၀ အတွင်းဆိုရင် တော့် ဈေးကွက်နှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပိုပြီး သုံးလာနိုင်မှာ ဖြစ်ပါတယ်။
လောလောဆယ်မှာ တော့် အထူးဆန်း သစ် တီထွင်တဲ့သူများမှာကြိုးမဲ့စနစ်ဖြင့် ပိုပြီး သုံးစွဲနေတာကို တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် Barcelona မှာ ကျင်းပတဲ့ Mobile World Congress မှာလည်း မိုဘိုင်းကို အခြေခံပြီး ထိန်းချုပ်သည့်အိမ်ကို တင်ပြသွားပါတယ်။




Self-Cleaning Plates

 လာမယ့် အချိန်ကာလအတွင်း မှာလည်း  IT ကုမ္ပဏီကြီးများ မှ တီထွင်ဆန်းသစ်မှုများကို ပိုပြီး ရင်းနှီးမြုပ်နှံပြီး တီထွင်သွားမှာဖြစ်ပါတယ်။ လောလောဆယ် Tech ကုမ္ပဏီကြီးဖြစ်တဲ့ Google မှ Nest Labs ဟုခေါ်တဲ့ အိမ်တွင်းပိုင်းရှိ အပူချိန်ကို ထိန်းပေးတဲ့ Nest Smart Thermostat ကို ကန်ဒေါ်လာ ၃၂ သန်း နှင့် ၀ယ်ယူရင်းနှီးမြုပ်နှံထားပါတယ်။ တဆက်ထဲမှာပဲ Nest ရဲ့ CEO ကတော့် လာမယ့် နှစ်အနည်းငယ်အတွင်း မော်ဒန်အိမ်အားလုံးဟာ အင်တာနက် ဖြင့် ဆက်နွယ်ထားပြီး ထိန်းချုပ်ကိရိယာများမှာလည်းပိုမိုပြီး ဈေးသက်သာ အသုံးပြုလာမှာဖြစ်ပါတယ် လို့ပြောကြားသွားပါတယ်။




Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !