Advertise Here !


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ Telenor ၏ ဆင်းမ်ကတ်များ စတင်အသုံးပြုနိုင်ပြီဟု Telenor Myanmar က ကြေညာသည်။ International Roaming အနေဖြင့် အသုံးပြုနိုင်ခြင်းဖြစ်ပြီး အဆိုပါ Roaming စနစ်ကို အသုံးပြုရန် အပိုငွေကြေး ပေးဆောင်မလိုအပ်ကြောင်း သိရသည်။

ဆင်းမ်ကတ်များအနေဖြင့် ဝယ်ယူစဉ်ကလည်း Roaming စနစ် ပါဝင်ပြီးဖြစ်သည့်အတွက် အော်ပရေတာအနေဖြင့် Roaming ဖွင့်လှစ်ပေးသည့် နိုင်ငံတိုင်း၌ မိုဘိုင်းဖုန်းလိုင်းကို ဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် Roaming စနစ်ကို အသုံးမပြုလိုတော့ပါက ၉၇၉ ကို ဆက်သွယ် ပြောဆိုနိုင်ကြောင်း Telenor က ကြေညာထားသည်။

Roaming စနစ်အတွက် ကျသင့်ငွေကို စတင်အသုံးပြုပြီဆိုသည်နှင့် Telenor မှ အသုံးပြုသူထံကို နိုင်ငံအလိုက် ကျသင့်ငွေကို ကြေညာပေးသွားမည် ဖြစ်ကြောင်းသိရသည်။ Telenor ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ၌ Roaming အသုံးပြုနိုင်သော နိုင်ငံပေါင်း ၉ နိုင်ငံ၏ အမည်ကိုဖော်ပြထားသော်လည်း Telenor ၏ ဖေ့စ်ဘုတ် စာမျက်နှာ၌ ကြေညာထားသည်မှာ အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တစ်မြို့သာ ပါဝင်ကြောင်း သိရသည်။

အင်တာနက်ဂျာနယ်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !