သတိ



လောကဓံလေအပင့်
မမြင့်နဲ့သူငယ်ချင်း
မင်းရောငါပါ
သေရွာကိုခြေလှမ်း
မရဏမင်းကအကဲစမ်းရင်

သင့် ကွန်ပျူ တာကို လျှင်မြန်စေမယ့် နည်းလမ်း ၁၁ ခု

ကွန်ပျူတာတွေဟာ အသုံးပြုတာ ကြာလာတာနဲ့ အမျှ လေးလံလာတဲ့ နာမည်ဆိုးရှိပါတယ်။ ဒါပေမယ့် ကွန်ပျူ တာကို ပြန်လည် လျှင်မြန်စေမယ့် နည်းလမ်းများရှိပါတယ်။

Settingsပြောင်းလဲမှု အနည်းငယ်ကနေ RAMထပ်စိုက်နိုင်တဲ့ နည်းလမ်းများအထိ လူတိုင်းပြုလုပ်နိုင်တဲ့ နည်လမ်းများ ဖြစ်ပါတယ်။

ကွန်ပျူ တာလေးလံလာလို့ အသစ် မဝယ်ခင်မှာ ဒီနည်းလမ်းများကို စမ်းသပ်ကြည့်သင့်ပါတယ်။

ရှင်းလင်းရေး Program များကို မကြာခဏ အသုံးပြုပါ။

CCleaner ဟာ Applicationsများစွာရဲ့ Temporary Filesများနဲ့ Cachesများကို ရှာဖွေ ရှင်းလင်းပေးနိုင်တဲ့ အလွန်ကောင်းတဲ့ Appဖြစ်ပါတယ်။ CCleanerကို ဒီလင့် မှာအခမဲ့ ရယူနိုင်ပါတယ်။2
မလိုအပ်တဲ့ Visual Effectsများနဲ့ Animationsများကို ဖယ်ရှားပါ။

ဟုတ်ပါတယ်။ Visual Effectများနဲ့ Animationများဟာ သင့်ကွန်ပျူတာကို မျက်စိပသာဒ ဖြစ်စေပေမယ့် လေးလံစေပါတယ်။

Windows 7မှာ စွမ်းအင် အရင်းအမြစ်များစွာကို စားသုံးနေတဲ့ Aero Themeကို Disableလုပ်သင့်ပါတယ်။ Desktopပေါ်မှာ Right Clickနှိပ်ပြီး Personalizeကို နှိပ်ပါ။ Windows Color ကို နှိပ်ပြီး Enable Transparency မှာ အမှန်ခြစ်ဖြုတ်ပေးပါ။3
Antivirus Softwareကို Updateပြုလုပ်ပြီး အသုံးပြုပါ။

Virusesများနဲ့ Malwareများဟာ သင့်ကွန်ပျူ တာကို အချိန်တိုအတွင်းမှာ လေးလံစေပါတယ်။ အဲဒီအတွက် ဒါကို တားဆီးဖို့ကို ဦးစားပေးအနေနဲ့ ပြုလုပ်တာ အကောင်းဆုံးပါ။ သင်ဟာ Virusတွေလို စိတ်ရှုပ်စရာကောင်းတဲ့ Notificationများကို အဆက်မပြတ်ပြသနေတဲ့ အခမဲ့ Antivirusများကို အသုံးပြုနေတယ်ဆိုရင် Uninstallလုပ်ပြီး ကြော်ညာများ ထည့်သွင်းထားခြင်းမရှိတဲ့ Microsoft Security Essentials Antivirus Softwareကို ပြောင်းသုံးသင့်ပါတယ်။ Windows 8ကနေ စပြီး Microsoft Security Essentilsဟာ နဂိုပါရှိလာပါတယ်။ သူ့အရင် Windows OSများမှာတော့ MSEကို သုံးချင်ရင် ဒီလင့်ကနေ ရယူပါ။
နေ့စဉ် Quick Scanလုပ်ဖို့နဲ့ အပတ်စဉ် Full Scanလုပ်ဖို့ Scheduleလုပ်ထားရင် အလုပ်ရှုပ်သက်သာစေမှာပါ။4
အလုပ်များစွာ တစ်ပြိုင်နက် လုပ်နိုင်ဖို့ RAMများ ထပ်ဖြည့်ပါ။
RAM or Random Access Memoryဟာ ဈေးသက်သာပြီး လေးလံနေတဲ့ သင့်ကွန်ပျူတာကို အသစ်အတိုင်း ပြန်လည် ဖြစ်စေနိုင်ပါတယ်။

သင့်ကွန်ပျူတာဟာ ဘယ်လို RAM အမျိုးအစားလိုအပ်သလဲဆိုတာ သိနိုင်ဖို့ Neweggမှ Memory Finder ဆိုတဲ့ Toolကို သုံးနိုင်ပါတယ်။ ပြီးရင်တော့ သင်ကိုယ်တိုင် ကွန်ပျူတာမှာ RAMကို တပ်ဆင်နိုင်သလို ကွန်ပျူတာ ကျွမ်းကျင်သူကို Motherboardမှာ တပ်ဆင်ခိုင်းနိုင်ပါတယ်။ ဒါဟာ အလွန်လွယ်ကူပြီး ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ DIY or Do It Your Self နည်းလမ်းပါ။
5
Solid State Drive(SSD)ကို ပြောင်းလဲအသုံးပြုပါ။
သင့်ကွန်ပျူတာကို လျှင်မြန်စေဖို့ လွယ်ကူတဲ့ နည်းလမ်းက Hard Driveကို အဆင့်မြှင့်တာ ဖြစ်ပါတယ်။ သမားရိုးကျ Hard Drive(HDD)နဲ့ အသစ်ဖြစ်တဲ့ Solid State Drive (SSD)ဆိုပြီး နှစ်မျိုးရှိပါတယ်။ သမားရိုးကျ Hard Driveများဟာ ဈေးသက်သာပြီး လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေပါရှိပါတယ်။ SSDတွေမှာ လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေ မပါဘဲ Flash Memoryကို အခြေပြုထားပါတယ်။ သူတို့ဟာ အခုအချိန်မှာတော့ ပိုမို ဈေးသက်သာလာပါပြီ။ SSDကို သုံးရင် ကွန်ပျူတာဖွင့်ရင် လျှင်မြန်စေသလို Programသုံးရာမှာလည်း လျှင်မြန်စေမှာပါ။
6
ကွန်ပျူတာ စဖွင့်ချိန်မှာ Run တဲ့ Appsများကို လျှော့ချပါ။

ကွန်ပျူ တာ စဖွင့်ချိန်မှာ အချိန်အတော်ကြာ စောင့်နေရတာက စိတ်ညစ်စရာပါ။ အဲဒီအတွက် ကွန်ပျူတာ စဖွင့်ချိန်မှာ အလိုအလျှောက် Runတဲ့ Appsများကို လျှော့ချသင့်ပါတယ်။

အဲဒီ Appsများကို တွေ့နိုင်ဖို့ Start Menuကို နှိပ်ပြီး Msconfigကို ရှာပြီး ဖွင့်ပါ။ Startup Tabမှာ ကွန်ပျူတာ စဖွင့်ချိန်မှာ မလိုအပ်တဲ့ Appsများကို Uncheckလုပ်နိုင်ပါတယ်။
မှတ်ချက်။ လိုအပ်တဲ့ Programလားဆိုတာ Googleကနေ အရင် မလေ့လာဘဲ Deleteပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။7
စွမ်းအင် အရင်းအမြစ်များကို အလွန်အကျွံစားသုံးတဲ့ Processများကို ရှာဖွေပါ။
သင့်ကွန်ပျူ တာမှာ Processများစွာ တစ်ပြိုင်နက်တည်းမှာ လည်ပတ်နေပါတယ်။ အဲဒီ Processများထဲမှာ မလိုအပ်ဘဲ ကွန်ပျူတာကို လေးလံစေတဲ့ Processများလည်း ပါရှိပါတယ်။

Windowsမှာ Taskbarကို Right Clickနှိပ်ပြီး Start Task Managerကို နှိပ်ပါ။ RAM သို့မဟုတ် Processing Power ကို လွန်စွာ စားသုံးနေတဲ့ သင်မကြားဖူးတဲ့ Processများကို တွေ့ရင် Google မှာလေ့လာပါ။ မတွေ့ရင်တော့ မလိုအပ်တဲ့ Processဖြစ်နိုင်ပြီး End Processကို နှိပ်ပြီး ရပ်တန့်ပစ်နိုင်ပါတယ်။
8
Viruses or Malware တိုက်ခိုက်ခံရရင် ဝင်းဒိုးကို Fresh Installပြုလုပ်ပါ။

Virusesများကို အဆင့်အတန်းရှိတဲ့ Antivirusများနဲ့ သတ်ပစ်နိုင်ပေမယ့် တစ်ခါတစ်လေမှာတော့ ဝင်းဒိုးကို Fresh Installလုပ်ဖို့ လိုပါတယ်။

သင့် Windows Operating Systemကို Fresh Reinstallပြုလုပ်ခြင်းဟာ Virusကို လုံးဝသတ်ပစ်နိုင်တဲ့ အာမခံချက်ရှိပါတယ်။ ပြန်လည် အင်စတော မလုပ်ခင်မှာ အရေးကြီး ဖိုင်များကို သိမ်းဆည်းထားဖို့လိုပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Windows Installation Disk ဒါမှမဟုတ် USB Stickကို သင့်ကွန်ပျူတာမှာ ထည့်သွင်းတပ်ဆင်ပါ။ ပြီးရင် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်ပါ။ မျက်နှာပြင်မှာ ပြသတဲ့ လမ်းညွှန်မှုများအတိုင်း ပြုလုပ်ပါ။9
အင်တာနက် ဘရောက်စာ လေးလံနေရင် Cacheများကို ရှင်းလင်းပါ။
သင့်ကွန်ပျူတာမှာ အင်တာနက် ကြည့်တဲ့ အခါမှာ လေးလံနေရင်တော့ ပြဿ     နာ ဟာ သင့်ကွန်ပျူတာ မဟုတ်ဘဲ ဘရောက်စာ ဖြစ်နိုင်ပါတယ်။ ဘရောက်စာ တစ်ခုချင်းစီအတွက် နည်းလမ်းတွေက မတူညီကြပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် ဘရောက်စာရဲ့ Settingsထဲသွားပြီး Historyကနေ Cacheများကို ရှင်းလင်းပါ။
10
သင့်ကွန်ပျူတာရဲ့ Search Indexကို Refresh ပြုလုပ်ပါ။
ဒီနည်းလမ်းက Hard Diskတစ်ခုလုံးကို Indexပြုလုပ်ခြင်းဖြင့် သင့်ကွန်ပြုတာမှာ ရှာဖွေတဲ့အခါမှာ အလွန်လျှင်မြန်စေမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ Hard Diskများမှာ Indexပြုလုပ်ရင် အချိန်အတော်ကြာမြင့်ပေမယ့် ထိုက်တန်တဲ့ ရလဒ်ကို ရစေမှာပါ။

Windowsမှာ နဂိုပါတဲ့ Disk Defragmenter Appကို သုံးနိုင်ပါတယ်။ တစ်ပတ်တစ်ခါ Defragmentation ပြုလုပ်ဖို့ Scheduleပြုလုပ်သင့်ပါတယ်။
11
သင့်ကွန်ပျူ တာကို Restart မကြာခဏလုပ်ပါ။

သင့်ကွန်ပျူ တာကို ဖွင့်ထားစဉ်မှာ Programsများဟာ အချိန်ကြာလာတာနဲ့ အမျှ Memoryကို ပိုမိုစားသုံးလာပါတယ်။ သင့်ကွန်ပျူ တာကို မကြာခဏပိတ်ပြီး ပြန်ဖွင့်ခြင်းဖြင့် နောက်ကွယ်မှာ Runနေတဲ့ Program or Appsများကြောင့် Memoryကုန်ဆုံးမှုများကို ကာကွယ်နိုင်မှာပါ။ အရေးကြီးတဲ့ Updateများကို မကြာခဏ အင်စတော လုပ်ပေးပါ။12
 
 ref:MMICT
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

အချစ်ကဗျာ


မင်းအတွက်သာ
မယုံတာမဟုတ်ပါဘူးချစ်သူ
မယုံရဲတာပါဘဝမှာ
ယုံကြည်မှု့တွေရိုက်ချိုးခံရဖူးလို့ပါ
မယုံဘူးဆိုပေမယ့်စိတ်ကအလိုလို
ယုံကြည်မိတယ် ငါ့နှလုံးသားရဲ့
တထောင့်တနေရာကိုမင်းမြင်နိုင်မယ်
ဆိုသိနေမှာပါ

Huawei G610-U00 VideoCall & Myanmar Font Flashtool Firmware

 
 Huawei G610 အတွက် Video Call ရော မြန်မာစာဖောင့်ရော ပါတဲ့ Flash
tool Firmware လေး ဖြစ်ပါတယ်။ ဒီ Firmware လေးကိုတော့ S4 Rom ကို
ပြန်ပြီးတော့ ပြင်ထားတာ ဖြစ်ပါတယ်။ S4 Rom ကိုတင်မယ်ဆိုရင်တော့ မိမိ
ရဲ့ 610 ဖုန်းဟာ cwm တင်ထားတာတောင်မှ ပေးပြီးတော့ သွင်းမရတာတွေ
ရှိပါတယ်။ ဒီ Flashtool Firmware လေးကိုတင်လိုက်ရင် Gesture sensing
တွေလည်း အလုပ်လုပ်ပါလိမ့်မည်။ Gallery ထဲက ဓါတ်ပုံတွေကိုလည်း လက်နဲ့
ရွှေ့စရာ မလိုဘဲ လေပေါ်ကနေ ကျော်လို့ရခြင်း ၊ ဓါတ်ပုံရိုက်ချင်ရင်လည်း
ကင်မရာကို နှိပ်စရာမလိုဘဲနဲ့ လက်ကလေးနဲ့ အချက်ပြလိုက်တာနဲ့ အော်တို
ရိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ music ဖွင့်ရင်းနဲ့ နောက်တစ်ပုဒ်ကျော်
ချင်ရင်လည်း next ကို နှိပ်စရာမလိုဘဲ လက်ကလေး ဝှေ့ယမ်းလိုက်တာနဲ့
အော်တို ကျော်ပေးသွားမှာ ဖြစ်ပါတယ်။ error ကတော့ internal memory
0B ဖြစ်သွားပါလိမ့်မည်။ ပြောရမယ်ဆိုရင် ဒီ Flashtool Firmware ကို
တင်လိုက်ရင် internal memory အလုပ်မလုပ်တော့ပါဘူး။ sd card ထပ်စိုက်
မှ အဆင်ပြေပါလိမ့်မည်။ ဒီ Flashtool Firmware တင်ပြီးလို့ မကြိုက်ရင်လည်း
official firmware ပြန်ရေးလို့ရပါတယ်။ ကျန်တာတွေကတော့ ဘာ error မှ မရှိ
ပါဘူး။ Ooredoo sim card ရယ် GSM/WCDMA Sim Card ရယ် နှစ်ခုစလုံး
ထည့်ထားပြီး 3G ကွန်ယက် အလုပ်လုပ်ပါတယ်။ စမ်းသပ်သုံးချင်သူများအတွက်
တင်ပေးလိုက်ပါတယ်။

Download Here >> http://www.mediafire.com/download/88zzd1bc35l0enc/G610VideoCallFlashtoolFirmware.zip <<
credit-Aung Min Han
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

i-mobile i-STYLE Q3 Firmware

MTK 6577
338MB
SP Flash Tool နဲ့တင်ရမှာဖြစ်ပါတယ်
i-mobile i-STYLE Q3i ကိုတင်လိုက်လို့လိုင်းပျောက်သွားတယ်ဆိုရင် IMEI ပြန်ရေးပေးရမှာပါ 
Download
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Internal PC Hardware အကြောင်း သိထားသမျှ

ကျောင်းမှာ ဆရာက စာသင်ပြီးတိုင်း ပြန်မေးတဲ့အလေ့အကျင့်တစ်ခု ရှိပါတယ်။ ဒါကြောင့် စာပြန်မကြည့်နိုင်ပေမယ့် ဆရာ စာသင်တဲ့အခါ ကျွန်မက အသံသွင်းထားလေ့ရှိပါတယ်။ မနက်ဖြန်လို ကျောင်းတက်ရတော့မယ်ဆိုရင် ဒီနေ့လို သွင်းထားတဲ့အသံဖိုင်ကို ပြန်နားထောင်ပါတယ်။ ဆရာ့ရဲ့ သင်ပြပုံတွေက နှိုင်းယှဉ်ပြီး ရှင်းပြတဲ့အတွက် ကျွန်မတို့လို လူပိန်းတွေ နားလည်သဘော ပေါက်လွယ်ပါတယ်။ ခုလောလောဆယ်တော့ မော်နီတာ လောင်သွားတဲ့အတွက် ကွန်ပျူ တာ အသုံးပြုလို့ မရသေးပါဘူး။ ဒါကြောင့် နားထောင်ပြီးသမျှနဲ့ လေ့လာမိသမျှလေး ပြောကြည့်မယ်လေ။


မိုက်ကရို ပရိုဆက်ဆာ

ခုပြောပြမယ့်အကြောင်းကတော့ မိုက်ကရိုပရိုဆက်ဆာပါ။ မိုက်ကရိုပရိုဆက်ဆာဆိုတာ CPU on a chip CPU လို့ တဲ့ Central Processing Unit တစ်ခုလုံးကို IC တစ်ခုထဲမှာ ထည့်ထားတာကို မိုက်ကရိုပရိုဆက်ဆာလို့ ပြောတာပါ။

CPU ဟာ မိုက်ကရိုကွန်ပျူ တာ တစ်လုံးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ Computer ရဲ့ Brain ပါ။ IBM တွေရဲ့ မိုက်ကရိုပရိုဆက်ဆာတွေကို များသောအားဖြင့် အင်တယ်(Intel) ကုမ္ပဏီက ထုတ်ပါတယ်။ မိုက်ကရိုပရိုဆက်ဆာတစ်လုံးရဲ့ အလုပ်လုပ်တဲ့နှုန်း အမြန်နှုန်းသည် ကွန်ပျူတာတစ်လုံး၏ အလုပ်လုပ်တဲ့နှုန်းပင် ဖြစ်သည်။ မိုက်ကရိုပရိုဆက်ဆာတစ်လုံး၏ အမြန်နှုန်းကို 16MHz, 20MHz, 25MHz, 33MHz, 40MHz, 80MHz အဲလိုလေးတွေ ဖော်ပြလေ့ရှိပါတယ်။ ချစ်ပ်ပေါ်မှာ ကြည့်လိုက်ရင်ကို မိုက်ကရိုပရိုဆက်ဆာရဲ့ အမျိုးအစားနဲ့ အမြန်နှုန်းကို သိနိုင်ပါတယ်။ များသောအားဖြင့် ချပ်စ်ပေါ်မှာ ဒီလို အသားတံဆိပ် ရိုက်ထားလေ့ရှိပါတယ်။ 80387 SX-16 ဆိုပြီးပါ။ 80387 က မိုက်ကရိုပရိုဆက်ဆာ အမျိုးအစားပါ။ SX က Internal နဲ့ External အလုပ်လုပ်ပုံ ပြညွှန်းတဲ့ သင်္ကေတပါ။ အဲ နောက်ဆုံးက 16 က အမြန်နှုန်းအညွှန်းပါ။

ကွန်ပျူ တာရဲ့ အလုပ်လုပ်မှုနှုန်းက သိပ်မြန်ပါတယ်။ တစ်စက္ကန့်အတွင်းမှာ အလုပ်များစွာပြီးလို့ တိုင်းတာရာမှာလည်း တစ်စက္ကန့်ကို အပုံပေါင်းများစွာ ပိုင်းထားသော ယူနစ်များဖြင့် ပိုင်းခြား၍ သုံးပါတယ်။ တစ်စက္ကန့်ကို အပုံတစ်သန်းပုံရင် 1 MegaHertz လို့ဆိုပြီး သန်းထောင်ပေါင်း 1000 အထိပုံရင် 1 GigaHertz လို့ ဆိုနိုင်ပါတယ်။ တစ်စက္ကန့်ကို ၆၆ သန်းပုံတစ်ပုံအထိတော့ ခွဲယူလုပ်ဆောင်တွက်ချက်နိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ROM(Read Only Memory)

Read Only Memory လို့ ခေါ်တဲ့ Memory ကိုလည်း Mother board ပေါ်မှာ တွေ့ရပါတယ်။ Read Only လို့ ပြောတဲ့ နေရာမှာ အဲဒီ IC က ပြန်ဖျက်လို့ မရဘူး။ ပုံမှန်အားဖြင့် Memory တွေက မီးပိတ်လိုက်ရင် ပျောက်သွားမယ်။ ROM ကတော့ အဲဒီလိုမဟုတ်ဘူး။ မီးပိတ်ပေမယ့် ပျောက်မသွားဘူး။ ပြန်ပြင်လို့လည်း မရဘူး။ စက်ဝယ်ကတည်းက ပါလာပြီး ပရိုဂရမ်တွေ အသေရေးထည့်ထားတာ။ ဒါကြောင့် ROM (Read Only Memory) လို့ ခေါ်တာ။ ပုံမှန်အားဖြင့် ပရိုဂရမ်တွေ မပျောက်မပျက်အောင် သိမ်းထားတာမှာ ဘယ်လိုသိမ်းကြသလဲဆိုတော့ floppy disk မှာ ထားတယ်။ Hard disk မှာ ထားတယ်။ Backing Store မှာ ထားတယ်။ တကယ့် လက်တွေ့မှာကျတော့ Backing Store ထဲမှာ အပြင် နောက်ထပ်ထားလို့ရတဲ့ နေရာက ROM မှာ ထားလို့ရတယ်။ ပရိုဂရမ်တွေကို မပျောက်မပျက်အောင် ထားတဲ့နေရာမှာ Read Only Memory က မီးပိတ်ရင်လည်း မပျောက်ဘူး။ ပြန်ဖျက်လို့လည်း မရဘူး။ သူက အဲဒီလို ကန့်သတ်ချက်ရှိပါတယ်။ Run ထားတဲ့ exe ဖိုင်တွေ၊ ဆော့ဝဲလ်တွေကို ROM လို့ ခေါ်တဲ့ နေရာမှာ သိမ်းထားရတာဖြစ်ပါတယ်။ ကွန်ပျူ တာ Mother board ပေါ်မှာ ROM တစ်လုံးပါပါတယ်။ အနည်းဆုံးတစ်လုံးပေါ့။ ကွန်ပျူတာကို မီးစစဖွင့်ခြင်းအချိန်မှာ Memory Testing တို့၊ ဘယ်ကုမ္ပဏီက ထုတ်တာတို့ အဲဒါတွေအားလုံးဟာ ပရိုဂရမ်တွေပါ။ အဲဒါကို ROM ထဲမှာ ထည့်ထားတာ ဖြစ်ပါတယ်။ ROM ထဲမှာ ဘာပါသလဲဆိုတော့ Basic Input/Output System အဲဒါကို ROM BIOS လို့ ခေါ်ပါတယ်။ ကွန်ပျူတာတစ်လုံး မီးဖွင့်ဖွင့်ချင်း စပြီး အလုပ်လုပ်တဲ့ အခြေခံအကျဆုံး ပရိုဂရမ်ကို Basic Input Output System လို့ ခေါ်ပါတယ်။

IBM ကွန်ပျူ တာအစစ်မှာဆိုရင်တော့ ROM BASIC ဆိုတာ နောက်ထပ် တစ်ခုအနေနဲ့ ပါပါသေးတယ်။ အဲဒီမှာ Basic ဆိုတာ Basic ပရိုဂရမ်ကို ဘာသာပြန်ပေးတဲ့အရာပါ။ ဒီလိုဆိုရင် ကျွန်မတို့ ပရိုဂရမ်အားလုံးကို disk နဲ့ မထားဘဲ ROM နဲ့ ထားရင် မကောင်းဘူးလားလို့ ဆရာက မေးပါတော့တယ်။ မရပါဘူးလို့ပဲ ဖြေလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပထမအချက်က ROM က ပြင်လို့မရဘူးလေ။ ဒီပရိုဂရမ်တစ်ပုဒ်ထဲ မပြောင်းဘဲသုံးမယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ပြောင်းမယ်၊ သုံးမယ်ဆိုရင်တော့ disk ထဲ ထားတာ အကောင်းဆုံးပဲ။ disk ထဲ ထားခြင်းဖြင့် ကိုယ့် data သွင်းမယ်။ ရေးမယ်၊ ပြင်မယ်၊ သိမ်းမယ်၊ ရတယ်။ အဲ ROM က မရဘူး။ နောက် ROM BIOS က ဘာသုံးသလဲဆိုရင် Power on Test ကွန်ပျူတာကို ပါဝါစစချင်း ဖွင့်လိုက်တဲ့အချိန်မှာ Memory ကောင်းရဲ့လား၊ ကီးဘုတ် အဆင်ပြေရဲ့လား စတာတွေကို Test လုပ်တာ စစ်တာပါ။ နောက်တစ်ခုက Boot Strapping Boot လုပ်တယ်ဆိုတာက ကွန်ပျူတာကို Starp လုပ်တာပါ။ သဘောတရားပြောရရင်တော့ ROM ဆိုတာ ကြားခံပစ္စည်းတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ အားလုံးရဲ့ အကြား အပြန်အလှန် ဆက်သွယ်မှုတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ ROM ဆိုတာ အင်မတန်အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ ROM က IC ရဲ့ နာမည်ဖြစ်ပြီး BIOS က ပရိုဂရမ်ရဲ့နာမည်ဖြစ်ပါတယ်။

ROM မှာ အမျိုးအစားတွေ ခွဲထားသေးတာကို ထပ်ပြီး တွေ့ရပါသေးတယ်။ ROM, PROM, EPROM နဲ့ EEPROM တို့ပဲ ဖြစ်ပါတယ်။ အဲဒီမှာ သူတို့ရဲ့ ရာဇဝင်လေးတွေကတော့ PROM ဆိုတာကတော့ Programmabe ROM ပါ။ ပရိုဂရမ်ရေးထည့်ထားနိုင်တဲ့ ROM တစ်မျိုးပါ။ ဒါပေမယ့် PROM တစ်ခုဟာ ပရိုဂရမ်တစ်ခုကို တစ်ကြိမ်ပဲ ရေးသားအသုံးပြုနိုင်ပါတယ်။

နောက် တစ်ခုဖြစ်တဲ့ EPROM ဆိုတာကတော့ Erasable ROM ပါ။ EPROM တစ်ခုကို အကြိမ်ကြိမ် ဖျက်ပြီး ပရိုဂရမ်တစ်ခုပြီး တစ်ခု ရေးထည့်နိုင်တဲ့ ROM ပါ။ EEPROM ဆိုတဲ့ နောက်ဆုံးတစ်ခုကတော့ Electrically EPROM ပဲ ဖြစ်ပါတယ်။ သူလည်း EPROM လိုပါပဲ။ ပရိုဂရမ်များ ရေးထည့်အသုံးပြုနိုင်တဲ့ ROM ပဲပေါ့။ ရေးရာဖျက်ရာမှာ EPROM က Ultra Violet(UV) Ray ခရမ်းလွန်ရောင်ခြည်နဲ့ ဖျက်ရပါတယ်။ EEPROM ကျတော့ ရိုးရိုး Elerictrical Signal နဲ့ ဖျက်/ရေးလို့ ရပါတယ်။ ကဲ နောက်ထပ်တစ်ခုကတော့

RAM (Randon Access Memory)

နောက်တစ်ခုကတော့ Randon Access Memory အတိုကောက်အားဖြင့် RAM လို့ ခေါ်ပါတယ်။ RAM ဆိုတာက အသုံးပြု သူ User က keyboard ကနေ ရိုက်လိုက်သမျှကို ယာယီသိမ်းဆည်းထားရာ မှတ်ဉာဏ်ကို ခေါ်ပါတယ်။ ယာယီလို့ ထည့်သုံးရတာကတော့ သူက မီးပိတ်လိုက်ရင် ပျောက်သွားပါမယ်။ ဒါကြောင့် ယာယီလို့ သုံးနှုန်းရခြင်း ဖြစ်ပါတယ်။ RAM ဟာ ကွန်ပျူတာတစ်ခုရဲ့ အခြေခံ မှတ်ဉာဏ်ပါ။ RAM ရဲ့ Base Memory ဟာ 640 kb ပါ။ အခြေခံအကျဆုံး 640 ရှိတယ်။ အဲဒီထက်ပိုမယ်ဆိုရင် Extended Memory တိုးချဲသုံးမယ်ဆိုရင် ရပါတယ်။ 486 ဆိုရင် 4 GB အထိ သုံးလို့ရပါတယ်။ နောက်တစ်မျိုးက Expanded Memory ဆိုတာ ရှိပါသေးတယ်။ Card တစ်ခုသပ်သပ် ဝယ်ယူရမှာပါ။ သူဆိုရင်တော့ 32MB အထိ သုံးလို့ရပါတယ်။ EMS Card လို့ အတိုကောက် ခေါ်ပါတယ်။ Expended Memory Sepcification ပါ။ RAM ချစ်ပ်များဟာ Mother board ပေါ်မှာပဲ တပ်ဆင်ပါဝင်ပါတယ်။ ဖြုတ်နိုင်တပ်နိုင်ဖို့အတွက် Socket ဆော့ကတ်များ သို့မဟုတ် Pin များ ပါရှိပါတယ်။ စောစောပိုင်းကာလတွေက pintype RAM chip များ ပါတယ်။ နောက်ပိုင်းမှာ Socket type RAM များအဖြစ် ပြောင်းလာပါတယ်။ ကွာတာက Socket type က ဖြုတ်ရ တပ်ရတာ လွယ်ပါတယ်။ RAM chip များဟာ Mother board မှာ ၉ လုံးတစ်တန်း တန်းစီလျက်ရှိနေတတ်ပါတယ်။ အဲဒီအတန်းကိုမှ bank လို့ ခေါ်ပါတယ်။

RAM ချစ်ပ်တစ်လုံးလျှင် 16 kilobit မှ 4 Megabits အထိရှိတတ်ပါတယ်။ RAM မှာလည်း ROM လိုပဲ အမျိုးမျိုးရှိပါသေးတယ်။ DRAM, ERAM နဲ့ SRAM တို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် DRAM နဲ့ SRAM ကို အသုံးများကြပါတယ်။ ဒါတောင် SRAM က ဈေးအလွန်ကြီးတဲ့အတွက် သိပ်မသုံးကြပါဘူး။ DRAM ဆိုတာ Dynamic Ramdon Access Mamory ပါ။ DRAM ကို RAM လို့ပဲ အခေါ်များပါတယ်။ DRAM ပေါ်မှာ ရှိတဲ့ ကိန်းဂဏန်းတွေဟာ ကွန်ပျူ တာအလုပ်လုပ်နေတဲ့ အချိန်မှာသာ သိမ်းထားပြီး ပါဝါဖြတ်လိုက်တာ၊ စက်ပိတ်လိုက်တာနဲ့ လုံးဝမရှိတော့တဲ့ မှတ်ဉာဏ်ပါ။ ပြန်ခေါ်လို့ မရတော့ပါဘူး။ SRAM က Static Random Access Memory ရဲ့ အတိုကောက်ပါ။ SRAM က ပိုမြန်ပါတယ်။ data ကို ထရန်စစ္စတာလေးလုံးနဲ့ သိမ်းတဲ့အတွက် နေရာပိုယူပါတယ်။ ဈေးပိုကြီးပါတယ်။ Cache Memory အဖြစ် သုံးစွဲကြပါတယ်။ နောက် ဆရာက CPU မှာ အပိုင်း နှစ်ပိုင်းခွဲခြားထားပြီး ဘယ်လိုတွေ အလုပ်လုပ်လည်းဆိုတာလည်း တစ်ယောက်ခြင်း မေးပါတယ်။ နောက်မှ ဆက်ပြီး အမေးခံရတုန်းက ဖြေတာလေးတွေ ပြောပြပါမယ်။ ခုတော့ ဒီလောက်ပါပဲ။
 
ref: MMICT
မနောဖြူ လေး

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Miley Cyrus Livewallpaper

image

မင်္ဂလာပါ။Miley Cyrusကိုတော့သိကြတယ်မို့လား။ကျနော်က တော့
ကြိုက်တယ်။သူကအသံပါဝါကောင်းတယ်လေ။ဒါလေးကသူ့LivewLlpaperလေးပါ။

Download

မင်းကိုအမြဲချစ်မယ်ချစ်သူ



ချစ်သူ******
နင်ကသိပ်ချစ်ဖို့ကောင်းတယ်သိလား

ကလေးတစ်ယောက်လို
ဆိုးနွဲ့တာလေးလဲချစ်တယ်

လူကြီးတစ်ယောက်လို
ဆုံးမတတ်တာလေးလဲချစ်တယ်

တခါတလေငါ့ကို
သဝန်တိုလိုက်တာလည်းလွန်ရော

ချစ်သူ***
ချစ်သူသိလား ချစ်သူစိတ်ကောက်တဲ့အချိန်ဆို

ချစ်သောသူသို့



သိပ်ချစ်ခဲ့ပေမဲ့
စွန့်ပစ်ခဲ့ရတဲ့မင်းကို
တစ်ရက်သာသာ
ငါမမေ့၍
စာလွှာမရ

အချိန်ကုန်သက်သာစေမယ့် Gmail Tricks သုံးခု


နေ့စဉ်ဝင်လာတဲ့ အီးမေးတွေကို စီမံခန့်ခွဲရတာ မလွယ်ကူလှပါဘူး။ ဒါပေမယ့်လည်း သတင်းအချက်အလက် ခေတ်ကြီးထဲမှာ အောင်မြင်ဖို့ ဆိုရင်တော့ အီးမေးနဲ့ ဆက်သွယ်ကြရမှာပါ။အီးမေးကို သုံးပြီဆိုရင်တော့ ဆက်သွယ်မှုတွေ ပိုမိုများပြားလာပြီး ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ရလာမှာပါ။ တစ်ပြိုင်နက်ထဲမှာ သင့်ရဲ့ အီးမေး ပမာဏဟာ တိုးပွားလာသလို ဝင်လာတဲ့ အီးမေးတွေကို လျှင်မြန်စွာ တုန့်ပြန်ဖို့နဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်လာပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ နေ့စဉ် အလုပ်တစ်ခုပါ။ဒါဟာ C-level အရာရှိတွေနဲ့ ပိုသက်ဆိုင်ပါတယ်။ AdRollမှ ဝင်ငွေဌာန အရာရှိ Suresh Khannaနဲ့ စကားပြောကြည့်တဲ့အခါမှာ သူက “စီမံခန့်ခွဲမှုဟာ ဆုံးဖြတ်ချက်ချရတာပါ။ အလုပ်တွေလုပ်ရတာ မဟုတ်ပါဘူး။ အလုပ်တွေ အဆင်ပြေအောင် ပြုလုပ်နိုင်ဖို့ စီမံခန့်ခွဲရတာပါ။ လက်အောက်ငယ်သားတွေရဲ့ အသံတွေကို နားထောင်ဖို့နဲ့ အားလုံးကို တစ်ညီတစ်ညာတည်း အလုပ်လုပ်စေဖို့ လိုပါတယ်။ စီမံခန့်ခွဲတာတွေကို အီးမေးကနေ ပြုလုပ်မယ်ဆိုရင် အီးမေးတွေကို ကျင်လယ်စွာ ပေးပို့ရယူနိုင်ဖို့နဲ့ တစ်ဆင့်ပြန်ပေးပို့ရတဲ့ အလုပ်တွေပါဝင်လာပါတယ်။” လို့ ပြောပါတယ်။အီးမေးတွေထဲမှာ Gmail ကို အသုံးပြုမှု အများဆုံး ဖြစ်တဲ့အတွက် သင့်ရဲ့ အဖိုးတန်အချိန်တွေကို သက်သာစေမယ့် Gmail နည်းလမ်းသုံးခုကို တင်ပြလိုက်ပါတယ်။၁။ သင်ကြည့်ချင်တာတွေကို ထိပ်ဆုံးမှာ မြင်ရမယ့် One-Page Inbox Viewကို သုံးပါ။ Gmail မှာ Priority Inbox ဆိုတဲ့ Optionတစ်ခုပါရှိပါတယ်။ အဲဒါကိုသုံးရင် Important and Unread အီးမေးများကို ထိပ်ဆုံးမှာ ပြပေးမှာ ဖြစ်ပြီး အဲဒီနောက်မှာ Starredနဲ့ Everything Else ဆိုတဲ့ ကဏ္ဍဍတွေကို အသီးသီး ဖော်ပြပေးမှာပါ။1
အောက်မှာ ပြထားတဲ့ ပုံမှာလိုပဲ ကဏ္ဍဍတစ်ခုရဲ့ ညာဘက်မှ Drop Down Iconကို နှိပ်ပြီး More Optionsကို သွားရင် သီးခြား Labelတစ်ခုကိုသာ ပြသပေးအောင် ရွေးချယ်နိုင်ပါတယ်။
2
သင်ဟာ အရေးကြီး အီးမေးတွေကို Labelများနဲ့ ခွဲခြားထားတယ်ဆိုရင် ဒါဟာ အလွန်ကောင်းတဲ့ ရွေးချယ်နိုင်မှု စွမ်းဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Priority Inboxကို သုံးရင် ပြဿ     နာနှစ်ခုကို တွေ့ရပါမယ်။

ပထမတစ်ခုက Labelတစ်ခုကို ရွေးချယ်တဲ့အခါမှာ ဖတ်ပြီးသားအီးမေးတွေကိုပါ ကဏ္ဍဍမှာ ပြသပေးတာပါ။ ဒါဟာ Inboxကို ရှုပ်ထွေးမှုမရှိအောင် ပြုလုပ်နေတဲ့ ကျွန်တော်တို့ ရည်ရွယ်ချက်ကို ဆန့်ကျင်နေပါတယ်။

ဒုတိယတစ်ခုက Priority Inboxမှာ Labelနှစ်ခုသာ အသုံးပြုလို့ရတာပါ။ နောက်ထပ် Labelတစ်ခုထပ်အသုံးပြုဖို့ Drop Down Arrowမှ Add Sectionကို နှိပ်ရင် Remove Sectionဆိုတာသာ ပေါ်လာမှာဖြစ်ပါတယ်။

အဲဒီပြဿ     နာနှစ်ခုကို ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ်။ ပထမပြဿ     နာကို ဖြေရှင်းဖို့အတွက် More Optionsကို နှိပ်ပြီး Label Textနေရာမှာ Left Clickမနှိပ်ဘဲ Right Clickနှိပ်ပြီး Chrome Browserမှာ ဆိုရင် Inspect the elementကို နှိပ်ပါ။ Source Codeတွေပေါ်လာရင် Label Nameရဲ့ အရှေ့မှာ “^u”ကို ထည့်ပေးပါ။ ပြီးရင် Labelကို Left Clickနှိပ်ရင် အဲဒီ Labelမှာ မဖတ်ရသေးတဲ့ အီးမေးတွေကိုသာ ပြသပေးမှာပါ။

ဒီနည်းလမ်းရဲ့ ကောင်းမွန်တဲ့အချက်က တစ်ခါသာ ဒီလိုပြုလုပ်ပေးဖို့လိုပါတယ်။ အခြား ကွန်ပျူတာတွေကနေ မတူညီတဲ့ ဘရောက်စာတွေကို သုံးရင်တောင် ဒီပြောင်းလဲမှုက အသက်ဝင်နေပါတယ်။

ဒုတိယပြဿ     နာကို ဖြေရှင်းဖို့အတွက် Remove Sectionမှ Inspect elementကို နှိပ်ပါ။ ကုဒ်တွေထဲမှာ act=”z”ကို act=”n”လို့ ပြောင်းပေးပါ။ အောက်မှာ ပြထားတဲ့ပုံမှာလို ပြောင်းရမှာပါ။ ပြီးရင် Remove Sectionကို နှိပ်ရင် နောက်ထပ် ကဏ္ဍဍတစ်ခုကို ပြုလုပ်နိုင်ပါပြီ။

ဒီပြောင်းလဲမှုကလည်း Unread နည်းလမ်းလိုပဲ အခြားကွန်ပျူ တာတွေမှာတောင် အကျိုးသက်ရောက်စေပါတယ်။  


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

ဦးခိုတ်တေး


မိဘမေတ္တာလစန်ဒါမှာ
အမြဲထာဝရအေးချမ်းလှ၏
မိဘမေတ္တာကောင်းကင်ပြမှာ
တိုင်းတာမရကျယ်ဝန်းလှ၏
မိဘမေတ္တာဆန်းရေပြာမှာ
နှိုင်းကာမရကျယ်ဝန်းလှ၏
ထိုထိုမေတ္တာဖြူစင်တာကြောင့်

အချစ်ကဗျာ



နင်နဲ့ငါ့ကြားမှာ"ဂုဏ်ဓန''ဆိုတဲ့
တံတိုင်းကြီးသာခြားမထားဘူးဆိုရင်
ငါတို့နှစ်ယောက်ရဲ့ဘဝဟာ
သာယာလှပပြီးအမြဲပျော်ရွှင်နေရမှာ
ခုတော့ဟာ
ဘဝနှစ်ခုပေါင်းစပ်ဖို့
အချစ်တစ်ခုတည်းနဲ့မပြည့်စုံဘူးဆိုတာ

အချစ်ကဗျာ


ကိုယ့်ချစ်သူအပေါ်
လိမ်ညာပြီး ရလိုက်တဲ့
ပျော်ရွှင်ချိန် ခဏလေးဟာ
ယုံကြည်မှု တစ်ခု
တည်ဆောက်ရတဲ့

အချစ်ကဗျာ



တသက်မှာ တစ်ခါပဲ
မှားခဲ့တဲ့အမှားလို့မှတ်ယူပြီး
တစ်ကြိမ်ပဲသေဆုံးပါရစေ
အခါခါကျရှုံးတိုင်း
အနားမှာဘယ်သူမှမရှိ

G730-U00 Build Number နောက်ဆုံး 151 Root & Myanmar Font & Keyboard သွင်းနည်း


G730-U00 Build Number နောက်ဆုံး 151 Vroot မတိုးသူများအတွက်

Myanmar,Root,Keyboard တစ်ခါထဲထည့်သွင်းပေးမည့် Boot Img လေး ကို ကိုဖြိုးချမ်း ဆီကနေပီး ပြန်

Share ပေးလိုက်ပါတယ်ခင်ဗျာ. အစကတော့ အစီအစဉ်မရှိပါဘူး။ အချို့က အဆင်မပြေဖြစ်နေကြလို့ပါ..

ဒါလေးကို SP Flash Tool ကနေ သွင်းလိုက်ရင်ရပါပြီ။ သွင်းပြီးလို့ ဖုန်းပြန်တက်လာ

လာခြင်း မြန်မာစာတွေလွဲနေရင် ရိုးရိုး Restart ချပေးပါ။

အောက်မှာ Boot Img နဲ့ SP Flash Tool နှစ်မျိုးစလုံး ကိုဒေါင်းယူ နိုင်ပါတယ်ခင်ဗျာ. 

ကိုဖြိုးချမ်း ကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ.



DOWNLOAD

Boot Img >> LINK (1)

SP Flash Tool >> LINK (2)
www.mmitsky.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

ဆရာဦးမောင်နိုင် ၏ ဖုန်းစက်ပြင်မှတ်တမ်းစာအုပ်များစုစည်းမှု ( မြန်မာလို - EBook )

Android ဖုန်းစက်ပြုပြင်ပညာရပ်များကို စိတ်ပါဝင်စားသူများ..စက်ပြုပြင်နည်းလေ့လာနေသူများအတွက် ဆရာဦးမောင်နိုင် ၏ ဖုန်းစက်ပြင်မှတ်တမ်းစာအုပ်များကို တစ်စုတစ်စည်းတည်း တင်ပေးလိုက်ပါတယ်။ လေ့လာလိုသူများ Download ရယူနိုင်ကြပါပြီ။
From => SolidfilesMiloshare

အချစ်ကဗျာ



ထားခဲ့မှန်း  သိပါရက်နဲ့
မင်းလာမယ့်လမ်း
လှမ်းကြည့်နေမိတယ်
ကျ ရှုံးခဲ့မှန်းသိရက်နဲ့
အယူခံဝင်ဖို့

Ze Booc 811 miniPad Firmware


 
Download Link 2
Download Link 1
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

အချစ်ကဗျာ


ကြင်နာမှုတွေရဲ့
ရလဒ်ကနာကျင်မှုတွေသာဖြစ်နေခဲ့ရင်
ငါလေ
အဲ့ဒိကြင်နာမှုတွေကိုတောင့်တမိမှာ
မဟုတ်ခဲ့ပါဘူး။
ငါ့နှလုံးသားတစ်ခုလုံး
မျော်လင့်ချက်မနက်ဖြန်တွေလည်း

Coolpad Firmware တင်နည်း pdf စာအုပ် ။ < By - Galaygachay >


Credit to - Galaygachay
မင်္ဂလာပါ .....
Coolpad ဖုန်းလေးတွေ ဈေးကွက်ဝင် အသုံးများလာနေ....
Service လုပ်ပေးရင်း ဖန်လုံးပြန်တင်ဖို့လိုလာတဲ့အခါ ....
တစ်ခါတရံ ....How to..??????????

ယခုစာအုပ်ထဲမှာတော့ Ko Galaygachay မှ တစ်ဆင့်ချင်း၊
ဒေါင်းစရာလင့်များပါထဲ့ပေးထားတဲ့အတွက်....ကျေးဇူးပါလို့။
လိုအပ်ပါက....

ဒေါင်းရန်လင့် >>> http://download758.mediafire.com/0wt86z9n8b4g/8pulzhxwa9efui8/Coolpad+%28Galaygachay%29.pdf



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Sexy Go Premium Wallpaper

မင်္ဂလာပါ။ကျနော်လဲစာကျက်ရတာပျင်းလို့ဟိုဝင် ဒီထွက်လုပ်ရင်းအ
လန်းစားဓါတ်ပုံလေးတွေရှိတဲ့ဆိုဒ်တစ်ခုတွေ့ခဲ့တာပါ။ဒါနဲ့ဒေါင်းလုပ်
ချပြီးApplicationလုပ်မယ်လို့စိတ်ကူးပြီးမအားတဲ့ကြားမှလုပ်ဖြစ်သွားတာပါ။ဒီApkလေးထဲမှာတော့Sexyဆန်တဲ့မိန်းမလှလေးတွေရဲ့ပုံကိုစု
စည်းထားတာပါ။ရုပ်ထွက်ကလဲကြည်တောက်နေတာပါ။ဒါ့ကြောင့်
Premium wallpaperလို့ပြောလိုက်တာပါ။ချောလိုက်တာလဲမှုန်လို့ဗျာ:P
ကဲဘော်ဒါတို့လဲကြိုက်မယ်ထင် ပါတယ်။မအားလို့Playstoreမှာတော့
မတင် တော့ဘူး။ဒါ့ကြောင့်Commentများများပေးခဲ့ပါနော်။

Download

www.mmitdeveloper.org

Fire Lion Livewallpaper

image

မင်္ဂလာပါ။Livewallpaperတွေမတင် ရတာကြာလို့တင် ပေးလိုက်ပါတယ်။ဒီLWPကိုတော့အထူးမ ပြောတော့ပါဘူး။ပုံကိုကြည့်
တာနဲ့တင် သိနိုင် ပါတယ်။ဒါလေးကကျနော့်ကိုOnlineက နေAndroidရေးနည်းအ ကြောင်းတွေသင် ပြ ပေးတဲ့ဆရာPixelရဲ့လက် ရာလေးဖြစ်ပါတယ်။

Download

www.mmitdeveloper.org

Ultimate Photo Collage

မင်္ဂလာပါ။ဓါတ်ပုံတွေကိုဘောင် တွေထဲမှာပုံစံအမျိုးမျိုးပြုလုပ်ချင် တဲ့
မိတ်ဆွေများတွက်Photo collage apkလေးတင် ပေးလိုက်ပါတယ်။

Download

www.mmitdeveloper.org

ဘလော့မှာ တင်သမျှ Facebook တွင်အော်တိုရောက်အောင် ရှယ်နည်း



အားလုံးမင်္ဂလာပါ..... ကျွန်တော်  ဘလော့ပညာတွေကို မရေးဖြစ်ခဲ့တာ တော် တော် ကြာခဲ့ပါပြီ  ဒါကလည်း  တော်တော်လေးစုံစုံလင်လင်  တင်ထားပြီးဖြစ်နေတော့  မရေးဖြစ်ခြင်းပါ...သည်နေ့တော့  ဘလော့ကာတော်တော် များများအထက်ခဲ တွေ့နေတဲ့  ဘလော့ကနေ  Facebook  Page တွေ  မိမိ Timeline  တွေ ပေါ်အော်တို ရှယ်တဲ့နည်းလေးပါဘဲ.... အရင်တင်ထားတာ ရှိပါတယ်.. ဒါပေမယ့် သိပ်မရှင်းလင်းကြတော့..အဆင်မပြေ ဖြစ်နေကြတယ်... ဒါကြောင့် ခုဘဲ  ထပြီးရေးဖြစ်လိုက်ပါတယ်...
အောက်မှာ  ပုံလေးတွေ နှင့်တစ်ကွ  သေခြာ ရှင်းပြထားတာ မို့ တဆင့်ချင်း  သွားလိုက်တာနဲ့  အဆင်ပြေပါပြီနော်.... လေ့လာလိုက်ကြစို့လားနော်.............

ပထမဆုံးအနေနဲ့...   သည်လင့်ကို     ( http://www.networkedblogs.com/dashboard ) ကလစ်ပြီးဝင်လိုက်ပါနော်..

အဲမှာဘဲ   အပေါ်ကပြထားတဲ့အတိုင်း Sing Up  လုပ်ရမှာဖြစ်ပါတယ်...နော်..နောက် ၀င်တဲ့အခါမှာ Facebook   Log In  ဆိုတာကလစ်ပြီးဝင် လိုက်ပါ...အဲအတွက်  Facebook   ကိုမိမိအသုံးပြုနေတဲ့  ဘောက်ဆာ မှာ ၀င်ထားရင်ကောင်းပါတယ်...မ၀င်ရသေးပါက ခု  အကောင့် ၀င်တဲ့ခါ ၀င်ပေးလိုက်ပါနော်..အိုကေ ဆက်သွားကြမယ်...

အောက်က အဆင့်တွေတော့  လမ်းပြထားတဲ့အတိုင်းပုံကြည့် သွားလိုက်ပါ  ဘာမှ ဖြည့်စရာမလိုတာမို့  ပုံကိုသာ ကြည့် သွားလိုက်ပါနော်...

အိုကေ  အဆင့် နံပါတ်  ( ၅ )  မှာတော့  Yes Add My Blog Now  ဆိုတာကလစ်လိုက်ပါ.။
အဆင့်  ( ၆ ) မှာလည်း ပုံမှာ ပြထားတဲ့အတိုင်း ကလစ်ပြီးဆက်သွားလိုက်ပါနော်...။

သည်အဆင့် နံပါတ်  ( ၈ ) မှာတော့ ဖြည့်စရာတွေပါလာပါပြီ.... အပေါ်ကနေ အောက် တဆင့်ဆီ 
ဖြည့်ရမှာတွေကိုပြထားပါတယ်နော်...
အပေါ်ဆုံးက  မိမိဘလော့လင့်လိပ်စာထည့်ပေးလိုက်ပါ
နောက်....ဘလော့အမည် ထည့်ပေးပါ
နောက်...Feed Link ဆိုတာ မိမိဘလော့ကနေ  ယူထည့်ရမှာဖြစ်ပါတယ် ယူနည်းကို အောက်မှာ ပြထားပါ့မယ်....
နောက်....Language   မှာ  English  ကိုပေါ့နော်
နောက်...မိမိ အီးမေးအကောင့်ထည့်ပါ....
အမှန်ခြစ်နေရာလေးပေး  Next  နဲ့ သွားလိုက်ပါတော့နော်....


ဘလော့ကနေ  Feed Link  ယူနည်း
-----------------------------------
 မိမိတို့ ဘလော့ရဲ့ လိပ်စာဘား ရှေ့က logo  icon လေးကို ကလ်စလိုက်ပါ  နောက်
ကျလာတဲ့  ဘောက်က More Information  ဆိုတာကလစ်လိုက်ပါ။

အဲလို ဘော်ကလေးကျလာတဲ့အခါ အပေါ်က  Feeds ဆိုတာကိုကလစ်ပါ.. ကျလာတဲ့ လင့် ၂ ခုထဲက ကြိုက်တာကို ကလ်စလိုက်ပါ... ဘောက်ဆာမှာ ရှိနေတဲ့ လင့်ကို ယူလိုက်ပါနော်..အဲတာ Feed Link  ပါဘဲ...အဆင်ပြေပါတယ်နော်... အပေါ်ကအဆက် ကိုဆက်သွားမယ်နော်..

အိုခေ  သည်လိုလေးကျလာတာနဲ့  Yes  ကိုပေးလိုက်ပါနော်...အိုကေ... အဆင့်တွေပြီးတာနဲ့
မိမိ တို့ Email  မှာ အတည်ပြု ခိုင်းပါလိမ့်မယ်နော်...ဒါဆို  စောစောက လုပ်ထားတဲ့  မေးထဲကိုဝ်ငလိုက်ပါ
စာရောက်နေမယ် ဗျာ... ဖွင့်ပြီး   Comfirm  လုပ်ပေးလိုက်ယုံပါဘဲနော်..အဲမှာ ဘဲ ကျွန်တော် တို့... ချိတ်ဆက်ဖို့  အသင့်အေနအထားဖြစ်ပြီမို့  စကြမယ်  ဘလော့ပေါ်က ဟာတွေ  Facebook  မှာ ကြိုက်တဲ့ နေရာမှာ ရှယ်ကြမယ်နော်....အောက်မှာ

အကောင့် အတည်ရတာနဲ့   Blogger  Dashboard   ဆိုတာကိုကလ်စလိုက်ပါ....
အဲနောက် မယ်တော့  ဘယ်ဘက်ခြမ်းက  Syndication  ဆိုတာကိုကလစ်ပေးလိုက်ပါ...

 အိုကေ  မိမိတို့  ချိတ်လိုတဲ့ ရှယ်လိုတဲ့  ဘလော့ကို ရွေးခိုင်းပါမယ်.. မိမိမှာ အက်မင်ဘလော့များစွာ ရှိနေပါက အဲထဲကနေမှ ရွေးပေးလိုက်ပါ  မိမိ ယခုလုပ်လိုသော ဆိုဒ်ကိုပေါ့
ရွေးလိုက်တာနဲ့ အောက်မှာ  Facebook  ပုံလေးနဲ့  Add Facebook Target   ဆိုတာလေးကို ကလစ်ပါ။

ဒါဆို  မိမိ  Facebook  ဆိုင်ရာတွေ ကျ  လာမှာဖြစ်ပါတယ်...ကိုယ်က ချိတ်ထားလိုသော နေရာနောက်ကို  Add   ကလစ်ပေးလိုက်ယုံပါဘဲနော်...အဲတာနဲ့တင်  မိမိဘလော့မှာ တင်သမျှ ပို့စ်တိုင်း  Add ထားသော နေရာများကို...အော်တို ရောက်နေ တက်နေပါမည်....
မှတ်ချက်  ။          ။  Facebook Page  တွေရှယ်လိုပါက  ၄င်းပေ့မှာ  အက်မင် ဖြစ်နေဖို့ လိုပါမည်..

အားလုံးအဆင်ပြေမယ်လို့  မျှော်လင့်ရင်.... မရှင်းတာရှိပါက  မေးနိုင်ပါတယ်   ချက်ဘောက်မှာ စာချန်ခဲ့နိုင်ပါတယ်နော်....  ဘလော့ခရီးသည်

 စာအုပ်အဖြစ် ဒေါင်းယူလိုပါက


https://db.tt/IBxDe7hU

ဘလော့ခရီးသည်နေရာလေးများ


တို့မှာ လည်ရောက်ဝင်ပါတ် လိုတာယူဆောင်နိုင်ပါတယ်.....

China Android Phone ထဲက တရုတ်ဝေါဟာရများကို အင်္ဂလိပ်လို သိအောင်..


China Android Phone ကိုင်ပီး တရုတ်စာ မဖတ် တတ် သူများ ဆောင်ထားသင့်ပါတယ်
ဒါလေးကိုတော့ MMSD Group မှ Member Thaw Thaw Npt က စုစည်းပေးထားတာပါ။
China Android Phone ကိုင်ပီး တရုတ်စာ မဖတ် တတ် သူများ
ဆောင်ထားသင့်ပါတယ် ခင်ဗျာ
reboot system now 重启系统
–apply sdcard:update.zip 使用SD卡
根目录的update.zip更新系统
–wipe data/factory reset 清空data分
区并恢复出厂设置
–wipe cache partition 清空cache分区
–install zip from sdcard 从SDcard选
择文件更新系统
–apply sdcard:update.zip 使用SD卡
根目录的update.zip 更新系统
–choose zip from sdcard 从SD卡选
择zip格式升级包
–toggle signature verification 切换签
名验证
–toggle script asserts 切换升级脚本
检查
–backup and restore 备份和恢复
–Backup 备份
–Restore 恢复
–Advanced Restore 高级恢复
–mounts and storage 挂载和存储
–mount /system 挂载/system分区
(系统分区)
–mount /data 挂载/data分区(数据分
区)
–mount /cache 挂载/cache分区(缓存
分区)
–mount /sd-ext 挂载/sd-ext分区
(A2SD分区)
–format boot 格式化内核分区
–format system 格式化系统分区
–format data 格式化数据分区
–format cache 格式化缓存分区
–format sdcard 格式化存储卡
–format sd-ext 格式化内存卡SD
–mount USB storage 挂载SD卡为U盘
模式
–advanced 高级
–Reboot Recovery 重启Recovery
–Wipe Dalvik Cache 清空Dalvik缓存
–Wipe Battery Stats 清空电池状态
–Report Error 报告错误
–Key Test 键位测试
–Partition SD Card 对SD卡分区
–Fix Permissions 修复权限
–power off 关机
–touch calibration 触屏校准

အောက်ပါလင့်မှ
tex ဖိုင်လေးဒေါင်း https://www.box.com/shared/jegvamwxgo031h9chlmi

MMSD


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Thanks to MMSD and Nyi Nyi Aung

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

ဖုန်းနှင့် လက်ပ်တော့များ ကိုင်ထားပြီး လမ်းပျောက်နေသူများကို သတိ


လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ ကိုင်ထားသည့် အသားဖြူဖြူနှင့် လူများက လမ်းပျောက်နေသည်ဟုဆိုကာ သင့်ထံရောက်လာပါက သင်သည် လိမ်လည်လှည့်ဖြားသူများ၏ သားကောင်ဖြစ်ရန် ရွေးချယ်ခံလိုက်ရသည်ဆိုသည်မှာ သေချာသလောက်ရှိပြီဟု တွေးထားသင့်သည်။

အမှန်တကယ် လမ်းပျောက်သူလား၊ လူလိမ်များလားဆိုသည်ကို ဖော်ပြပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်စေလိုပါသည်။

ထိုသူများက ပထမအဆင့်အနေဖြင့် မြန်မာစကားတစ်လုံးတလေမှ မပြောတတ်သည့်ဟန်ပန်ဖြင့် သင်နှင့် အနီးအနားပတ်ဝန်းကျင်မှ နေရာတစ်ခုကို မေးမြန်းပြီး ထိုနေရာတွင် သူ၏မိတ်ဆွေနှင့် အချိန်းအချက်ပြုထားကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြလိမ့်မည်။ သူစောင့်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏မိတ်ဆွေ ရောက်မလာသေးကြောင်းလည်း ရှင်းပြလိမ့်မည်။

ဒုတိယအဆင့်အနေဖြင့် သူ့ထံတွင် ပိုက်ဆံပြတ်လပ်နေပြီး လွန်စွာအခက်အခဲရှိကြောင်း ကူညီသည့်အနေဖြင့် သူ့တွင်ပါလာသည့် နာမည်ကျော် ဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့များကို ပေးနိုင်သည့်ဈေးဖြင့် ၀ယ်ယူရန် ကမ်းလှမ်းလိမ့်မည်။

သင့်ထံရောက်လာသည့် လမ်းပျောက်သူများက အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဆိုပါက ယခင်လိမ်လည်ခံရသူများနည်းတူ သင်လည်း လိမ်ခံရတော့မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များက ရန်ကုန်မြို့၏ လမ်းမများထက်၌ လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မကြာခဏ လမ်းပျောက်ခဲ့ကြသည်။

တရုတ်နိုင်ငံသားများအဖြစ် ၎င်းတို့ကိုယ်၎င်းတို့ မိတ်ဆက်ကြပြီး သန့်သန့်ပြန့်ပြန့် ၀တ်စားထားကြသည့် လိမ်လည်သူများ၏ ပစ်မှတ်သည် ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ဖြစ်ခဲ့ရသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်အတွင်းက ရန်ကုန်မြို့တွင် လိမ်လည်ခံခဲ့ရသူ သုံးဦးခန့်ကို 7Day မှ တွေ့ဆုံမေးမြန်းခဲ့ရာ လာရောက်လိမ်လည်သူများ၏ ပုံစံသည် တစ်ပုံစံတည်းနီးပါးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

‘‘သူတို့က ဗမာစကားတစ်လုံးမှ မတတ်တဲ့ပုံစံနဲ့။ အင်္ဂလိပ်လို တစ်လုံးစ၊ နှစ်လုံးစ ပြောတယ်။ ကျွန်တော့်ကိုကျတော့ No Money Hungry (ပိုက်ဆံမရှိဘူး၊ ဗိုက်ဆာတယ်)ဆိုပြီး အင်္ဂလိပ်လိုပြောတယ်’’ဟု လွန်ခဲ့သည့်တစ်နှစ်ခန့်က  Samsung အမှတ်တံဆိပ်ဖုန်း လိမ်လည်ရောင်းချခံခဲ့ရသည့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးစည်သူကပြောသည်။

၎င်းတို့သည် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်ပြီး ရန်ကုန်မြို့တွင် လှုပ်ရှားခဲ့ကြပြီး ပြီးခဲ့သည့်နှစ်မှစတင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ မြို့များသို့ပါ ရောက်ရှိခဲ့သည်။

လမ်းပျောက်သူများက သူတို့၏ဖုန်းနှင့် လက်ပ်တော့ကွန်ပျူတာများကို ပြင်ပပေါက်ဈေးထက် အဆမတန်လျော့နည်းသည့်ဈေးနှုန်းဖြင့် ၀ယ်ယူသူများအား ဆွဲဆောင်ကြသည်။

၎င်းတို့ပြန်သွားပြီး ရက်ပိုင်းအတွင်း ပျက်စီးသွားခြင်းနှင့် အဆိုပါပစ္စည်းများသည် အတုများဖြစ်နေခြင်းတို့ကို သတိထားမိချိန်တွင် လမ်းပျောက်သူများက နောက်တစ်ဦးကို ထပ်မံလိမ်လည်ရန် အခြားတစ်မြို့သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည် ။

‘‘အဲဒီလိုပစ္စည်းတွေက တော်တော်သတိထားရတယ်။ ကိုယ်က သူ့ကိုကူညီတယ်ဆိုပေမယ့် ခိုးရာပါပစ္စည်းလိုမျိုးဖြစ်နေရင် လူလိမ်ခံရရုံတင်မကဘူး ထောင်ပါကျနိုင်တယ်။ ခိုးရာပါပစ္စည်း လက်ခံမှုက ထောင်သုံးနှစ်အထိ ချလို့ရတယ်’’ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

လိမ်လည်ခံရသူအများစုကလည်း ရဲစခန်းသို့ တိုင်ကြားခြင်းမပြုဘဲ လူသိမခံခြင်း၊ မိမိကိုယ်တိုင် ဖြေရှင်းခြင်းတို့ကြောင့် လိမ်လည်သူများ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။

‘‘လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက အဲဒီလိုလာလိမ်တဲ့ တရုတ်တော်တော်များများကို နယ်စပ်ကနေ တရုတ်ပြည်ထဲ ပြန်ပို့ခဲ့ရဖူးတယ်။ မန္တလေးမှာရော၊ နယ်စပ်တစ်လျှောက်မှာရော အဲဒီလိုလိမ်လာတာ ကြာပြီလို့သိရတယ်’’ဟု လိမ်လည်သူများအား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း တန်ဖိုးနည်းဖုန်းများ အကန့်အသတ်မရှိ ရောင်းချနေကြောင့် လိမ်လည်သူများ၏ ပစ်မှတ်များသည်လည်း တစ်စတစ်စကြီးထွားလာနေသည်။

မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung, Huawei စသည့် မိုဘိုင်းဟန်းဆက်ကုမ္ပဏီများကလည်း ၎င်းတို့၏ ပစ္စည်းများကို တုပရောင်းချခြင်းများမှ ကာကွယ်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

‘‘ဈေးကွက်ထဲမှာ ကျွန်တော်တို့ရဲ့ ဟန်းဆက်တွေကို အတုတွေတွေ့ရတဲ့အတွက် အတုအစစ်ခွဲခြားနည်းကို ဂျာနယ်တွေထဲမှာလည်း ကြေညာသလို ဟန်းဆက်အတုတွေ့ရင် သတင်းပေးတဲ့သူတွေကို ဆုငွေပေးသွားမယ်ဆိုပြီးတော့ လုပ်ထားတာတွေရှိပါတယ်’’ဟု Huawei မြန်မာကုမ္ပဏီမှ ဖြန့်ချိရေးတာဝန်ခံတစ်ဦးကပြောသည်။

Huawei ဖုန်းများကို အတုနှင့်အစစ် ခွဲခြားနိုင်ရန်နှင့် ဈေးကွက်အတွင်း၌ အတုများကို တွေ့သောကြောင့် သတင်းပေးလိုပါက Huawei ၏ Customer ServiceCenter သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ၎င်းကပြောသည်။

အလားတူပင် မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung အမှတ်တံဆိပ် ဟန်းဆက်များ တုပရောင်းချခြင်းများမှ ကာကွယ်ရန် အသေးစိတ်အစီအစဉ်များ လုပ်ဆောင်နေကြောင်း Samsung မြန်မာရုံးခွဲ၏ Head of Channel Management Mobile ဦးဇာနည်ဝင်းထွဋ်ကပြောသည်။

‘‘ဈေးကွက်ထဲမှာ အတုတွေကတော့ မကြာခဏတွေ့နေရတယ်။ Samsung ဟန်းဆက်အတုဆိုတဲ့နေရာမှာ တချို့ကလည်း ပုံစံတုလိုက်လုပ်ပြီးတော့ ရောင်းကြတယ်။ တချို့ကလည်း Offical တရားဝင်မဟုတ်ဘဲနဲ့ တင်သွင်းလာတဲ့အခါမှာ ဒီနိုင်ငံရဲ့ကွန်ရက်နဲ့ မကိုက်ညီတာမျိုးတွေ ဖြစ်တတ်ပါတယ်’’ဟု ဦးဇာနည်ဝင်းထွဋ်က ပြောသည်။

လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မြန်မာနိုင်ငံတွင် မကြာခဏ လမ်းပျောက်လျက်ရှိသည်။ လမ်းပျောက်သူများကို ကူညီရင်း ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ကိုယ်တိုင်လည်း မကြာခဏ လမ်းပျောက်သွားခဲ့ရသည်။


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Credit : 7Day Daily

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...