Advertise Here !

မနက်မိုးလင်းတိုင်း
အနားမှာ နင်ရှိနေသလို
ခံစားချက်နဲ့ ငါ့ဖုန်းထဲက
နင်ပို့လာမဲ့ Message လေးကို
မျှော်လင့်မိတယ်
ဒါက
အိပ်ပုတ်လေး ထတော့ဖြစ်နိုင်သလို
မောနင်း အကျင့်ပုတ်
ဆိုတဲ့ စာလေးလည်းဖြစ်နိုင်တယ်
တခါတလေ
နင့်ဆီကနေ
အရမ်းလွမ်းလို့  ဖုန်းခေါ်လိုက်တာ လို့ပြောတဲ့
စကားလေးတွေလည်း
မျှော်လင့်မိသေးတယ်
မရည်ရွယ်ပဲ လွမ်းဖြစ်သွားတဲ့
အကြောင်းအရာတချို့ထဲမှာ
နင့်မျက်နှာလေး ကြည့်ပြီး
ထမင်းအတူတူစားခဲ့တာလည်းပါတယ်
လက်ခြင်းချိတ်ပြီး
လမ်းလျှောက်ခဲ့ကြတာလည်းရှိတယ်
ဖုန်းချတော့မယ်ဆိုတဲ့
အသိစိတ်လေးတခုမှာတောင်
အရမ်းချစ်တယ်နော်
အာဘွားဆိုတဲ့ နှုတ်ဆက်သံလေး က
တနေ့တာအတွက် ခွန်အားတခုလိုပေါ့
နင်မရှိရင်မဖြစ်တဲ့ဘဝမှာ
ရင်ဘက်နဲ့မမျှတဲ့ မျှော်လင့်ခြင်းတွေ
ငါထားတက်နေပြီ ချစ်သူ
ပြီးတော့
နင့်အနားမှာ နေချင်မိတဲ့
စိတ်ကူးလေးတွေနဲ့ပေါ့။

Admin……………လင်းလက်လွန်း
Ph No…….………09972085931
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !