April 2014
Software Full Version Download and Tech News Update



GalaxyS4(GTI9500)သမားတွေ အတွက် မြန်မာစာပါတဲ့ Firmware တင်ပုံတင်နည်းလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်..ကိုယ်တိုင်ကိုယ်ကျ တင်နိုင်အောင် Tutorials များနဲ့တကွ ရှင်းပြပေးသွားမှာဖြစ်ပါတယ်..လိုအပ်မယ်ဖိုင်တွေကို အောက်ပါလင့်တွင် ဒေါင်းယူပါ..
Galaxy S4(GTI9500) firmware ဖိုင်အားဒေါင်းရန်
Passward တောင်းလာပါက  MMAS ဟု ရိုက်ထည့်ပါ..

Odin အား ဒေါင်းရန်

Samsung Usb Driver ဒေါင်းရန်(ရှိပြီးသားဖြစ်ပါက ဒေါင်းစရာမလိုပါ)

အားလုံးဒေါင်းပြီးသွားရင် ကွန်ပျူတာပေါ်မှာ Zip ဖြေလိုက်ပါ..
Firmware ဖိုင်ဇစ် ဖြေတဲ့အခါမှာ  tar.md5 ဖိုင်နဲ့ SS.DLL ဆိုပြီး ဖိုင် နှစ် ဖိုင် ထွက်ပါမယ်..
အဲဒီထဲက  tar.md5 ဖိုင်ကို ပဲယူမှာပါ.. ပြီးရင် odin ကို ကွန်မှာ ရမ်းလိုက်ပါ…ပြီးရင် အဲထဲက PDA နေရာမှာ စောစောတုန်းက firmware ဖိုင်ထဲက tar.md5 ဖိုင်ကို ရွေးပေးလိုက်ပါ…အောက်ပါပုံအတိုင်း ဖြစ်နေပါမယ်..

ပြီးရင် ဖုန်းကို ပါဝါပိတ် Download mode ကို   Vol- Power  Home တွဲနှိပ်ပြီးဝင်ပါမယ်..အောက် ကအတိုင်းဆိုရင် Download modeေ၇ာက်ပါပြီ..

ပထမပုံအတိုင်း ပေါ်လာရင်  vol+  ခလုတ်ကို နှိပ်လိုက်ပါ ဒုတိယပုံအတိုင်းဆို၇င် ရောက်ပါပြီ..
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ…ခဏကြာရင် Odin ရဲ့
ID.com အထက်မှာ အရောင်လေး လင်းလာပါမယ်..

အဲဒီလိုမှ မလင်းလာရင် Driver ,ကြိုးပြန်စစ်ရပါမယ်..
ပြီးရင်တော့ Odin ရဲ့ Start ခလုတ်ကို နှိပ်လိုက်ပါ… အောက်ပါပုံအတိုင်း PASS ပြရင် ပြီးသွားပါပြီ ဖုန်းက reboot ကျသွားပါလိမ့်မယ်..ပြန်တက်လာရင် မိမိဖုန်း android versio 4.3 တင်ခြင်း ပြီးဆုံးပါပြီ.. reboot ကျသွားလို့ samsung logo မှာပဲ ၀ဲလည်လည် ဖြစ်နေရင် ဖုန်းကို ဘက်ထရီဖြုတ် ပြန်တပ် recovery mode ကို  vol+ power  home တွဲနှိပ်ဝင်ပါ အောက်ပါအတိုင်း ပေါ်လာပါမယ်.. အဲထဲကနေ factoy data reset /wipe cache partation လုပ်ပြီး reboot system now နှိပ်လိုက်ပါ..ပြန်တက်လာရင် 0k ပါပြီ..

REF MMAS
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Advertise Here !

Software Full Version Download and Tech News Update

 
မင်္ဂလာပါ........ ဒီနေ့သူငယ်ချင်းတစ်ယောက် ဖုန်လိုင်းမပွင့်လို့ဆိုပြီး ဖုန်းတစ်လုံးရောက်လာတယ်
ဖုန်းအမျိုးအစားက HUAWEI C8815 ဖုန်းလိုင်းမပွင့်တော့ ကဒ်ပဲပျက်တာလား ဒါမှမဟုတ် ကဒ်ပေါက်ပဲမကောင်းသလား စစ်ကြည့်တော့လဲ အိုကေနေတာပဲ ဖုန်း Firmware အသစ်တင်ကြည့်တယ် ရဘူးဗျာ စိတ်တော်တော်လေး ဒီနေ့ညစ်သွားတယ် ရလိုရညား ဆရာကြီး GOOGLE မှာပဲရိုတ်ရှာကြည့်လိုက်တယ် ဖြေရှင်းနည်းလေးတစ်ခု တွေ့တယ်ဗျာ လုပ်ကြည့်လိုက်တာ အိုကေစိုပြေသွားတော့တယ် မလုပ်တတ်ခင်တော့ မလွယ်ဘူး လုပ်တတ်သွားတော့ တစ်ချက်ပဲ သူငယ်ချင်းလို့တာပြေားတာ ကျန်တော်နဲ့ သူကရန်ဖြစ်ထားတာ....ဟိဟိ
မသိသေးတဲ့ သူငယ်ချင်းများအတွက် ပြန်ရေးပေးလိုက်တာပါ ဖုန်းကို အရင်ဆုံး root ဖောက်လိုက်ပါ ပြီးရင်တော့ ဒေါင်းရတဲ့ဖိုင်ထဲမှ bat ကို tun လိုက်ပါ ပြီးရင်တော့ အောက်မှ C8815 ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ wait _1မိနစ်စောင့်ခိုင်းပါလိမ့်မယ် ဖုန်းပါဝါကျသွားပြီး ပြန်ပွင့်လာရင်တော့ အိုကေသွားလိမ့်မယ်
အဆင်ပြေပါစေ.........
.   ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
                                             
                                                     DOWNLOAD 1
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Advertise Here !

Software Full Version Download and Tech News Update
 ကျွန်တော်တို့ နိုင်ငံမှာ IQ မြင့်တဲ့သူတွေတော်တော် များများရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ ဘ၀မှာ မအောင်မြင်ဘဲ ရိုးရိုးသာမာန်ဘ၀နဲ့ ဘဲ ပြီးဆုံးသွားကြတယ်။ ဒါဟာ IQ မြင့်တိုင်းလည်း ခရီးမပေါက်တာတွေ့ ရတယ်၊ဘ၀မှာ အောင်မြင်ဖို့ EQ ဆိုတာလည်း အရေးကြီးပါတယ်။ EQ ဆိုတာ ဘာလည်းနဲ့  ဘယ်လိုမြင့်အောင်လုပ်မလဲ ဆိုတာ အောက်က ဆောင်းပါးလေးက ရှင်းပြပါလိမ့်မယ် ။

EQ လား IQ လား (ကောင်းထက်)

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခ့ရဲ ကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။

(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။ နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားင့ညဲာနိုင်စွမ်းရှိခြင်း (Compassion)

(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking)

စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ

နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။

ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခ့သဲူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခ့သဲူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။

နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။

(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။

မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်

credit to ခွန်အားရှိသောစာ
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Advertise Here !

Software Full Version Download and Tech News Update
မင်္ဂလာပါ ကျွန်တော် သည်နေ့ ရေးသားဖြစ်တဲ့ နည်းပညာလေးကတော့ ခုနောက်ဆုံးထွက် ဗားရှင်းတွေရဲ့
Rooting ပြဿနာတွေ ကိုဘဲဖြစ်ပါတယ်.. ဒါကလည်းကျနော် root လိုက်တဲ့ Note 2 တလုံးကနေ အတွေ့ကြုံရလိုက်ခြင်းဖြစ်ပါတယ်..သည်လိုနဲ့ ရှာဖွေရင်း အဆင်ပြေသွားတဲ့ နည်းလမ်းလေးကို ပြန်လည် တင်ပြလိုက်ရဖြင်းဖြစ်ပါတယ်..သည်လိုပြသနာ ကြုံခဲ့ပါက အဆင်ပြေစေလိုပါတယ်..နော်

Android 4.3 တွေဖြစ်တဲ့  S3-S4-NOTE2-NOTE3 တွေမှာ ဖြစ်တတ်တာတွေ့ရပါတယ်
ဖြစ်ပုံကတော့ Root လိုက်တဲ့အခါမှာ Root  မပေါက်ဘဲ Error တက်သလိုမျိုးပေါ့နော် ပုံလေးနဲ့
ပြပါ့မယ်နော်... မပြောပြတတ်ဘူးးးဟီးးးးးးးးးးးးးးးးးးး

KNOX security, it block/disable SuperSu app
KNOX security, it block/disable SuperSu app
KNOX security, it block/disable SuperSu app
အဲလိုတွေ ဖြစ်တတ်တယ်လေ...အဲတော့ ကျွန်တော် တို့ root ကမပေါက်ဖြစ်နေတာပေါ့ ဒါဆို ကျွန်တော် တို့အနေနဲ့  ဘာဆက်လုပ်ရမလဲ ဆိုတာ ကျနော် လုပ်ခဲ့တဲ့ နည်းလေးတိုင်းပြောခြင်ပါတယ်

ဘာကြောင့်ဖြစ်လည်းဆိုတော့ 
KNOX security, it block/disable SuperSu app
ဖြစ်တာပါ..အဲတာကို ကျနော်တို့ ဖြေရှင်းရပါမယ်..အဲအတွက် လိုအပ်တာကိုလည်း အောက်မှာ ကြည့်လိုက်ပါ
Settings / More / Application manager, Swipe to DISABLED tab and Enable SuperSU app. - See more at: http://www.w0lfdroid.com/2013/12/Fix-Root-Problem-on-Android-4.3-for-Galaxy-S3-S4-Note2-Note3.html#sthash.LXn6R3r4.dpuf
"Unfortunately, SuperSU has stopped"

 ကျနော်တို့ ဖုန်းထဲကိုတချက် ၀င်ကြည့်ပါ 
Settings / More / Application manager, Swipe to DISABLED tab and Enable SuperSU app
ဆိုပြီးတချက် ကလ်စကြည့်ပါ...နော်  အိုကေ သည်တော့ ဖြစ်နေတဲ့  Knox Problem ကို
ဘယ်လို ဖြေရှင်းကြမလဲ...အောက်ကတိုင်းပေါ့..
မိမိတို့ ဖုန်းကနေ Playstore ကိုဝင်ပြီး SuperSu app လေးကို ဒေါင်းရမှာဖြစ်ပါတယ်...
သည်မှာ ဒေါင်းယူနိုင်ပါတယ်

အိုကေ ဒေါင်းပြီးတာနဲ့ Install လိုက်ပါ သူကပထမဆုံးမေးလာမှာကတော့
 သူက ဖွင့်လိုက်တာနဲ့ Update မေးလာမယ် အဲခါ Continue ကိုကလစ်ပေးလိုက်ပါ..

SuperSU will  detect Samsung KNOX security  သူကမေးလာမယ်  disable KNOX
 အဲခါ မှာတော့ "OK"  ပေးလိုက်ယုံပါဘဲနော်။
အိုကေ ပြီးတာနဲ့ Knox is successfully ဆိုပြီးပြလာပါမယ် ok  ပေးလိုက်ပါနော်။
Install Successfully ဖြစ်တဲ့အတွက် reboot now မှာ  ok ပေးတာနဲ့ ဖုန်း reboot  ကျလာမယ်
အိုကေ နော်...မိမိတို့ ဖုန်းမှာ Root ပေါက်သွားပါပြီဗျာ....
ကဲ အောက်မှာ လိုအပ်တဲ့ ဆော့ဝဲလ် app လေးတွေကို လက်ဆောင်ပေးလိုက်ပါတယ်နော်
     Android အတွက် အသုံးတည့်တာလေးတွေပါ

  1. Odin3 v3.09
  2. Samsaung Driver
  3. Samsaung Kies
  4. Update SuperSu
  5.  Vroot
  6. Cf Auto Root
  7. MMSD Smart Zawgyi
  8. MMFont Installer
  9. Bagankeyboard Pro

ကဲ လက်ဆောင်လေးတွေကို ဒေါင်းပြီး သိမ်းထားကြပါနော်..အချိန်ရမှဘဲ
Android တွေအတွက် လိုအပ်တဲ့ App လေးတွေကို အကုန် စုထားပေးပါ့မယ်...တာ့တာ

<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Advertise Here !

Software Full Version Download and Tech News Update
Program Blocker ဟာ Windows 7 , 8 မှာ အခြားသူတွေ အသုံးမပြုစေချင်တဲ့ App တွေကို ဖွင့်လို့မရအောင် ပိတ်ထားပေးနိုင်ပါတယ်။ ဒါ့အပြင် အခြားသူတွေ မိမိခွင့်ပြုချက်မရဘဲ Program တွေ အင်စတော လုပ်ခြင်း ကိုလည်းပိတ်ထားပေးနိုင်ပါတယ်။

Program Blocker ဟာ The Windows Club ရဲ့ Portable Freeware တစ်ခုဖြစ်ပါတယ်။ အခြားသူတွေ အသုံးမပြုစေချင်တဲ့ Program တွေကို Password နဲ့ ပိတ်ထားနိုင်ပါတယ်။ Program Blocker ရဲ့ User Interface ဟာ Microsoft ရဲ့ Metro UI ကို အခြေခံ ပြုလုပ်ထားပါတယ်။ အရောင် နဲ့ ခလုတ် တွေက Windows 8 App တွေနဲ့ ဆင်တူပါတယ်။
Password Protection

Program Blocker ကိုယ်တိုင် ကို Password နဲ့ ပိတ်ထားနိုင်တဲ့အတွက် သင်ကလွဲပြီး အခြားသူများ က Program Blocker ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Master Password တစ်ခု ပြုလုပ်ရမှာဖြစ်ပြီး Password မေ့သွားရင် Recover လုပ်နိုင်ဖို့ အီးမေး ပေးထားနိုင်ပါတယ်။
Block Applications

App တွေကို ပိတ်ခြင်းဟာ Program Blocker ရဲ့ အခြေခံ အလုပ်တစ်ခုဖြစ်ပါတယ်။ Windows Apps အားလုံး နီးပါး ကို ပိတ်ထားနိုင်ပါတယ်။ အသုံးပြုမှုများတဲ့ App ၃၅ ခုကို အလွယ်တကူ ပိတ်နိုင်အောင် Common Applications မှာ စာရင်းပြုစုပေးထားပါတယ်။ အခြား App တွေကို ပိတ်ဖို့အတွက် Add New ကို နှိပ်ပြီး exe ဖိုင် ကို ရွေးပေးရပါမယ်။ ပြီးရင် Blocked Applications ထဲ ထည့်ပေးရပါမယ်။ Program Blocker က Windows Task Manager , Registry Editor နဲ့ အချို့ System App တွေကို အလိုအလျှောက် ပိတ်ထားပေးပါတယ်။ System Apps တွေကို မပိတ်ဖို့ Settings ထဲမှာ ပြောင်းလဲနိုင်ပါတယ်။
Task Manager

Program Blocker က Task Manager ကို အလိုအလျှောက်ပိတ်ထားတဲ့ အကြောင်းအရင်း က Task Manager ကနေ Program Blocker ကို မပိတ်နိုင်အောင်ဖြစ်ပါတယ်။ Windows Task Manager အစား အသုံးပြုနိုင်ဖို့ Program Blocker မှာ Task Manager ထည့်သွင်းပေးထားပါတယ်။ Task Manager ကနေ Process တွေကို ပိတ်နိုင်ပါတယ်။ Ctrl+Shift+Esc ကို နှိပ်ပြီး Task Manager ကို အသုံးပြုနိုင်ပါတယ်။ Windows Task Manager ရဲ့ Shortcut Key ကိုပဲအသုံးပြုထားပါတယ်။
Hidden Mode

Program Blocker ရဲ့ Pop-Up Messages , Alerts တွေကို မပြပေးစေချင်ရင် Settings ထဲက Hidden Mode မှာ အမှန်ခြစ်ပေးထားနိုင်ပါတယ်။ အခြားသူတွေက သင် Program Blocker ကို အသုံးပြုထားမှန်း မသိအောင် ဖြစ်ပါတယ်။ Hidden Mode က Program Blocker ကို Taskbar, Notification Tray စတာတွေမှာ ဖွက်ထားပေးနိုင်ပါတယ်။ Hidden Mode ကို အသုံးပြုပေမယ့်လည်း Apps တွေကို ပိတ်တဲ့ သူ့အလုပ် ကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပိတ်ထားတဲ့ App တစ်ခုကို ဖွင့်ရင်လည်း Message တွေပေါ်လာမှာ မဟုတ်ပါဘူး။ Hidden Mode ကို အသုံးပြုထားတဲ့ အခြေအနေမှာ Program Blocker ကို အသုံးပြုဖို့ တစ်ခုထဲသောနည်းလမ်း က Ctrl+T ကို နှိပ်ရမှာဖြစ်ပါတယ်။ Shortcut Key ကို Settings ထဲမှာ ပြုပြင်နိုင်ပါတယ်။
အပေါ်မှာ ဖော်ပြထားတဲ့ စွမ်းဆောင်ချက်တွေအပြင် အခြား စွမ်းဆောင်ချက်တွေလည်း ပါရှိပါသေးတယ်။ Program Blocker ကို အောက်က လင့် မှာ အခမဲ့ ရယူနိုင်ပါတယ်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
POST BY MMICT

Advertise Here !

Software Full Version Download and Tech News Update

Samsung Korea အလုံးတွေမှာ အင်တာနက် ပိတ်လိုက်ပေမဲ့ အင်တာနက် အော်တို

ပွင့်နေရင် ဖြေရှင်းနည်း၊ Data switch တော့ ပိတ်သွားပါတယ် ဒါပေမဲ့ အင်တာနက်

မြှားလေးက ရှိနေတုန်း အဲဒီတော့ ဖုန်းဘေစ်က အော်တို ဖျက်နေပါလိမ့်မည်။

(အဲဒီအတွက် ဖြေရှင်းနည်းလေး ရေးပေးလိုက်ပါတယ်)

===============================================

ဒီနည်းကို ကျွန်တော် အကြိမ်အမျိုးမျိုး ဖုန်းအမျိုးမျိုးစမ်းသပ်ခဲ့ပါတယ်။

အောင်မြင်တာကို တွေ့ရပါတယ် ဒီနည်းကို အသုံးပြုလိုက်တဲ့အတွက် 

မိမိဖုန်းကို ဖန်းဝဲလည်း ရေးစရာ

မလိုတော့ဘူး format လည်း ချစရာ မလိုတော့ဘူး။အဓိကက 

အင်တာနက် settings ပြန်ချိန်ပေးရမှာ ဖြစ်ပါတယ်။ 

settings>>More >> Mobile networks>>Access Point Names>>menus

key ကို (သုံးထပ်မျဉ်းကြောင်း) နှိပ်ပြီး Reset to default ကို လုပ်ပေးလိုက်ပါ

Restoring default APN settings လုပ်နေပါလိမ့်မည်။ခဏစောင့်လိုက်ပါ အင်တာနက်

အော်တိုတက်နေတဲ့ မြှားလေး ပျောက်သွားပါလိမ့်မည် ပျောက်သွားပြီဆိုရင် menus key

(သုံးထပ်မျဉ်းကြောင်း)ကို နှိပ်ပြီး New APN ကို နှိပ်လိုက်ပါ။ပြီးရင် အောက်ကပုံစံအတိုင်း

ချိန်ပေးလိုက်ပါ

Name -mptnet

APN - mptnet

Username - mptnet

Password - 12345

Authentication type - PAP or CHAP 

(ဒီကောင်ကိုတော့ ရွှေးပေးလိုက်ယုံပါဘဲ)

APN type - default (default ကိုတော့ စာရေးပေးရမယ်နော်)

ပြီးရင် menus key (သုံးထပ်မျဉ်းကြောင်း) ကို နှိပ်ပြီး Save လိုက်ယုံပါဘဲ................

ပြီးရင် မိမိဖုန်း Data switch ကို လုပ်ကြည့်ပါ အိုကေပါပြီခင်ဗျာ
 
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်credit-koye9992

Advertise Here !