March 2014
All Free Softwares, e-Books, Tutorials and Knowledges
iPhone 5S မှာ ပါတဲ့ Touch ID ဟာ သင့် iPhone ကို Unlock လုပ်ဖို့အတွက် အရင် အသုံးပြုနေကျ 4-digit PIN code တွေကိုအသုံးပြုစရာမလိုဘဲ သင့် လက်ချောင်း ကိုအသုံးပြုပြီးလွယ်ကူစွာ Unlock လုပ်ဖို့ပြုလုပ်ပေးထားပါတယ်။ iTunes , App Store တွေကနေ ပစ္စည်းတွေဝယ်ယူတဲ့အခါမှာလည်း Touch ID ကိုသုံးနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။ PIN Code တွေကိုအသုံးပြုနေကျသူတွေဆိုရင်တော့ Touch ID ဟာ ပိုမိုလွယ်ကူအဆင်ပြေလို့သင်သဘောကျမှာသေချာပါတယ်။ ဖုန်းကို Lock လုပ်မထားတတ်တဲ့သူတွေအတွက်လည်းTouchID ကအသုံးပြုချင်စရာကောင်းအောင်စွဲဆောင်နိုင်ပါတယ်။

Touch ID ကို Setup လုပ်ရတာလွယ်ကူလှပါတယ်။ Settings>General>Touch ID & Passcode>Touch ID ကိုသွားပြီးညွှန်ကြားချက်တွေအတိုင်းပြုလုပ်ပါ။ Touch ID ကို အသုံးပြုရတာလွယ်ကူပေမယ့် ပိုမိုကောင်းမွန်စွာအသုံးပြုဖို့နည်းလမ်းတွေရှိပါတယ်။

လက်ချောင်းတွေကို နှစ်သက်တဲ့ အနေအထားနဲ့ Scan လုပ်နိုင်ပါတယ်။

သင့်လက်ချောင်းတွေကို Touch ID မှာ မှတ်ပုံတင်ဖို့ပြုလုပ်တဲ့အခါမှာ ပဲဖြစ်ဖြစ် ၊ Touch ID ကို အသုံးပြုပြီး Unlock လုပ်တဲ့ အခါမှာပဲဖြစ်ဖြစ် ပုံမှန်အနေအထားအတိုင်းပြုလုပ်စရာမလိုဘဲ နှစ်သက်ရာ အနေအထားနဲ့ ပြုလုပ်နိုင်ပါတယ်။ Touch ID က 360 ဒီဂရီ အနေအထားကို ဖတ်နိုင်ပါတယ်။

အများဆုံးလက်ချောင်းငါးချောင်း အထိ မှတ်ပုံတင်နိုင်ပေမယ့် အနည်းငယ်ပဲ မှတ်ပုံတင်ပါ။

Touch ID မှာ အများဆုံး လက်ချောင်းငါးချောင်းအထိ မှတ်ပုံတင်ထားလို့ရပါတယ်။ ဒါပေမယ့် လက်ချောင်းများများ  မှတ်ပုံတင် ထားလေလေ Scan လုပ်တဲ့အချိန် ကြာမြင့်လေလေဖြစ်ပါတယ်။ Touch ID ကမှတ်ပုံတင်ထားတဲ့ လက်ချောင်းတွေအများကြီးနဲ့လိုက်တိုက်စစ်နေရလို့ဖြစ်ပါတယ်။အဲဒီအတွက် လက်ချောင်း အနည်းငယ်သာမှတ်ပုံတင်ထားသင့်ပါတယ်။

လက်ချောင်းတွေကို ခွဲခြားပါ။

လက်ချောင်းတွေ တစ်ခုထက်ပို မှတ်ပုံတင်ထား မိပြီးဘယ်လက်ချောင်းက ဘယ် Fingerprint ဆိုတာ မသိတော့ဘူးဆိုရင် Touch ID Settings ထဲသွားပြီး လက်ချောင်းကို Scan လုပ်ပါ။ဒါဆိုရင် သက်ဆိုင်ရာ Fingerprint ကို ပြပေးပါမယ်။

ငါး ကြိမ် အထိကြိုးစားပါ။

Touch ID ကိုအသုံးပြုပြီးသင့်ဖုန်းကို Unlock လုပ်ဖို့ကြိုးစားတဲ့ အခါမှာ  သုံးကြိမ်အထိ အဆင်မပြေသေးရင် PIN Code ထည့်ဖို့ပြောပါလိမ့်မယ်။ Touch ID ကိုအသုံးပြုဖို့ ခွင့်ပြုထားတဲ့ အကြိမ်အရေအတွက် ဟာ ငါး ကြိမ် ဖြစ်တဲ့အတွက် သင်ကြိုးစားဖို့ နှစ်ကြိမ် ကျန်ပါသေးတယ်။

Home Button တစ်ခုလုံးကို ခြုံငုံပြီး အသုံးပြုပါ။

Touch ID ဟာ သင့်လက်ချောင်းတွေကို ကောင်းမွန်စွာ Scan လုပ်နိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်လေ မှာ အဆင်မပြေတာတွေလည်းဖြစ်တတ်ပါတယ်။အဲဒီလိုအခြေအနမှာ သင့် လက်ချောင်း ကို Home Button တစ်ခုလုံးအပေါ်မှာခြုံငုံ ပြီး အသုံးပြုပါ။

iPhone 5S အသုံးပြုနေတဲ့သူတွေ ဆိုရင်လည်း အတွေ့အကြုံကိုမျှဝေခဲ့ပါအုံး။
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
ref:MMICT
All Free Softwares, e-Books, Tutorials and Knowledges
Huawei G730-C00 အချို့မှာ Network Lock ကျတတ်ပြီး မြန်မာစာကလည်း သိပ်အဆင်မပြေတာတွေ့နေရလို့ Global Mobile Phone Wholesale က Ko Ye Min Ko ရေးထားတဲ့ Huawei G730-C00 Network Unlock and Myanmar Font Installer လေးကို ပြန်လည် မျှဝေလိုက်ပါတယ်..

  • ဒီ Tool ကိုသုံးဖို့ မိတ်ဆွေရဲ့ G730 ဟာ Root ဖောက်ထားဖို့လိုအပ်ပါမယ်.. 
  • USB Debugging On ပြီး ကွန်ပျူတာနဲ့ချိတ်ကာ ဒီ Tool ထဲက G730-C00 networkunlock and font.bat ကို Run ပေးလိုက်ပါ..
  • ကီးဘုတ်ပေါ်ကနေ 1 ကိုနှိပ်ရင် Network ကို Unlock လုပ်ပေးမှာဖြစ်ပြီး 2 ကိုနှိပ်ရင်တော့ မြန်မာစာ ထည့်သွင်းပေးပါမယ်.. ဖုန်းထဲက Font တစ်ခုခုကို Replace လုပ်ပြီး မြန်မာစာထည့်သွင်းထားတယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး.. မြန်မာစာနဲ့ပတ်သက်လို့ ဘာမှ မလုပ်ဘဲထားမှသာ ဒီ Tool က အဆင်ပြေပြေနဲ့ မြန်မာစာ မြင်ရစေမှာဖြစ်ပါတယ်...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges


Huawei C8815 Sim Card လိုင်းမတက်ရင် ပြင်ဆင်ဖို့ apk ပါခင်ဗျ ၊
ပုံကိုကြည့်ရင်ပဲ သိသာပြည့်စုံနေပါပြီ။ 

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org






Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
ကားနည်းပညာနဲ့ပတ်သက်တာလေး တင်ပေးပါအုံးဆိုလို့ ရှာဖွေ တင်ပေးလိုက်ပါတယ်.. မောင်ပေါက်ကတော့ ကားအကြောင်းဘာမှ မသိပါ.. ကာဆိုလို့ ဆိုက်ကားတောင် ကိုယ်ပိုင်မဝယ်နိုင်ပါ...
=

ပရိုဘောက်ကားစီမံကိန်းကို ၁၉၉၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်အကောင်ဖော်ခဲ့ကာ ပရိုဘောက်ကားများကို ၂၀၀၂ ခုနှစ်တွင် ဂျပန်ဈေးကွက်တွင်စတင်ရောင်းချ အသုံးပြုခဲ့ပြီး...5 Door Wagon body style နှင့် Commercial Wagon class ကားအမျိုးအစားဖြစ်ပါသည်။ Eigine အမျိုးအစားများမှာ 1NZ-FE VVT-i (1500cc)နှင့် 2NZ-FE VVT-i (1300cc) အမျိုးအစားနှစ်မျိုးရှိပြီး မြန်မာပြည်တွင် ၁၃၀၀အားနှင့် ၁၅၀၀ အားဟုသာ အကြမ်းဖြင်းအားဖြင့် ခွဲခြားခေါ်ဆိုပါသည်။ Succeed မှာပရိုဘောက်၏ နောက်ဆုံမျိုးဆက်ဖြစ်ကာ ၁၅၀၀စီစီ အင်္ဂျင်တစ်မျိုးသာလာပါသည်။

ယခုအကြောင်းအရာသည် ပရိုဘောက် ၁၃၀၀စီစီ ကားများ မီးလောင်နိုင်သောအကြောင်းရင်းများကို အတတ်နိုင်ဆုံးလေ့လာတင်ပြသွားမည် ဖြစ်ပါသောကြောင့်... 2NZ-FE VVT-i (Variable Valve Timing and intelligence system)Engine ၏ VVT-i စနစ် ဖွဲ့စည်းအလုပ်လုပ်ပုံ၊ပရိုဘောက် ၁၃၀၀ တွင်တပ်ဆင်ထားသော ဆီ၊ရေ၊လေ၊မီးစနစ်နှင့် အိတ်ဇောပိုက်(Exhaust Manifold)အကြောင်း၊ အင်းတက်(Intake Manifold) ဖွဲ့စည်းထားပုံ၊ EVAP (Evaporative Emission Control system)စနစ်အလုပ်လုပ်ပုံ၊ CC(Charcoal Canister)ဆီငွေ့သိုလှောင်ဗူး တည်ရှိပုံနှင့် အလုပ်လုပ်ပုံ၊ ရေတိုင်ကီနှင့် Cooling Fan ပန်ကာအကြောင်း၊Water Temperature light ရေအပူချိန်ပြမီး အလုပ်လုပ်ပုံနှင့် ဒိုင်ခွက်အတွင်းတည်ရှိပုံတို့ကို တင်ပြကာ သုံးသပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဒီအကြောင်းအရာကို ကျွန်တော်နှင့် ကျွန်တော်ဆရာများဖြစ်သော ချင်းရိုင်းခရိုင် တွင် တည်ရှိသော ဝပ်ရှော့လုပ်သက်(၄၀) ကျော်၊ ယခု အသက် ၆၀ ကျော်ရှိ ချင်းရိုင်းမှ ဆရာနှင့် အဓိကဆွေးနွေးကာ ဘန်ကောက်ရှိ မော်တော်ယာဉ် နည်းပညာတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းခဲ့ကာ ယခု EFI ကားများကိုသာ အဓိကပြုပြင်သော ဝပ်ရှော့ဖွင့်ထားသော ဆရာထံတင်ပြ ဆွေးနွေးပြီး သုံးသပ်ချက်ရယူပါသည်။ကျွန်တော့်ဆရာများမှာ ကားကိုမမောင်းစမ်းကြည့်ရသော်လည်း ပရိုဘောက်ကား အင်္ဂျင်ခန်း၊အတွင်းခန်း၊ ရေအပူချိန်ပြမီးတည်နေရာ ဓါတ်ပုံများစွာဖြင့်ဆွေးနွေးပြီး ကျွန်တော်တစ်ဦးတည်းသာ ကားကိုမောင်းစမ်းကြည့်ခြင်း၊ကားကို သေချာစွာ စစ်ဆေးကြည့်ရှု့ခဲ့ခြင်းကြောင့် အားနည်းချက်ရှိခဲ့သော် ကျွန်တော်တစ်ဦးတည်း၏ အားနည်းချက်သာဖြစ်ပါကြောင်း ဝန်ခံပါသည်။ အတတ်နိုင်ဆုံး အဖြစ်နိုင်ဆုံးနည်းလမ်းများကို သုံးသပ်ပြီးမှ ပရိုဘောက်ကား ပိုင်ရှင်များအတွက် စိတ်ချလုံခြုံနိုင်သော နည်းလမ်းများကို သုံးသပ်တင်ပြခြင်း ဖြစ်ပါသည်။ကားရှင်များနားလည် သဘောပေါက်စေရန် အတတ်နိုင်ဆုံး ရှင်းလင်းတင်ပြသွားပါမည်။

2NZ-FE VVT-i Engine ၏ VVT စနစ်အလုပ်လုပ်ပုံမှာ အင်္ဂျင် Camshaft ကင်းမရှပ်တွင် VVT Pulley ပါရှိပြီး ထိုပူလီအတွင်းတွင် Helical Spline များကို Lock pin ဖြင့်ထိန်းချုပ်ထားကာ Carkshaft Position Sensor, VVT Sensor, Throttle Position Sensor, Mass Air Flow Sensor, Vehicle Speed Sensor, Coolant Temp Sensor, တို့မှ ပေးပို့သောအချက်အလက်များကို ECM(Engine Control Module Box) မှ OCV(Oil Control Valve) သို့ပေးပို့ပြီး OCV နှင့် VVT ပူလီတို့မှ အင်္ဂျင်၏လိုအပ်ချက်အရ ကင်းမရှပ်မှတစ်ဆင့် အင်းတက်နှင့် အိတ်ဇောဘားတိုင်ပင်ကို အနည်းငယ်မျှ လိုအပ်သလို အတိုး အလျော့လုပ်ကာ ထိန်းချုပ်ပေးနိုင်ပါသည်။

ပထမအချက်အဖြစ် ကျွန်တော်နှင့် ဆရာများက VVT စနစ် ချို့ယွင်းချက်ရှိ၍ ဘားတိုင်ပင်အောက်ကာ ကားမီးလောင်နိုင်ခြင်း ရှိ/မရှိ သုံးသပ်ကြရာတွင် VVT စနစ် ချို့ယွင်းချက်ရှိလျှင် အင်္ဂျင်ချက်မီး အဝါလေးသည် ချက်ချင်းလင်း လာကာ အင်္ဂျင်လည်း မဆွဲတော့ကာ အင်းတက်သို့ Backfire ဖြစ်သော အသံများဖြစ်သော ဖုန်း ဖုန်း အသံများကြားရမည်ဖြစ်သည်။ ယာဉ်မောင်းက သတိမပြုမိ၍ ဆက်မောင်းသွားသည့်တိုင် 2NZ Engine ၏ ရေအပူချိန်ပုံမှန်ဖြစ်သော ၈၉ံC(Celcius) မှ ၉၃ံC အတွင်းတွင် မီးမလောင်နိုင်ဟု သုံးသပ်ပါသည်။အဘယ့်ကြောင့်ဆိုသော် ကျွန်တော်နှင့် ကျွန်တော်ဆရာများမှာ LPG Gas လောင်စာစနစ်ကို ဓါတ်ဆီကားများတွင် အသုံးပြုရန် တပ်ဆင်ပေးနေသည်မှာ ယခုတိုင်ဖြစ်ပြီး LPG Gas လောင်စာစနစ် အသုံးပြုသည့်ကားများသည် Distributor မီးတိုင်ပင်ကို တင်မထားပါက Intake backfire explosion ဖြစ်ကာ ပေါက်ကွဲတတ်ပြီး ၎င်းကဲ့သို့ ပေါက်ကွဲပါက မီးတိုင်ပင်အုံပါသောကားနှင့် VVT စနစ်ပါသော ကားများတွင်ပါ Air cleaner box ကော်ဗူးသာကွဲသွားပြီး မီးမလောင်တတ်ပါ... ထိုင်းတွင်မီးလောင်သော Gas လောင်စာသုံးကားအနည်းငယ်မှာ... NGV Gas လောင်စာစနစ်ဖြစ်ပြီး ထို Gas အမျိုးအစားမှာ တွန်းကန်အား အလွန်မြင့်မားကာ Gas ပိုက်ဆက်များမှ ဂက်စ်ယိုစိမ့်မှု့ကြောင့်သာ မီးလောင်ခြင်းဖြစ်ကာ Intake backfire explosion ဖြစ်၍ လောင်ခြင်းမဟုတ်ပါ...LPG Gas injector လောင်စာစနစ် တပ်ဆင်ပြီးချိန်တွင် Gas ECU control box remapping လုပ်ချိန်တွင် လက်တော့အား ကားပေါ်တင်ကာ တစ်ယောက်မောင်း တစ်ယောက်မှ remapping လုပ်ရာတွင်လည်း backfire explosion ဖြစ်သည့်အခါများရှိခဲ့ပြီး မီးလောင်ခြင်းမရှိခဲ့ပါ။ထို့ကြောင့် အင်္ဂျင်ပုံမှန် အပူချိန်တွင် VVT စနစ်ချို့ယွင်း၍ Intake backfire explosion ဖြစ်နိုင်သော်လည်း ကားမီးလောင်ရန် မဖြစ်နိုင် သလောက်ကို အလွန်ခဲယဉ်းပါသည်ဟု ကျွန်တော်နှင့် ဆရာများက သုံးသပ်ပါသည်။

ဒုတိယအချက်အနေဖြင့် 2NZ Engine ၏ EVAP((Evaporative Emission Control system) စနစ်ကို ရှင်းလင်းတင်ပြပြီး သုံးသပ်ပါမည်။ EVAP စနစ်ဆိုသည်မှာ ဆီတိုင်ကီအတွင်းရှိ အပူရှိန်နှင့် တစ်ခြားအကြောင်းများ ကြောင့်ထွက်လာသော ဓါတ်ဆီငွေ့ကို CC(Charcoal Canister) ဟုခေါ်သော ဆီငွေ့ပြန်ဗူးထဲတွင် သိုလှောင်ထားကာ ယာဉ်မောင်းနှင်နေစဉ် ဆီငွေ့ကို အင်းတက်အတွင်းသို့ ပေးပို့သောစနစ်ဖြစ်ပါသည်။ ထိုဆီငွေ့ပြန်ဗူးကို အိတ်ဇောအနည်းငယ် နီးကပ်သောနေရာတွင်ထားကာ ဆီတိုင်ကီမှ လာသောဆီငွေ့ကို ဗူးအတွင်းအပြည့်နီးပါးရှိ ကာဗွန်ခဲငယ်များ အတွင်းဖြတ်သန်းစေကာဆီငွေ့ကို ပူနွေးစေပြီး အင်းတက်အတွင်းသို့ EVAP Purge Valve Solenoid မှ အင်္ဂျင်၏ ရေအပူချိန်ပုံမှန်သို့ရောက်ချိန်တွင် ECM ၏ထိန်းချုပ်မှု့ဖြင့် ၁ စက္ကန့်တွင် ၂/၃ ခါ ဖွင့်လိုက် ပိတ်လိုက်ပြုလုပ်ကာ အင်းတက် Throttle Body သို့ ပို့ပေးခါ အင်္ဂျင်ဆွဲအားကောင်းစေရန်နှင့် ဆီစားအနည်းငယ် သက်သာစေရန် အထောက်အကူပြုပါသည်။

ဆီတိုင်ကီမှ ဆီငွေ့ပြန်ဗူးသို့ လာရာပိုက်လိုင်းတွင် Cut and Check Valve အနည်းဆုံး တစ်ခုမှ နှစ်ခုအထိ တပ်ဆင်ထားကာ တိုင်ကီအတွင်းရှိ ဆီငွေ့များသာ ဗူးအတွင်းသို့ သွားနိုင်ပြီး၊ ဗူးအတွင်းရှိ ဆီငွေ့များမှာ ဆီတိုင်ကီအတွင်းသို့ လုံးဝ ပြန်မဝင်သွားနိုင်ပါ။ ဆီငွေ့ပြန်ဗူး ချို့ယွင်းချက်ပါက မောင်းနှင်နေချိန်တွင် ဗူးအတွင်းသို့ ပြင်ပြလေများသာဝင်ရောက်လာနိုင်ပြီး ဆီငွေ့များမှာ အပြင်သို့ ထွက်နိုင်ရန် အလွန်ခဲယဉ်းပါသည်။ မောင်းနှင်နေချိန်တွင် ဗူးအတွင်းရှိဆီငွေ့များအား အင်းတက်မှ အမြဲစုတ်ယူနေ၍ ဗူးအတွင်းတွင် ဆီငွေ့များမှာ မရှိသလောက်ပင်ဖြစ်ပါသည်။ နောက်တစ်ချက်မှာ ဆီငွေ့ပြန်ဗူးချို့ယွင်းချက်ရှိ၍ ပြင်ပလေ အင်းတက်အတွင်းသို့ ဝင်ရောက်လာပါက အင်္ဂျင်ချက်မီးလင်းလာမည်ဖြစ်ကာ ကားလည်း မဆွဲတော့ပါ။အဲယားကလင်ဒါမှဝင်သောလေကို တိုင်းတာသော Mass Air Flow Sensor သည် အဲယားကလင်ဒါမှ ဝင်သောလေနှင့် အင်္ဂျင်ထဲ ဝင်ရောက်လာသောလေ မညီမျှပါက ECM မှတွက်ချက်ကာ အင်္ဂျင်ချက်မီး လင်းစေရန် W (Engine Warning Light) မီးကြိုးသို့ မီးပို့ကာ ချက်မီးလင်းစေပါသည်။ Mercedes Benz ကားများဆိုလျှင် ဆီငွေ့ပြန်ဗူး မကောင်းပါက အနည်းငယ်မောင်းလိုက် ထိုးရပ်လိုက်ပင်ဖြစ်ပါသည်။

ဆီငွေ့ပြန်ဗူးကို အိတ်ဇောနှင့်ဝေးရာသို့ ရွေ့ပြောင်းထားလိုက်ပါက အင်္ဂျင်သတ်မှတ်အပူချိန်ရောက်ချိန်တွင် EVAP Valve Solenoid စတင်အလုပ်လုပ်ကာ အင်းတက်သို့ ဆီငွေ့စတင်ပို့ပေး ချိန်၌ အင်္ဂျင်စလိုး(slow rpm) ဖြစ်သော အင်္ဂျင်အပတ်ရေ ၅၀၀ မှ ၇၀၀ အတွင်း တွင် အင်္ဂျင်အနည်းငယ် တုန် တုန်သွားသည်ကို တွေ့ရပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆီငွေ့သည် လိုအပ်သော အပူချိန်မရရှိသောကြောင့် ဆီငွေ့စတင်ကာဝင်ရောက်ချိန်တွင် အနည်းငယ်ဆီများသလိုဖြစ်သွားသောကြောင့် တုန်သွားခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆီငွေ့ပြန်ဗူးများကို နေရာမရွေ့ပြောင်းရန် အကြံပေးလိုပါသည်။ အင်္ဂျင်သာမန်အပူချိန်တွင် ဆီငွေ့တင်သာမက ဓါတ်ဆီများပါ ပိုက်ပေါက်၍ အပြင်ထွက်လာပါက ကားသာရပ်သွားမည်ဖြစ်ကာ မီးမလောင်နိုင်ပါ။

တတိယအချက်အနေဖြင့် မီးလောင်နိုင်သော အကြောင်းရင်းများကို စဉ်းစားသုံးသပ်ရာတွင် (၁)Catalytic Converter တွင်ကာဗွန်မှုန့်များ ပိတ်သောကြောင့်ဖြစ်ပါသည်။ ကားဆွဲအနည်းငယ်ကျကာ Catalytic Converter ပိတ်သည်ဟု ယူဆသော ကားများကို ညအချိန်တွင် လေးချောင်းထောက် ကားမသည့်စင်ပေါ်တင်၍ Converter ပိတ်/မပိတ်ကို ကျွန်တော်တို့သည် စမ်းကြည့်နေကျဖြစ်ပါသည်။ စင်ပေါ်တင်ကာစမ်းရာတွင် Converter ပိတ်သောကားများမှာ ကားစက်နိုးကာ အင်္ဂျင်အပတ်ရေ ၁၅၀၀ မှ ၂၀၀၀ အကြားနင်းထားချိန်တွင် ၁၅ မိနစ်ကျော်လျှင် Catalytic Converter နေရာမှစကာ ရှေ့အင်္ဂျင် Exhaust Manifold အိတ်ဇောပိုက်နေအထိ တောက်လျှောက် မီးသွေးတုံးမီးဖုတ်ထားသကဲ့သို့ ရဲလာသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထိုအပူချိန်သည် ဓါတ်ဆီ၊ ဆီငွေ့တင်သာမက အဝတ်စ ပလပ်စတစ် ကော် အမှိုက်ဘာကျကျ မီးလောင်နိုင်သောအပူချိန်ဖြစ်ပါသည်။ပရိုဘောက်ကားများမှာ ပျှမ်းမျှသက်တမ်း အားဖြင့် ၁၀ နှစ်ကျော်နေပြီး မသန့်သော ဆီများထည့်ကာမောင်းနှင်မိပါက ကာဗွန်မီးခိုးအမှုန်များ ပိုမိုထွက်လာကာ Catalytic Converter ပိတ်ရန် အကြောင်းအရင်းများပါသည်။ကျွန်တော်တို့ဆီတွင် သက်တမ်း ၅ နှစ်ကျော်လာသော ကားများပင် Catalytic Converter ပိတ်တတ်သေးရာ သက်တမ်း ၁၀ နှစ်ကျော်သော ကားများမှာ Catalytic Converter ပိတ်ရန် အကြောင်းရင်းပိုများပါသည်။ သို့သော် ပရိုဘောက်ကားများသည် ရုတ်တရက် ဟုန်းကနဲ မီးအလုံးအရင်းဖြင့် ထလောင်ခြင်းဖြစ်ရာ ထိုကဲ့သို့ ဖြစ်စေနိုင်သော အခြားအကြောင်းအရင်းများကိုလည်း စဉ်းစားကြည့်ရဦးမည်ဖြစ်ပါသည်။

ဟုန်းကနဲ မီးအလုံးအရင်းဖြင့် မီးလောင်စေနေနိုင်သော အခြားအကြောင်းရင်းမှာ Catalytic Converter ပိတ်သောအကျိုးဆက်ကြောင့် ၁၃၀၀အင်္ဂျင်မှာ အိတ်ဇောငွေ့များကို ပိုမိုတွန်းထုတ်ကာ အလုပ်လုပ်ရသောကြောင့် ရေအပူချိန်အလွန်အမင်းမြင့်မားလာကာ ရေဆူ၍ အင်္ဂျင်နှင့် အင်္ဂျင်ခန်းအပူချိန် အလွန်မြင့်မားလာသောကြောင့်ဖြစ်ပါသည်။ ပရိုဘောက်ကားများမှ ဒိုင်ခွက်အတွင်းတါင် ရေအပူချိန်ပြ မီတာမှာမပါရှိဘဲ ရေမီတာအစား ရေအပူချိန်ကို ပြဒါးတိုင်ပုံစံ မီးအပြာရောင် အနီရောင်ဖြင့်သာ ပြပါသည်။ရေအေးနေချိန်တွင် အပြာရောင်ထွက်လာပြီး ပုံမှန်အပူချိန်တွင် ဘာမှမပြကာ ရေအပူချိန်မြင့်မားလာချိန်တွင် အနီရောင်မီးလေးဖြင့် သတိပေးပါသည်။ထိုမီးလေးမှာ ယာဉ်မောင်းနှင်နေချိန်တွင် စီယာတိုင်ဂွေဖြင့် ကွယ်နေတတ်ကာ သတိထား၍ ဂရုစိုက်ကြည့်မှသာ မြင်ရပါသည်။ တောင်တက်လမ်းနှင့် ဟိုက်ဝေးလမ်းမများပေါ်တွင် အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေချိန်တွင် ထိုမီးကို ခဏ ခဏ ငုံ့ကြည့်ရန် ခက်ခဲကာ မိမိအန္တာရယ်ကို ဖိတ်ခေါ်နေသကဲ့သို့ပင်ဖြစ်ပါသည်။ နောက်တစ်ချက်ရေဆူ နိုင်သော အကြောင်းရင်းမှာ ၁၃၀၀ အင်္ဂျင်နှင့်မမျှအောင် လူနှင့်ဝန်များတင်၍ ရုန်းရသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ Catalytic Converter မပိတ်ဘဲ သာမန်ရေဆူချိန်တွင် ရေအပူချိန်မီးကို သတိမပြုမိ၍ ဆက်မောင်းပါက ကွန်နတင်း၊ ကရိုင်း ဘယ်ရင်များသာ ပျော်သွားမည်ဖြစ်ကာ မီးမလောင်နိုင်ပါ။အထက်ဖော်ပြပါ အချက်နှစ်ချက်ဖြင့် လည်းပရိုဘောက်ကား ရုတ်တရက် ဟုန်းကနဲ မီးထမလောင်နိုင်သေးပါ။

မီးလောင်နိုင်စေရန် တတိယအချက်မှာ Catalytic Converter ပိတ်၍ အင်္ဂျင် အပူချိန်အလွန်အမင်း မြင့်မားကာရေဆူ၍ အင်္ဂျင်ခန်း အပူချိန်လွန်ကဲလာ ချိန်တွင် သက်တမ်း ၁၀ နှစ်ကျော်ပြီဖြစ်သော Pressure Fuel Pump ရာဘာပိုက်မှာ အပူချိန်လွန်ကဲသောကြောင့် ရုတ်တရက် ပေါက်ကွဲခြင်း(သို့) ဆီယိုစိမ့်ခြင်းဖြစ်ကာ ရုတ်တရက်ဟုန်းကနဲ မီးလောင်ရန်မှာ အဖြစ်နိုင်ဆုံး ဖြစ်နိုင်ပါသည်။ထို Pressure Pump ဆီပိုက်များကို အသစ်လဲရာတွင် တော်ရုံကောင်းမွန်သော ပိုက်ကလစ်ဖြင့် ထည့်ကြပ်သည့်တိုင် ဆီတွန်းကန်အား များလွန်းသဖြင့် ဆီယိုစိမ့်တတ်သောကြောင့် ပိုက်ကလစ် အကောင်းစားများ ထည့်ကာ ကြပ်ရသဖြင့် ဆီတွန်းအားများ မများကို ခန့်မှန်းနိုင်ပါသည်။ ပရိုဘောက်ကားများတွင် ပိုက်ဆက်ကို O Ring နှင့် ကော်ကလစ်ကို အသုံးပြုထားပါသည်။ဆီပိုက်ပေါက်လျှင်(သို့) ယိုစိမ့်လျှင် ကားမောင်းမရသည်မှာ မှန်သော်လည်း ဆီအပြင်သို့ ထွက်ချိန်နှင့် မီးလောင်ချိန်မှာ တစ်ချိန်တည်းဖြစ်ကာ ထိုအချက်ကို သတိပြုမိရန် အလွန်ခက်ခဲပါသည်။ထိုကဲ့သို့ အင်္ဂျင်ခန်းအပူချိန် အလွန်မြင့်မားလာချိန်တွင် ဆီ ဆီငွေ့ ရှိသော မည်သည့်နေရာမှမဆို မီးလောင်နိုင်ပါသည်။

ထို့ကြောင့် ပရိုဘောက်ကား မီးလောင်ရန်မှာ (၁)Catalytic Converter ပိတ်ခြင်း (၂)Catalytic Converter ပိတ်သောကြောင့် အင်္ဂျင်အပူချိန်အလွန်မြင့်မားကာ ရေခန်း၍ အင်္ဂျင်ခန်း အပူချိန် အလွန်မြင့်မားလာခြင်း (၃)အင်္ဂျင်ခန်းအပူချိန်အလွန်မြင့်မားလာသော အပူချိန်ကြောင့် ဆီပိုက်ပေါက်၍(သို့)ယိုစိမ့်၍ Catalytic Converter ပိတ်ကာ မီးကဲ့သို့ နီရဲနေသော အိတ်ဇောပေါ်သို့ ဆီကျခြင်းကြောင့် လောင်ရပါသည်ဟု သုံးသပ်ပါသည်။

ကာကွယ်ရန်အချက်များ (၁) Catalytic Converter ကိုဖြုတ်၍ ရေအားပြင်းသောရေပန့်ဖြင့်ထိုးကာ လေအားပြင်းပြင်ဖြင့် မှုတ်လျှင် လုံးဝနီးပါး ပိတ်နေခြင်းမှ သက်သာလာမည် ဖြစ်ပါသည်။သို့သော် အသစ်ကဲ့သို့တော့ ပွင့်မည်မဟုတ်ပါ။ကျွန်တော်တို့ဆီတွင် Catalytic Converter ပိတ်ပါက အသစ်ဖြတ်လဲပါသည်။အသစ်သည် အနည်းဆုံး (၅)ကျော်တော့ သုံးနိုင်မည်ဖြစ်ပါသည်။ Catalytic Converter ကိုလုံးဝ ဖြုတ်မထုတ်သင့်ပါ။Catalytic Converter မရှိပါက မီးခိုးငွေ့များသည် အပြင်သို့ တိုက်ရိုက်ရောက်သွားသောကြောင့် ယာဉ်ထူထပ်သော မြို့ကြီးများတွင် လေထုညစ်ညမ်းစေပါသည်။

(၂)အင်္ဂျင်ရေအပူချိန်တက်ကာ ရေဆူခြင်းမှ ကာကွယ်နိုင်ရန် Thermostart သာမိုစတတ်များးကို စစ်ဆေးကာ မကောင်းလျှင် အသစ်လဲခြင်း၊ ရေတိုင်ကီနှင့် ရေပိုက်လိုင်းများ ယိုစိမ့်မှု့ရှိမရှိ မကြာမကြာစစ်ခြင်း၊ ရေတိုင်ကီတွင် Toyota coolant ဆေးရည်ကိုသာ သတ်မှတ်အချိန်အဆအတိုင်း ထည့်သုံးခြင်း၊ (ရေတိုင်ကီ Toyota coolant သည် အခြားပြင်ပြထုတ် coolant များဖြစ်သော အစိမ်းနှင့် အပြာရောင်တို့နှင့်ရေသုံးက ရေအပူချိန်တက်စေပါသည်) ရေတိုင်ကီအောက်ဘက် ဘယ်/ညာ နှစ်ဘက်တွင် Cooling Fan အထိုင်နှင့် ရေတိုင်ကီကြားတွင် ကျွတ်စခံကာ ရေတိုင်ကီပန်ကာအုံအထိုင်နှင့် ရေတိုင်ကီ ရိုက်ကာ ရေတိုင်ကီပေါက်ခြင်းမှ ကာကွယ်ထားခြင်း၊ (ရေတိုင်ကီ ပန်ကာ အထိုင်နတ်သည် အပေါ်တွင် ၂ လုံးပါပြီး အောက်ဘက်တွင် အလည်တွင် တစ်လုံးတည်းထည့်ထားသောကြောင့် ရေပြန်ဗူးထည့်ထားသော ဘယ်ဘက်အောက်အခြမ်းသည် ပန်ကာအထိုင်နှင့် ရေတိုင်ကီ ပိုက်လိုင်းရိုက်နေကာ ပိုက်လိုင်းပေါက်တတ်ပါသည်)

(၃)ရေအပူချိန်ပြမီးသည် မောင်းနှင်နေချိန်တွင် ကြည့်ရန်ခက်ခဲသောကြောင့် ဒက်ဘုတ်ပေါ်တွင် ရေမီတာဒိုင်ခွက်တစ်ခု တပ်ဆင်ထားသင့်ပါသည်။ ရေမီတာဒိုင်ခွက်သည် ရေအပူချိန်အာရုံခံဆင်ဆာနှင့် အတွဲလိုက်ရောင်းသည်ကို ဝယ်မှသာ မီတာမှန်ပါသည်။ထိုအပိုမီးခေါင်းကို အင်္ဂျင်အပေါ်ရေပြန်ပိုက်နားတွင် ထည့်ဆင်ရမည်ဖြစ်ကာ မီတာတစ်ခုသာဝယ်၍ ECM ကွန်ထရိုးဘေက်သို့ ဝင်သော ရေအပူချိန်ဆင်ဆာမီးကြိုး THW မှ လုံးဝဖောက်မယူရပါ။

(၄)ပျှမ်းမျှ သက်တမ်း ၁၀ နှစ်ကျော်နေသော အင်္ဂျင် Injector ဆီပိုက်ကို ကုမ္ပဏီမှ အသစ်မှာယူ၍ လဲလှယ်သင့်ပါသည်။ပြည်တွင်းမှပစ္စည်းဖြင့်လဲလှယ် လျှင်လည်း အမျိုးအစားကောင်းသော High Pressure Fuel pipe ဖြင့်သာလဲလှယ်သင့်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။








အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Credit to : Online ကား ဝပ် ရှော့ နှင့် အ ဆင့် မြင့် ကား နည်း ပ ညာ အ ဖြာ ဖြာ ဝေ မျှ ရာ

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
iPhone/iPad က Mail App Icon မှာ ပေါ်နေတဲ့ Number တွေကို မြင်ရတာ စိတ်ညစ်စရာ ဖြစ်ပါတယ်။ အဲဒီ နံပါတ်တွေဟာ မဖတ်ရသေးတဲ့ အီးမေး အရေအတွက် ကိုဖော်ပြထားတာဖြစ်ပါတယ်။ Inbox ကို ရှင်းလင်းမှသာ အဲဒီနံပါတ်တွေပျောက်မှာဖြစ် ပါတယ်။ ဒီလိုရှင်းလင်းဖို့ Email App ကိုဖွင့်ပြီး အီးမေး တစ်ခုချင်းစီကို Mark as read အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရတာ အလုပ်တော်တော် ရှုပ်ပါတယ်။ အဲဒီအတွက် နောက်ထပ် နည်းတစ်ခုကို အသုံးပြုပါမယ်။

iDevice က Settings ကိုဖွင့်ပြီး Notification Center ကိုသွားပါ။ Mail App ကိုရှာပါ။

2
Mail App ထဲက Badge App Icon Setting ကို ရှာပြီး Off လုပ်ပေးပါ။ အောက်ကပုံမှာ ပြထားတာက On လုပ်ထားတာ ဖြစ်ပါတယ်။ Off လုပ်ပေးရပါမယ်။
3
အဲဒီ Settings Screen မှာ ပဲ Alerts တွေကို ပိတ်ထားလို့ရပါသေးတယ်။အခြား App Icon တွေမှာလည်း နံပါတ်တွေပေါ်နေလို့ ဖျောက်ချင်ရင် ဒီနည်း သုံးနိုင်ပါတယ်။
 
အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
POST BY MMICT
All Free Softwares, e-Books, Tutorials and Knowledges
iOS 7.0 ကနေ 7.0.6 ထိ JailBreak လုပ်နိုင်တဲ့ Evasi0n7 v1.0.8 ထွက်လာလို့ တင်ပေးလိုက်ပါတယ်.. iOS7.1 အတွက်တော့ မတွေ့သေးပါဘူးခင်ဗျာ..




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download For Windows : 16.2 MB
Download Link ( Box )
Download Link ( Mega )

Download For Mac : 15.8 MB
Download Link ( Box )
Download Link ( Mega )

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
28.3.2014 ရက်နေ့ကထွက်ရှိလာတဲ့ Huawei Y511-T00 Official Firmware ဖြစ်ပြီး Build Number B120 နဲ့ဆုံးပါတယ်.. Huawei Y511 (Y511-T00, Android 4.2, V100R001C112B120, China Mobile) ပါ...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download : 346.22 MB
Download Link 1
Download Link 2



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges

Hackers University Pro v2.2 APK လေးတင်ပေးလိုက်ပါတယ်။
Hacking ဆိုတဲ့နည်းပညာများကို သင်ကြားပို့ချပေးတဲ့ Apk လေးဖြစ်ပါတယ်။
အင်္ဂလိပ်စာကောင်းကောင်းတတ်ရင်တော့ သူငယ်ချင်းများအတွက် အလွန်အထောက်အကူဖြစ်စေမယ်ဗျာ။
သင်ကြားပေးတဲ့သင်ခန်းစာတွေက အခန်းပေါင်းမနည်းဘူးဗျာ..... စာအနေနဲ့ ဖတ်လို့ရသလို Video Tutorial လည်းပါတယ်ခင်ဗျ..  Website တွေကို SQL ထိုးနည်းတွေ, Facebook Hack နည်းတွေ
ဂိမ်းတွေ Hack နည်း , WiFi Hack နည်းတွေအပြင် Gmail ကို ဘယ်လို Hack မလဲ
ဆိုတာတွေပေါ့ဗျာ... BackTrack / Kali Linux သုံးပြီး ဘယ်လို Hack မလဲဆိုတာတွေကအစ အသေးစိတ်ပြထားပေးပါတယ်။
Play Store မှာတော့ ပိုက်ပိုက်နဲ့ရောင်းထားတာဖြစ်ပါတယ်။


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download : 4.48 MB
Download Link 1
Download Link 2
Download Link 3

Credit to : အိုင်တီအိပ်မက်

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
Huawei Y535-C00 version 4.3 ကို Root လုပ်စရာမလိုဘဲ Myanmar Font သွင်းဖို့ ဖုန်းမှာ USB Debugging ကို Enable လုပ်ထားပါ.. Unknown Source ကို Enable လုပ်ထားပြီး ကွန်ပျူတာနဲ့ ချိတ်ပါ.. ဒေါင်းလို့ရလာတဲ့ ဖိုင်ကိုဖြည်ထုတ်လိုက်ပြီး Huawei_Y535-C00 mmfont_without_root.exe ကို Run ပေးလိုက်ရုံပါပဲ.. ဒီ Tool ကိုရေးသားသူကတော့ DuWon Mobile က နိုင်လင်းဖြစ်ပါတယ်...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
ဇော်ဂျီဖောင့်ကိုသုံးထားပြီး Windows 7 မှာအသုံးပြုနိုင်တဲ့ Store Keeper v1.0 ကို Developer ဖြစ်တဲ့ New Stars ( မြောင်းမြ ) ကပေးပို့လာပါတယ်.. ဒီဗားရှင်းမှာ Login User name နဲ့ password ကို Default ပေးထားတာကလွဲလို့ စာရင်းထိန်းသိမ်းခြင်းအတွက် မြန်မာ/အင်္ဂလိပ် ဘာသာတွေနဲ့ စနစ်တကျ အသုံးပြုနိုင်မှာဖြစ်ပြီး လွယ်ကူရှင်းလင်းတဲ့အသွင်အပြင်နဲ့ မှန်ကန်တဲ့စာရင်းဇယားတွေကို ရရှိနိုင်ပါမယ်..
Database အတွက် - Microsoft SQL Server Compact 3.5 sp 2
သုံးထားပြီး Recipe (Voucher) အတွက် - Microsoft Report ကို သုံးထားတယ်.. .NET Framework 3.5 က Windows 7 မှာ ပါပြီးသားဖြစ်တော့ Requirement အနေနဲ့ User တွေအပေါ် ခက်ခဲမှုမဖြစ်စေပါဘူး..
Login
username - newstars
password - newstars
ဖြစ်ပါတယ်.. စမ်းသပ်သုံးစွဲဖို့  New Stars ( မြောင်းမြ ) က zin minn laht ပေးပို့လာတာကို တင်ပေးလိုက်ပါတယ်...
 





အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download : 12.9 MB
Download Link 1



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
Huawei Ascend C8816D ရဲ့ Build Number B180 နဲ့ဆုံးတဲ့ Official Firmware ပါ.. C8816D (C8816D,Android 4.3,Emotion UI V100R001C92B180) ဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download : 701.75 MB
Download Link 1
Download Link 2



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
26.3.2014 ရက်နေ့က ထုတ်ပေးလိုက်တဲ့ နာမည်ကြီး VRoot ရဲ့ ဗားရှင်းသစ် 1.7.6.5801 ကို ရယူနိုင်ပါပြီ..

Update Logs :
  • 1, to enhance millet, Samsung high pass success rate platform
    2, to enhance Lenovo, Huawei success rate
    3, improve the success rate of backgammon Xplay3S

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
Android Device တွေမှာ ဒီ apk လေးကိုထည့်ပြီး ၅ မိနစ်ပဲ Internet ဖွင့်ကြည့်လိုက်ပါ။ သင်ဟာ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ချက်ချင်းသိနိုင်ပါမယ်။ ဘာဖြစ်လို့ပါလဲ... ဒီ Application မှာ သတင်း၊ သုတ၊ ရသ၊ အားကစား၊ နည်းပညာ စတဲ့ Website/Blog/Facebook Page ပေါင်းများစွာကို တစ်စုတစ်စည်းတည်း ထည့်သွင်းထားလို့ပါပဲ...

 

နာမည်က All Updates Reader လို့ပေးထားပါတယ်.. ဗားရှင်း ( ၂ )မျိုးထုတ်လုပ်ထားပြီး White Version 1.0 နဲ့ Black Version 1.0 တို့ဖြစ်ကြပါတယ်..

White Version မှာပါဝင်တဲ့ Content List တွေကတော့ -
သတင်း
The Free Note    ၊  ရိုးရာလေး    8
RFA Burmese     ၊  မြန်မာ့အလင်း
အေးချမ်းမွန်         ၊  Myanmar Online News
MOI Webportal   ၊ Myanma-Spectrum   
Mizzima NEWS    ၊ Yangon Police
The Voice Weekly၊ သစ်ထူးလွင်


IT နည်းပညာ
မောင်ပေါက် (နည်းပညာ)  ၊  ဝင်းကမ္ဘာကျော်
MM IT Helper               ၊  မောင်(စွယ်စုံကျမ်း)
ညီနေမင်း ( နည်းပညာ )   ၊  အမျိုးကောင်းသား
ဝေမျှသူ                        ၊  ဘလော့ခရီးသည်
ပြည့်ဖြိုး ( MMITD )        ၊  ဆော့ဝဲမြို့တော်
Myanmar IT Developer ၊ Myanmar IT Sky

ဖုန်းနည်းပညာ
Forum XDA ၊ Android Central
ဖြိုးချမ်း  ၊ MMS Developer
ထိုင်းရောက် IT လူငယ်များ ၊  MMAS (Live)
MP Firmwares

Ebook Download

Myanmar Journal Download (Live) ၊  Free Download Myanmar E-Book၊
စာအုပ်စာပေလူ့မိတ်ဆွေ

အားကစားကဏ္ဍ
ဘောလုံးချစ်သူ         ၊  မန်ယူဖန်များအတွက်သီးသန့်နေရာ
အားကစားပဒေသာ    ၊  Myanmar Arsenal Fan
ကြေးပေါက် AsianBookie(Live)  ၊  Goals365 ( Live )
Football Score ( Live )

ကျန်းမာရေး၊အလှအပနှင့်ပျိုမေရေးရာ
ဒေါက်တာတင့်ဆွေ   ၊   ပျိုမေတို့သိစေဖို့
စတိုင်နှင့်ဖက်ရှင်ကဏ္ဍ ...

စသည်ဖြင့် ကဏ္ဍစုံလင်ပြီး အမြဲ Update ဖြစ်တဲ့ Website/Blog/Facebook Page တွေပါဝင်ပါတယ်...

Offline နဲ့ဖတ်မရလို့ Online မှာ တိုက်ရိုက် Live ကြည့်နိုင်အောင် Live လေးတွေထည့်ပေးထားပါတယ်.. ဘောလုံးပွဲရဲ့ Goal Score တွေ၊ ကြေးပေါက်တွေ၊ Forum XDA လို နည်းပညာဖိုရမ်ကြီးတွေကို တိုက်ရိုက် Live ကြည့်နိုင်မှာဖြစ်ပါတယ်...

အပေါ်က အချက်အလက်တွေအားလုံးဟာ All Updates Reader White Version 1.0 အတွက်ဖြစ်ပါတယ်...

White Version 1.0 Download Links: 3.34 MB
Mediafire    /     Solidfiles     /       DevHost

---------------------------------------
Black Version မှာ ပါဝင်တဲ့ Content တွေကတော့
အထက်မှာဖေါ်ပြခဲ့တဲ့ သတင်း၊ နည်းပညာ၊ ဖုန်းနည်းပညာ၊ အားကစား၊ ကျန်းမာရေးနှင့်ပျိုမေရေးရာတွေအပြင် အသက် ( ၁၈ )နှစ်အောက်နှင့် ဂုဏ်သရေရှိ လူကြီးမင်းများ မရကြည့်သင့်၊ မကြည့်အပ်တဲ့ အနုပညာဆိုင်ရာ ဓါတ်ပုံတွေ၊ Model တွေရဲ့ ပုံလှလှလေးတွေ၊ ခံစားသူအကြိုက် ဝတ္ထုတိုလေးတွေ၊ ကောင်းနိုးရာရာ ဗွီဒီယို ဆိုဒ်တွေ ပါဝင်ပါတယ်... ဒီဗားရှင်းနဲ့ပတ်သက်လို့ ကိုယ်ဟာ ဘာသာရေးခေါင်းဆောင်ဖြစ်တယ်၊ ဂုဏ်သရေရှိလူကြီးလူကောင်းဖြစ်တယ်၊ အမျိုးသမီးနဲ့ (၁၈)နှစ်အောက် လူငယ်ဖြစ်တယ်ဆိုရင် လုံးဝ မဒေါင်းပါနဲ့.. ဝေလည်းမဝေဖန်ပါနဲ့.. ဘာဖြစ်လို့လဲဆိုတော့ ဒီဗားရှင်းကို မဒေါင်းရင် ဒီဗားရှင်းနဲ့ပတ်သက်ပြီး ဝေဖန်စရာ မရှိဘူးလေ...



အားလုံးပဲ လောကကြီးရဲ့အကြောင်း၊ သာယာမှုနှင့် ပျော်ရွှင်မှုတွေ သိရှိခံစားနိုင်ကြပါစေ...

မောင်ပေါက်< Knowledge Note >
www.maungpauk.org

မနေ့ကတင်ပေးလိုက်တဲ့ All Updates Reader ဗားရှင်း (၂)ခုမှာ Black Version 1.0 ရဲ့ အရေးကြီး ဆိုဒ် ၂ ခုမှာ စာလုံးဝမကျခြင်း၊ အစီအစဉ်လွဲနေခြင်းတွေ ဖြစ်ခဲ့ပါတယ်... အဲဒါကို ပြန်ပြင်ပြီး ခု Black Version 1.1 ကို ပြန်တင်ပေးလိုက်ပါပြီ.. Video Live Download ဆိုဒ်ရဲ့ Download Speed ပိုမိုကောင်းမွန်သွားမှာလည်း ဖြစ်ပါတယ်... မနေ့က ဗားရှင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်အပ်ပါတယ်...


Black Version 1.1 Download :
MediafireSolidfiles  / DevHost


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

All Free Softwares, e-Books, Tutorials and Knowledges
Huawei Ascend G730-T00 ရဲ့ Build Number B135 နဲ့ဆုံးတဲ့ Official Firmware ကို မနေ့က 26.3.2014 ရက်နေ့က ထုတ်ပေးလိုက်ပါတယ်... Huawei G730-T00 firmware (G730-T00, Android 4.2, Emotion UI, V100R001CHNC01B135, China Mobile) ဖြစ်ပါတယ်..




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download : 629.38 MB
Download Link 1
Download Link 2



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges

မိတ်ဆွေတို့မှာယူထားတဲ့ Firmware တွေကို စာတိုက်/ကား တို့နဲ့ ပို့ပေးပြီးဖြစ်ပါတယ်... လက်ခံရရှိပြီးသူများထဲက တစ်ယောက်သာ Step 2 မှာ Fail ဖြစ်လို့ Firmware ကြောင့်လား ဆိုပြီး မေးဖူးပါတယ်.. Step 2 Failed Error အတွက်ကိုလည်း ကျွန်တော့်ဘလော့မှာ ဖြေရှင်းနည်းတွေ တင်ထားပြီးသားဖြစ်ပါတယ်.. Firmware နဲ့ပတ်သက်လို့ မေးကြတဲ့အထဲက အမေးဆုံး မေးခွန်းကတော့ Firmware တစ်ခုကို ဘယ်လောက်လဲ ဆိုတာပါ. ကျွန်တော်က အခု အရေအတွက်နဲ့ ဝန်ဆောင်မှု ပေးတာမဟုတ်ပါဘူး.. Data ပမာဏနဲ့သာ ရောင်းတာပါ.. DVD (1) ချပ်မှာ အနည်းဆုံး 3.5 ကနေ 4 Gb ထိပါပါမယ်.. ဒါဆိုရင် ဖိုင်ဆိုဒ် နည်းတဲ့ Firmware က အရေအတွက် များများပါမှာဖြစ်သလို ဖိုင်ဆိုဒ် ကြီးတဲ့ Firmware အရေအတွက်ကတော့ နည်းသွားပါမယ်.. 4 Gb ကျော်သွားရင် ခွေက သိပ်မဖတ်တော့တဲ့ပြဿနာရှိပါတယ်.. 4 Gb ကျော်ထည့်ပေးလိုက်လို့ မိတ်ဆွေတို့လက်ထဲရောက်မှ ခွေမဖတ်ရင် (၁)ခွေတည်းနဲ့ ပြန်ပို့ပေးဖို့ အဆင်မပြေပါ.. ဒါဆိုရင် နစ်နာသူဟာ မိတ်ဆွေတို့ပဲဖြစ်ပါလိမ့်မယ်.. Firmware ( ၆ ) ခွေနဲ့အထက်မှာယူသူကို Root Tools, Error Solution Tools, Myanmar Font and Font Installation Tool တွေနဲ့ အခြား လိုချင်တဲ့ Software တွေကို DVD (4 GB ) (၁) ခွေ လက်ဆောင်ပေးပါတယ်..

နောက်ထပ် မှာယူလိုသူတွေရှိရင်လည်း တစ်ခွေကို ( ၅၀၀၀ိ/-) နှုန်းနဲ့ (၄) ခွေနှင့်အထက်မှာယူမှ ပို့ပေးမှာဖြစ်ပါတယ်.. ကားနဲ့ မကြုံရင် စာတိုက်ကနေတစ်ဆင့် ပို့ပေးပါတယ်... အမြန်ချောနဲ့တော့ မပို့ပေးပါဘူး... တကယ်လို့ အမြန်ချောနဲ့ ပို့ပေးစေချင်ရင် အမြန်ချောပို့ခကို ဝယ်ယူသူက ကျခံပေးရပါမယ်.. အခြား ပို့ဆောင်ခကို ကျွန်တော် မတောင်းပါဘူး...

မှာယူချင်ရင်တော့ 09440225635 ( or ) 0930206655 ကို ဆက်သွယ်နိုင်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



All Free Softwares, e-Books, Tutorials and Knowledges
Huawei Ascend G730-U00 အတွက် ဒီနေ့ 26.3.2014 ရက်နေ့မှာထွက်လာတဲ့ Build Number B135 နဲ့ဆုံးတဲ့ Official Firmware ဖြစ်ပါတယ်... Huawei G730 Firmware (G730-U00, Android 4.2, Emotion UI, V100R001CHNC17B135, China Unicom) ပါ.


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download : 660.47 MB
Download Link 1
Download Link 2



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
Huawei က ဒီနှစ်အကူးမှာ အသစ်ထုတ်ပေးလိုက်ပြီး လက်ရှိ လူသုံးများလာတဲ့ Huawei C8816 အတွက် Build Number B176 နဲ့ဆုံးတဲ့ Official Firmware ဖြစ်ပါတယ်.. 25.3.2014 ရက်နေ့က ထွက်ရှိလာတာဖြစ်ပြီး Huawei C8816 firmware (C8816, Android 4.3, Emotion UI, V100R001C92B176, China Telecom) ဖြစ်ပါတယ်...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download : 798.43 MB
Download Link 1
Download Link 2



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
Huawei G750-T00 ( Huawei Glory 3X ) ရဲ့ 21.3.2014 ရက်နေ့က Update ထွက်လာတဲ့ Official Firmware ဖြစ်ပါတယ်.. Build Number B127 နဲ့ ဆုံးပါတယ်.. Huawei Glory 3X firmware (G750-T00, Android 4.2, Emotion UI, V100R001CHNC00B127, electricity supplier channels) ပါ...

 

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download : 847.16 MB
Download Link 1
Download Link 2



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
Huawei Ascend G610-U00 ရဲ့ Build Number B910 နဲ့ဆုံးတဲ့ Official Firmware ဖြစ်ပါတယ်.. 24.3.2014 ရက်နေ့က Update ထွက်လာလို့ တင်ပေးလိုက်ပါတယ်.. Ascend G610 Firmware (G610-U00, Android 4.2, Emotion UI, V100R001CHNC17B910, China Unicom) ဖြစ်ပါတယ်..



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download : 581.68 MB
Download Link 1
Download Link 2



Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges





    မင်္ဂလာပါခင်ဗျာ Built In မြန်မာစာမပါသော android ဖုန်းတွေမှာ Built In ထဲ့သွင်းနည်းလေးပါ
    Android Version 4.2 အထက်တွေမှာပဲ ရပါတယ် ဖုန်းမှာ ROOT ဖောက်ထားဖို့လဲ လိုပါတယ်
                   ပြုလုပ်နည်းအဆင့်ဆင့်ကို ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ်






 
 

အဆင်ပြေမယ်လို့ မျော်လင့်ပါတယ် ကျွန်တော်လုပ်တာ အဆင်ပြေပါတယ် ဒါပေမယ့် မြန်မာစာတော့    သိပ်မမှန်ချင်ဘူး ဒီနည်းပညာလေးကတော့ အကိုကြီး  mrthangming ဆိုဒ်မှ ပြန်လည်ဖော်ပြပေးထားပါတယ် ဆိုဒ်ပိုင်ရှင်အနေဖြင့် မကူးယူစေချင်လို့ Copy ပိတ်ထားပေမယ်
 မသိသေးတဲ့ သူငယ်ချင်းများ ဖုန်းအလှဆန်းဆန်းလေးတွေ ပြုလုပ်ချင်တဲ့ သူငယ်ချင်းများအတွက်
                    မသိမသာ ခိုးပြီးပြန်တင်ပေးလိုက်တာပါနော်....ဟိဟိ ဆော့ဝဲအောက်မှာဒေါင်းပါ

                                                   
http://adf.ly/hTtZQ


                                              ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
    မင်္ဂလာပါခင်ဗျာ.......
          ပြီးခဲ့တဲ့နေ့က ကျွန်တော်ဖုန်းဝယ်ရင် ဒီစာအုပ်လေး ဖတ်ပြီးမှ ဝယ်ပါဆိုပြီး စာအုပ်လေး
ရေးခဲ့ပြီး ကျွန်တော်တင်ပေးခဲ့ပြီး ယခုကတော့ ဖုန်းမှာ Data တွေ Contacts/Application တွေကို
backup ပြုလုပ်နည်း error/Lock/Virus စတာတွေဖြေရှင်းထုတ်နည်း Format ချနည်း ပြန်လည် setting
ချိန်နည်း အင်တာနက်ချိန်နည်း စတာလေးတွေကို အလွယ်ကူဆုံး ကျွန်တော်စာအုပ်လေး ရေးထားပါတယ်
လိုအပ်ချက်ဆိုတာတော့ အမြဲတမ်းရှိနေအုန်းမှာပါပဲ ပြီးပြည့်စုံတယ်လို့တော့ မရှိပါဘူး လိုအပ်ချက်လေးများ ရှိခဲ့ရင်တော့ ဖြည့်စွက်ပြီးဖတ်ပေးကြပါနော် ဖုန်းအကြောင်း ဘာမှမသိသေးတဲ့
 သူငယ်ချင်း မိတ်ဆွေများအတွက် ရည်ရွယ်ပြီး ရေးပေးထားတာပါ ဘာမှမဟုတ်တာလေးတွေနှင့်
ဆိုင်ပြရတာနှင့် အချိန်မကုန်ပဲ ကိုယ်တိုင်ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး ရေးပေးတာဖြစ်ပါတယ်
 
      တတ်လွန်းလို့ ရေးပေးတာမဟုတ်ပါဘူး ဖုန်းနဲ့ပတ်သက်ပြီး ဘာမှမသိသေးတဲ့ လူငယ်လေးတွေ
ရှိနေသေးလို့ပါ ဒါကြောင့် ဒီစာအုပ်လေး ရေးပေးတာပါ နောက်လကုန်လောက်ဆိုရင်တော့ ကျွန်တော်
တစ်အုပ်လောက် ထက်ရေးပေးပါအုန်းမည် ဖုန်းပြင်တဲ့ ကိုကိုတွေ ကျွန်တော်ကို မုန်းမှာတော့
 အသေချာပါပဲ ဒီနည်းပညာက လွယ်လွယ်လေးနဲ့ ပိုက်ဆံတောင်းကောင်းတဲ့ နည်းလေးမလို့ပါ
ဒေါင်းလုပ်လင့် နှစ်ခုပေးထားပါတယ် အဆင်ပြေတဲ့လင့်မှ ဒေါင်းယူပါ

အားလုံးပဲ အမှားပါရင် နားလည်ပေးကြပါရန်။


                                    
http://adf.ly/hSRPr

                                                         D မှာ
                             ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
 မင်္ဂလာပါ  ကျွန်တော် သည်နေ့ ရေးဖြစ်တဲ့ နည်းပညာ စာအုပ်လေးကတော့  ဘလော့ကာများအတွက်
မသိမဖြစ်-မရှိမဖြစ် လိုအပ်ချက်လေးဘဲလို့ ထင်ပါတယ်... ဒါကြောင့်  ခုလို စာအုပ်လေးအဖြစ် ဖန်တီးပေးလိက်ခြင်းဖြစ်ပါတယ်နော်.... ဒါကတော့   ဘလော့တစ်ခုအတွက်  အော်တို လှပနေတဲ့ TEMPLATE လေးတွေကို  ဒေါင်းယူနည်း   ထည့်သွင်းနည်းဆိုတဲ့  ကဏ္ဍလေးပါဘဲ
ဒါဆို ဘလော့ကာ အသစ်များတော်တော်  မသိဖြစ်နေကြပါတယ်  ခဏတိုင်းလည်းအမေးခံရပါတယ်
သည်စာအုပ်လေးကို ဖတ်ခြစ်းဖြင့်  သိရှိနိုင်ပါစေနော်.....

 ဒေါင်းယူလိုပါကအောက်မှာ
==============

( OR )
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

 တခြားရေးသားထားသော ဘလော့ပညာဆိုင်ရာစာအုပ်များ
================================

( ၁)   ဘလော့မှာ LABELS ထည့်နည်း LINK ချိတ်နည်း အပြည့်အစုံ( PDF-စာအုပ်)

( ၂ )   ဘလော့တခုရဲ့ မုရင်း Template အလွယ်ဆုံးပြင်နည်း

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက **************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
All Free Softwares, e-Books, Tutorials and Knowledges

Samsaung Phone တွေ အတွက် Firmware အမြင့်တင်မိသော်လည်ကောင်း အနိုမ့်ဆင်းမိသော်လည်ကောင်း IMEI ပြသနာတွေကို One Click နဲ့ ဖြေရှင်းနိုင်ဖို့ 
ရည်ရွယ်ပြီးတင်ပေးတာ ပါ အဲ့ tool လေးကတော့ Samsaung Remote Client လို့ ခေါ်တဲ့ tool လေးပါ  အဲ့ Tool ကို သုံးမယ်ဆိုရင်တော့ အင်တာနက် ရှိဖို့ လို ပါတယ်
user name = test
password = srscom
ပြီးရင် connect နိုပ်လိုက်ပါ ပြီးရင်ဖုန်းကို ပါဝါဖွင့် လိုက်ပါ ကြိုးထိုးလိုက်ပါ ဖုန်းရဲ့  မော်ဒန် အမျိုးအစား ရွေးချယ်ပါ Rescan နိုပ်ပါ ပြီးရင် Baseband repair Tool ထဲဝင်ပါ repair method 3 မျိုး ရှိပါတယ် အဲ့သုံးမျိုးနဲ့ ပြင်ကြည့်ပါ တော်ရုံဆိုပြင်လို့ ရပါတယ် အောက်မှာ EFS Store လို့ ရတယ် Restore လဲ လုပ်လို့ ရပါတယ် ကျန်တာတော့ ကိုယ့်ဘာသာ ပဲ ကလိကြည့်ပေါ့ ...ကျွန်တော် စမ်းသပ်လို့ အောင်မြင်တဲ့ ဆော့ဝဲတစ်ခုပါ

  • Thanks to ဟယ်လိုသားကြီး in MMSD

ခုတင်ပေးလိုက်တာက Setup သာဖြစ်ပြီး Internet ဖွင့်ကာ Setup လုပ်ယူရပါမယ်... SRS နဲ့ Samsung Driver ကိုပါ တင်ပေးသွားပါမယ်..





အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges

ကျွန်တော့်ရဲ့ ဘလော့ရေးတဲ့အတွေ့အကြုံကို အခြေခံပြီး လက်သစ် Blogger တွေအတွက် အဓိကရည်ရွယ်ကာ ဒီ စာအုပ် pdf လေးကို ရေးဖြစ်တာပါ.. ဒီခေတ်မှာ မှိုလိုပေါလာတဲ့ Blogger တွေ၊ ရည်ရွယ်ချက်ရှိသူတွေရော၊ ရည်ရွယ်ချက်မဲ့သူတွေပါ. Blogger မှာ ဘလော့တစ်ခု ရအောင် တည်ထောင်လာကြပါတယ်.. ဒါပေမယ့် စနစ်ကျပြီး အဆင်ပြေတဲ့ Blogger တွေနည်းနေပြီး Popular ဖြစ်ချင်ကာ Blog မှာ ပို့စ်တစ်ပုဒ်တောင် ကောင်းကောင်း မတင်တတ်သေးသူတွေလည်း ဒုနဲ့ဒေး ပါပဲ.. ယုတ်စွအဆုံး ကျွန်တော့်ဆီမှာရေးနေတဲ့ ညီငယ်အချို့တောင် Post တစ်ခုကို ပြည့်စုံအောင် မတင်တတ်သေးတာကို တွေ့နေရပါတယ်.. ဒီတော့ ခုမှ ဘလော့စဖွင့်သူတွေရော၊ ဘလော့ ရေးတဲ့ကာလကြာပေမယ့် အခြေခံသဘောတရားနဲ့ ပို့စ်တစ်ပုဒ်ကို အဆင်ပြေပြေ မတင်တတ်သေးသူတွေရော နားလည်လွယ်အောင် ပုံနဲ့တကွ ရှင်းပြထားပါတယ်.. ဒီစာအုပ်ကိုဖတ်ပြီး Blogger မှာ ပို့စ်တစ်ပုဒ် ကောင်းကောင်း တင်တတ်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges
ကျွန်တော်တို့ အင်တာနက်သုံးကြတဲ့အခါ website, blog တွေမှာ Layer click ads လို့ခေါ်တဲ့ ကလစ်နှိပ်မိတိုင်း New Tab တက်လာပြီး ကြော်ငြာတွေ ပေါ်လာခြင်း၊ Page ပေါ်မှာ Layer Ads တွေကို ရှုပ်ယှက်ခတ်မြင်နေရခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရပါတယ်.. ခုနောက်ပိုင်း မြန်မာ blog, website တွေမှာလည်း အဲဒီလို Ads တွေကို တွေ့လာရပြီး ကျွန်တော့်ဘလော့မှာတောင် ရှိလာနေပါပြီ.. ကျွန်တော်ကိုယ်တိုင် စိတ်အနှောင့်အယှက်ဖြစ်ရသလို မိတ်ဆွေများ စိတ်အနှောင့်အယှက်ဖြစ်ရမယ်ဆိုတာလည်း သိပါတယ်.. Layer Ads မထည့်နဲ့လို့ ပြောလို့လည်း ရမှာမဟုတ်ဘူးလေ.. ဒီတော့ အဲဒါတွေ မပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ ပြောပြတော့မယ်..
ဒီတော့ အသုံးအများဆုံး Web Browser ၂ ခုဖြစ်တဲ့ Mozilla FireFox နဲ့ Google Chrome တွေမှာလုပ်နည်းပါ..
Mozilla Firefox Browser
1. Mozilla Firefox Browser ကိုဖွင့်ပါ.. အပေါ်က Tools>Add-ons ကိုနှိပ်ပါ.. (သို့မဟုတ် ) ကီးဘုတ်ပေါ်က Control + Shift + A ကိုတွဲနှိပ်လိုက်ပါ..
2.Add-ons Manager ပေါ်လာပါမယ်.. ညာဘက်အပေါ်ထောင့်နားက Search Box မှာ AdBlock လို့ရိုက်ပြီးရှာလိုက်ပါ..
3. ပေါ်လာတဲ့ AdBlocker Add-ons တွေထဲက တစ်ခုကို Install လုပ်လိုက်ပါ.. Install ပြီးသွားရင် Browser ရဲ့ ညာဘက်အပေါ်နားလေးမှာ ခုထည့်လိုက်တဲ့ Add-on ရဲ့ icon ပုံကိုမြင်နေရပါမယ်.. ကျွန်တော်ကတော့ adblock Plus ကိုထည့်ထားပါတယ်..


Google Chrome Browser
1. Chrome Browser ကိုဖွင့်ပါ.. ညာဘက်အပေါ်နားလေးက မျဉ်းတိုလေး ၃ ချောင်းကိုနှိပ်ပြီး Setting ကိုဝင်ပါ.. ပြီးရင် ဘယ်ဘက်က Extensions ကိုနှိပ်ပါ..
2. ညာဘက်အကွက်ထဲက အောက်နားမှာ Get more extensions  ကိုနှိပ်လိုက်ပါ.. ပြီးရင် ဘယ်ဘက်အပေါ်နားလေးက Search Box ထဲမှာ AdBlock ကိုရိုက်ပြီး ရှာပါ.. ညာဘက်မှာ AdBlocker Add-ons တွေမြင်ရပါမယ်.. ကြိုက်တဲ့တစ်ခု ( Free ထဲက ယူပါ ) ကိုနှိပ်လိုက်ပါ. Install လုပ်မှာလားလို့ မေးတဲ့ Box တစ်ခု တက်လာပါမယ်.. Add ကိုနှိပ်ပေးလိုက်ပါ.. ဒါဆို AdBlocker ထည့်ပြီးသွားပါပြီ...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges

Android OS ကို Root ဖောက်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် Factory Reset ချလိုက်တာပဲဖြစ်ဖြစ်၊ အခြားအနေအထားကြောင့်ပဲဖြစ်ဖြစ် Root ပျက်သွားတဲ့အခါ နောက်တစ်ကြိမ် Root ဖောက်စရာမလိုတော့အောင် ဒီ OTA RootKeeper နဲ့ Backup လုပ်ထားပြီး Restore ပြန်လုပ်နိုင်ပါတယ်.. ဒါ့အပြင် Temporary Unroot လည်း လုပ်နိုင်ပါသေးတယ်.. တစ်ခု သတိထားရမှာက Original Root ထားပြီးမှ လာတာမျိုးကိုတော့ မရပါဘူး. ပြီးတော့ Android 4.3 နဲ့အထက်ကို Support မပေးပါဘူး.. ပြီးတော့ System Partition က Ext2, Ext3 ဒါမှမဟုတ် Ext4 တွေဖြစ်နေရပါမယ်.. System Partition အကြောင်းတော့ Developer တွေ ပိုသိပါတယ်.. ဒီ App က သာမန် User တွေအတွက် သိပ်အဆင်ပြေမယ့်ပုံမပေါ်ပါဘူး.. ပိုသေချာအောင် Requirement ကို သေသေချာချာ ဖတ်ပေးပါ..

 -
 Description
Free tool trying to protect root across manufacturer's OTA updates.
Also serves as temporary un-root (see statement)

Distributed as free of charge - no warranty. Open Source license: WTFPL.

This application makes a backup or a protected backup of your device's root.
This device must already be rooted: OTA RootKeeper doesn't have the ability to root devices.

If several conditions are matched, OTA RootKeeper will make root survive OTAs and... pretty much well anything :) − except /system partition formatting.

Requirement:
- /system partition as Ext2, Ext3 or Ext4
- Upgrades not formatting or overwriting completely the /system partition.

Typical systems where its perfectly effective:
- Nexus S
- Galaxy Nexus
- Every Honeycomb tablet

Typical system where the protection won't work:
- HTC Desire
- Samsung Galaxy Spica
- Samsung Galaxy S / SII

The application doesn't support original Superuser and not SuperSU for a very simple reason. The same feature OTA protection feature is already present in SuperSU.

In most case, only manufacturer's original recovery is able to install OTAs. It should not interfere with OTA update process itself.

A bonus feature is present, allowing you to un-root your device while keeping a su backup.
This way you can naively hide root until you choose to restore it via without further complications.
This nifty feature work on every rooted device.

** Temporary un-root statement **

This feature is designed for dev purposes in order to test their app with or without root.


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

All Free Softwares, e-Books, Tutorials and Knowledges

မင်္ဂလာပါ  ကျွန်တော် သည်နေ့ ရေးသားဖြစ်တဲ့ စာအုပ်လေးနဲ့မိတ်ဆက်ပေးပါရစေ ဒါကတော့ အတော်လေးကို  လူသိများတဲ့ နည်းပညာတစ်ခုပါ ဒါပေမယ့်  fb ကရော cbox ကရော မနေမနား လာလာမေးနေကြတဲ့  အသစ်ဘလော့ကာ များအတွက်  အသုံးတည့်စေဖို့ဆိုပြီး ထရေးလိုက်တာပါ..
စာအုပ် လေးကတော့ ဘလော့တစ်ခုမှာ  Labels တွေထည့်နည်း လေဘယ်တွေကို Benu Bar ကခေါင်းစဉ်တွေနဲ့ လင့်ချိတ်နည်း များကို  အစအဆုံး အသေးစိတ် ရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်...
အောက်မှာ  လိုအပ်သူများအတွက် ဒေါင်းယူနိုင်ပါတယ်နော်...

ကြိုက်နှစ်သက်ရာလင့်ကနေဒေါင်းလိုက်ပါ
=======================

Download With  Mediafire
( OR )
Download With Zippyshare


<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
All Free Softwares, e-Books, Tutorials and Knowledges



မင်္ဂလာပါ  သည်နေ့ ကျွန်တော် ရေးသားထားတဲ့ ကွန်ပျူတာမှ လုပ်ဆောင်သင့်တဲ့ အချက်လက်တွေထဲက
နံပါတ် ( ၅ ) အနေနဲ့ Ebook လေးကိုဆက်လက် ရးသားထားပါတယ်.. ကျွန်တော် ဘလော့မှာ ပို့စ်တင်ထားတာ
( ၁ ) ကနေ ( ၅ ) ထိရှိပါတယ်.. ဒါပေမယ့် စာအုပ်လေးကို အလွယ်တကူသိမ်းဆည်းထားနိုင်ရန်အလို့ငှါ
ယခုလို PDF လေးကို ဖန်တီးရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်..နေ့စဉ် တနေ့ တစ်အုပ်ဖြင့် တင်သွားပါ့မယ်... နောက်ထပ် ဘလော့ဆိုင်ရာနည်းပညာများကိုလည်း 
ဆက်လက်ရေးသားနေဆဲပါ.. ဘလော့တက်ပလက်ပြုပြင်နည်း  ဒေါင်းယူနည်း ထည့်သွင်းနည်းစတဲ့
နည်းပညာလေးတွေကိုလည်း ဆက်လက် ရေးသားမျှဝေသွားပါ့မယ် လိုအပ်သောနည်းပညာလေးများကို
စာအုပ်အဖြစ် ရယူလိုပါက ချက်ဘောက်မှာ မှာကြားခဲ့နိုင်ပါတယ်နော်....
ဘလော့ခရီးသည်
အောက်မှာ ဒေါင်းယူုလိုက်ပါနော်....
 
( OR )


စာအုပ်နံပါတ် ( ၁ ) ဒေါင်းလိုက    DOWNLOAD  လိုက်ပါနော်.
စာအုပ်နံပါတ် ( ၂ ) ဒေါင်းလိုက    DOWNLOAD  လိုက်ပါနော်.
 စာအုပ်နံပါတ် ( ၃ ) ဒေါင်းလိုက    DOWNLOAD  လိုက်ပါနော်.
စာအုပ်နံပါတ် ( ၄ ) ဒေါင်းလိုပါက  DOWNLOAD  လိုက်ပါနော် .

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
All Free Softwares, e-Books, Tutorials and Knowledges

          မင်္ဂလာပါခင်ဗျာ......
                 လာပြန်ပါပြီ နည်းပညာ နည်းပညာကြီးပဲ ထက်နေတော့ စိတ်တော့မပျက်နဲ့ဗျာ...
ဒီတခါတော့ ဖုန်းဝယ်တဲ့အခါ ဖုန်းပြင်တဲ့ဆရာတွေ အကူညီတောင်းပြီး ခေါ်သွားစရာမလိုပဲ မိမိသဘေားကြ
စမ်းသပ်ဝယ်နိုင်အောင် နည်းပညာစာအုပ်လေး ရေးထားပါတယ် မသိပဲ ရန်ဝယ်မဲ့အစား ဒီအစာအုပ်လေး
          ဖတ်ရင်တော့ အများကြီးမဟုတ်တောင် အနည်းငယ်တော့ အကျိုးပြုမှာ အသေချာပါနော်
ကျွန်တော်လည်း တတ်နိုင်သလောက်တော့ နားလည်လွယ်အောင် ပုံလေးတွေနဲ့ ရေးပေးထားပါတယ်
          ဖုန်းအကြောင်းဘာမှမသိသေးတဲ့ သူငယ်ချင်းများ ဖတ်ထားသင့်ပါတယ်နော် နောင်များကြုံကြိုက်
                   ခဲ့ရင်တော့ အသုံးပြုနိုင်ပါလိမ့်မယ်နော်.......... အောက်မှာဒေါင်းလုပ်ယူပါ
           အွန်လိုင်းက ဆော့ဝဲတင်ပေးလောက်တဲ့အထိ မကောင်းမွန်လို့ပါ နားလည်ပေးကြပါရန်
         
http://adf.ly/h03Zj
                                                       
                    
                                                 D မှာလည်းဒေါင်းနိုင်ပါတယ်

                              
                                        ဗိုလ်လှိုင်း (ဆိပ်ဖြူသားလေး)
 အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download :  MB
Download Link 1
Download Link 2
Download Link 3


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...