Zemana AntiLogger - v1.9.3.505


Logger တွေရဲ့ တိုက်ခိုက်ခံရမှုကနေ ကာကွယ်ပေးတဲ့ Zemana AntiLogger v1.9.3.505 ထွက်လာလို့ တင်ပေးလိုက်ပါတယ်.. AntiLogger ဆိုပေမယ့် ကိုယ့်စက်ထဲက Antivirus နဲ့ မတည့်မှုတွေ မဖြစ်စေပါဘူး.. Keylogger တွေအပါအဝင် Logger တွေရဲ့ ရန်က ကင်းဝေးစေဖို့ အသင့်ဆောင်ထားကြလေ့ရှိတဲ့ Software ဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Lenovo စမတ်ဖုန်းများ မြို့ရှစ်မြို့တွင် အထူးနှုန်းဖြင့် ရောင်းချပေးမည်


Lenovo အရောင်းဆိုင်များရှိသည့် မြို့ရှစ်မြို့တွင် Lenovo စမတ်ဖုန်းများကို တစ်ပြိုင်နက် အထူးနှုန်းများဖြင့်
ရောင်းချပေးမည်ဖြစ်သည်ဟု Lenovo စမတ်ဖုန်း၏ မြန်မာနိုင်ငံအတွက်တစ်ဦးတည်း ကိုယ်စားလှယ် ရရှိထားသည့် KMD Group  ၏ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၇ ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ယင်းအစီအစဉ်ကို အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုး၊ မိတ်္ထီလာ၊ မြင်းခြံ၊ ပြည်နှင့် မော်လမြိုင်မြို့များတွင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ အဆိုပါ ပရိုမိုရှင်းကို ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူကျင်းပသွားမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို ရန်ကုန်မြို့တွင် ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။ KMD Group မှ ဒါရိုက်တာ ဒေါ်သင်းသင်းစိုးက “လွန်ခဲ့တဲ့လေးနှစ်ကတည်းက Lenovo  ကွန်ပျူတာတွေကို ရောင်းချခဲ့တဲ့ အနေအထားကနေ ခေတ်နှင့်အညီ ပြောင်းလဲလာတဲ့အနေအထားတွေအရ စမတ်ဖုန်းတွေကိုပါ မြန်မာဈေးကွက်ကို တင်သွင်းရောင်းချရတာပါ”ဟု ပြောသည်။

အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့် Lenovo စမတ်ဖုန်းများမှာ S920, K900, S820,A390 တို့ဖြစ်ပြီး ပရိုမိုးရှင်း
ပြုလုပ်မည့်နေ့တွင် K900 ၀ယ်ယူသူအား မိနစ် ၆၀၀ ဖုန်းအလကားပြောခွင့်နှင့် အခြားလက်ဆောင် ပစ္စည်းများ၊S820 ၀ယ်ယူသူအား ဖုန်းရောင်းဈေး၏ ကျပ် ၃၀,၀၀၀ လျှော့ပေးမည်ဖြစ်ပြီး A390  ၀ယ်ယူသူအား မိနစ် ၁၀၀ ဖုန်း အလကားပြောခွင့်နှင့် အခြားလက်ဆောင်ပစ္စည်းများအား ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း Lenovo မှ သိရသည်။

မဇ္ဈိမသတင်း


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ဆက်သွယ်ရေးလိုင်စင်ရတယ်လီနောက ဖုန်းခေါ်ဆိုခကို ကနဦးတွင် Prepaid စနစ် သုံးမည်ဖြစ်ပြီး နောက်ပိုင်းတွင် မိုဘိုင်းဘဏ်စနစ်ဖြင့် ဘီလ်ပေးချေနိုင်အောင် ဆောင်ရွက်မည်

 
ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လိုင်စင်ရကုမ္ပဏီတစ်ခုဖြစ်သော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းကတ်များ စတင်ရောင်းချရာတွင် မိုဘိုင်းဖုန်းခေါ်ဆိုခများအတွက် ကြိုတင်
ငွေဖြည့်စနစ် Prepaid ကတ်စနစ်ဖြင့် အသုံးပြုသွားပြီး နောက်ပိုင်းတွင် ဘဏ်ဖြင့် ချိတ်ဆက်ပြီး အသုံးပြုသွားမည်
ဖြစ်သည်ဟု တယ်လီနော၏ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Jon Fredrik Baksaas က စက်တင်ဘာ ၂၇ ရက်က ပြောသည်။

၎င်းအနေဖြင့် ယင်းသို့ပြောကြားခြင်းမှာ ပြည်တွင်းသို့ရောက်ရှိစဉ်က စက်တင်ဘာ ၂၇ ရက်တွင် မီဒီယာ အချို့နှင့် ကုန်သည်ကြီးများဟိုတယ်၌ သီးသန့်တွေ့ဆုံစဉ်ကဖြစ်သည်။

တယ်လီနောအနေဖြင့် မိုဘိုင်းအော်ပရေတာလုပ်ကိုင်ခွင့်လိုင်စင် တရားဝင်စတင်ချထားပေးသည့်အချိန်မှ ရှစ်လ အတွင်း မိုဘိုင်းဆင်းကတ်များ စတင်ရောင်းချပေးနိုင်ရန် ပြုလုပ်သွားမည်ဟုလည်း ၎င်းကထပ်လောင်း
ပြောကြားသည်။

Mr.Jon Fredrik Baksaas က “လက်ရှိမှာတော့ Station တွေကို ဘယ်မှာထားမယ်ဆိုတဲ့နေရာတွေကို လိုက်ကြည့်
နေတယ်။ လိုင်စင်စရတာနဲ့ Roll Out စလုပ်နိုင်အောင် စီစဉ်နေတာပါ”ဟု ဆိုသည်။ လက်ရှိတွင် တယ်လီနော အနေဖြင့် သတ်မှတ်ထားသော မိုဘိုင်းဖုန်းခေါ်ဆိုခကို တစ်မိနစ် ၂၅ ကျပ် သတ်မှတ်ချက်မှာ ပဏာမ သတ်မှတ်ချက် သာဖြစ်ပြီး နောက်ပိုင်းတွင် လူတိုင်းခေါ်ဆိုနိုင်မည့် သက်သာသည့် ဈေး နှုန်းဖြစ်စေရမည်ဟု Mr.Jon Fredrik Baksaas က ကတိပေးပြောကြားခဲ့သည်။

၎င်းက “ဖုန်းခေါ်ဆိုက တစ်မိနစ် ၂၅ ကျပ်က ယာယီသတ်မှတ်ချက်ပါ။ ဆက်သွယ်ရေး ၀န်ကြီးဌာနနဲ့ လိုင်စင်သဘော တူညီချက်ရရှိပြီးတာနဲ့ အကုန်လုံးကိုတွက်ချက်ပြီး သတ်မှတ်ပေးပါမယ်။ လူတိုင်းအသုံး ပြုနိုင်မယ့် သက်သာမယ့်
ဈေးနှုန်းမျိုးဖြစ်စေရပါမယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အော်ပရေတာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်လည်း Huawei နှင့် Ericsson  ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး Huawei ၏ နည်းပညာနှင့်သတင်း အချက်လုံခြုံရေးကိစ္စရပ်များကို ယုံကြည်သည်ဟု လည်း တယ်လီနောဥက္ကဋ္ဌက ဆိုသည်။

တယ်လီနောဥက္ကဋ္ဌ Mr.Jon Fredrik Baksaas က “Huawei  က အမေရိကန်မှာ လုံခြုံရေးကိစ္စရပ်တွေနဲ့ နုတ်ထွက် သွားတယ်ဆိုတာ နိုင်ငံရေးနဲ့ တခြားအကြောင်းပြချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တယ်လီနောအနေနဲ့ ကတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအချက်မှ မပါဝင်ဘူး။ နော်ဝေမှာလုပ်ကိုင်နေတဲ့ တယ်လီနောလုပ်ငန်းတွေ မှာလည်း Huawei နဲ့ တွဲလုပ်ထားတာပဲ။ နောက်ကမ္ဘာမှာ Huawei နဲ့ Ericsson က ကမ္ဘာမှာ နာမည်ကြီးတဲ့ နည်းပညာ ကုမ္ပဏီတွေပါ”ဟု အဆိုပါ တွေ့ဆုံမှုတွင် မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်သည့်အခါ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အပေါ် စိုးရိမ်စိတ် မရှိ
ကြောင်းနှင့် လတ်တလောတွင် ပြည်လည်အသုံးပြုနိုင်သည့်စွမ်းအင်နှင့် ဒီဇယ်အင်ဂျင်များကို အသုံးပြုသွားမည်
ဖြစ်ပြီး နောက်ပိုင်းအစိုးရက လျှပ်စစ်စွမ်းအင်ရလာသည့်အခါ အဆင်ပြေသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် တယ်လီနောကုမ္ပဏီ နှင့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ရွေးချယ်ထားခြင်းဖြစ်သည်။

မဇ္ဈိမ


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

မိမိကလေးကို အိပ်ယာထဲဆီးမသွားအောင် လုပ်နည်း


အိပ်ရာထဲ ဆီးသွားတာက ရောဂါ မဟုတ်ပါဘူး။ ဆီးအိတ်ပြည့်တဲ့ အခါ ကလေးတွေရဲ့ ဦးနှောက်ဆီကို အိပ်ရာကထဖို့ နှိုးဆော်တဲ့ သင်္ကေတ မရောက်ရှိလို့ ဖြစ်ရတာပါ။ ဒါက ကလေးရဲ့ အပြစ်မဟုတ်ပါဘူး ။ လေ့လာမှုတွေအရ ကလေးတွေကို ဆူပှုကြိမ်မောင်းတာ၊ ဝမ်းနည်းအောင် အော်ဟစ်ရိုက်နှက်တာ စတဲ့ အပြုအမှုတွေ လုပ်တဲ့အခါ ညဘက်မှာ အိပ်ရာထ ဆီး သွားတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေးတွေ အိပ်ရာထဲ ဆီးမသွားအောင် အောက်ပါတို့ကို ဆောင်ရွက်သင့်ပါတယ်။
အပြစ်မပြောပါနှင့်
ကလေးက အိပ်ရာထဲ ဆီးသွားတဲ့ အခါ ဆူပူကြိမ်းမောင်းတာကို မလုပ်ပါနဲ့။ ကလေးကို ခြောက်သွေ့တဲ့ အဝတ်အ စား လဲပေးပြီး ပျော်ပျော်ရွှင်ရွှင် နေခိုင်း ပါ။

ညအိပ်ရာဝင်ခါနီး အရည်လျှော့သောက် ခိုင်းပါ
ညအိပ်ရာဝင်ခါနီးမှာ ကဖင်းဓာတ် ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ချောကလက် စတာတွေကို လုံးဝ မကျွေး ပါနဲ့။ ရေနဲ့ တခြားအရည်တွေကိုလည်း လျှော့သောက်ခိုင်းပါ။

ဆီးသွားပြီးမှ အိပ်ရာဝင်သော အလေ့အထ ထားရှိပါ
ကလေးကို အိပ်ရာဝင်ခါနီးတိုင်း ဆီးသွားပြီးမှ အိပ်ရာဝင်တဲ့ အကျင့် ကျင့် ပေးပါ။ တကယ်လို့ ဆီးမသွားဘဲ အိပ် ပျော်သွားရင် ကလေးကို နှိုးပြီး ဆီးသွား ခိုင်းပါ။

ဝမ်းမှန်မှန် သွားပါစေ
ကလေးတွေက ဝမ်းချုပ်တဲ့အခါ ဆီးမကြာခဏ သွားတတ်ပါတယ်။ ဒါ ကြောင့် ဝမ်းမှန်မှန် သွားတတ်တဲ့ အကျင့် ကို ကျင့်ပေးပါ။

မလှောင်ပြောင်ပါနှင့်
တချို့လူကြီးမိဘတွေက ကလေး တွေ အိပ်ရာထဲ ဆီးသွားတဲ့အခါ နာမည် ပြောင်တွေ ပေးပြီး လှောင်ပြောင်တတ် ကြပါတယ်။ အဲဒီလိုလုပ်တာကြောင့် က လေးရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ထိခိုက်ရတတ်ပါတယ်။ ကလေးက အ သက် ငါးနှစ်ကျော်တဲ့အချိန်မှာ ညစဉ်လို လို အိပ်ရာထဲ ဆီးသွားနေရင် ဆီးချို ရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ စ တဲ့ ရောဂါဝေဒနာရှိ၊ မရှိ စစ်ဆေးကြည့် သင့်ပါတယ်။

ကြယ်စင်
By Good Health


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Windows SeVen Super XP 2013 (32bit edition) (644MB)


 
Windows အလန်းစားတွေကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများအတွက် Windows SeVen Super XP 2013  တင်ပေးလိုက်ပါတယ်။ Windows XP ကို Window 7 စတိုင်နဲ့ အသုံးပြုရမှာပါ။  Windows အလန်းစားတွေ ကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများ အတွက်တော့ အကြိုက်ဖြစ်မှာပါ။ Window 7 ကိုလည်းသုံးချင်၊ Window XP ကိုလည်း မစွန့်လွှတ်နိုင်သေးတဲ့ သူငယ်ချင်းများ အတွက်တော့ ဂွတ်ရှယ်ပါပဲ ခင်ဗျာ။ ပါဝင်တဲ့ Features  တွေကိုတော့  အောက်မှာကြည့် လိုက်ပါ။ လိုချင်ရင်တော့ ဒေါင်းလိုက်ပါဗျာ။ 
Windows အလန်းစားတွေကို လိုချင်သေးရင်တော့ ဒီနေရာမှာ မှာယူပါခင်ဗျာ။


 
 
 
 

  ကျွန်တော်တင်သမျှ ပို့စ်များအား Facebook ပေါ်ကနေဖတ်ချင်လျှင်

ဒီနေရာမှာ Like ပေးခဲ့ပါခင်ဗျာ
ဒေါင်းလုပ်=>>> လင့် ၁ , လင့် ၂

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

iOS 7 မှာ ကိုယ်လက်မခံချင်တဲ့ phone call နဲ့ massage တွေကို Block ကြမယ်


iPhone ရဲ့ နောက်ဆုံး iOS version ဖြစ်တဲ့ iOS 7 မှာ ကိုယ်လက်မခံချင်တဲ့  phone call နဲ့ massage တွေကို 
ဘာ application မှမသုံးပဲ system မှာပါလာတဲ့ function လေးအသုံးပြုပြီးblock လုပ်တဲ့နည်းလမ်းလေး တင်ပေးလိုက်ပါ တယ်ဗျာ။ သိပြီးသားမိတ်ဆွေအတွက် မရည်ရွယ်ပေမဲ့ မသိသေးတဲ့သူတွေအတွက်တော့ နည်းလမ်းလေးသိသွားအောင်  လို့ပါ။ ရေးသာရေးရပါတယ်။ အောင်ကိုထက် မင်းဟာက ငါတို့ သိပြီးသားပဲအလကားပါလို့အပြောခံရမှာလည်း
 ကြောက်တယ်ဗျ။ေိေိ :D

ကဲစမယ်ဗျာ.........

1 .ပထမဦးဆုံး phone call ကို block မဲ့အကြောင်းစရေးမယ်ဗျာ။ Phone ရဲ့ application ကိုဖွင့်ပြီး Call Log     ကိုနှိပ်လိုက်ပါ။

2 .အဲ့ဒီထဲကမှ ကိုယ် block လုပ်ချင်တဲ့ phone number လေးရဲ့ညာဘက် ဘေးမှာ i ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။ ပြီးရင် စာသားတွေပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲကမှ အောက်နားလေးထိကို စွဲချပြီး block this caller  ဆိုတဲ့စာသားလေးကို ရှာလိုက်ပါ။ အောက်ပုံလေးကိုကြည့်ပြီးလေ့လာနိုင်ပါတယ်။ 


3. အဲ့ဒီစာသားလေးကိုနှိပ်ပြီးသွားရင်တော့ ကိုယ်လက်မခံချင်တဲ့ phone number ကို block လုပ်ချင်းပြီးဆုံးသွားပါပြီ။ 


4. Block လုပ်တာကိုပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ အပေါ်ကနည်းလမ်းတွေအတိုင်းသွားပြီးတော့ Block this caller ဆိုတဲ့စာသားနေရာ Unblock this caller ဆိုတဲ့စာသားလေးကိုပြန်နှိပ်ပေးလိုက်ရင် unblock လုပ်ခြင်းပြီးဆုံးသွားပါလိမ့်မယ်ဗျာ။

ဒါဆိုရင်တော့ iOS 7 မှာ ကိုယ်မလိုချင်တဲ့ phone number နဲ့ messages တွေကို block လုပ်နိုင်ပြီဖြစ်ပါတယ်ဗျာ။

အားလုံးအဆင်ပြေကြပါစေ..........

Aung Ko Htet (IT Studier)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

P6 နဲ့ Nexus တွေကိုပါ Root နိုင်တဲ့ RootGenius or Root Wizard 1.3.0


RootGenius ဟာ မထင်မရှား. ဆိုပေမယ့် ခုနောက်ဆုံးထွက် Huawei P6 ကိုတော့ ကောင်းကောင်း Root နိုင်ပါတယ်.. Eroot နဲ့မရတဲ့ P6 ကို ဒီကောင်နဲ့ Root ပါ..  လက်တွေ့ပါ.. ပြီးတော့ Nexus တွေအပါအဝင် Model ပေါင်း 300 ကျော်ကို Error ကင်းကင်း နဲ့ Root ပေးနိုင်ပါတယ်.. Android 4.2.2 ထိ Support ပေးထားတဲ့ ဒီ Version 1.3.0 ဟာ 27.9.2013 ရက်နေ့က Update အနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်..
Root လုပ်နည်းက လွယ်ကူပါတယ်..
1. သက်ဆိုင်ရာ ဖုန်းအမျိုးအစားအလိုက် Driver ရှိရပါမယ်.. မရှိရင် အောက်ကလင့်မှာ ဒေါင်းပါ..
2. ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို အမှန်ခြစ်ပါ..
3. ဖုန်းကို USB ကြိုးသုံးပြီး ကွန်ပျူတာနဲ့ ချိန်ပါ..
4. RootGenius or Root Wizard 1.3.0.exe ကို Run ပါ.. Root ကိုနှိပ်ပါ.. ဒါပါပဲ..

Software features:
small, but very strong --- only 2M size, and for the green version, Root capabilities favorably, now supports more than 300 models a key Root
simple, clear ---- link phone, click Root, step, Root so simple
you can browse ---- Root brush into third-party ROM, make your phone more personal; streamlined boot items, uninstall stubborn native application!


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Copy Protect v1.5.0 နဲ့ ဖိုင်တွေကို ကူးမရအောင် လုပ်ထားမယ်..


Copy Protect ဆိုကတည်းက ကိုယ့်ဖိုင်ကို Copy ကူးမရအောင် လုပ်လို့ရတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ.. ဒီ Software က ထွက်တာ တော်တော်ကြာပါပြီ. ဗားရှင်းသစ်တွေတော့ မတွေ့မိသေးပါဘူး.. ဘယ်လိုဖိုင်စနစ်မျိုးတွေ Protect လုပ်ထားနိုင်သလဲဆိုတော့ Video, Audio, Picture နဲ့ Document အမျိုးအစားတွေပါ.. Software Application တွေကိုတော့ Support မပေးပါဘူး.. ဒီကောင်ကို သုံးကြည့်တာနဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ သဘောပေါက်လောက်အောင် လွယ်ပါတယ်.. အင်း. လွယ်ပေမယ့် မလုပ်တတ်ရင် ပြဿနာ တက်တာက Full Version ဖြစ်အောင်လုပ်နည်းပါ..
နည်းနည်း ရှင်းပြပါရစေ. မသိသေးသူတွေအတွက်ပေါ့.
1. Setup နဲ့ Install လုပ်ပါ.

2. ပြီးဆုံးခါနီးမှာ Lunch ကို အမှန်ခြစ်ဖြုတ်ပြီး Finish ကိုနှိပ်ပါ.


3. Internet နဲ့ Antivirus ကို Disable လုပ်ပါ.. ပြီးရင် License.exe ကို Run As Administrator နဲ့ Run ပါ..The program was registered successfully ! လို့ ပေါ်လာရင် ပြီးပါပြီ..

 

4. ဒါဆိုရင်တော့ Copy Protect v 1.5.0 ကို Full Version နဲ့ သုံးနိုင်ပါပြီ..

--
Features:
  • Copy Protect your media files
  • Prevent Duplication of documents
  • Prevent Illegal Distribution
  • Distribute USBs/CDs
  • Remedy Copyright issues
  • Prevent Data Leaks
  • Highly Secure Burning.
  • Media Files and Content Protection
  • Government-level Security
  • Stand-alone Applications
  • Clear and User-friendly
  • Global Success
  • Comprehensive Operating and File System Support
  • AutoPlay Encryption
  • Automatic Data Protection
  • Portable Protection


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

iOS App Store မှာ $1.99 ဖြင့်ရောင်းနေတဲ့ Myanmar Music 1.0 ကို Free ရယူနိုင်ပါပြီ (Jailbreak မလို၊ ကြိုက်နှစ်သက်ရာသီချင်းကိုရွေးပြီးနားထောင်ရုံပဲ)


Myanmar Music 1.0 iPhone software ကိုအရင်က မြန်မာဆိုဒ်တွေမှာ Review ပေးထားတာတွေ့ပါတယ်။ သူတို့က Free မပေးပါဘူး။ $1.99 နဲ့ Apple Store မှာရောင်းချနေပါတယ်။ ဒီမှာကတော့ လုံးဝ Free ပေးပါတယ်။ပိုပြီးသိချင်ရင် http://adf.ly/WcZXz မှာဖတ်ကြည့်ပါ။ သီချင်းအလွယ်တကူနားထောင်ဖို့ပေးထားတာပါ။ ဖုန်းက Jailbreak လုပ်စရာမလိုပါဘူး။ အောက်ပါအတိုင်း ဒေါင်းလုတ်ဆွဲလိုက်ပါ။ အဆင်ပြေပါစေ။





Description


Myanmar Music Apps is music on demand on Myanmar.

The music is an art form consisting of sequences of sounds in time, esp tones of definite pitch organized melodically, harmonically, rhythmically and according to tone colour.

It is just sample click and you can listen to music what you like (music on demand).


★★★★ Features★★★★
★ Search with album, music, name, etc...
★ Auto playing the whole album
★ Check your now playing music
★ Next, previous, play, stop, resume song control button
★ Support background status
★ Support orientation

Download => Link 1 / Link 2 / Link 3

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Google Earth PRO 7.1.2.2019 Final Full


Features:
- Sophisticated streaming technology delivers the data to you as you need it.
- Imagery and 3D data depict the entire earth - Terabytes of aerial and satellite imagery depict cities around the world in high-resolution detail.
- Local search lets you search for restaurants, hotels, and even driving directions. Results show in your 3D earth view. Easy to layer multiple searches, save results to folders, and share with others.
- Layers show parks, schools, hospitals, airports, retail, and more.
- Overlays – import site plans, design sketches and even scanned blueprints.
- Annotate the view with lines and polygons.
- Spreadsheet import - ingest up to 2,500 locations by address or lat/lon.
- KML – data exchange format let your share useful annotations.



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

မိမိကွန်ပျူတာရဲ့ CPU နဲ့ Memory




ဒီတစ်ခါအကြောင်းအရာလေးကတော့ မိတ်ဆွေများ
အားလုံးသိပြီးသားပါ.. မသိသေးတဲ့သူတွေအတွက်
တော့ ဗဟုသုတအနေနဲ့ရော နည်းပညာအနေနဲ့ရော
ရစေဖို့ပြန်တင်ပေးလိုက်ပါတယ်ဗျာ...

ကျွန်တော်တို့အသုံးပြုနေတဲ့ကွန်ပျူတာမှာ
CPU နဲ့ Memory ဆိုတာအရေးပါတယ်ဆိုတာအားလုံး
လဲသိပြီးသားပါ။ အဲဒါကြောင့်ကိုယ်သုံးနေတဲ့
ကွန်ပျူတာက CPU နဲ့ Memory ဟာဘယ်လောက်ထိ
အလုပ်လုပ်သေးလဲ ? ဘယ်လောက်ထိ
စွမ်းဆောင်နိုင်လဲ ? ဆိုတာသိဖို့လိုအပ်ပါတယ်။
အဓိကကတော့ မိမိကွန်ပျူတာက CPU နဲ့ Memory ကို
Upgrade လုပ်သင့်/မလုပ်သင့်ဆိုတာကို
သိဖို့ပိုအရေးကြီးပါတယ်။ လုပ်သင့်/မလုပ်သင့်
သိဖို့အောက်မှာပုံနဲ့ရှင်းပြထားပါတယ်နော်..

(၁)    Window Tesk Manager ကိုဖွင့်လိုက်ပါ။ Tesk Manager ကို
        ဖွင့်ဖို့အတွက် Keyboard မှ Ctrl+Alt+Del / delete ကိုတွဲနှိပ်လိုက်ပါ။
        ဒါမှမဟုတ် Mouse ကို Window မှ teskbar ပေါ်ကို Right click နှိပ်ပြီး
         ပေါ်လာတဲ့စာတမ်းတွေမှ Start Tesk Manager ကို click လိုက်ပါ။




(၂)    Task Manager ပွင်လာပြီဆိုလျင် Performance Tab ကို click လိုက်ပါ။
        အဲဒီ Tab ရဲ့အောက်မှာကြည့်လိုက်ပါ။ CPU Usage  နဲ့ Memory ဆိုတဲ့နေရာကို
       တွေ့ပါလိမ့်မယ်။အဲဒီနေရာတွေမှာ CPU နဲ့ Memory တို့ရဲ့အလုပ်လုပ်နေ
        ပုံကိုဖော်ပြနေပါလိမ့်မယ်။




တကယ်လို့ CPU ဟာသူ အလုပ်တွေအရမ်းလုပ်နေရတယ်ဆိုရင် CPU Usage
ဆိုတဲ့နေရာမှာအစိမ်းရောင်တန်းလေးဟာ အပေါ်ကိုတက်နေတာကိုတွေ့ရပါ
လိမ့်မယ်နော်။အဲဒီအချိန်မှာဘာတွေဖြစ်တတ်သလဲဆိုတော့ မိမိ ကွန်ပျူတာဟာ
စိတ်ညစ် စရာကောင်းလောက်အောင်လေးလံနေပါလိမ့်မယ်။ အဲဒါဆိုရင်တော့
CPU ကိုUpgrade လုပ်ဖို့လိုပါလိမ့်မယ်။ အကောင်းဆုံးကတော့ Memory ကိုပါ
ထပ်တိုးလိုက်မယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်။ မိမိကွန်ပျူတာက Memory ဟာ
အရင်က1Gb ဆိုရင် 2Gb သာတိုးလိုက်ပါ။ သတိထားရမှာက မိမိကွန်ပျူတာကို
ဆော့ဖ်ဝဲတွေ Install လုပ်တော့မယ်ဆိုရင် အဲဒီ ဆော့ဖ်ဝဲရဲ့ Version ၊ မိမိကွန်ပျူ
တာက Memory မှာဘယ်လောက်နေရာယူမလဲ စတဲ့အချက်တွေကိုသိထား
ဖို့တော့လိုပါမယ်။အဲဒီအချက်တွေကြောင့်လဲ ကွန်ပျူတာက CPU နဲ့ Memory
တွေအလုပ်တွေပိုလုပ်နေရတာလဲပါပါတယ်။ အဲဒီလိုအချက်လေးတွေလဲထည့်
စဉ်းစားပြီးမိမိကွန်ပျူတာကိုအသုံးးပြုမယ်ဆိုရင်လဲပိုပြီးကောင်းပါတယ်။
ကဲဒါဆိုရင်တော့ ကွန်ပျူတာ CPU နဲ့ Memory နဲ့ပါတ်သတ်လို့အသေးစိတ်
မဟုတ်ပေမယ့် မသိသေးတဲ့ User တွေအတွက်တော့အကြမ်းဖျင်းလေးကိုတော့
နားလည်လောက်မှာလို့ယူဆပါတယ်နော်.. မိမိကွန်ပျူတာရဲ့ Performance တွေ
ကောင်းလာဖို့မိမိမှာလဲတာဝန်ရှိတယ်ဆိုတာသိစေဖို့အတွက်အကြံကောင်းလေး
ပေးလိုက်ပါတယ်ဗျာ..

www.mmitsky.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ဒီဇိုင်းသမားတွေ ကြိုက်နေတဲ့ Google Sketchup Pro 2013 v13.0.4812


Google Sketchup Pro ကို 3D Design သမားတွေ အကြိုက်တွေ့လာကြပါတယ်.. များသောအားဖြင့် Construction သမားတွေ၊ အင်ဂျင်နီယာတွေ ပိုကြိုက်လာကြတာပါ.. လှပသေသပ်တဲ့ ဒီဇိုင်းတွေ ရေးဆွဲနိုင်တာကြောင့်လည်း နာမည်ကြီးလာပါတယ်.. ခု နောက်ဆုံးဗားရှင်း v13.0.4812 ထွက်လာလို့ တင်ပေးလိုက်ပါတယ်..

Using SketchUp you can:
Draw, modify, measure, rotate, and scale geometry.
Place section slices to view and work on model interiors.
Add pre-made textures to your models, or create new ones.
Add pre-made components like trees, cars, doors and windows, and people to your models, or create new components.
Soften and smooth faces.
Cast real-time shadows for any location on earth.
Simulate movie camera placements.
Perform walk-throughs.
Create presentation tours.
Import 2D images (.jpg, .png, .tif, .tga, .bmp) and 3D models (.3ds, .dem, .ddf, .dwg, .dxf, .skp).
Export your models to Google Earth.
Export 2D images of your models (.jpg, .bmp, .png, .tif).
Print your models.
Create add-on programs using the Ruby programming language.


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Live TV HD နဲ့ Astro မှ ထုတ်လွှင့်သော TV Channel ပေါင်း ၁၀၀ ကျော်ကို Android ပေါ်က တိုက်ရိုက် ကြည့်နိုင်ပြီ..


Live TV HD.apk ဆိုတဲ့ App လေးကို Android Device မှာ Install လုပ်ထားရုံနဲ့ Astro မှ ထုတ်လွှင့်သော TV Channel ပေါင်း ၁၀၀ ကျော်ကို Android ပေါ်က တိုက်ရိုက် ကြည့်နိုင်ပြီဖြစ်ပါတယ်.. ကြည့်ရှုဖို့အတွက် မြန်နှုန်းမြင့် Internet ဖြစ်တဲ့ 3G စနစ်တော့ အနည်းဆုံးရှိရမှာဖြစ်ပါတယ်.. နာမည်ကြီး Channel တွေအများအပြားပါဝင်ပြီး လိုင်းတွေကတော့ တော်တော်လေး စုံပါတယ်။ ဘော်လုံးပွဲ ၀ါဒနာပါသမားတွေ လည်း အဆင်ပြေပါတယ် ။ နာမည်ကြီး လူကြိုက်များသော လိုင်းတွေဖြစ်တဲ့ HBO, AXN, Star Movies, ZEE, Discovery, Support, အစရှိတဲ့ လိုင်း Channel တွေအပြင် နိုင်ငံပေါင်းစုံက လိုင်းတွေလည်း ကြည့်ရှု့ နိုင်မှာဖြစ်ပါတယ်။ အခု လက်ရှိကျနော် သုံးနေတဲ့ App လေးဖြစ်ပါတယ်။ Error တတ်ခြင်း ၉၀ ရာခိုင်နှုန်း မရှိပါ။ အဆင်ပြေပြေနဲ့ ကြည့်နိုင်ပါမည်။
ဝမ်းနည်းစွာဖြင့် နိုင်ငံပေါင်းစုံအတွင်းမှ မြန်မာနိုင်ငံ မရပါဗျာ ။

 
 
 
 



ဇော်မင်းသန်း

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

GSM Bill Widget for Android


Android ဖုန်းတွေအတွက်ဆောင်ထားသင့်တဲ့ဆော့ဝဲလေးတစ်ခုပါ။ Home Screen ပေါ်မှာ Widget အနေနဲ့ သုံးပြီးတော့ GSM Bill စစ်ခြင်း၊ ဖြည့်ဖြင်း၊ Bill လွဲပေးခြင်းများ စသည်တို့ကို လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ ဒီဆော့ဝဲလေးကိုရေးသားသူကတော့ ကိုမိုးကုတ်သား (MPX Team) ဖြစ်ပါတယ်။ GSM Bill Widget for Android ကိုအောက်က link တွေ မှာရယူနိုင်ပါတယ်။

  ကျွန်တော်တင်သမျှ ပို့စ်များအား Facebook ပေါ်ကနေဖတ်ချင်လျှင်

ဒီနေရာမှာ Like ပေးခဲ့ပါခင်ဗျာ

 
Download=>> Link 1, Link 2
 


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တို့ဆီမှာ အသုံးပြုနေကြတဲ့ Pay Pal လိုပဲ MyanPay  ဆိုတဲ့ online banking ကိုအသုံးပြုပြီး ထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ Bank account ရှိထားရမှာဖြစ်ပြီး MyanPay account လည်းရှိထားမှအဆင်ပြေပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။

ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
Picture
Create Personal Account ကိုရွေးပါ
Picture
ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
Picture
Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
Picture
ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
Picture
Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
Picture
ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
Picture
အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
Picture
ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။
Picture
ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

credit >>>>> MM IT Helper

အားလုံးအဆင်ပြေကြပါစေ..........

Aung Ko Htet (IT Studier)



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Hacking ပညာတွေအားလုံးကို Android ဖုန်းရှိုရုံနဲ့ အ၀ကြီးလေ့လာလိုရပါပြီ

Hacker's Home :- ★ A Complete Hacker's Handbook ★ 

ဟက်ကာတွေလည်းနောက်ဆိုရင် Android ဖုန်းပေါ်မှာ ဟက်ကင်းလေ့လာလို့ရပါပြီ။ Android ဖုန်း Version က 2.2 နဲ့အထက်ရှိရပါမယ်။ အတိအကျသိချင်ရင်တော့ ဆက်ဖတ်ကြည့်ပေါ့။ ဒေါင်းလုတ်ဆွဲလိုက်ပါဦးဗျာ။

Hackers Home Pro v2.1
Hacker’s Home is the 1st android app ever in the Google Play Store which includes tons of stuffs relating Hacking Computer, Wi-Fi, Website, Facebook, Emails with step by step tutorials and with live chat functionality which let you stay tuned with the hackers all around the globe.
This is the Pro Version of Hackers Home which contains More Bunch of tutorials about : 
  • Computer Hacking
  • WiFi Hacking
  • Instant Facebook Hacks Tutorial
  • Hacking Website
  • Email Hacking
  • Protect Yourself
  • Backtrack 5 tutorials
  • Windows Tricks and Hacking
  • Regular updates 
  • Ads Free
  • More Amazing Stuffs
Wanna learn to hack? Let us show you how!

Note: - This Application is only for education purpose and is 100% safe. This application is designed by the developer for the reference only.

This App Contains Step by step 1,730 Tutorials, Some of the list are as Follows :
  • Protect Your own accounts from being hacked
  • Strong your own security
  • Use your android phone to gain access to facebook, youtube, twitter, amazon accounts
  • Hack Websites with SQL injection and other methods
  • Hack Gmail, Yahoo & Msn Accounts
  • Crack Wifi WEP and WPA passwords
  • Gain access to e-mail accounts
  • Hack Facebook accounts
  • Bypassing school security
  • Speed up your internet connection on ps3, xbox, PC, or mac
  • Hacking websites with SQL injection
  • Hacking and cracking Wi-Fi by bypassing securities
  • Speed up your internet and optimize your PC
  • Setup Backtrack 
  • Backtrack 5 Tutorials
  • Some Interesting Windows Tricks
  • Password Cracking Tutorials
  • How to create Viruses
  • Video Tutorials
  • + Many More
What's in this version: (Updated : Sep 8, 2012)
  • Minor Bug Fixed
  • More Tutorial will be add soon
  • Next Update will be on 29th September
Required Android O/S : 2.2+
Screenshots :

 
 
 


Download => Link 1 / Link 2 / Link 3
ဝေမျှသူ : www.pthaw.blogspot.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..