January 2013
All Free Softwares, e-Books, Tutorials and Knowledges

ဒီပို့စ်တွေဟာ မောင်ပေါက် စမ်းသပ်ထားတာမဟုတ်ပါဘူ.. ဆရာတွေ လုပ်ပြီးသားကို မျှဝေခြင်းဖြစ်ပါတယ်..
 
1. ဒီဖိုင်လေးကို အရင်ဒေါင်းလိုက်ပါ..
Root_Exploit_OneClick.zip
Download အရင်ဆွဲပြီးရင် ကွန်ပျူတာထဲမှာ Zip ဖိုင်ကို ဖြည်ထားလိုက်ပါ.
2.ဖုန်းကို Computer နဲ့ USB ကြိုးဖြင့် ချိတ်ပါ.. ဖုန်းရဲ့ Setting ထဲက USB debugging ကို ON ပြောင်းထားပါ.
3. ဒီမှာ ကိုယ့်ဖုန်းရဲ့ USB Driver ကို ဒေါင်းပါ.

 USB Driver for Sony
 ဒါင်းပြီး PC မှာ Install လုပ်ထားပါ..
4. အဆင့်(၂)မှာ ဖြည်ထားခဲ့တဲ့ ဖိုင်ထဲကို သွားပြီး RunMe.bat ကိုဖွင့်ပြီး Enter ခေါက်လိုက်ပါ.. အခု ဆိုရင် Root လုပ်မယ့် ဖုန်းက Restart 2 ကြိမ် 3 ကြိမ်မက လုပ်နေပါလိမ့်မယ်.. ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေပေးပါ..
အားလုံးပြီးသွားရင်တော့ Xperia Ray ST 18i/ ST18a Android 4.04 ICS ကလေး အမြစ်လန်ထွက်သွားပါပြီ.. တကယ် အမြစ်လန်မလန်ကို Menu ထဲက App List ထဲမှာ Super User ကိုရှာလိုက်ပါ.. တွေ့ရင်တော့ တကယ်လန်ပြီဗျို့ (အမြစ်)


အရေးကြီးတဲ့ အချက်ကတော့ Firmware တစ်ချို့မှာတော့ အဆင်မပြေဘူးလို့ဆိုပါတယ်...


အဆင်ပြေပါစေ

မောင်ပေါက် 

Credit to Mobile House

နောက်တစ်နည်း
ROOT.XPERIA 4.0.4 ROM [ALL H/M(DPI)] | 4.1.B.0.431

အဆင့် (၁) Downgrade
4.0.4 ကနေ တိုက်ရိုက် အမြစ်တူးဖို့က မလွယ်ပါဘူး။ ဒါ့ကြောင့် Root လုပ်ချင်တယ်ဆိုရင်တော့ လုပ်လို့ရဖို့အတွက် အဆင်ပြေမယ့် GB ROM ကို Downgrade ဆင်းရပါမယ်။ (GB ROM ဖြစ်ပြီးသားဆိုရင်တော့ ဒီအဆင့်ကျော်လုပ်ပါ။)
Downgrade လုပ်ဖို့အတွက် သင့်ဖုန်းအတွက် GB ROM ftf အဟောင်းလေးတွေလိုပါတယ်။ Flash လုပ်ဖို့ပါ။
သက်ဆိုင်ရာဖုန်းအသီးသီးအတွက် ftf ဖိုင်များကို အောက်မှာယူပါရန် ...
Xperia Mini (ST15i)
Xperia Mini Pro (SK17i) 
!PreRooted 4.0.2.A.0.69 - http://www.mediafire.com/?desy0bkka1b44g0 - Flash via Recovery
Xperia Mini Pro (SK17a) - "a" model 
!4.0.2.A.0.58 - http://www.mediafire.com/?433tco785pj1y69 - Branded Mexico Telcel firmware
Xperia Active (ST17i)
Xperia Live with Walkman (WT19i)
Xperia Ray (ST18i)
!4.1.A.0.562 - Link yet to come.
Xperia Arc (LT15i)
Xperia Arc S (LT18i)
Xperia Neo (MT15i)
Xperia Neo V (MT11i)
Xperia Play (R800i)
ပြီးရင် ပုံတွေမှာအဆင့်ဆင့်ပြသလိုလုပ်ပါ





အဆင့် (၂) Root GB ROM
(GB ROM အမြစ်တူးပြီးသားဆိုရင် ဒီအဆင့်လည်း ကျော်ပါ)
ပြီးရင် DoomLord's Easy Root Toolkit for Xperia Gingerbreade >= .58 ကို ဒေါင်းရပါမယ်
ပြီးတော့ zip ဖိုင်ကို ဖြည်လိုက်ပါ။ ပြီးတော့ ဖုန်းကို PC နဲ့ချိတ်ပြီးတော့ runme ဆိုတဲ့ batch ဖိုင်လေးကို run လိုက်ပါ။

Screen ပေါ်က ညွှန်ကြားချက်အတိုင်း လုပ်ပေးပါ။
ပြီးသွားရင် ဖုန်းက reboot ကျသွားပြီး ပြန်တက်လာရင် superuser ဆိုတဲ့ application လေး သင့်ဖုန်းထဲ ရောက်နေမှာပါ။
အဆင့် (၃) Preparing To Root 4.0.4
Xperia Root.rev3 အား ဒီမှာ ဒေါင်းပါ။
zip ဖိုင်ကို ဖြည်ထားလိုက်ပါ။
ဖုန်းကို PC နဲ့ချိတ်လိုက်ပါ။ ပြီးတော့ 1-local-prop ဖိုင်ကို run လိုက်ပါ။

screen ပေါ်ကညွှန်ကြားချက်အတိုင်း လိုက်လုပ်ပါ။
ပြီးသွားပြီဆိုရင် /data/local.prop ကို ပြင်ပြီးသွားပါပြီ။
အဆင့် (၄) Flash 4.0.4 Rom
ဖုန်းအမျိုးအစားအလိုက် လိုအပ်တဲ့ ftf ဖိုင်ကို အောက်မှာ ဒေါင်းပါ။
Xperia Mini Pro: 
SK17i: Here or Here
SK17a: Here or Here
Xperia Live with Walkman:
WT19a: Here
WT19i: Here
Xperia Mini: 
ST15: Here 
Xperia Active:
ST17i: Here
Xperia Ray:
ST18:Here OR Here
Xperia Arc S:
LT18:Here OR Here OR Here
Xperia Neo V:
MT11:Here OR Here
Xperia Neo:
MT15:Here
Xperia Arc:
LT15: Here OR Here
Xperia Pro:
MK16i:
ပြီးရင် Downgrade လုပ်တုန်းကလိုပါပဲ။ ftf ဖိုင်ကို firmware ဖိုဒါထဲထည့်ပေးပါ။ ပြီးတော့ အောက်မှာ ပြထားတဲ့ပုံလေးအတိုင်း ရွေးပေးပြီး flash လုပ်လိုက်ပါ။

flash လုပ်ပြီးသွားရင် ပါဝါဖွင့်လိုက်ပါ။ ပထမအကြိမ် boot တက်ပြီး ပြန် reboot ကျသွားပါလိမ့်မယ်။ နောက်စက္ကန့်အနည်းငယ်အကြာမှာတော့ ပုံမှန်အတိုင်း boot တက်ပါလိမ့်မယ်။
မတက်သေးပဲ လည်နေရင် နောက်အဆင့်ကနေ ဆက်လုပ်ပါ။
အဆင့် (၅) Root 4.0.4
အဆင့် ၃ မှာတုန်းက ဒေါင်းခဲ့တဲ့ Xperia-ROOT.rev3.zip ထဲက 2-push-root.files.cmd ကို run လိုက်ပါ။

Screen ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။
ပြီးရင် ဖုန်း restart ကျသွားပါလိမ့်မယ်။
ပြန်တက်လာရင် သင့်ရဲ့ 4.0.4 ROM ထဲမှာ SuperUser  Install လုပ်ပြီးသားဖြစ်နေပါပြီ။
******
မှတ်ချက်။    ။ ဒီနည်းလမ်းကို အသုံးပြုပြီးတော့ .62 GB firmware ကိုလည်း အမြစ်တူးလို့ရပါတယ်။ သူ့အတွက်က အဆင့် (၄) မှာ .62 ROM ကို flash လုပ်ပေးရမှာပါ။
အဆင် ပြေ၊ မပြေ Comment လေး ပေးခဲ့ပါနော်။ ဒါမှ နောက်လူတွေလည်း အဆင်ပြေအောင်လို့ပါ။ အောင်မြင်သွားတဲ့ ဖုန်းမော်ဒယ်လေးလည်း ရေးခဲ့ပေးပါဦး။
* GB= Gingerbreade 
အားလုံးပဲ အရာရာ အဆင်ပြေနိုင်ကြပါစေဗျာ ...
All Free Softwares, e-Books, Tutorials and Knowledges


ကွန်ပျူတာကို USB နဲ့ Lock ချလို့ရသလို ပြန်ဖြုတ်လို့လည်းရပါတယ်.. ကျွန်တော့်မိတ်ဆွေကတော့ Lock ချထားတာ.. ပြန်ဖြုတ်ဖို့မေ့နေလို့ မေးလာလို့ ရှာဖွေတင်ပေးလိုက်ပါတယ်.. ကိုညီနေမင်းဆီက တွေ့လာတာ..

လုပ်နည်း
၁။ အရင်ဆုံး Control Panel ဝင်လိုက်ပါ ပြီးရင် ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး Large icons ကို ကလစ်လိုက်ပါ
၂။ BitLocker Drive Encryption ကိုရှာပါ တွေ့ရင် ကလစ်လိုက်ပါ
၃။ ကိုလော့ချင်တဲ့ Disk Drives ကိုရွေးပြီး Turn on bitLocker ကို ကလစ်လိုက်ပါ
၎။ ပေါ်လာမယ့် ဝင်းဒိုးမှာ Use a password to unlock the drive ကို အမှတ်ခြစ်ပေးလိုက်ပါ
၅။ Type your password: နဲ့ Retype your password: မှာ password ကိုဖြည့်ပေးလိုက်ပါ နှစ်ခုလုံး အတူတူဖြည့်ပေရမှာ ဖြစ်ပါတယ် ဆိုလိုတာက (Type your password: မှာ 123456 ဆိုရင် Retype your password: မှာ 123456) အဲ့လိုဖြည့်ပေရမှာဖြစ်ပါတယ် password ကတော့ ကိုမှတ်ရလွယ်တဲ့ password ဖြည့်လိုက်ပါ ကြိုက်တာဖြည့်နိုင်ပါတယ် မမေ့ဖို့လိုပါတယ် မေ့နေရင်တော့ ......? သိတယ်နော်
၆။ ပြီးရင် Next ကိုကလစ်ပါ ပြီးရင် Save the recovery key to a file ကို ကလစ်လိုက်ပါ
၇။ Text Files လေးကို ကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ Save ကိုကလစ်ပါ ပြီးရင် Next ကိုကလစ်ပါ
၈။ ပေါ်လာမယ့် ဝင်းဒိုးမှာ Start Encrypting ကိုကလစ်လိုက်ပါ Encrypting လုပ်နေတာတွေ့ရပါလိမ့်မယ်
Encrypting လုပ်နေတာပြီးအောင်စောင့်လိုက်ပါ ပြီးရင်တော့ အိုကေပြီပေါ့ စမ်းကြည့်လိုက်ပါ။


ကျွန်တော် ကြိုပြီးတော့ Unlock Drive သော့ပြန်ဖြုတ်တဲ့ နည်းပါရေးပေးလိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပေါ့ Lock ချတဲ့နည်းပြောပြီးရင် Unlock ပြန်ပြီးဖြုတ်တဲ့ နည်းလေး ပြန်မေးလာမှာ သေချာလို့ပါ ဒါကြောင့် တစ်ခါတည်း ရေးပေးလိုက်ပါတယ် ဖြုတ်ချင်တဲ့ Usb ကိုထိုးလိုက်ပါ ပြီးရင် အောက်ကအတိုင်း လိုက်လုပ်ပါ။

၁။ Control Panel ပြန်ဝင်လိုက်ပါ ပြီးရင် ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး
၂။ Large icons ကို ကလစ်လိုက်ပါ ပြီးရင် BitLocker Drive Encryption ကိုရှာပါ တွေ့ရင် ကလစ်လိုက်ပါ
၃။ လော့ပြန်ဖြုတ်ချင်တဲ့ Disk Drives ကိုရွေးပြီး Unlock Drive ကို ကလစ်လိုက်ပါ
၎။ ပေါ်လာမည့်ဝင်းဒိုးမှာ ကိုပေးထားတဲ့ password ပြန်ဖြည့်ပြီး Unlock ကိုကလစ်လိုက်ပါ
၅။ ပြီးရင် ခုဏကနေရာမှာ Turn Off BitLocker ကိုကလစ်လိုက်ပါ Turn Off BitLocker ဆိုတဲ့ ဝင်းဒိုးပေါ်လာပါမယ် အဲ့မှာ Decrypt Drive ကိုကလစ်လိုက်ပါ Dectypting လုပ်နေတာကို ပြီးအောင် စောင့်လိုက်ပါ။

အကယ်၍ Usb ထိုးလိုက်ပြီး (Auto Run သို့မဟုတ် My Computer) ကနေဝင်ပြီး သော့ဖွင့်ခဲ့မယ်ဆိုရင် အပေါ်က (၃။) နဲ့ (၄။) အတိုင်း လိုက်လုပ်စရာ မလိုတော့ပါဘူး တခါတည်း (၅။) ကအတိုင်းလုပ်လိုက်ပါ ကဲဗျာ ဒီလောက်ဆို လုံလောက်ပြီလို့ ကျွန်တော်ထင်ပါတယ် သေချာဖတ်ပြီး လုပ်ကြည့်ပါ အဆင်ပြေမယ်လို့ထင်ပါတယ်။

မောင်ပေါက်

မူရင်း= ညီနေမင်း

All Free Softwares, e-Books, Tutorials and Knowledges

MMSD Group မှာ မြန်မာလိုရေးပေးသော ကိုစိုင်းအာကာ (MMUC)

ကိုကျေးဇူးတင်ပါတယ်...ကျွှန်တော်ပြန်မျှဝေပေးလိုက်ပါတယ်ဗျာ........

Mpx Team မှ ရွေပေးဝယ်ကာ Share သော MMSD Member Kee Liong

Lee ကို လဲကျေးဇူးတင်ပါတယ်.......

Thank Sharing Credit For စိုင်းအာကာ(MMUC),MPX Team

Huawei Y220T Rooting Method

အရင်ဆုံး Driver ကိုသွင်းရပါမယ်။ No. (1) ကဟာကိုဒေါင်းပါ။

Y220T_Research_Download ဆိုတဲ့ ဖိုဒါထဲက Reseach Dowload.exe ကို run လိုက်ပါ။ No. (2) ကိုဒေါင်းပါ ... ။

220T ROOT.pac ဖိုင်ကို Open လုပ်ပါမယ်။ No. (3) ကိုဒေါင်းပါ ... ။

ပြီးရင် တတိယခလုပ်လေးကို နှိပ်လိုက်ပါ။

နောက် ဖုန်းကို ပါဝါပိတ် ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ VOL Down ခလုတ်ကို နှိပ်လျက်နဲ့ USB ထိုးလိုက်ပါ။

ဒါဆိုရင် Software ကစပြီးအလုပ်လုပ်ပါပြီ။ ဖုန်းထဲကို လိုတဲ့ဖိုင်တွေ ရိုက်ထည့်သွားပါမယ်။

အားလုံးပြီးသွားပြီဆိုရင်တော့ PASS ဆိုပြီး အစိမ်းရောင်လေးပေါ်လာပါမယ်။
ဖုန်းကို usb ဖြုတ်။ ဓာတ်ခဲဖြုတ် ပြန်တပ်ပြီးတော့ ပါဝါဖွင့်ပါ။

ပြီးရင် No. (4) မှာဒေါင်းထားတဲ့ Root Tool နဲ့ Root လုပ်လိုက်ပါ ... ။

All Done !!~
အားလုံးအားလုံးကို Credit ပေးပါတယ်ဗျာ ... ရှာဖွေမှု၊ ကြိုးစားမှု၊ မျှဝေမှုအားလုံးးကိုကျေးဇူးတင်ပါတယ် .... ။

Credit to >> MM MPX team, MMSD,

Special Thanks to (Kee Liong Lee @MMSD) for he buying this pac file !!~

Thanks to all.
Don't miss to treat me beer !!~ & Y220T တွေ ဈေးမတက်ပါစေနဲ့ .... :D :P :P

မောင်ပေါက်

Download Link:

  1. Download Driver Here !

  2. Research Download

  3. Y220T Pac File Download

  4. Root Tool Download

Credit to : စိုင်းအာကာ (MMUC)
All Free Softwares, e-Books, Tutorials and Knowledges


ဆရာသန်းထိုက် (ရွှေရိပ်)ရဲ့..ကွန်ပျူတာပိုးမွှားများနှင့်ခုခံမှုနည်းပညာမြန်မာလို စာအုပ်လေးတင်ပေးလိုက်ပါတယ်..အရင်ကလည်း  ကွန်ပျူတာရောဂါများနှင့်ကာကွယ်ဆေး စာအုပ်ထွက်ထားဖူးပါတယ်...အခုတစ်အုပ်ကတော့ အသစ်ပါ..မရှိ
သေးသူများ Download ရယူနိုင်ပါပြီ..

Download=>Solidfiles / Mediafire
All Free Softwares, e-Books, Tutorials and Knowledges

iOS hacker တစ်ဦးဖြစ်သူ "Pod2g" က အသစ်ပြန်လည် ဖွဲစည်းထားတဲ့ "Evad3rs" Dev-Team ရဲ့  "Planetbeing" နဲ့  "Pimskeks" တို့  အဓိက ကြိုးပမ်းအားထုတ်မှုကြောင့် အခုဆိုရင် iOS 6.1 အတွက် Untether Jailbreak ဟာ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း "iDigitalTimes" နဲ့  ပြုလုပ်တဲ့ အင်တာဗျူးမှာ အတည်ပြု ပြောကြားလိုက်ပါတယ်...

"ယခု Jailbreak ဟာ "Planetbeing" နဲ့  "Pimskeks" တို့ ရဲ့  စွမ်းဆောင်မှုသာဖြစ်ပါတယ်။ ကျွန်တော်က အပြီးသတ်ခါနီးမှ ရောက်လာတာပါ။ ပိတ်ဆို့ နေတဲ့ အခြေအနေတစ်ချို့ ကို သူတို့  အစွမ်းကုန်ဖြေရှင်းနိုင်အောင် အကြံဥာဏ်ပေးခဲ့ပါတယ်၊ ဒါပေမယ့် တစ်ကယ်ဆိုရင် ကျွန်တော့် အကူညီမပါပဲလဲ ဒီကိစ္စတွေဟာ ပြီးသွားမှာ သေချာပါတယ်" လို့  အသိပေး ပြောကြားခဲ့ပါတယ်။

အခုဆိုရင် iOS 6, iOS 6.1 beta 4 တို့ ကိုပါ Jailbreak လုပ်နိုင်နေပါပြီ ဒါပေမယ့် သူတို့ တွေက iOS 6.1 အတည် ထွက်လာတာကို စောင့်နေကြပါတယ်။ iOS 6.1 ထွက်လာတာနဲ့  တစ်ပြိုင်နက် အခြား လုံခြုံရေးပိုင်းဆိုင်ရာ ထပ်မံ တိုးမြင့်ထားခြင်း ရှိ/မရှိ စစ်ဆေးလို့  အောင်မြင်တာနဲ့  Jailbreak ကို ထုတ်ပေးသွားပါလိမ့်မယ်။

အသစ်ပြန်လည် ဖွဲ့ စည်းထားတဲ့ "Evad3rs" အဖွဲ့ တွင် "Pod2g, MuscleNerd, Planetbeing, Pimskeks" တို့  ပါဝင်ကြပါတယ်။


နောက်ဆက်တွဲ သတင်း အနေနဲ့  Apple က ယနေ့ ပဲ iOS 6.1 beta 5 ကို Developer များအတွက် ထပ်မံ ထုတ်ပေးလိုက်ပြန်ပါပြီ.... Apple နဲ့  Hackers များရဲ့  ပညာပြိုင်ချက်များကြောင့် iOS 6.1 ထွက်ဖို့  ဘယ်လောက် ကြာကြာ ထပ်စောင့်ရမှာပါလိမ့်...


Credit to : မိုးသိကြား
All Free Softwares, e-Books, Tutorials and Knowledges

ဒီပိုစ့်လေးကို ရေးရခြင်းရည်ရွှယ်ချက်က သာမာန် ဖုန်းအသုံးပြုများအတွက် မိမိဖုန်းမှာ ဘယ်လို Application လေးတွေထည့်ထားသင့်တယ်ဆိုတာကို သိစေချင်လို့ တင်လိုက်ရခြင်းဖြစ်ပါတယ်။
အခု အပြင်မှာရော Group တွေ မှာရောတွေ့ နေရတယ်ဗျ Application လေးတွေ အများကြီးထည့်ထားတဲ့  ပြသနာပေါ့ တစ်ကယ်တော့ အဲလောက်အများကြီး မသုံးဘူးလို့ ထင်ပါတယ်။တစ်ချို့ Application လေးတွေဆို ကိုယ်လို တဲ့ အချိန်မှပဲထုတ်သုံးတာပါ။အများကြီး ထည့်မသုံးတော့ မိမိ ဖုန်းလေးအထူးသဖြင့် မလေးတော့ဘူးပေါ့။ အများကြီးထည့်ထားတော့ ဖုန်းကလေးလာတယ်။အဲဒီအတွက်လိုအပ်လာလို့  Choice လုပ်ပြီးတင်ပေးလိုက်တာပါ။
အောက်မှာတစ်ခုချင်းကိုသေချာလေးပြောပြပေးပါမယ်။
1.Advance Task Killer>>> ဒီကောင်လေးကတော့ ထည့်ထားသင့်ပါတယ် ဘာလို ထည့်ထားသင့်လဲဆိုတော့ Android phone အများစုဟာ Application ထဲက Exit လုပ်ပြီးထွက်တာတောင်မှနောက်ကွယ်မှာ ပွင့်နေတတ်ပါတယ်။အဲဒီအတွက် ဒီကောင်လေးက Application လေးများကို ပိတ်ပေးမှာပါ။
2.Mobile Alarm System>>>ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ တခြားသူတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုဆော့ဝဲလေး Mobile Alarm System ကိုအသုံးပြုနိုင်ပါတယ်။
-ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း
-Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ် (သို့) အားသွင်းနေစဉ် ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့ ဖုန်းကချက်ချင်း Alarm မြည်ပြီး အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features အလန်းစားတွေပါဝင်ပါတယ်။ လုံခြုံရေးအတွက်ပေါ့။
3.Andro Zip >>> ဒီကောင်လေးကတော့ တစ်ချို့ ဖုန်းနဲ့ ပဲအသုံးပြုသူတွေအတွက် Zip File တွေကိုဒေါင်းလုပ်ဆွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Zip file / Rar File တွေကိုဖြည်တဲ့  Software လေးပါဆောင်ထားသင့်ပါတယ်။
4.App Lock>>>ဒါလေးကတော့ Application လေးတွေကို Lock ချတဲ့  Software လေးပါ။မိမိဖုန်း၏ Application လေးများကို တစ်ခြားလူ အသုံးမပြုနိုင်အောင်ကာကွယ်ပေးမှာပါ။Application ကို Lock ချတဲ့ Function အပြင် Incall / outcall ပါ Lock ချလို့ ရပါတယ်။
5.Awesome Miniature Pro ဒီကောင်လေးကတော့ Photo Editor Software လေးပါ။မိမိ၏ Photo တွေ ပြင်ချင်တဲ့ အခါမျိုးမှာအသုံးပြုနိုင်တာပေါ့။
6.Cache Mate>>> ဒါလေးကတော့ Cache Mate Application လေးပါ။မိမိဖုန်းမှာ မလိုလားအပ်သော Cache များကို ရှင်းပေးမှာပါ။
7.Dr.Web anti-virus>>> Antivirus Application လေးပါ။ Memory နည်းနည်းနဲ့ ကောင်းကောင်းအသုံးပြုချင်သူတွေအတွက်အဆင်ပြေမှာပါ ဒီ Application မှာ Call Block funtion နဲ့  မိမိဖုန်းကို ပျောက်သွားတဲ့ အချိန်မျိုးမှာ Lock ချတဲ့ effect တွေပါပါတယ်။
8.Droid Scan Pro>>>Android ဖုန်းကနေ စာရွက်တို့ဘာတို့ တစ်ခုခုကို ဒီဆော့ဝဲလေးအသုံးပြုပြီး scann ဖတ်လို့ရပါတယ်။ Android ဖုန်းကို Scanner အဖြစ်အသုံးပြုလို့ရစေတာပေါ့။ နောက်ပြီး ဒီဆော့ဝဲလေးနဲ့ scan ဖတ်ပြီးရင် pdf ဖိုင်အနေနဲ့ပါ တစ်ခါတည်းထုတ်လို့ရပါသေးတယ်။ ရှိထားသင့်တဲ့ application လေးပါ။
9.DroidSheepGuard>>> ဒါလေးကတော့ မိမိအကောင့်လုံခြုံမှုအတွက် ဖုန်းနဲ့ သုံးတဲ့ အခါမျိုးမှာဆောင်ထားသင့်ပါတယ်။ Droid Sheep ဖြင့် Hacking လုပ်ခြင်းရန်မှ ကာကွယ်ပေးပါတယ်။
10.DX Battery Saver Pro>>> Battery Saver လေးပါ မိမိဖုန်းမှာ Battery စားသက်သာအောင် CPU Low လုပ်တဲ့  function တွေအပြင် Long Mode တွေပါပါတယ်။ဆောင်ထားသင့်ပါတယ်။
11.Easy Downloader Pro>>> ဒါလေးကတော့ မိမိဖုန်းနဲ့ သုံးတဲ့ အခါမျိုးမှာ Application သို့ မဟုတ် Game တစ်ခုခုကို download လုပ်ချင်တဲ့  အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Resume ပါပါတယ်။
12.Easy Filter>>>ဒီကောင်လေးကတော့ မိမိဖုန်းကိုနှောက်ယှက်မည့်ရန်မှ ကာကွယ်ပေးမှာပါ။မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုများကင်းဝေးမှာပါ။ Call Block လေးပါ။
13.ES File Explorer>>>File Manager လေးပါ။မိမိ Original filemanager ပါလာတာကိုမသုံးချင်သူများအတွက် ဒီကောင်လေးက အဆင်ပြေပါတယ်။ file များကို delete/copy/mode များကို လျှင်မြန်စွာအသုံးပြုနိုင်ပါတယ်။
14. Fast Reboot>>> ဒါလေးကတော့ မိမိဖုန်းလေးလာတဲ့ အခါမျိုးမှာ လျှင်မြန်စွာ Reboot ချပေးမည့်ကောင်လေးပါ တော်တော်လေးသုံးကောင်းပါတယ်။
15. Gallery Lock>>> မိမိ၏ သူများမသိစေချင်သော vedio /photo များကို Lock လုပ်ပေးမည့်ကောင်လေးပါ။ သူ၏ Application ကိုလည်း hidden လုပ်ပေးတဲ့ function လေးပါပါတယ်။
16.HD Panorama>>> ဒီကောင်လေးကတော့ မိမိဖုန်းမှာ Original မြင်ကွင်းကျယ် ရိုက်ကူမှုမပါတဲ့ ဖုန်းများအတွက်ပါ ။ ဒီကောင်လေးကို အသုံးပြုပြီး မိမိ မိသားစုအဖွဲ့ လိုက်ပုံများကို ကြည်လင်စွာ ရိုက်ကူးနိုင်မှာပါ။
17.MMAS Market>>> ဒါလေးကတော့ ကျွန်တော့တို့ ၏ myanmarmobileapp ၏ Market လေးပါ မိမိအသုံးလို့ သော Application and Game များကို မြန်မာဘာသာနဲ့ ရှင်းပြပေးထားပြီး
လိုချင်သော Application and Game များကို One Click Download စနစ်နဲ့ အသုံးပြုပြီး ဒေါင်းနိုင်မှာပါ။
18.Music Off>>>မိမိသီချင်းဖွင့်လျှက်အိပ်ပျော်သွားတဲ့ အခါမျိုးမှာ မလိုလားအပ်သော အသံဆူညံမှု Battery အားကုန်မှုတွေကိုဖြေရှင်းပေးမှာပါ။ Timer နဲ့ မှတ်ပြီး သီချင်းတွေကို ပိတ်ပေးနိုင်ပါတယ်။
19.MX Player>>> ဒါလေးကတော့ vedio player လေးပါ ။ ဖုန်းမှာ original player မသုံးချင်သူများအဖို့ အဆင်ပြေမှာပါ။ FLV file တွေပါ support ပေးပါတယ်။
20.Ringdroid>>>ဒီကောင်လေးကတော့ မိမိဖုန်းနဲ့ တင် သီချင်းများကို ဖြတ်ညှပ်ကတ်လုပ်ချင်သူများအတွက် အဆင်ပြေမှာပါ။
21.Sensor music player>>> ဒါလေးကတော့ sensor နဲ့  သီချင်းများကို ကျော်ချင်ပြုချင်သူတွေအတွက်ပါ screen ကိုလက်နဲ့ မထိချင်သူတွေအတွက်ပါ။
22.SimSimi>>> ဒီကောင်လေးကတော့စကားပြောသောအကောင်လေးပါ မိမိပျင်းနေတဲ့ အချိန်မျိုးမှာ internet ဖွင့်ပြီး သူနဲ့ စကားပြောနိုင်ပါတယ်။
23.Titanium Backup Pro>>>မိမိ၏ Application and game များကို backup လုပ်ချင်တဲ့ အချိန်မျိုးမှာ အသုံးပြုနိုင်ပါတယ်။တော်တော်လေးကောင်းတယ်။
24.Ultimate Voice Recorder>>> မိမိဖုန်းပြောတဲ့ အခါမျိုးမှာ တစ်ဖက်ကအသံကိုကြည်လင်စွာဖမ်းယူပေးနိုင်မည့် recorder လေးပါ။
25.Wifi Protector>>>Public Network မှာ သုံးတဲ့သူတွေ အတွက် Privacy and Safety ဆိုတာ တကယ်ကိုလို အပ်ပါတယ်။အများနဲ့အတူသုံးတဲ့အတွက် ကိုယ်ချိတ်ဆက်ထားတဲ့ Network မှာ ဘယ်လိုလူတွေ သုံးနေလဲဆိုတာ မသိနိုင်ပါဘူး။လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိမှာပါ။ လူဆိုးထဲကမှ ကိုယ့်အကောင့်ကို ယူသုံးချင်တဲ့သူတွေ။ ကိုယ့်ပက်ဝေါ့ခိုးချင်းတဲ့သူတွေစသဖြင့် လူမျိုးစုံအောင် သုံးကြမှာပါပဲ။ ဒီကြားထဲ နည်းပညာကိုစမ်းသပ်ချင်တဲ့ သူခိုးတစ်ပိုင်း(ဥပမာ – me)တွေလဲ ပါတာပေါ့။သူများကို မကောင်းတာတော့မလုပ်ဘူး။ နည်းပညာပဲ ၀င်စမ်းတာပါပြောပြော ပိုင်ရှင်မသိအောင်ခဏတော့ သုံးတာပေါ့ဗျာ။စိတ်ကတော့ ဒုက္ခပေးလိုစိတ်မရှိတော့ ငရဲတော့ မကြီးကောင်းပါဘူး။ အဲဒီလိုလူတွေ ရန်ကကာကွယ်ဖို့ ဒီဆော့ဝဲလေးကို ဆောင်ထားပါ။Rootလုပ်ထားဖို့တော့ လိုအပ်ပါတယ်။
အားလုံးပဲအဆင်ပြေပါစေ။

မောင်ပေါက်


All Free Softwares, e-Books, Tutorials and Knowledges

Launcher (၂၃)မျိုးကို တင်ပေးလိုက်ပါတယ်.. ကိုယ်လိုချင်တာ ဒေါင်းကြပေါ့..

(1) 360 launcher 

(2) ADW launcher

(3) AOS (ios style)

(4) Atom launcher

(5) DX Home

(6) Espier launcher

(7) EZ launcher 

(8) Flip launcher 

(9)Go launcher EX

(10) He2 launcher

(11) Hi launcher 

(12) Honeycomb launcher

(13) ICS launcher 

(14)Launcher 

(15) Lotus launcher 

(16) MIUI launcher 

(17) Mobo launcher

(18) My launcher 

(19) Nemus launcher 

(20) Next launcher 

(21) Smart launcher 

(22) SPBlauncher 

(23) Wave launcher

တကယ်တော့ ဒါတွေဟာကျွန်တော် စုထားတာ မဟုတ်ဘူးဗျ.. သူများစုထားပြီးသားကို လင့်ကူးထားတာ.. ဘယ်သူ့ဆီက ကူးလာမှန်းတော့ မမှတ်မိဘူး.. ဘာပဲဖြစ်ဖြစ် သူကလည်း ဒေါင်းစေချင်လို့တင်ထားတာ မဟုတ်လားဗျာ.. သူ ဘယ်သူပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်..

မောင်ပါက်
All Free Softwares, e-Books, Tutorials and Knowledges

Isa Server 2006 မြန်မာလို Ebook တောင်းဆိုထားတဲ့အစ်ကိုအတွက် ရာမညဖိုးလပြည့်ရေးသားထားတဲ့ စာအုပ်တင်ပေးလိုက်ပါတယ်..အဆင်ပြေပါစေခင်ဗျာ...

Download Ebook==>Solidfiles / Tusfiles









All Free Softwares, e-Books, Tutorials and Knowledges

မောင်ပေါက်အနေနဲ့ USB Flash Drive ရဲ့ Write Protect ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း (၂)ခုကို ပြောပြပေးချင်ပါတယ်.. ဒီနည်းက လူတိုင်းအဆင်ပြေ/ မပြေတော့မသိပါဘူး. ကျွန်တော် လုပ်ကြည့်မိသလောက်တော့ အဆင်ပြေပါတယ်..

ဒီနည်းလမ်းနှစ်သွယ်က(Desktop/Laptop)နှစ်မျိုးစလုံးသုံးလို့ရပါတယ်...
*************
ပထမနည်းလမ်း
1.ကွန်ပျူတာကို Shutdown ချလိုက်ပြီး USB Memory Stick ကို ကွန်ပျူတာမှ တပ်လိုက်ပါ
2.ကွန်ပျူတာကို power on ပြီးရင် F8 ကီးကိုဖိထားပါ.. Advanced Boot Options screen တက်လာမှာဖြစ်ပါတယ်.. Safe Mode with Command Prompt ကိုရွေးလိုက်ပါ..
ခဏနေရင်တော့ Safe Mode with Command Prompt နဲ့ တက်လာမှာဖြစ်ပါတယ်.. ကိုယ့်ရဲ့ USB Stick က Drive ဘယ်ဟာဖြစ်တယ်ဆိုတာကို သိဖို့တော့လိုတာပေါ့..
ဥပမာအားဖြင့် သင့်ရဲ့ USB Stick က Drive E ဖြစ်တယ်ဆိုရင် ဒီလိုရိုက်လိုက်ပါ
3. C:\windows\system32>E: လို့ရိုက်ပြီး Enter ခေါက်ပါ
4. E:\>format E: လို့ရိုက်ပြီး Enter ခေါက်ပါ
ဒါဆိုရင် format လုပ်တာကို Confirm တောင်းတဲ့ ဘောက်ကလေး (Y/N) ဆိုတာပေါ်လာပါလိမ့်မယ်.. Y လိုရိုက်ပြီး Enter ခေါက်လိုက်ပါ.. ဒါဆိုရင် မိတ်ဆွေရဲ့ USB Flash Drive ကို Format ချနေပါပြီ.. ပြီးရင်တော့ သင့်ရဲ့ကွန်ပျူတာကို ပုံမှန်ပြန်တက်နိုင်ပါပြီ .. အထက်မှာ ကျွန်တော် ပြခဲ့တဲ့ Drive E အစား မိမိ USB Drive ရဲ့ Drive Letter ကိုရွေးပေးရမှာဖြစ်ပါတယ်..

ဒုတိယနည်းလမ်း
ဒီနည်းလမ်းကတော့ Registry Editor မှာ သွားပြင်ရမှာပါ..
1.Start>Run (သို့မဟုတ်) ၀င်းဒိုး 7 မှာ Start ထဲမှာ regedit လို့ရိုက်ပြီး Enter ခေါက်ပါ..
2.Registry Editor ဘောက်ကျလာတဲ့အခါ
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies
ကိုသွားရပါမယ်..

3. ညာဘက်က Write Protect ကို Double Click ခေါက်ပြီး Hexadecimal Value ကို 0 ပြောင်းပေးလိုက်ပါ...

စက်ကို Restart ချပြီးရင် Write Protect မဖြစ်တော့ပါဘူး.. ဒါ စက်မှာ ပြင်တဲ့နည်းလမ်းပေါ့ခင်ဗျာ...

တကယ်လို့များ...HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies   ကို မတွေ့ခဲ့ဘူးဆိုရင်  ဒီဖိုင်  လေးကို ဒေါင်းပြီး Double Click ခေါက်ပေးလိုက်ပါ.. HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies ကိုတွေ့ပါလိမ့်မယ်...
 

အထက်မှာ ဖေါ်ပြခဲ့တဲ့နည်းလမ်းကို နှစ်ခုစလုံး လုပ်ပြီးရင် အောက်က အဆင့်လေးကို လုပ်ပေးလိုက်ပါအုံး..
1.Start>Run ထဲမှာ CHKDSK E: /F လို့ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ.. E ဆိုတဲ့နေရာမှာ မိမိ Drive ရဲ့ Drive Latter မှန်ပါစေနှော်.. သတိထားပေါ့..

ခြုံပြီးပြောရရင် ပထမနည်းလမ်းက Pen Drive ကို Safe Mode မှာ Command Prompt နဲ့ Format ချတာပါ.. ဒုတိယနည်းလမ်းကတော့ မိမိစက်မှာ Write Protect ကို ဖြုတ်ပစ်တာပါ.. တတိယ ပြောတာကတော့ Pen Drive ကို ပြန်လည် ပြုပြင်လိုက်တာပါ.. ဒါဆိုရင် အဆင်ပြေလောက်ပါပြီ...
မပြေခဲ့ရင် မောင်ပေါက်ရဲ့ လေ့လာမှုအားနည်းနေသေးတဲ့အတွက် တောင်းပန်အပ်ပါတယ်..
မပြေရင် မပြေကြောင်း၊ ပြေရင်ပြေကြောင်းတော့ သိချင်ပါသေးတယ်..

လေးစားလျက်

မောင်ပေါက်

အပေါ်မှာ ပြခဲ့တဲ့ ဒီမှာ ဆိုတဲ့ဖိုင်ကို အောက်ကလင့်တွေမှာလည်း ဒေါင်းနိုင်ပါတယ်

Download Link:
   
All Free Softwares, e-Books, Tutorials and Knowledges

ယခုလာမည့် (ဇန်နဝါရီ ၂၆ရက် ၂၀၁၃) နောက်ပိုင်းတွင် ဝယ်ယူမည့် iPhone များအား Unlock လုပ်ခြင်းသည် တရားမဝင်တော့ကြောင်း U.S. Library of Congress က ထုတ်ပြန် ကြေငြာလိုက်သည်..

သို့ သော်လည်း ယခု ထုတ်ပြန်ကြေငြာသည့်ရက်ထက် ရက်ပေါင်း ၉၀ (အောက်တိုဘာ ၂၈ရက် ၂၀၁၂) စောစွာ ဝယ်ယူထားကြသော iPhone များကိုမူ "Carrier's permission" တစ်ခုတည်းဖြင့်သာ Unlock လုပ်နိုင်ခွင့် ရှိပါလိမ့်မည်။

ကြေငြာချက် အပြည့်စုံမှာ..

Computer programs, in the form of firmware or software, that enable a wireless telephone handset originally acquired from the operator of a wireless telecommunications network or retailer no later than ninety days after the effective date of this exemption to connect to a different wireless telecommunications network, if the operator of the wireless communications network to which the handset is locked has failed to unlock it within a reasonable period of time following a request by the owner of the wireless telephone handset, and when circumvention is initiated by the owner, an individual consumer, who is also the owner of the copy of the computer program in such wireless telephone handset, solely in order to connect to a different wireless telecommunications network, and such access to the network is authorized by the operator of the network.

This exemption is a modification of the proponents’ proposal. It permits the circumvention of computer programs on mobile phones to enable such mobile phones to connect to alternative networks (often referred to as “unlocking”), but with limited applicability. In order to align the exemption to current market realities, it applies only to mobile phones acquired prior to the effective date of the exemption or within 90 days thereafter.



ထိုနည်းတူစွာပင် "Jailbreak" လုပ်ခြင်းကိုလည်း တရားမဝင်ကြောင်း ကြေငြာခဲ့ပါသည်....

သိပ်လည်း ဝမ်းနည်း စိုးရိမ်မသွားကြပါနဲ့ ဦး.... အထက်ပါ ဥပဒေဟာ U.S တစ်နိုင်ငံထဲမှာသာ အကျိုးသက်ရောက်ပါလိမ့်မယ်...

(မောင်ပေါက် => တော်သေးတယ် ကိုယ့်နိုင်ငံမှာမဟုတ်လို့)

Credit to မိုးသကြား



All Free Softwares, e-Books, Tutorials and Knowledges

ီကောင်လေးက ဖုန်းရဲ့ ပါဝါအဖွင့်မှာ animated ပုံလေးတွေနဲ့ တက်အောင် လုပ်လို့ရပါတယ်.. ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို ပြောင်းပေးလိုက်ရုံပါပဲ.. ဒါပေမယ့် အဲဒီပုံလေးတွေကို ဒေါင်းဖို့ တောင်းချိန်မှာတော့ internet connection ရှိနေမှရမှာပါ.. install လုပ်ပြီးရင်တော့ ဖုန်းကို Reboot လုပ်ပေးရမှာနှော..

အဆင်ပြေပါစေ
မောင်ပေါက် 

Download Link:
All Free Softwares, e-Books, Tutorials and Knowledges

 Facebook ပေါ်ကVideos တွေကိုနည်းလမ်းအသွယ်သွယ်နဲ့ ဒေါင်းကြပါတယ်.. ဆော့ဝဲတွေလည်းတင်ထားပေးတယ်.. IDM နဲ့လည်း ဒေါင်းတယ်.. အခု တင်ပေးလိုက်တဲ့နည်းက Facebook ပေါ်က Video File တွေကို လင့်ထည့်ပေးလိုက်ရုံနဲ့ ဒေါင်းဖို့ အဆင်သင့်လုပ်ပေးမယ်.. ဒေါင်းချင်ဒေါင်း မဒေါင်းချင်နေပေါ့ခင်ဗျာ..
ကဲ ဒီကို အရင်သွားလိုက်ပါ(တစ်ဆင့်ခံလင့်တင်ပေးထားတယ်)
downvids ကိုရောက်သွားမယ်. အဲဒီမှာ"Enter The Video Link" ဆိုတာကိုတွေ့မှာပါ..ဒေါင်းချင်တဲ့ Video ဖိုင်ရဲ့ Link လေးကို ထည့်ပြီး Download ဆိုတာကို နှိပ်လိုက်ပါ.. ခဏစောင့်လိုက်ရင် "Download This Video (Right Click>>Save As) "ဆိုတာပေါ်လာပါလိမ့်မယ်.. အဲဒါကိုနှိပ်လိုက်ပါ.. Save ဘောက် ကျလာပါလိမ့်မယ်.. (Right Click ခေါက်စရာမလိုပါ)

အဆင်ပြေပါစေ
မောင်ပေါက် 
All Free Softwares, e-Books, Tutorials and Knowledges

ဒီဆိုဒ်မှာ ဘာသာစကား ၂၄ မျိုးကို မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ပေးနိုင်ပါတယ်.. ဆိုဒ်ကို ဘာသာ (၄)မျိုးနဲ့ ကြည့်လို့ရပါတယ်.. ပထမဆုံး ဘယ်ဘာသာနဲ့ ကြည့်ချင်လဲဆိုတာ ရွေးပေးနိုင်ပါတယ်.. ဒီကို အရင်သွားလိုက်ပါ..


ပြီးရင် ဘယ်ဘာသာကနေ မြန်မာကို ပြန်မှာလဲဆိုတာကို More Languages to Myanmar


ဆိုတာကို နှိပ်လိုက်ရင် အောက်မှာ ဖေါ်ပြထားတဲ့ စာရင်းတွေတွေ့ရမှာပါ.. ကိုယ်ရိုက်ထည့်မယ့် ဘာသာစကားကို ရွေးပေးလိုက်ရုံပါပဲ. ပြီးရင်တော့ ဘောက်ထဲမှာ ရေးထည့်လိုက်ပြီး Enter ခေါက်လိုက်ရုံနဲ့ မြန်မာဘာသာကို ပြန်ပေးပါတယ်..


အဆင်ပြေပါစေ...

မောင်ပေါက်

မြန်မာဘာသာပြန်ပေးနိုင်သော ဘာသာစကားများ
    International
    English to Myanmar
    Hebrew to Myanmar
    Greek to Myanmar
    Portuguese to Myanmar
    French to Myanmar
    Dutch to Myanmar
    Arabic to Myanmar
    Spanish to Myanmar

    Europe
    Norwegian to Myanmar
    Finnish to Myanmar
    Romanian to Myanmar
    Polish to Myanmar
    Swedish to Myanmar
    Danish to Myanmar
    German to Myanmar
    Russian to Myanmar

    Asia
    Japanese to Myanmar
    Chinese to Myanmar
    Korean to Myanmar
    Malay to Myanmar
    Filipion to Myanmar
    Vietnamese to Myanmar
    Thai to Myanmar
    Hindi to Myanmar
All Free Softwares, e-Books, Tutorials and Knowledges

ကိုနေမင်းမောင် ရေးသားခဲ့တဲ့ Android Phone/Tablet များတွင် Root လုပ်စရာမလိုဘဲ မြန်မာဖေါင့်ထည့်သွင်းနည်းစာအုပ် ဖြစ်ပါတယ်.. အသုံးတည့်မယ့်စာအုပ်ပါ..


Download Link:

All Free Softwares, e-Books, Tutorials and Knowledges

        ကျွန်တော်လဲ ရေးမယ် ရေးမယ်နဲ့ မေ့မေ့ပြီး မရေးဖြစ်ခဲ့တဲ့ System Rating အကြောင်းလေးပါ။
ဆိုင်က အသစ်ဝယ်လာတဲ့စက်ပဲဖြစ်ဖြစ် ၊ သူများ Window တင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျွန်
တော်ဆီကိုရောက် လာတဲ့စက်တွေကို သတိထားကြည့်မိတော့ System Rating လုံးဝလုပ်မထားတာ
တွေတွေ့ရပါတယ်။  သတိမေ့ပြီးလုပ်မပေးလိုက်တာလား ၊ မသိလို့လုပ်မပေးလိုက်တာလားတော့မသိ
ဘူးပေါ့လေ။  System Ratingလုပ်မပေးထားတဲ့စက်တွေမှာ Ram Memoryအပြည့်အဝအလုပ်မလုပ်
တာတို့ ၊  Graphic Memory အလုပ်မလုပ်တာတို့ ၊  Software တွေအလုပ်လုပ်တာ ပုံမှန်မဟုတ်တာ
တို့ အစရှိတဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် System Rating ကို မဖြစ်မနေ လုပ်ပေးဖို့လို
အပ်ပါတယ်။  ခဏ ခဏလဲ လုပ်ပေးနေစရာမလိုတဲ့အတွက် လအနည်းငယ်ကြာမှ တစ်ခါလောက်ပြန်
ကြည့်ပေးပြီး Refresh ဆိုတဲ့စာကြောင်းလေးပေါ်လာမှ အဲဒီ Refresh ကိုနှိပ်ပြီး System Rating ကို
ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက System Rating လုပ်တော့မယ်ဆိုရင်  Battery Power  နဲ့မနိုင်တဲ့အတွက်  Charger  တပ်ထားပြီး  Charger  သွင်းနေရင်း  System Rating
လုပ်ရပါမယ်။ အဲဒါကိုတော့ အထူးသတိထားပေးပါ။ ပထမဆုံး မိမိစက် Rating လုပ်ပြီးပြီးလားဆိုတာ
သိရအောင်ကြည့်ဖို့အတွက် Computer ကို Right click ထောက်ပြီးအောက်ဆုံးက Properties 
ကို  Click လိုက်ပါ။  System rating is not available  ဆိုတဲ့စာကြောင်းရှိနေရင်တော့ မိမိစက်မှာ  
System Ratingမလုပ်ရသေးပါဘူး။ ဘာဆက်လုပ်ရမလဲဆိုတာ အောက်မှာ ကျွန်တော် Capture 
ဖမ်းပြီးရှင်းပြပေးထားပါတယ်။ ပုံသေးနေလို့မမြင်ရရင် ပုံကို Click ပြီးပုံအကြီးနဲ့ ကြည့်လိုက်ပါ။ မသိသေးသောသူများအတွက်သာ ရည်ရွယ်ပါသည်။ အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။






အဆင်ပြေပါစေ
မောင်ပေါက်

Credit to မင်းသားချေ(နည်းပညာမှတ်စု)
All Free Softwares, e-Books, Tutorials and Knowledges

HWH App Version 2.0 ထွက်ရှိပါပြီ။ Version 1.0ထက် ပိုကောင်းအောင်ပြင်ဆင် ဖြည့်စွက်ထားပါတယ်။ ထွင်ပြီးသား HWH App အားလုံးထက် ကောင်းပါတယ်။

ဒီ HWH App လေးကို Android ဖုန်း/ Tablets များ အတွက် အခမဲ့ ဖြန့်ဝေပါသည်။ Credit/ Ref; မလိုဘဲ ကြိုက်သလို Share နိုင်ပါသည်။ ယခင် Version 1.0ထက် အားသာချက်များကတော့ သတင်းများ အင်တာနက်ဖွင့်ထားလျှင် အလိုအလျောက်ဝင်ခြင်း၊ သုတ၊ ရသ၊ နည်းပညာ၊ သတင်း ဆောင်းပါး များ၏ သတင်းဌာနများ ပြီးပြည့်စုံလာသည့် အပြင် မီးသတ်ကား၁စီး အသံကြားလျှင် “ဘာ၊ ဘယ်” မေးစရာမလိုဘဲ လျင်မြန်တိကျသော သတင်းကို ဤ Appလေး ဖွင့်ပြီး update လုပ် ရုံဖြင့် သိရှိနိုင်ခြင်း( Facebook RSS Feedနည်းပညာ သုံးထားခြင်း)။ စသဖြင့် ပြုလုပ်ထားပါသည်။ နောက်ထွက်မည့် Versionများ တွင်လည်း user တို့၏ တောင်းဆိုမူအတိုင်း ထည့်သွင်းပေးသွားမည် ဖြစ်သည်။

HWH Version 2.0 တွင် ပါရှိသော သတင်း ဌာနများ
App Open>>Source

၁။ သစ်ထူးလွင် (သတင်းစာမျက်နှာ)
၂။ ရိုးရာလေး (သတင်းစာမျက်နှာ)
၃။ Voice Of America(VOA) (သတင်းစာမျက်နှာ)
၎။ Democratic Voice of Burma(DVB) (သတင်းစာမျက်နှာ)
၅။ အင်တာနက်ဂျာနယ် (နည်းပညာ)
၆။ ဧရာဝတီ (သတင်းစာမျက်နှာ)
၇။ ဧရာဝတီ ဘလောဒ့် (သတင်းစာမျက်နှာ)
၈။ Opposite Eye (သတင်းစာမျက်နှာ)
၉။ မောင်ကျောက်ခဲ (သတင်းစာမျက်နှာ)
၁၀။ Myanmar Mobile App Store(MMAS) (မိုဘိုင်းဖုန်းနည်းပညာ)
၁၁။ ၀င်းကမ္ဘာကျော် (နည်းပညာ)
၁၂။ ဒေါင်းမာန်ဟုန် (သတင်းစာမျက်နှာ)
၁၃။ HWH မှ ပို့စာ (ဤ APPနှင့် ပတ်သက်၍ သတင်းပို့)
၁၄။ TechSpaceဂျာနယ် (နည်းပညာ)
၁၅။ Models (ခေတ်သစ်မော်ဒယ်လေးများ)
၁၆။ နစ်နေမန်း (သတင်းစာမျက်နှာ)
၁၇။ သမ္မတရုံး (သမ္မတရုံးစာမျက်နှာ)
၁၈။ ခေတ်လူငယ် (သတင်းစာမျက်နှာ)
၁၉။ Hot News Weekly (သတင်းဆောင်းပါး)
၂၀။ဒေါက်တာလွဏ်းဆွေ(သတင်းစာမျက်နှာ)
၂၁။ ပေါ်ပြုလာဂျာနယ် (သတင်းစာမျက်နှာ)
၂၂။ မိုးမခ (သတင်းစာမျက်နှာ)
၂၃။ ချစ်သူဆီသို့ (ခံစားချက် ရသ)
၂၄။ မြန်မာပြည်မှမြန်မာလူမျိုး (သုတ+ရသ)
၂၅။သက်တန့်ချို( ရသစာပေများ)
၂၆။Nine Nine Sanay @ နိုင်းနိုင်းစနေ( ရသစာပေများ)
၂၇။ စနေဖြိုး {S@n@y Phyo}( ရသစာပေများ)
၂၈။ Heart Canteen( ရသစာပေများ)
၂၉။ RFA Burmese(သတင်းစာမျက်နှာ)
၃၀။ The Voice Weekly(သတင်းစာမျက်နှာ)
၃၁။ Planet Myanmar Network(သတင်းစာမျက်နှာ)
၃၂။ Mizzima - News in Burmese(သတင်းစာမျက်နှာ)
၃၃။ CJMyanmar(သတင်းစာမျက်နှာ)
၃၄။88 Generation Students(88မျိုးဆက်ကျောင်းသားများ)
၃၅။ Burma VJ Media Network(သတင်းစာမျက်နှာ)
၃၆။ Freedom News Group(Burma) (သတင်းစာမျက်နှာ)
၃၇။ Myanmar journal download(အပတ်စဉ် ဂျာနယ်များDownloadဆွဲရန်)
၃၈။ Messenger News Journal(သတင်းစာမျက်နှာ)
၃၉။ Shwe Myitmakha Media Group(သတင်းစာမျက်နှာ)
၄၀။ ရဲဇာနည်(ပြည်ထဲရေးမှ ထုတ်ပြန်သော မူခင်းသတင်း)
၄၁။ News of Myanmar(သတင်းစာမျက်နှာ)
၄၂။ ITgroup(နည်းပညာ)
၄၃။BBC Burmese(သတင်းစာမျက်နှာ)
၄၄။ 7Day News Journal(သတင်းစာမျက်နှာ)

မိမိမနှစ်သက်သော သတင်းဌာနများ ပါရှိပါက (သို့) သတင်းများခြင်းကြောင့် သတင်းဌာန အချို့အား ပယ်ဖျတ်လိုပါက Source>> သတင်းဌာနအား Long Press>>Delete Feed လုပ်လိုက်ပါ။

 ဒီနေရာမှာရယူပါ

OR
OR

သတင်းများ ရယူရန်( Updateလုပ်ရန်)နှင့် ဖတ်ရူရန်အတွက်အောက်ပါအတိုင်း ပြုလုပ်နိုင်သည်။
Internet ဖွင့်>>App Open>>Phone Option>>Update All>>Notification Barတွင် Downloadဆွဲနေမည်။ ပြီးလျှင် Internetပိတ်၍ သတင်းဖတ်ရူနိုင်ပါပြီ။
**အချို့သတင်းများအား Extractလုပ်ကြည့်မှ မြင်ရမည်ဖြစ်သည်။**Extractလုပ်ရန် ညာပေါ်ထောင့်ရှိ Star Icon ဘေးရှိ RSSပုံစံ Icon ကို ကစားပေးရမည် ဖြစ်သည်။
အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ဒီမှာ ၀င်ရောက်ကြည့်ရှု့နိုင်သည်။
All Free Softwares, e-Books, Tutorials and Knowledges

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တပုဒ်ပါ။ ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေအထောက်အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post) ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။ ဒီလို မှတ်ပုံတင်ကြရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့အတူ ၁၅ နှစ်အောက် သား သမီးတွေကို သက်သေခံ လက်မှတ် ထုတ်ပေးတာ၊ ထိုင်းအာဏာပိုင်တွေ က နေထိုင်ခွင့် ဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးတာတွေကိုလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၀ ခုမှ ယခု ဇန်န၀ါရီလ ၁၅ ရက် နေ့ကနေ လာမည့် မေလ ၁၅ ရက်နေ့ အတွင်း အောက်ပါ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းတွေမှာ လုပ်ဆောင် ပေးသွားမှာပါ။ စမွတ် စခုံ၊ စမွတ် ပရာခန်၊ ချင်းမိုင်၊ ဆုရာထာနီ၊ ပထုန်ထာနီ၊ ကာချနဘူရီ၊ ရနောင်း၊ ခွန်ခဲန်၊ ဆောင်ခလ၊ နခုန်ရာစီမာ ဆိုတဲ့ စခန်းတွေမှာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး အခုလို မှီခို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်းတွေမှာဘဲ ထုတ်ယူလုပ်ကိုင်လို့ရပြီးဆိုတာကို ဇန်န၀ါရီလ ၁၅ ရက်နေ့ ကထုတ်ပြန်ခဲ့တာပါ။ ၂ နိုင်ငံ ဆွေးနွေးမှုတွေနဲ့ လုံခြုံမှုရှိစေရေး၊ စာရိတ်သက်သာစေရေးတို့အတွက် ထိုင်းနိုင်ငံတွင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာန ၁၀ နေရာမှာ တရားမ၀င်ရောက်နေတဲ့ မြန်မာတွေလည်း အခုလို ယာယီနိုင်ငံကူးလက်မှတ်များ လုပ်နိုင်ပြီ လို့ဆိုပါ တယ်။ လိုအပ်တဲ့အချက်အလက်တွေကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွေမှာ ၁ လအတွင်း စာရင်းပေးသွင်းရပါမယ်။ ပုံစံ ၃၈ ဆိုတာတော့ မထွက်ပါဘူးတဲ့။ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစာရိတ်ကတော့ ထိုင်း ဘတ်ငွေ ၅၅၀ ဖြစ်ပြီး ထိုင်းနို်င်ငံတွင်း နေထိုင် ခွင့် ၂ နှစ်တာဗီဇာအတွက် ၅၅၀ ဘတ်၊ သွေးစစ်ခ အနေနဲ့ ဘတ်ငွေ ၆၀၀ သို့မဟုတ် ဘတ် ၁၉၀၀ ကုန်ကျမည့် သွေး စစ်ဆေးမှု မှတ်တမ်း တခုခု ကို လုပ်ဆောင်ရပါမယ်။ ဒီအပြင် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) အတွက် ကုန်ကျငွေက တနှစ်စာဆိုရင် ဘတ် ၁၉၀၀ ဖြစ် ပြီး ၂ နှစ်စာ ဆိုရင် ဘတ်ငွေ ၃၉၀၀ ဖြစ်ပါကြောင်းနဲ့ အထွေထွေ အကျိုးဆောင်ခအနေနဲ့ မျှတတဲ့ စာရိတ်ကုန်ကျခံရမှာဖြစ်တယ် လို့ သိရပါတယ်။ ဒါဟာ ယခု လုပ်ဆောင်ပေးနေတဲ့ စနစ်သစ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အရင်ကလိုဘဲ မြန်မာပြည်သားမှန်ကန်ကြောင်းစစ်ဆေးခံရမည် လည်းဖြစ်ပါ တယ်။ နေပြည် တော်ကို ပို့ပြီး အချက်အလက် တင်ပြစစ်ဆေးခြင်းမဟုတ်တော့ဘဲ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံဗီဇာ ထုတ်ပေးရေး ဌာနတွေက အချိန် ၁ လအတွင်း အပြီး အမြန် စစ်ဆေး ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ အလုပ်သမား အသုံးပြုခွင့်လို့ခေါ်တဲ့ ( ကော်တ) ပုံစံကိုတော့ ထိုင်း အလုပ်ရှင် ကိုယ်တိုင်က သွားရောက်စာရင်းသွင်းရမှာဖြစ်ပါတယ်။ အကယ်၍ သူဌေး မရှိခဲ့ဘူးဆိုရင်တော့ သူဌေး အစားထိုး လက်ခံ လျှောက်ထားနိုင်ပြီး ဘတ် ၈၀၀ ကုန်ကျ စရိတ်ထက် မကျော်တဲ့ ထိုင်းအလုပ်ရှင် သူဌေးအကျိုးဆောင်ခကိုတော့ အလုပ်သမားတွေဘက်က ကုန်ကျခံရမှာဖြစ်ပါတယ်။ အလုပ် လုပ်ခွင့် ပါမစ် (Work Permit ) ကိုလည်း ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနမှာဘဲ အပြီးသတ် အတည်ပြုပေးမှာဖြစ်ပြီး လုပ်ငန်းရှင် ပြောင်းရွှေ့ခွင့်လည်း ရှိတယ်လို့ သိရပါတယ်။ အခု ယာယီ နိုင်ငံကူးလက်မှတ်နဲ့ မှီခို ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ထိုင်း-မြန်မာ ၂ နိုင်ငံ နောက်ဆုံး ထပ်မံ သဘောတူညီချက်တွေအရ ရက်ပေါင်း ၉၀ အတွင်း အပြီး လုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ =================================== Reference & Post by The irrawady (Burmese Version) Post by minzarnitgi Admin Team[NOM]
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တပုဒ်ပါ။

ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ယာယီနို...င်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေအထောက်အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post)

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။

ဒီလို မှတ်ပုံတင်ကြရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့အတူ ၁၅ နှစ်အောက် သား သမီးတွေကို သက်သေခံ လက်မှတ် ထုတ်ပေးတာ၊ ထိုင်းအာဏာပိုင်တွေ က နေထိုင်ခွင့် ဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးတာတွေကိုလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၀ ခုမှ ယခု ဇန်န၀ါရီလ ၁၅ ရက် နေ့ကနေ လာမည့် မေလ ၁၅ ရက်နေ့ အတွင်း
အောက်ပါ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းတွေမှာ လုပ်ဆောင် ပေးသွားမှာပါ။

စမွတ် စခုံ၊ စမွတ် ပရာခန်၊ ချင်းမိုင်၊ ဆုရာထာနီ၊ ပထုန်ထာနီ၊ ကာချနဘူရီ၊ ရနောင်း၊ ခွန်ခဲန်၊ ဆောင်ခလ၊ နခုန်ရာစီမာ ဆိုတဲ့ စခန်းတွေမှာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး အခုလို မှီခို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်းတွေမှာဘဲ ထုတ်ယူလုပ်ကိုင်လို့ရပြီးဆိုတာကို ဇန်န၀ါရီလ ၁၅ ရက်နေ့ ကထုတ်ပြန်ခဲ့တာပါ။

၂ နိုင်ငံ ဆွေးနွေးမှုတွေနဲ့ လုံခြုံမှုရှိစေရေး၊ စာရိတ်သက်သာစေရေးတို့အတွက် ထိုင်းနိုင်ငံတွင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာန ၁၀ နေရာမှာ တရားမ၀င်ရောက်နေတဲ့ မြန်မာတွေလည်း အခုလို ယာယီနိုင်ငံကူးလက်မှတ်များ လုပ်နိုင်ပြီ လို့ဆိုပါ တယ်။

လိုအပ်တဲ့အချက်အလက်တွေကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွေမှာ ၁ လအတွင်း စာရင်းပေးသွင်းရပါမယ်။

ပုံစံ ၃၈ ဆိုတာတော့ မထွက်ပါဘူးတဲ့။ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစာရိတ်ကတော့ ထိုင်း ဘတ်ငွေ ၅၅၀ ဖြစ်ပြီး ထိုင်းနို်င်ငံတွင်း နေထိုင် ခွင့် ၂ နှစ်တာဗီဇာအတွက် ၅၅၀ ဘတ်၊ သွေးစစ်ခ အနေနဲ့ ဘတ်ငွေ ၆၀၀ သို့မဟုတ် ဘတ် ၁၉၀၀ ကုန်ကျမည့် သွေး စစ်ဆေးမှု မှတ်တမ်း တခုခု ကို လုပ်ဆောင်ရပါမယ်။

ဒီအပြင် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) အတွက် ကုန်ကျငွေက တနှစ်စာဆိုရင် ဘတ် ၁၉၀၀ ဖြစ် ပြီး ၂ နှစ်စာ ဆိုရင် ဘတ်ငွေ ၃၉၀၀ ဖြစ်ပါကြောင်းနဲ့ အထွေထွေ အကျိုးဆောင်ခအနေနဲ့ မျှတတဲ့ စာရိတ်ကုန်ကျခံရမှာဖြစ်တယ် လို့ သိရပါတယ်။ ဒါဟာ ယခု လုပ်ဆောင်ပေးနေတဲ့ စနစ်သစ်ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် အရင်ကလိုဘဲ မြန်မာပြည်သားမှန်ကန်ကြောင်းစစ်ဆေးခံရမည် လည်းဖြစ်ပါ တယ်။ နေပြည်
တော်ကို ပို့ပြီး အချက်အလက် တင်ပြစစ်ဆေးခြင်းမဟုတ်တော့ဘဲ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံဗီဇာ ထုတ်ပေးရေး ဌာနတွေက အချိန် ၁ လအတွင်း အပြီး အမြန် စစ်ဆေး ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဘက်ကတော့ အလုပ်သမား အသုံးပြုခွင့်လို့ခေါ်တဲ့ ( ကော်တ) ပုံစံကိုတော့ ထိုင်း အလုပ်ရှင် ကိုယ်တိုင်က သွားရောက်စာရင်းသွင်းရမှာဖြစ်ပါတယ်။

အကယ်၍ သူဌေး မရှိခဲ့ဘူးဆိုရင်တော့ သူဌေး အစားထိုး လက်ခံ လျှောက်ထားနိုင်ပြီး ဘတ် ၈၀၀ ကုန်ကျ စရိတ်ထက် မကျော်တဲ့ ထိုင်းအလုပ်ရှင် သူဌေးအကျိုးဆောင်ခကိုတော့ အလုပ်သမားတွေဘက်က ကုန်ကျခံရမှာဖြစ်ပါတယ်။

အလုပ် လုပ်ခွင့် ပါမစ် (Work Permit ) ကိုလည်း ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနမှာဘဲ အပြီးသတ် အတည်ပြုပေးမှာဖြစ်ပြီး လုပ်ငန်းရှင် ပြောင်းရွှေ့ခွင့်လည်း ရှိတယ်လို့ သိရပါတယ်။

အခု ယာယီ နိုင်ငံကူးလက်မှတ်နဲ့ မှီခို ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ထိုင်း-မြန်မာ ၂ နိုင်ငံ နောက်ဆုံး ထပ်မံ သဘောတူညီချက်တွေအရ ရက်ပေါင်း ၉၀ အတွင်း အပြီး လုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။
===================================
Reference & Post by The irrawady (Burmese Version)
Post by minzarnitgi Admin Team[NOM]

ကိုယ့်မိတ်ဆွေတွေထဲမှာ ထိုင်းမှာနေတဲ့လူ တော်တော်များများရှိပါတယ်. သူတို့အတွက် သတင်းကောင်းလေးကို ချိုးငှက် ဆီကတစ်ဆင့် ကူးလာတာပါ..

မောင်ပေါက်


All Free Softwares, e-Books, Tutorials and Knowledges

Window XP,Window 7 တို့မှာပါတဲ့ Window အလံလေးနဲ့ Start Menu ကိုကွန်ပျူတာသုံးတဲ့သူတိုင်းသိကြမှာပါ။

Android မှာလည်း Application List ကို Window မှာပါတဲ့ Start Menu ပုံစံအတိုင်းထည့်သွင်းအသုံးပြုနိုင်အောင် ဒီ Start Menu for Android လေးကလုပ်ဆောင်ပေးမှာပါ။

Start Menu ထဲတွင် မိမိအသုံးအများဆုံး application ကိုလည်း list တစ်ခုအနေနဲ့စုစည်းပေးထားနိုင်မှာဖြစ်သလို ဒီဇိုင်းအနေနဲ့လည်း Window 7 ဒီဇိုင်း၊ Mac OS X ဒီဇိုင်းစသည်ဖြင့် Theme ပြောင်းလဲအသုံးပြုနိင်မှာဖြစ်ပါတယ်။

Start Menu for Android ကို Google Play မှာ ₩2,500 နဲ့ဝယ်ယူရရှိနိုင်ပြီး မြန်မာ Mobile Application Store မှာတော့ freedownload ရယူနိုင်ပါတယ်။Update လေးမို့ တင်ပေးလိုက်တာပါ။


Start Menu for Android v1.1.7 ကိုအောက်က ကြိုက်နှစ်သက်ရာ link မှ download ရယူနိုင်ပါတယ်။

Download Link:
အဆင်ပြေပါစေ..




All Free Softwares, e-Books, Tutorials and Knowledges

Windows တွေထဲမှာတော့ Windows 7 ဟာ အစမ်းသပ်အခံရဆုံး Windows အမျိုးအစား ဖြစ်လိမ့်မယ်ထင်တယ်.. Windows 7 ပေါ်မှာ စမ်းသပ်စရာ software တော်တော်များများကို စမ်းသပ်ပြီးတဲ့နောက် မကြိုက်လို့ အဲဒီစမ်းသပ်တဲ့ software ကိုပြန်ဖြုတ်လိုက်ပြန်ပါတယ်.. အဲဒီမှာ Windows လည်းတက်ရော သူ့မူလက Windows Logon Logo မတက်တော့တာ.. Logon Background မပေါ်တော့တာတွေဖြစ်တတ်တာဟာ စမ်းသပ်တဲ့အထဲက ပြဿနာလေးတစ်ခုပါ.. ဒီကိစ္စက ၀င်းဒိုးရဲ့ ပုံမှန်လုပ်ဆောင်မှုကို ဘာမှ ထိခိုက်တာတော့ မဟုတ်ဘူး.. ဒါပေမယ့် ကိုယ်က ကလိလိုက်လို့ မူရင်းဟာလေးမရှိတော့ရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်.. ကျွန်တော် ဖြေရှင်းနည်းတစ်ခု ပြောပြပါ့မယ်
ဒီလိုလုပ်ကြရအောင်
1.Start ကိုတစ်ချက်နှိပ်ပြီး regedit လို့ရိုက်ထည့်လိုက်ရင် . Registry Editor ပေါ်လာမယ်လေ. အဲဒီမှာ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Authentication\LogonUI ကိုတစ်ချက်နှိပ်ပါ..
2.ညာဘက်အခြမ်းက အပေါ်ဆုံး Dafault ဆိုတာကို Double Click ခေါက်လိုက်ပါ.. ပြီးရင် Value Data မှာ 0 မဟုတ်ရင် 0 ပြောင်းလိုက်ပြီး OK ခေါက်လိုက်ပါ .. OK ခေါက်ပြီးတဲ့အချိန်မှာ (value not set ) ဖြစ်သွားရပါမယ်..


3.အပေါ်ကလိုပဲ.. ဘယ်ဘက်အခြမ်းက Background ကိုတစ်ချက်နှိပ်.. ညာဘက်က Default ကို Double Click နှိပ် .. 0 ပြောင်း. OK ခေါက်.. ပါ..

4.BootAnimation ကိုလည်း ဒီလိုပဲလုပ်လိုက်ပါ..

 ပြီးရင် Registry Editor ကိုပိတ်လိုက်ပြီး Restart ချလိုက်ပါ.. ကျွန်တော် အခုပြောပြတာဟာ.. စက်တိုင်း၊ ပြဿနာတိုင်းနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး..
ဆော့ဝဲနဲ့ပြောင်းတဲ့နည်းလည်းရှိပါတယ်.. အခုပြောပြတာက အထဲက Logo တွေကို Registryမှာ ပြောင်းလဲသွားတာကို ပြင်ပေးရုံပါ.. Logo တွေ ပျက်သွားရင်တော့ ဒီနည်းနဲ့က အဆင်မပြေပါဘူး.. ကဲကဲ ဒီနည်းလမ်းလေးကို အသုံးပြုလိုက်ပါအုံး.. အဆင်မပြေရင်ပြန်ပြောပါ..
နောက်တစ်မျိုးလုပ်တာပေါ့

အဆင်ပြေပါစေ
မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges
Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကို
များကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့ နည်းလမ်း ၆ ကို
မိတ်ဆတ်ပေးချင်ပါတယ်။
ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။


windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်


အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့
Features တွေကို ၀င်ရောက်လို့ရပါတယ်။

၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ်  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။  ကျွန်တော်က Files တွေကို မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control panel ကနေတဆင့်။

၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။

Windows 8 မှာကျတော့  ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့  weather forecast စတာကို
အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။

၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာ
ရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.

၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလို ထက်
ပြီးတော့  တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာ
အလိုလျှောက် save ပေးမှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts 99 ခုကို ဒီမှာ ဖော်ပြထားပါတယ်။


၆။ Easy Reinstall
Windows 8 မှာပါလာတဲ့  ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ System restore နဲ့တူပါတယ်။ အဲဒါကတော့
Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကို အားကို default မှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။

ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့  အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။

သိသင့်တဲ့ ဗဟုသုတမို့တင်ပေးလိုက်တာပါ..

လေးစားလျက်
မောင်ပေါက်


Credit to: SBSangpi(စံပီး)