Huawei G-510 Stock recovery ပြန်တင်ခြင်း

 
ကျနော်ရဲ့ Huawei G-510 မှာ Custom recovery ကနေ Stock recovery ပြန်ပြောင်းသွင်းနည်းလေးတခု စမ်းသပ်အောင်မြင်ထားတာလေးပြန်လည်ဝေမျှမှုလေးပါ…။(အကို့Blog မှာ ဖော်ပြလို့ရရင်ဖော်ပြပေးပါခင်ဗျာ၊အမှားပါရင်ခွင့်လွှတ်ပေးပါ)

Huawei G-510 တလုံး custom recovery သွင်းထားတာ error တွေနဲ့ရောက်လာပါတယ်။ဒါနဲ့….ကျနော် အဲ့ဒါကို  stock recovery ပြန်သွင်းဖို့ကြိုးစားပါတယ်…။G-610 မှာ သွင်းသလို  Mobileuncle  Tool နဲ့လုပ်ကြည့်တယ် မရဘူး ခင်ဗျ..။Uni Flash Tool နဲ့စမ်းကြည့်တယ် ဒါလည်းမရဘူးဗျ….။ Custom recovery သွင်းတဲ့နည်းတချို့နဲ့ Custom recovery ချို့ကိုသွင်းကြည့်တယ်… မရဘူးခင်ဗျ…   နောက်တော့ custom recovery ထဲက TWRP 2.6 နဲ့သွင်းလိုက်တာ ရသွားတယ်…။ ဒါပေမယ့် အဲဒါက Touch recovery ဖြစ်နေပြီး G-510 မှာအလုပ်မလုပ်ပြန်ဘူးခင်ဗျ… (နဂို error )။ ဒါနဲ့ ကျနော် အဲ့ဒီ TWRP 2.6 ဖိုင်ထဲက နဂိုပါတဲ့ recovery.img ကိုဖျက်ပြီး G-510 ရဲ့ stock recovery ထဲက recovery.img ဖိုင်ကိုထည့်ပြီး သွင်းလိုက်ပါတယ်…။ ရသွားပါတယ်ခင်ဗျာ…Huawei G-510 ဟာ သူ့နဂို Stock recovery နဲ့ပြန်ပြီးအဆင်ပြေသွားပါတယ်…။ (TWRP custom recovery နဲ့ Stock recovery ကိုသီးသန့် Down ထားပါတယ်)။

TWRP ကိုသွင်းတဲ့နည်းက….

၁။ ဖုန်းပိတ်၊batt: ဖြုတ်၊ပြန်တပ်
၂။ Fastboot Mode (vol- + power key)၀င်
၃။ ဖုန်းနဲ့ကွန်ကို ချိတ်၊ Driver သိရင်
၎။ Down ထားတဲ့ TWRP ဖိုင်ကို zip ဖြည်၊အဲ့ထဲက install-Window ဆိုတဲ့ batch file လေးကို run
   ပြီး enter ခေါက်လိုက်ပါ…ဖုန်းက reboot ကျပြီးTWRP recovery ရသွားပါပြီ…။ Stock recovery ပြန်သွင်းမယ်ဆိုရင်…

၅။ အဆင့်(၃) အထိပြန်လုပ်ပြီး TWRP file ထဲက recovery.img ကိုဖျက်ပြီး G-510 ရဲ့ recovery.img ဖိုင်ကိုထည့်….ပြီးရင် အဆင့် (၄) အတိုင်းပြန်လုပ်ပါ…Stock recovery ရသွားပါမယ်…။

ဒီနည်းနဲ့ကျနော် Huawei G-510 ကို စမ်းသပ်တာအောင်မြင်ခဲ့ပါတယ်…။ သိပြီးသူတွေအတွက်ကတော့ဘာမှမဟုတ်ပေမယ့် မသိသေးသူတွေအတွက် လုပ်ရတာအဆင်ပြေအောင်ပြန်လည်မျှဝေပါတယ်…။Post ရေးတာ ခုမှပထမဆုံးမို့ လိုအပ်ချက်နဲ့အမှားတွေရှိနိုင်ပါတယ်…။ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးပြီးကျနော့်ရဲ့အားနည်းချက်ဖြစ်ကြောင်းဝန်ခံပါတယ်…။

ရေးသားသူ - John  Lone

* ဒီပို့စ်ကို John Lone က အီးမေးထဲကို ပေးပို့လာတာဖြစ်ပါတယ်.. ဖိုင်တွေ ပြန်စစ်ပေးတာကလွဲလို့ ကျန်တာတွေအကုန်လုံး သူပေးပို့တဲ့အတိုင်း ဖေါ်ပြလိုက်ပါတယ်.. အခြားမိတ်ဆွေများအနေနဲ့ ပို့စ်များ ပေးပို့လိုတယ်ဆိုရင် maungpauk@gmail.com ကို ရေးသားပေးပို့နိုင်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အနည်းဆုံး
Download Link ကို 2 ခု တင်ပေးထားပါတယ်.. တစ်ခုနဲ့မရရင် တစ်ခုနဲ့ ဒေါင်းပါ.. အဆင်ပြေပါစေ..