Advertise Here !



KVM_Switch_Configuration_Example_small

KVM ဆိုသည်မှာ Keyboard, Video နှင့် Mouse ကို
ဆိုလိုခြင်းဖြစ်ပြီး တနေရာတည်းရှိ keyboard, monitor နှင့်
Mouse မှ ကွန်ပြူတာ(SERVER)များစွာကို KVM switch မှ
ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။KVM switch ကို အသုံးပြုခြင်း
အားဖြင့် ကုန်ကျစရိတ်ကို သက်သာစေခြင်း၊ လုပ်ငန်းခွင်
ပစည်းများ နေရာချထားမှုကို တစ်စုတစည်းတည်းထဲ
 ဖြစ်စေခြင်းတို့အပြင် SERVER များစွာကို တစ်နေရာတည်းမှ
 တစ်ပြိုင်နက်သုံးစွဲနိုင်ခြင်းကြောင့် အလုပ်ပြီးမြောက်မှု မြန်ဆန်လာပါတယ်။
images

Administrator များအနေဖြင့် KVM switch တွင်
ချိတ်ဆက်ထားသော Server အားလုံးကို တစ်နေရာ
တည်းမှ အချိန်မရွေးအသုံးပြုနိုင်ပါတယ်။
KVM မှာ BUS ဘယ်နှစ်ခုပါသလဲ ဆိုတာအရေးကြီးပါတယ်။
 Dual Bus KVM တစ်ခုမှာဆိုရင် Remote Bus တစ်ခု
 Local Bus တစ်ခုပါဝင်ပါတယ်။ Local Console ကနေ
တိုက်ရိုက်ဝင်သုံးတာကို Local Bus က ဆောင်ရွက်ပေးတာဖြစ်ပြီး
Remote ကနေ IP မှတဆင့် ၀င်ရောက်ထိန်းချုပ်ဖို့ကိုတော့
 Remote Bus က လုပ်ဆောင်ပေးပါတယ်။ Remote Bus ကနေပြီး
 Multiple Users တွေ တပြိုင်နက်တည်း KVM ကို Login ၀င်နိုင်ပါတယ်။
အချင်းချင်း Message ပေးပို့ နိုင်ပါတယ်။

တစ်ခုသတိပြုရမှာက တကယ်လို့ Remote BUS ဟာ
တစ်ခုတည်းဖြစ်ခဲ့ရင် Remote Users များဟာ KVM ကို
တစ်ချိန်တည်းမှာ Login ၀င်ထားနိုင်သော်လည်း တပြိုင်နက်တည်းမှာ KVM port တစ်ခုကိုသာ ၀င်ရောက်သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

Credit >>> IT Group


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !