Advertise Here !


Windows Blue Screen မှာ KERNEL_DATA_INPAGE_ERROR  ပေါ်နေရင်တာဟာ အကြောင်းရင် နှစ်ချက်ရှိပါတယ်. ပထမ တစ်ချက်က Windows Kernel Data Inpage Error ဖြစ်ပြီး misconfigured system files မကောင်းတော့တာကြောင့် Registry မှာ ပျက်စီးလာတာကြောင့်ဖြစ်ပါတယ်.. အဲဒါကိုတော့ Windows Registry Tool တစ်ခုခုနဲ့ Run လိုက်ရင် ရပါတယ်.. ဒီမှာ တင်ပေးထားပါတယ်..
နောက်တစ်ခုက KERNEL_DATA_INPAGE_ERROR STOP: 0x0000007A ဖြစ်ပါတယ်. ဒါကတော့ Hard Disk မှာ ပြဿနာရှိလာလို့ Memory က မဖတ်တော့တာကြောင့် ဒီ error ပြရခြင်းဖြစ်ပါတယ်.. အောက်ကနည်းနဲ့ ဖြေရှင်းကြည့်ပါ.. ကျွန်တော်သိတဲ့နည်းပါ..- ကွန်ပျူတာမှာ သုံးနေတဲ့ Application အားလုံးကို ပိတ်ပါ.. ပြီးရင် -
1. Run ထဲမှာ cmd လို့ရိုက်လိုက်ပြီး Command Promt ကို Run as Administrator နဲ့ Run ပါ.. CMD ထဲမှာ C:\Windows\system32 ကိုရောက်နေမှာဖြစ်ပါတယ်.. Run as Administrator နဲ့ မ Run ရင် ဒီအဆင့်ကို လုပ်လို့မရပါဘူး..
2. ပြီးရင် CHKDSK လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ.. Disk ကို Checking လုပ်ပေးပါလိမ့်မယ်..
3. အဲဒါတွေ ပြီးသွားရင်တော့ CHKDSK C: /F /R လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. နောက်ဆုံးမှာပြီးသွားရင် Restart ချမှာလားဆိုပြီး Confirm တောင်းရင် Y ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ.. ပြန်တက်လာရင် ခုနက KERNEL_DATA_INPAGE_ERROR STOP: 0x0000007A မပေါ်တော့ပါဘူးခင်ဗျာ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !