June 2013
All Free Softwares, e-Books, Tutorials and Knowledges

Myanmar Mobile Developer ကိုမျိုးမင်းလတ်ရဲ့ဖန်တီးမှု့လေးပါ။ Samsung Brand အားလုံးမှာ Root မလိုပဲနဲ့ Font Style လေးတွေပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Myanmar+Helvetica, Myanmar +Iphone, Myanmar +SoMA and Myanmar +Ubuntuစတဲ့font
style လေးမျိုးကိုပြောင်းလဲအသုံးပြုနိုင်ပါတယ် ခင်ဗျ။Base On Zawgyi-one Font ဖြစ်လို. Zawgyi-one Font အသုံးပြုနေတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေမှာပါ။
Google Play မှာ Install လုပ်လည်းရပါတယ်. အောက်ကလင့်ကသွားပါ

 

ဒေါင်းချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းပါ..

အဆင်ပြေပါစေ..

မောင်ပေါက်


Credit to : Myanmar Mobile App
All Free Softwares, e-Books, Tutorials and Knowledges

မိတ်ဆွေ iPhone သုံးသူများနဲ့ iPhone Service သမားများအတွက် ကျွန်တော် တွေ့ရှိထားတဲ့ iPhone Firmware တွေကို အားလုံးအဆင်ပြေအောင် မျှဝေလိုက်ပါတယ်.. နောက်ဆုံးပေါ်တွေပါပဲခင်ဗျ.. လိုအပ်သူများ အောက်ကလင့်မှာ ဒေါင်းနိုင်ကြပါပြီ..

အဆင်ပြေပါစေ..

Aung Koe...

Downlaod Here !
                       
All Free Softwares, e-Books, Tutorials and Knowledges
 တစ်ခါတစ်လေမှာကိုယ့်ရဲ့ computer ထဲမှာအရေးကြီးတဲ့ Data သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်
တွေထည့်ထားတဲ့အခါသူများကို computer ပေးသုံးတဲ့အခါဒါတွေကိုမှာမကြည့်စေချင်ဘူး။ပိတ်ထားချင်တယ်
ဆိုရင်အောက်ဖော်ပြပါနည်းအတိုင်းစမ်းသတ်နိုင်ပါတယ်။
1.Runbox ကိုအရင်ဖွင့်ပါ(window +R)။Runbox ထဲမှာ gpedit.msc  လို့ရိုက်ပါ။ Group Policy window ကျလာပါလိမ့်မယ်။
2. User configuration အောက်က AdministrativeTemplate ကို Expend(Right arrowkey)လုပ်ပါ။ပြီးရင် window component ကိုသွားပါ၊
3. window component ကိုလည်း Expend ထပ်လုပ်လိုက်ပါဦး။ ပြီးရင် window explorer ကို တစ်ချက် ဖိလိုက်ပါ.. ရောက်ပြီဆိုရင်တော့ tab ခုန်လိုက်ပါ (သို့မဟုတ်) ညာဘက်ခြမ်းက setting အောက်က Prevent access to drives from my computer ကို Ender ခေါက်လိုက်ပါ..

 

ကျလာတဲ့ဘောက်မှာ enable ကိုရွေးလိုက်ပါ.. ဒါဆိုရင် ဘယ် Drive ကို ပိတ်ထားချင်တာလဲ Pick One of the following Combinations ခေါင်းစဉ်အောက်မှာ Drop Down List ထဲကရွေးပြီး ok ပေးလိုက်ပါ။


ပြီးရင် My Computer ထဲမှာရှိတဲ့ ကိုယ် သတ်မှတ်ပေးခဲ့တဲ့ Drive C:, D: တို့ကိုဖွင့်ကြည့်လိုက်ပါ။ ဖွင့်လို့မရတာကိုတွေ့ရ
လိမ့်မယ်။ Runbox ထဲကလည်းခေါ်ကြည့်ပါဦး။ ရရင်တော့တစ်ခုခုမှားနေလို့ပေါ့ဗျာ။

လုံခြုံကြပါစေ..

မောင်ပေါက်

Kyithar ပေးပို့လာတဲ့ ပို့စ် ဖြစ်ပါတယ်.. ကျွန်တော် စမ်းသပ်ပြီးပါပြီ..
All Free Softwares, e-Books, Tutorials and Knowledges

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အရေးအပါဆုံး ပိဋကတ်(၃)ပုံအနက် ဝိနယပိဋက မြန်မာပြန် စာအုပ်ကို တင်ပေးလိုက်ပါတယ်.. အဲဒီ ဝိနယ ပိဋက ထဲမှာပါတာကတော့-

၁။ ပါရာဇိက=ပါရာဇိကကဏ္ဍ=ပါရာဇိကဏ် ပါဠိတော်

၂။ ပါစိတ္တိယ=ပါစိတ် ပါဠိတော်

၃။ စူဠဝဂ္ဂ = စူဠဝါ

၎။ မဟာဝဂ္ဂ=ဝိနည်းမဟာဝါ

၅။ ပရိဝါရ=ပရိဝါ ပါဠိတော်

တို့ဖြစ်ကြပါတယ်.. အားလုံး မြန်မာပြန် ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ ရှိထားသင့်တဲ့ စာအုပ်များဖြစ်ကြပါတယ်..

တရားဓမ္မနဲ့ ပျော်မွေ့ပါစေ..

မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges

Internet Cafe ဆိုင်များအတွက် NetCafe 5.5 Full Version ရလာလို့တင်ပေးလိုက်ပါတယ်.. အင်တာနက်ဆိုင်များအတွက် အသုံးအတည့်ဆုံးနဲ့ အသုံးအပြုဆုံး Software ဖြစ်ပါတယ်.. ဒီ Software မှာ ထိန်းချုပ်ရမယ့် ကွန်ပျူတာ အလုံးအရေကို အကန့်အသတ်မထားပါဘူး.. User တွေရဲ့ ကွန်ပျူတာတွေကိုလည်း Admin ကနေလှမ်းပြီး Shutdown လုပ်နိုင်တဲ့အတွက် User တွေအသုံးပြုတဲ့ Computer ဆီကို တကူးတကသွားပြီး Shutdown လုပ်ပေးနေစရာမလိုတဲ့အတွက် Power Saver  နောက်ပြီး ကျသင့်ငွေ တွက်ချက်ရာမှာနဲ့ အသုံးပြုသူရဲ့ Used Time ကိုတွက်ချက်ရာမှာ တိကျသေချာတဲ့အတွက် Customer တွေကို စိတ်ကျေနပ်မှုအပြည့်ရရှိစေမှာဖြစ်ပြီး ကိုယ့်ရဲ့ရပိုင်ခွင့်ကိုလည်း တိကျသေချာစေမှာဖြစ်ပါတယ်..

Key features:-
Unlimited number of computers
Remote Control of PC, shutdown and restart, task manager
Printer Control
Timer
Chat
Multi-User
Real-Time Keywords Monitor
Volume Control
Cafeteria Module

What's New :
Allow resizing of the main window.
Singles supports in the client counter.
Reports about any removed payments.
Preventing any modification of active running members.
Now you can change language from program setting.
Many bugs fixed.

အဆင်ပြေပါစေ..

မောင်ပေါက်


All Free Softwares, e-Books, Tutorials and Knowledges

Myanmar Unicode - Myanmar 3 လက်ကွက် ကျင့်လိုသူများအတွက် Whizzo Typing Tutor ကို တင်ပေးလိုက်ပါတယ်.. အရင်က Myanmar Unicode - Myanmar 1, Myanmar 2 နဲ့ Myanmar 3 တွေကို အစိုးရဌာနတွေမှာသာ အသုံးပြုခဲ့ပါတယ်.. Google ဥက္ကဋ္ဌ မြန်မာနိုင်ငံကို လာပြီးတဲ့နောက် Google က မြန်မာ Unicode ကို အသုံးပြုလာခဲ့ပါတယ်. အစိုးရဌာနတွေရဲ့ Web Page တွေအားလုံးမှာလည်း Myanmar 3 Unicode ကိုပဲသုံးပါတယ်.. နောက် အစိုးရဌာနတွေရဲ့ ရုံးသုံးစာတွေအားလုံးကို Myanmar 3 ပဲ အသုံးပြုနေတာဖြစ်တဲ့အတွက် DTP သမားတွေ၊ စာစီစာရိုက်လုပ်ငန်းနဲ့ စီးပွားရေးလုပ်နေသူတွေ၊ အစိုးရဝန်ထမ်းတွေ ဟာ Myanmar 3 ကို မရိုက်တတ်လို့မရတော့လောက်အောင် အရေးပါလာပါတယ်.. ဒါကြောင့် Myanmar 3 Unicode ရဲ့ ကီးဘုတ်ကို လေ့ကျင့်လို့ရအောင် Whizzo က ထုတ်လုပ်တဲ့ Whizzo Typing Tutor ကို တင်ပေးလိုက်ပါတယ်ခင်ဗျာ...

အဆင်ပြေပါစေ..

မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges

ဝတ္ထုစာအုပ်ကြိုက်နှစ်သူများအတွက် ဆရာမြသန်းတင့်ရဲ့ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ဝတ္ထုစာအုပ် ရလာလို့ တင်ပေးလိုက်ပါတယ်.. ဝတ္ထုဆိုပေမယ့် တကယ့်နာမည်ကြီးပြီး ရှားပါးတဲ့စာအုပ်မို့ပါ.. Zelot ဆီမှာ တင်ထားတာတွေ့လို့ ပြန် Share လိုက်တာပါ..

အဆင်ပြေပါစေ..

မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges

NetLimiter ဆိုတဲ့ Softare ကတော့ Wifi ကို အခကြေးငွေနဲ့ လွှင့်နေတဲ့သူတွေ အသုံးပိုတည့်မှာပါ.. ဒီကောင်က ကိုယ့် Network ထဲမှာ လောဘတစ်ကြီးနဲ့ ရသမျကို သိမ်းကျုံး ဒေါင်းလုပ်ဆွဲတတ်သူတွေအတွက် Bandwidth ကို ကန့်သတ်ပေးတဲ့ Software ဖြစ်ပါတယ်.. သာမန်အာဖြင့် Server တွေမှာ လုပ်လို့ရနိုင်ပေမယ့် Server မှာ ထိန်းချုပ်စရာမလိုဘဲ ဒီကောင်လေးနဲ့ အဆင်ပြေပြေ လုပ်နိုင်မှာဖြစ်ပါတယ်..




အဆင်ပြေပါစေ..

မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges

MassTube ကတော့ Youtube က Video ဖိုင်တွေကို ဒေါင်းဖို့သီးသန့် Software ဖြစ်ပါတယ်.. အကွက်လေးထဲမှာ ကိုယ်ဒေါင်းချင်တဲ့ ဖိုင်လင့်ကို ထည့်ပြီး Enter ခေါက်လိုက်ပါ.. နောက်ထပ် ဘယ်လို အမျိုးအစားနဲ့ ဒေါင်းယူချင်သလဲဆိုပြီး အထဲမှာပါပါတယ်. အဲဒါကို ရွေးပေးလိုက်ရင် ဒေါင်းပါပြီ.. မြန်လည်း မြန်တယ်ခင်ဗျ.. Portable ဆိုတော့ သွားလေရာယူသွားပြီး ဒေါင်းနိုင်တာပေါ့




အဆင်ပြေပါစေ..

မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges

ဝက်ဆိုးဝက်ညစ် Bad Piggies ဂိမ်းတောင်းထားတဲ့မိတ်ဆွေအတွက်နဲ့ အခြားကစားချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်.. ကျွန်တော်မကစားဖူးတော့ ဘယ်လိုကစားရလဲ မစမ်းပေးလိုက်တော့ပါဘူး.. Full Version ဖြစ်၊ မဖြစ်ကိုသာ စမ်းပြီးတင်ပေးလိုက်ပါတယ်..
 Bad Piggies tells how sii "green pigs" is developing a vehicle to carry out the mission using crib material, wheels to pumps. The most interesting of the game Bad Piggies are when you execute the vehicle to be able to run the vehicle you already own plan using the material already available and direct them to their destination safely.

Full Version ဖြစ်အောင် Crack ဖိုင်ထဲက dll ဖိုင်ကို ကော်ပီကူးပြီး C: \ Program Files \ Rovio Entertainment Ltd. \ Bad Piggies \ BadPiggies_Data \ Managed  အောက်မှာ Paste လုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ..

အဆင်ပြေပါစေ..

မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges

Post Title က အရှည်ကြီးပဲ ...... ရေးရတာ မောလိုက်တာ :) :)
ဒီနေ့တော့ Prevent လေးနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။
ဒီ Software လေးက File တွေ Folder တွေကို Cut , Copy , Paste , Delet , Rename လုပ်လို့မရအောင် ပိတ်ပေးထားတဲ့ Software လေးပါဗျာ ။
Software လေးကို အရင်ဆုံး ဒီကနေ ဒေါင်းလိုက်ပါ။
ပြီးရင် Install လုပ်လိုက်ပါ။
ပြီးရင် Run လိုက်ပါ။
Prevent Software လေးကို ရပ်ဖို့ အတွက် Hotkey လေးသတ်မှတ်ခိုင်းပါလိမ့်မယ်။
ကျွန်တော်က တော့ အပေါ်က ပုံမှာ မြင်ရတဲ့ အတိုင်း Ctrl+T လေး ကို Hotkey လေးပေးထားပါတယ်။
(ကိုယ်ကြိုက်တဲ့ Hotkey လေး တစ်ခု ကိုယ့်ဘာသာကို သတ်မှတ်လိုက်ပါ။)
အဲဒီ့ Hotkey လေးကို မှတ်ထားပါနော်။
Activate Button လေးကို Click လိုက်ပါ။ Hotkey Saved ဆိုတဲ့ Message ဘောက်လေးပေါ်လာပါလိမ့်မယ်။ OK ပေးလိုက်ပါ။
Prevent လေး စပြီး Hiden ဖြစ်သွားပြီး တိတ်တိတ်ကလေး Run နေပါပြီဗျာ။
အခုက စပြီး Cut , Copy , Paste , Delete , Copy To , Move To , Send To , Rename စတဲ့ Function တွေ သုံးလို့မရတော့ပါဘူး။
သူက Task Manager ထဲက Process Tab ထဲမှာ Right Click Menu မပေါ်အောင်ပါ ကာကွယ်ထားပါတယ်ဗျာ။
Prevent Software လေးက ကာကွယ်ထားတာကို ရပ်ချင်တယ်ဆိုရင်တော့ ခုနက ကိုယ်သတ်မှတ်ထားတဲ့ Hotkey လေးကို သုံးပြီး ရပ်လိုက်ပါ။
ပိတ်ထားတဲ့ Function လေးတွေ ပြန်သုံးရတာကို တွေ့ရပါလိမ့်မယ်။

 *** Prevent သည် Drag & Drop လုပ်ပြီး Copy လုပ်သော Function ကို မကာကွယ်ပါ။ Ctrl+C နှင့် Right Click Menu မှ Copy ကိုသာ ကာကွယ်ပါသည်။
 Credit to www.ucmagway.blogspot.com
 အဆင်ပြေပါစေ . . .
All Free Softwares, e-Books, Tutorials and Knowledges
မင်္ဂလာပါခင်မျာ..ကနေ့ ဘဲငွေရှာနည်းစာအုပ်ထွက်မယ်ဆိုပြီးကျနော်မနက်ခင်းပိုင်းကတည်းက ကြော်ငြာ
ခဲ့ပါတယ်..အခုညနေ ပိုင်းမှာတော့ စာအုပ်လေးကို Beta Version အနေနဲ့ထုတ်ပေးလိုက်ပါပြီခင်မျာ..
Beta Version ဆိုတာ Error ပါနိုင်တဲ့ အနေအထားဖြစ်ပြီး Error များတွေ့ရှိပါက အချိန်နဲ့တပြေးညီ ပြုပြင်
ပေးပါ့မယ်လို့ ဆိုလိုထားခြင်းဖြစ်ပါတယ်. ဒီနည်းလမ်းကိုနော်ကိုယ်တိုင်လဲ လက်တွေ့လုပ်ဆောင်နေပါ
တယ်..လိုက်ပါလုပ်ဆောင်သူများအဖို့လည်း လုံးဝ (လုံးဝ) ဘေးမဖြစ်စေရဘူးလို့အာမခံပါတယ်ခင်ဗျာ။
ဒီနည်းလမ်းကိုလုပ်ဆောင်မယ်ဆိုရင်တော့ ဇွဲရှိဖို့ နဲ့စိတ်ရှည်သီးခံဖို့လိုအပ်တယ်ဆိုတာ အရင်ဆုံးအသိ
ပေးပါရစေနော်..ကဲ..စာအုပ်လေးတော့တင်ပေးလိုက်ပြီ ပြန်လည်တုံ့ပြန်မှုတွေကို ကြိုဆိုပါတယ်..အားလုံး
ကိုညီအစ်ကိုမောင်နှမရင်းသဖွယ်သဘောထားပြီးအကောင်းဆုံး အတတ်နိုင်ဆုံး ကူညီနေပါတယ်..ဒါကြောင့်
ဝေဖန်အကြံပြုရာမှာ ညစ်ညမ်းကွန်မန့်များ ရေးသားခြင်းကို ကျေးဇူးပြုပြီးမပြုလုပ်ကြပါနဲ့ခင်မျာ.ကျနော်သိ
တာတတ်တာလေးကို ဝေမျှပေးချင်တဲ့စိတ်လေးဘဲရှိပါတယ်..အဆင်မပြေမှုများ မေးမြန်းစရာများရှိပါက
ဒီဆိုဒ်လေးရဲ့ CBox မှာရေးသားနိုင်ခဲ့သလို..စာအုပ်ထဲမယ်ပါတဲ့ Email သို့လည်း ဆက်သွယ်မေးမြန်းနိုင်
ကြပါတယ်ခင်မျာ..ကဲ..အားလုံးဘဲ..စာအုပ်လေး ဒေါင်းနိုင်ကြပါပြီခင်မျာ။

Download => Link 1 / Link 2 / Link 3 / Link 4


All Free Softwares, e-Books, Tutorials and Knowledges

WirelessMon ဟာ Wireless Adapter တွေကို အချိန်နှင့်တပြေးညီမှန်မှန်ကန်ကန်ဖေါ်ပြပြီး အနီးအနားက လိုင်းမိတဲ့ Wireless Access Point နဲ့ Hot Spot တွေကို တကယ့်အမှန်အတိုင်း ဖေါ်ပြပေးမှာဖြစ်ပါတယ်.. တကယ့်အမှန်အတိုင်းဆိုရာမှာ Connection ကတော့ ၄ တုံးလောက်တက်နေတယ်ဗျာ. ဒါပေမယ့် Execellent တွေဘာတွေ ပြနေတယ်.. တကယ်ဖမ်းတဲ့အခါကျတော့ Poor အဆင့်မှာရှိနေတယ်.. ခု ဒီကောင်က Poor ဆိုရင်လည်း Poor ပေါ့ဗျာ. အဲဒီလို အမှန်အတိုင်း ပြပေးတယ်ပြောတာပါ.. ပြီးတော့ 802.11 စနစ်နဲ့ကိုက်ညီတဲ့ Statistic ကို Signel Lavel နဲ့ မှန်ကန်တဲ့ IP တွေကိုသာ ဖေါ်ပြပေးမှာဖြစ်ပါတယ်.. အသေးစိတ်ကိုတော့ အောက်မှာ ဖတ်ကြည့်နိုင်ပါတယ်.. Wireless Network သုံးတဲ့သူတွေ အဆင်ပြေတာပေါ့ဗျာ..
Key features:
Verify 802.11 network configuration is correct.
Test WiFi hardware and device drivers are functioning correctly.
Check signal levels from your local WiFi network and nearby networks.
Help locate sources of interference to your network.
WirelessMon supports the MetaGeek Wi-Spy (2.4i, 2.4x and DBx) useful for finding interference from non 802.11A/B/G/N devices transmitting on the same frequencies
Scan for hot spots in your local area (wardriving)
Create signal strength maps of an area (also known as heat maps)
GPS support for logging and mapping signal strength
Mapping can be performed with or without a GPS unit
Correctly locate your wireless antenna (especially important for directional antennas).
Verify the security settings for local access points.
Measure network speed & throughput and view available data rates.
Help check Wifi network coverage and range
A feature-rich, value-for-money alternative to NetStumbler.


အဆင်ပြေပါစေ..

မောင်ပေါက်


All Free Softwares, e-Books, Tutorials and Knowledges
ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့်
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ်
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ

~~~~~~~~~~~~~~~~
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net
၂၆.၆.၂၀၁၃

လက်တွေ့ဖြစ်နေတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး ကျွန်တော်နဲ့ ဆန္ဒချင်း ထပ်တူကျနေတဲ့အတွက် ကျွန်တော်တို့ ကိုယ်စား ပြောပေးတဲ့ ကိုအောင်ကျော်ကို ကျေးဇူးတင်ပါတယ်..

All Free Softwares, e-Books, Tutorials and Knowledges

ဘလော့ကို နည်းနည်းအတွေ့အကြုံရလာပြီးသူတွေအတွက် ဒီပို့စ်က သိပ်တန်ဖိုးမရှိပေမယ့် ဘလော့ကို ခုမှ စလုပ်သူတွေအတွက်တော့ အသုံးဝင်မယ့်ပို့စ်တစ်ခုပါ.
များသောအားဖြင့် တန်းပလိတ်လဲတတ်ပြီဆိုရင် Auto Read More Button ပါတဲ့ တန်းပလိတ်နဲ့ Menu ပါတဲ့ တန်းပလိတ်ကိုရှာဖွေပြီး လဲတတ်ကြပါတယ်..
(တန်းပလိတ်အစားထိုးနည်း ဒီမှာ ကြည့်ပါ..)
ဒါပေမယ့် ကိုယ်ကြိုက်တဲ့ တန်းပလိတ်က Read More အဆင်သင့်မပါလာဘူး.. junp break ခေါက်လိုက်လို့ ပေါ်လာတဲ့ Read More ကလည်း Button လေးနဲ့မဟုတ်ဘူး. ဒါပေမယ့် ကိုယ်က Read More ကို Button လေးနဲ့
လုပ်ချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့နည်းကို တစ်ဆင့်ချင်းလုပ်သွားလိုက်ပါ.

1. Blogger Singin ၀င်လိုက်ပါ။
2. DASHBOARD မှာ ကိုယ့်ရဲ့ဘလော့ကို ရွေးလိုက်ပါ.. ဆိုလိုတာက တစ်ယေက်တည်း ဘလော့တွေ ၁ ခုမက ရှိနေတတ်လို့ပါ..
3. Template ကို တစ်ချက်နှိပ်ပါ.. (blog တစ်ချို့မှာတော့ Layout ကိုနှိပ်ရပါတယ်..)


4.EDIT HTML  ကိုနှိပ်ပါ.... 
5.Edit HTML ဘောက်ထဲကို ကလစ်တစ်ချက်နှိပ်ပြီး ကာဆာ ချထားလိုက်ပါ..Ctrl+F ကိုနှိပ်ပြီး Find Box ဘောက်ထဲမှာ

</head>  ထည့်ပြီးကိုရှာပါ...

တွေ့ပြီဆိုရင်</head>အောက်မှာ အောက်က Code ကိုထည့်ပေးလိုက်ပါ၊

<script type='text/javascript'>
var thumbnail_mode = &quot;float&quot; ;
summary_noimg = 230;
summary_img = 140;
img_thumb_height = 100;
img_thumb_width = 100;
</script>
<script src='http://keerthiset2.110mb.com/excerpt.js' type='text/javascript'/>


(သို့မဟုတ်)

</head> ရဲ့ ပေါ်မှာ အောက်က ကုဒ်ကို ထည့်ပေးလိုက်ပါ.
<script type="text/javascript">
var summaryConf = {
    showImage: true,
    imgFloat: 'left',
    imgWidth: 120,
    imgHeight: 90,
    defaultThumb: 'https://lh3.googleusercontent.com/-GRP8IcURRsw/T9MjiNWXUcI/AAAAAAAAB88/QEDpDHxI55o/s1600/no-thumb.jpg',
    words: 65,
    wordsNoImg: 80,
    skip: 0,
    showHome: true,
    showLabel: true
};
</script>
<script type='text/javascript'>
//<![CDATA[
eval(function(p,a,c,k,e,r){e=function(c){return(c<a?'':e(parseInt(c/a)))+((c=c%a)>35?String.fromCharCode(c+29):c.toString(36))};if(!''.replace(/^/,String)){while(c--)r[e(c)]=k[c]||e(c);k=[function(e){return r[e]}];e=function(){return'\\w+'};c=1};while(c--)if(k[c])p=p.replace(new RegExp('\\b'+e(c)+'\\b','g'),k[c]);return p}('w 3(h){3.6=3.6||0;3.6++;4 g=i.j.k("/l/v/")==-1&&i.j.k("/l?")==-1,c=i.j.k("/l/v/")!=-1;5(3.6<=2.G){8}5(g&&!2.C){8}5(c&&!2.E){8}4 e=x.z(h),f=e.B("o");5(2.D){4 a=\'<o T="\'+2.J+\'" K="\'+2.L+\'"\';5(2.t!="y"){4 b=2.t=="p"?\' q="r:p;n:0 7 7 0"\':\' q="r:F;n:0 0 7 7"\';a+=b}a+=\' u="\'+(f.H>0?f[0].u:2.I)+\'" />\';4 d=3.9(e.m,2.M)}N{4 a="",d=3.9(e.m,2.O)}e.m=a+d+"..."}3.9=w(a,b){8 a.P(/<.*?>/Q,"").R(/\\s+/).S(0,b-1).A(" ")};',56,56,'||summaryConf|summary|var|if|count|5px|return|strip|||||||||location|href|indexOf|search|innerHTML|padding|img|left|style|float||imgFloat|src|label|function|document|no|getElementById|join|getElementsByTagName|showHome|showImage|showLabel|right|skip|length|defaultThumb|imgWidth|height|imgHeight|words|else|wordsNoImg|replace|ig|split|slice|width'.split('|'),0,{}))
//]]>
</script>


မှတ်ချက်.. ကုဒ်နှစ်မျိုးမှာ တစ်မျိုးနဲ့မရပါက တစ်မျိုးထည့်ဖို့ဖြစ်ပါတယ်.. နှစ်မျိုးလုံး မထည့်ရပါဘူးခင်ဗျာ

7.ပြီးရင် အောက်က Code ကိုထပ်ရှာပါ၊

<data:post.body/>

တစ်ချို့က <data:post.body/>  မရှိဘူးလို့ပြောကြတယ်.. ဒါမရှိရင် ပို့စ်တင်တဲ့ စာရွက်မဖြစ်ပါဘူး.. ရှိကို ရှိပါတယ်.. တွေ့အောင်ရှာပါ.. တွေ့ပြီဆိုရင်<data:post.body/>  ကို အောက်က Code နဲ့အစားထိုးပေးလိုက်ပါ။။

<b:if cond='data:blog.pageType == &quot;item&quot;'>
<data:post.body/>
<b:else/>
<div expr:id='&quot;summary&quot; + data:post.id'>
<data:post.body/>
</div>
<script type='text/javascript'>
createSummaryAndThumb(&quot;summary<data:post.id/>&quot;);
</script>
<div style='clear: both;'/>
<span style='padding-top:5px;;float:right;text-align:right;'>

<a expr:href='data:post.url' rel='bookmark'><b>Read More </b></a></span>
</b:if>


(သို့မဟုတ်)

အောက်က ကုဒ်နဲ့ အစားထိုးလိုက်ပါ... <data:post.body/> နှစ်ခု တွေ့နေရင် အပေါ်ဘက်က  <data:post.body/> ကို အစားထိုးပါ..-
<span expr:id='data:post.id'><data:post.body/></span>
<b:if cond='data:blog.pageType == "index"'>
<script type='text/javascript'>summary("<data:post.id/>")</script>
<span style='float:right;padding-top:20px;'>
<a expr:href='data:post.url'>Read More</a></span>
<b:else/>
<b:if cond='data:blog.pageType == "archive"'>
<script type='text/javascript'>summary("<data:post.id/>")</script>
</b:if>
</b:if>


မှတ်ချက်= အပေါ်မှာ အရောင်နှစ်မျိုး ကုဒ်နှစ်မျိုးစီရှိပါတယ်.. ဒီအရောင်နဲ့ကုဒ်ကို အပေါ်မှာထည့်ရင် အောက်မှာလည်း ဒီအရောင်နဲ့ဟာကိုထည့်ရပါမယ်.. အပေါ်မှာ ဒီအရောင်နဲ့ ကုဒ်က အဆင်ပြေခဲ့ရင် အောက်မှာလည်း ဒီအရောင်နဲ့ကုဒ်ကို ထည့်ပေးရပါမယ်.. မရောထွေးစေလိုပါ..

ဒါဆိုရင်တော့ Auto Read More ထည့်ပြီးသွားပါပြီ. jump break မခေါက်ဘဲနဲ့ Read More ဆိုတာလေးကို မြင်ရမှာဖြစ်ပါတယ်..
ထည့်ပြီးရင် တော့ Preview နဲ့ ကြည့်လိုက်ပါအုံး..
အခုချိန်မှာ Read More ဆိုတဲ့စာသားလေးပဲတွေ့ရမှာပါ.. error မပေါ်ဘူးဆိုရင် Save template ကို နှိပ်လိုက်ပြီးခဏစောင့်လိုက်ပါ..
ကောင်းပြီ.. အဲဒီ Read More ဆိုတဲ့စာလေးကို ထပ်ပြီး ပုံလေးနဲ့ အစားသွင်းရအောင်

Read More စာသားကို ပုံလေးနဲ့ အစားသွင်းခြင်း

တန်းပလိတ်မှာ Auto Read More ပါလာတဲ့သူတွေက အပေါ်ကအဆင့် 6 နဲ့ 7 ကို လုပ်စရာမလိုပါဘူး.
အပေါ်မှာပြောခဲ့သလို အဆင့် (1)ကနေ (5)ထိ ၀င်ပြီးသွားပြီဆိုရင်
1. Ctrl+F ကိုနှိပ်ပြီး Find Box ဘောက်ထဲမှာ Read More ကို ထည့်ပြီးရှာလိုက်ပါ..
2. တွေ့ပြီဆိုရင် Read More ကို အောက်က လင့်နဲ့ အစားထိုးလိုက်ပါ..
<img src=' http://www.fileden.com/files/2012/4/30/3298584/dark-orange.gif '/>
ဒါဆိုရင် ဒီလိုလေးဖြစ်သွားမယ်..
<a expr:href='data:post.url'><img src=' http://www.fileden.com/files/2012/4/30/3298584/2-mini-allblogtools.gif '/> </a></span>
ဟုတ်ရဲ့လား..
ကဲ Preview ကိုကြည့်လိုက်ရင် လန်းနေတာတွေ့ရမှာပါ..
အဲဒီ Read More Button ကို မကြိုက်သေးဘူးဆိုရင် http://www.fileden.com/files/2012/4/30/3298584/2-mini-allblogtools.gif ဆိုတဲ့နေရာမှာ အောက်က ပုံတွေထဲက ကိုယ်ကြိုက်တဲ့ ပုံရဲ့ လင့်ကို အစားထိုးပေးလိုက်ပါ..
http://www.fileden.com/files/2012/4/30/3298584/original.gif

http://www.fileden.com/files/2012/4/30/3298584/green.gif
 

http://www.fileden.com/files/2012/4/30/3298584/green1.gif
 
http://www.fileden.com/files/2012/4/30/3298584/black.gif

http://www.fileden.com/files/2012/4/30/3298584/light-orange.gif
http://www.fileden.com/files/2012/4/30/3298584/dark-orange.gif
http://www.fileden.com/files/2012/4/30/3298584/black1.gif
http://www.fileden.com/files/2012/4/30/3298584/blue.gif
http://www.fileden.com/files/2012/4/30/3298584/blue1.gif
http://www.fileden.com/files/2012/4/30/3298584/blue-dark.gif
http://www.fileden.com/files/2012/4/30/3298584/blue.png
http://www.fileden.com/files/2012/4/30/3298584/dark-grey.gif
http://www.fileden.com/files/2012/4/30/3298584/greenish.png
http://www.fileden.com/files/2012/4/30/3298584/grey.gif
http://www.fileden.com/files/2012/4/30/3298584/light-blue.png
http://www.fileden.com/files/2012/4/30/3298584/pink.png
http://www.fileden.com/files/2012/4/30/3298584/purple.gif
http://www.fileden.com/files/2012/4/30/3298584/purple.png
http://www.fileden.com/files/2012/4/30/3298584/purple1.gif
http://www.fileden.com/files/2012/4/30/3298584/red.png
http://www.fileden.com/files/2012/4/30/3298584/red1.gif
http://www.fileden.com/files/2012/4/30/3298584/red-dark.gif

ဒါဆိုရင်တော့ Read More Button လေးနဲ့ လန်းသွားပြီပေါ့..
( Read More Button တွေကို အောက်ကလင့်တွေမှာ ဒေါင်းပြီး ကိုယ့်ကိုယ်ကို တင်ပြီးတော့ လင့်ယူရင်လည်း ရပါတယ်....
Download Read More Buttons >> Mediafire or Ziddu or SendSpace or Tusfiles or 
                                         Solidfiles

တစ်ခုတော့ ထပ်ပြောချင်သေးတယ်.. ကျွန်တော်ပြောတဲ့နည်းကိုလုပ်ပြီး Read More က တော့ အဆင်ပြေသွားတယ်..  ဒါပေမယ့် Post ရဲ့ ပုံလေးတွေက ငယ်နေပြီး စာသားတွေကလည်း ၃/၄ ကြောင်းလောက်ပဲပေါ်တယ်. အဲဒါကို မကြိုက်ဘူးဆိုရင်..

1. Ctrl + F နဲ့ အောက်က စာသားတွေကို တစ်ကြောင်းချင်း လိုက်ရှာပြီး အနီရောင် ပြထားတဲ့ တန်ဖိုးတွေကို ပြောင်းကြည့်ပြီး Preview နဲ့ ကြည့်ပါ.. ကြိုက်ရင်တော့ Save template ပေါ့

summary_noimg = 230;
summary_img = 140;
img_thumb_height = 100;
img_thumb_width = 100;



အဆင်ပြေသွားပြီလားဗျာ...

မောင်ပေါက်
All Free Softwares, e-Books, Tutorials and Knowledges

USB Device တွေကတစ်ဆင့် ကူးစက်တဲ့ Virus ဟူသမျကို ကာကွယ်တိုက်ဖျက်ပေးတဲ့ USB Disk Security ဖြစ်ပါတယ်.. PC သမားတွေက မသိတဲ့သူ မရှိသလောက်ပါပဲ.. ခု ဗားရှင်းသစ် 6.1.0.1 ထွက်လာလို့တင်ပေးလိုက်ပါတယ်.. Windows 8 မှာ ကောင်းကောင်း အဆင်ပြေအောင် ထုတ်လုပ်ထားတာဖြစ်ပြီး Full Version ဖြစ်တဲ့အတွက် Power အပြည့် ရရှိစေမှာဖြစ်ပါတယ်..
100% protection against any malicious programs via USB storage
USB Disk Security uses innovative proactive technology to block any threats via USB drive. There are relatively few products available in shops or on the Internet which offer even close to 100% protection against any malicious programs via USB drive. The majority of products are unable even to guarantee 90% protection. USB Disk Security is the world's best software to block threats via USB drive.
The best solution to protect offline computer
Other antivirus software should update signature database regularly, and they cannot effectively protect offline computer that is not connected to the Internet. When new viruses, worms and other malicious attacks strike, traditional signatures are insufficient. Every minute one waits for a virus signature update creates a window of vulnerability that could have devastating consequences. USB Disk Security uses advanced proactive detection techniques, requires no signature updates, and closes the window of vulnerability left open by other reactive, signature-based responses.
The world's fastest and smallest antivirus software
With USB Disk Security, it’s not necessary to sacrifice speed for detection and scanning. Compare antivirus software and you'll discover that USB Disk Security is by far one of the smallest applications in the industry. For example, the v5.0 of USB Disk Security installer is just 1 MB. The program utilizes approximately 1 to 7 MB of RAM.
100% compatible with all software
Incompatibility between antivirus programs is an issue. In the vast majority of cases, installing two antivirus programs from different vendors on one machine (for increased protection) is technically impossible, as the two programs will disrupt each other's functioning. However, USB Disk Security is 100% compatible with all software, including Windows Vista.
Simple to use
USB Disk Security has been specifically designed to perform effectively regardless of the user’s level of computer expertise. Just install and forget it.
OS : Microsoft Windows 98, ME, 2000, XP, Server, Vista, 7 and 8

အဆင်ပြေပါစေ..

မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges

ဒီပို့စ်ကတော့ နည်းပညာနဲ့လည်းမဆိုင်သလို သူများကို ဒုက္ခပေးဖို့လည်း မဟုတ်ပါဘူး.. ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်ပြီး ကမ္ဘာကျော် Times Magazine မှာ အရှင် ဝိသူရကို Buddhist Terror လို့ရေးထားတာနဲ့ပတ်သက်ပြီး မကျေနပ်သူတွေ စုပေါင်းလက်မှတ်ထိုးလို့ရမယ့် လင့်တစ်ခု ဒီနေ့ Twitter ကနေ ရရှိလာခဲ့ပါတယ်.. ကမ္ဘာကျော် Times Magazine လို အရှိန်အဝါကြီးတဲ့ Magazine က ဖေါ်ပြစွပ်စွဲလိုက်သလို ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဝါမဟုတ်ဘူးဆိုတာကို ငြင်းပယ်ဖို့ ကျွန်တော်တို့ ခုပဲ လက်မှတ်ရေးထိုးပြီး Times Magazine ကို ကန့်ကွက်ကြပါစို့..

အောက်ကလင့်ကိုသွားပါ..


ရောက်တဲ့အခါ First Time Here ? ခေါင်းစဉ်အောက်က  ကျွန်တော် အနီလေးနဲ့ ဝိုင်းပြထားတဲ့အကွက် ထဲမှာ နာမည်တစ်ခု၊ အီးမေးလိပ်စာ၊ ပြီးတော့ နိုင်ငံ.. နိုင်ငံထဲက မြန်မာဆိုရင်တော့ ညာဘက်က Post Code မှာ 11041 ကိုထည့်ပေးရမှာဖြစ်ပါတယ်.. တစ်ခြားနိုင်ငံက ဆိုရင်တော့ သက်ဆိုင်ရာ Post Code တွေကို ထည့်ပြီး Sign ကိုနှိပ်လိုက်ပါ..

ဒီပို့စ်ကို လျှင်လျှင်မြန်မြန်နဲ့ Share လုပ်ပေးပြီး ကိုယ်တိုင် သွားပြီး လက်မှတ်ရေးထိုးကြဖို့လည်း တိုက်တွန်းချင်ပါတယ်..

ကြားနေဝါဒ ရှိသူများအဖို့. ဒီပို့စ်ပါ တိုက်တွန်းချက်တွေဟာ ဘာသာရေးကို လှုံ့ဆော်တာလည်း မဟုတ်ကြောင်း သိစေချင်ပါတယ်..  ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ အကြမ်းဖက် ဘာသာ မဟုတ်ကြောင်း ချေပရုံ သက်သက်သာဖြစ်ပါတယ်ခင်ဗျာ..


မောင်ပေါက်
All Free Softwares, e-Books, Tutorials and Knowledges
Photo: Airport Mania First Flight For PC (30MB)








http://www.mediafire.com/download/28iun3d6wyqinra/Airport_Mania_First_Flight%28Taikkyi_Thar%29.zip 

PC Small Game ကစားသူတွေအတွက် လေယာဉ် တွေကို သူနေရာနဲ့သူ အတည်တကျ ဆိုက်ရောက်အောင် ပြုလုပ်ပေးရတဲ့ PC Game လေးပါ။



-----------ပုံလေးကို ကလစ်လိုက်ပါ----------
Facebook မှတစ်ဆင့် နည်းပညာတွေဖတ်ချင်သူတွေအတွက် 
 
 ကျနော် ဆိုဒ် လေးနဲ့ Facebook Page လေးက နည်းပညာအကြောင်းအရာတွေ ဖုန်းမှတစ်ဆင့် ဖတ်ချင်သူတွေအတွက် အောက်က Apk လေးကိုဒေါင်းထားလိုက်ပါ
 

All Free Softwares, e-Books, Tutorials and Knowledges

ပထမဆုံး.. Driver ကို မှန်ကန်အောင် သွင်းထားပြီး Printer ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ.. Power ကို On လိုက်ပါ.. ဒေါင်းလို့ရလာတဲ့ ဖိုင်ကိုဖြည်လိုက်ပြီး အထဲက AdjProg.exe ကို Double Click နဲ့ Run ပေးလိုက်ပါ.. ပြီးရင်တော့ အောက်ပုံမှာပါတဲ့ နံပါတ်စဉ်အတိုင်း အဆင့်ဆင့်လုပ်သွားလိုက်ပါ-


အဆင့် (11) ထိလုပ်ပြီးသွားရင်တော့ Printer ကို ပါဝါပိတ်ပြီး ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ ကြိုးကိုပါဖြုတ်လိုက်ပါ.. ခဏနေရင် ကြိုးကို ကွန်ပျူတာမှာ ပြန်တပ်ပြီး Power ကို On လိုက်ရင်တော့ Epson L200 လေး ကောင်းမွန်စွာ အလုပ်လုပ်နေပြီဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်