Advertise Here !


htinlinmg: sony experia ray ကို ဘယ်လို root လုပ်နည်းကိုလည်း တင်ပေးပါအုံးနော်။ ကျေးဇူးတင်ပါတယ်။..
ကျွန်တော် လိုက်မွှေရင်းနဲ့ Forum-Xada နဲ့ MM-MPx Team မှာတွေ့ပါတယ်.. MM-MPx Team မှာရေးထားတာတွေကို မူရင်းအတိုင်း ပြန်လည် မျှဝေလိုက်ပါတယ်...
*****************************************

ကျွန်တော်စမ်းသပ်ထားတဲ့ ဖုန်းက Sony Xperia P v2.3.7 (firmware က 6.0.1.564)
ဖုန်းကိုပထမဆုံး root လုပ်ဖို့အတွက် bootloader ကို unlock လုပ်ရပါမယ်..
ပြီးရင် kernel ကို ချိန်းရပါမယ်..
ဒီနှစ်ဆင့် လုပ်ပြီးရင် root လုပ်ပြီးပါပြီ...
တစ်ခုတော့ရှိပါတယ်..bootloader unlock လုပ်မယ်ဆိုရင် ဖုန်းနံပါတ်နဲ့လိုချင်တာအကုန်လုံး back up လုပ်ပါ..

"This procedure will wipethe /data partition of your phone, so you will loose all ur stored data, settings. SDCARD will NOT BEWIPED!!! "

၁။ bootloader unlock လုပ်နည်း

  bootloader unlock မလုပ်ခင်မှာ မိမိဖုန်းက unlock လုပ်ရမရ အရင်ကြည့်ရပါမယ်..
  *#*#7378423#*#* ကိုနှိပ်ပါ ပြီးရင် service info > Configuration > Rooting Status မှာBootloader unlock allowed  Yes  ဖြစ်နေရင်စလုပ်လို့ရပါပြီ..

သင့် computer မှာ ဒီနှစ်ခုရှိဖို့လိုပါတယ် usb driver and fastboot
usb_driver ကတော့ သင့်ဖုန်းကို driver မရှိသေးရင်တင်ဖို့ပါ.. (ဒီအဆင့်ထိရောက်ပြီဆိုမှတော့ driver တော့တင်တက်မှာပါ)
 fastboot folder ကတော့ bootloader unlock လုပ်ဖို့ပါ..
fastboot with android usb file.zip ကို download ဆွဲပြီး တစ်နေရာရာမှာ ဖြည်ထားပါ..


အဲဒီအထဲမှာ fastboot နဲ့ usb_driver ဆိုတဲ့ folder နှစ်ခုပါပါတယ်...

(unlock code)ယူရန်

အခုသင်ဟာ sony bootloader unlock pageကိုသွားလို့ရပါပြီ... http://unlockbootloader.sonymobile.com/instructions က ညွှန်ကြားချက်တွေဖတ်ပြီးရင် အောက်နားက continue ကိုနှိပ်ပါ.. ပြီးရင်... Are you sure you want to continue? အောက်က yes,i am sure ကိုနှိပ်ပါ.. ပြီးရင် အမှန်ခြစ်နှစ်ခုပေးပြီး Accept ကို နှိပ်ပါ.. ပြီးရင် . Create Unlock request ကိုရောက်ရင်  အပေါ်Name..... နဲ့ အောက်ဆုံးEmail..... ကို ဖြည့်ပါ..
ပြီးရင် သင့်ဖုန်း ရဲ့IMEI number ကို *#06# နှိပ်ကြည့်ပြီးမှတ်ထားပါ..နောက်ဆုံးတစ်လုံးကိုဖြုတ် ၁၄ လုံးပဲယူရပြီး အလယ်က IMEI ဆိုတဲ့အကွက်ထဲထည့်ပါ .. Submit ကိုနှိပ်လိုက်ရင် သင့်ဖုန်းအတွက် unlock code ကိုရပါပြီ

(unlock ဖြည်ရန်)
သင့်ဖုန်းကို fastboot mode ထဲဝင်ပါ..  ( volume up နှိပ်ပြီး USB ကြိုးနဲ့ ကွန်ပြူတာကိုချိတ်ပါ)
စောစောကဖြည်ထားတဲ့အထဲက fastboot folder ထဲဝင်ပါ  shift + right click ခေါက် ပြီး open command window here ကိုရွေးပြီး cmd ကိုဝင်ပါ..
ပထမရိုက်ရမယ့်စာကြောင်းက  fastboot.exe -i 0x0fce getvar version  (ဖုန်းနဲ့ computer ချိတ်မချိတ်စစ်တာပါ)

ဒုတိယရိုက်ရမယ့်စာကြောင်းက fastboot.exe -i 0x0fce oem unlock 0xKEY   (သင်ရတဲ့ unlock code ကို KEY ဆိုတဲ့နေရာမှာ ထည့်ရမှာပါ) Enter ခေါက်လိုက်တာနဲ့ finish ပေါ်လာပြီးတော့ Bootloader Unlock လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။

။ root လုပ်နည်း

ပထမဆုံးလိုတာကတော့ kernel.elf ပါ


fastboot folder ထဲမှာထည့်ပါ..
fastboot folder ထဲဝင်ပါ  shift + right click ခေါက် ပြီး open command window here ကိုရွေးပြီး cmd ကိုဝင်ပါ .. fastboot mode ထဲဝင်ပါ..  ( volume up နှိပ်ပြီး USB ကြိုးနဲ့ ကွန်ပြူတာကိုချိတ်ပါ).. ရိုက်ရမယ့်စာကြောင်းက fastboot flash boot kernel.elf ပြီးရင် power ပြန်ဖွင့် သင့်ဖုန်းက superuser ကိုတွေ့ရပါလိမ့်မယ် ....

သင့်ဖုန်းဟာ root ရသွားပါပြီ..

အဆင်ပြေပါစေ..

မောင်ပေါက်

Special Credit : MM-MPx Team
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !