Advertise Here !

 
Ashin Indapala: တကာတော် ကိုမောင်ပေါက်ရေ... ငါ့ ဘလော့မှာ Comment ရေးလိုက်ရင် အဲဒီComment တွေ ဘယ်ပျောက်သွားလဲ မသိဘူး၊ Comment အရေအတွက်တော့ ပေါ်တယ်၊ ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး... ကျေဇူးတင်ပါတယ်။

အရှင်ဘုရားရဲ့ ဘလော့က Comment က ပျောက်သွားစရာ အကြောင်း (၂)ချက်ရှိပါတယ်ဘုရား... ပထမတစ်ချက်က Spam ထဲကိုရောက်နေတာ.. ဒါမှ မဟုတ်.. Moderation ထဲကို ရောက်နေတာ.. နှစ်ခုစလုံးလည်း ဖြစ်နိုင်ပါတယ်ဘုရား.. ဒီလိုလုပ်ကြည့်လိုက်ပါဘုရား..
1. Blogger ထဲကို Sign in ဝင်လိုက်ပါ..
2. ဘယ်ဘက်ခြမ်းမှာ New Post , Overview, Post, Page စတဲ့ ခေါင်းစဉ်တွေထဲက Comment ဆိုတာကို နှိပ်လိုက်ပါ..
3. Comment မှာ Published ဆိုတာက ရေးထားပြီးသား Comment တွေထဲက ပို့စ်မှာ ဖေါ်ပြထားတဲ့ Comment တွေပါ.. အဲဒီအောက်မှာ Waiting for moderation ဆိုတာရှိပါတယ်ဘုရား.. Comment တွေကို ဘလော့တည်ထောင်သူခွင့်ပြုမှ ပို့စ်မှာ ဖေါ်ပြမှာလို့ Setting မှာ ချိန်ထားခဲ့တဲအတွက် ဘလော့ Admin ရဲ့ Publish လုပ်ဖို့ စောင့်နေကြတာပါ.. အဲဒီ Waiting for moderation ထဲက Comment တွေထဲက ကိုယ် ဖေါ်ပြစေချင်တဲ့ Comment ရဲ့ဘေးမှာ အမှန်ခြစ်လိုက်ပြီး Pubsish ကိုနှိပ်ရပါမယ်ဘုရား...


4. အဲဒါပြီးရင် Spam ကိုနှိပ်ပါ.. Spam ထဲမှာလည်း Comment တွေ ရှိနေနိုင်ပါတယ်.. အဲဒီ Comment တွေကိုလည်း ဘေးမှာ အမှန်ခြစ်ပြီး Not Spam ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ပျောက်နေတဲ့ Comment တွေ ပို့စ်မှာ ပေါ်လာမှာဖြစ်ပါတယ်ဘုရား..


အဲဒီလို မဖြစ်ရအောင် Setting မှာ ချိန်ဖို့ နည်းလမ်းပေးပါမယ်ဘုရား.. သိပြီးသားဆိုရင်လည်း ရှာရှည်တယ်လို့ မထင်ပါနဲ့ဘုရား.. မသိသေးသူတွေ ဖတ်ရအောင်လို့ပါ...

1. Blogger ထဲကို Sign in ဝင်လိုက်ပါ..
2. ဘယ်ဘက်ခြမ်းမှာ New Post , Overview, Post, Page စတဲ့ ခေါင်းစဉ်တွေထဲက Setting ဆိုတာကို နှိပ်လိုက်ပါ..
3. Setting ထဲမှာ Posts and comments ကိုနှိပ်ပါ..
4. ညာဘက်မှာ Who can comments? ဆိုတဲ့ခေါင်းစဉ်ရဲ့ အောက်နားမှာ.
  • Anyone ကိုရွေးရင် ဘယ်သူမဆို Comment ပေးနိုင်တယ်.. ( Anonymous နဲ့လည်း Comment ပေးလို့ရတယ်..)
  • Registered User ကိုရွေးရင် မိမိဘလော့မှာ Register လုပ်ထားတဲ့သူတွေ ဝင်ရေးနိုင်ပါတယ်.. Google Account နဲ့လည်း ဝင်ရေးနိုင်ပါတယ်.. ဒါပေမယ့် Anonymous တို့တွေ လာရေးလို့မရတော့ပါ..
  • User with Google Account ဆိုတာကိုရွေးရင် Google Account တစ်မျိုးတည်းနဲ့ပဲရေးနိုင်မယ်.. ကျန်တဲ့ ဘယ်အကောင့်နဲ့မှ ရေးသားခြင်းမပြုနိုင်တော့ပါဘူး...
  • Only members of this blog ကိုရွေးရင် ကိုယ့်ဘလော့မှာ member ဝင်ထားတဲ့သူတွေကပဲ Comment ရေးလို့ရတော့မှာပါ.. တစ်ခြားဘယ်သူမှ ရေးလို့ရမှာ မဟုတ်တော့ပါဘူး...
( Anonymous နဲ့ မရေးစေချင်ဘူး ဆိုရင် သာမန်အားဖြင့် Registered User ကိုရွေးထားလေ့ရှိပါတယ်)
ပြီးရင်.
Show word verification ခေါင်းစဉ်ရဲ့အောက်နားမှာ Yes ကိုရွေးထားရင် Comment ပေးတဲ့အခါ Character တွေ ဖြည့်ခိုင်းပါတယ်.. စက်ရုပ်လား၊ လူလား ခွဲချင်လို့ဖြစ်ပါတယ်..
No ကိုရွေးထားခဲ့ရင်တော့ word verification မတောင်းတော့ပါဘူး.. word verification ကို Yes လုပ်ထားလို့ လာလည်သူတွေ Comment ရေးတဲ့အခါ Character ဖြည့်နေရရင် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်.. ဒါကြောင့် No ကိုရွေးပေးထားသင့်ပါတယ်...



ဒါဆိုရင်တော့ အဆင်ပြေလောက်ပြီထင်ပါတယ်..

အဆင်မပြေရင် maungpauk@gmail.com ကို Admin အဖြစ် Add နိုင်ပါတယ်.. ဝင်ပြင်ပေးပါမယ်..


အဆင်ပြေပါစေ..

မောင်ပေါက်
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

2 comments:

  1. အဆင်ပြေသွားပါပြီး တကာတော်.... ကလိလွန်လို့ ဖြစ်သွားတာလေ ကလိရင်းနှင့်ပဲ ပြန်တွေ့သွားတာ... ဟီ...
    http://www.indapala.blogspot.com/2013/06/blogger-dshboard-comment-tab.html

    ReplyDelete
  2. အကိုရေ ကျွန်တော်က ခုမှ ဘလော့ရေးတာပါ c-box ကိုဘယ်လို ထည့်ရမလဲ လမ်းညွှန်ပေးပါဦး

    ReplyDelete

Please click on advertisement !