Samsung Gingerbread တွေအတွက် Universal GB Root (Root နည်းဖေါ်ပြထားသည်)


ခုတစ်ရက်နှစ်ရက်မှာ Root Tool လေးတွေတင်ဖြစ်ပါတယ်.. မိတ်ဆွေများအတွက် အကျိုးတစ်ခုခု ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်.. ဒါပေမယ့် Comment တွေက သိပ်အားရစရာ စကားလုံးတွေ မတွေ့ရဘူး.. ကျွန်တော်တင်ပေးတဲ့ Root Tool  က မိတ်ဆွေတို့အတွက် ဖျက်ဆီးရေး ပရိုဂရမ် တစ်ခု မဟုတ်တာတော့ သေချာပါတယ်..

ဒီတစ်ခါ Samsung တွေထဲက Gingerbread ( Android OS v 2.3.3-2.3.7+) တွေအတွက် သီးသန့် Universal Root Tool တစ်ခုကို မျှဝေပေးချင်ပါတယ်.. သိပြီးသား၊ သုံးဖူးပြီးသားလူတွေအတွက်တော့ ဖတ်စရာမလိုလောက်ပါဘူး.. ဒါပေမယ့် လိုအပ်နေသူတွေအတွက်ကတော့ အကျိုးရှိစေမှာပါ..
Root လုပ်နိုင်တဲ့ SAMSUNG စာရင်းကတော့-

SAMSUNG GALAXY MODELS: GT-S5570, GT-S5570B, GT-S5570I, GT-S5570L, GT-S5571, GT-S5578 (Chinese Mini), GT-S5660, GT-S5660M, GT-S5660L, GT-S5660V, SHW-M290K (Korean Gio), GT-S5670, GT-S5670B, GT-S5670L, GT-S5830, GT-S5830B, GT-S5830C, GT-S5830D, GT-S5830F(La Fleur), GT-S5830i, GT-S5830L, GT-S5830M, GT-S5830T, GT-S5830V, GT-S5830Z, GT-S5839i, GT-S6802, GT-B5330, GT-B7510, GT-B7510B, GT-B7510L, GT-B7800, GT-B5510, GT-B5510B, GT-B5510L, GT-B5512, GT-B5512B, GT-S6102, GT-S6102B, GT-S5300, GT-S5300B, GT-S5302, GT-S5360, GT-S5360B, GT-S5360L, GT-S5360T, GT-S5363, GT-S5369, GT-S5690, GT-S5690i(new), GT-S5690L, GT-S5690M, GT-S5690R(new), GT-I8150, GT-I8150B, GT-I5510, GT-I5510B, GT-I5510L, GT-I5510M, GT-I5510T, SCH-i509, SGH-T499, SGH-T499Y(new), SGH-T499V(new), SGH-T499W(new), SGH-T589, SGH-T589R, SGH-T589W(new), SGH-I827, SGH-I837, SGH-I857. တွေပဲဖြစ်ပါတယ်..

လုပ်နည်းကတော့
1. မိမိဖုန်းမှာ Settings -> Applications -> Unknown sources ကိုသွားပြီး Unknown sources ကို အမှန်ခြစ် ထားရပါမယ်..
2. ဒေါင်းလို့ရလာတဲ့ universal gb root v25 by maungpauk.zip ဆိုတဲ့ ဖိုင်ကို မဖြည်ဘဲ ဖုန်းရဲ့ SD Card ထဲကို ထည့်လိုက်ရပါမယ်.. ထည့်တာကတော့ ဘယ်လိုနည်းနဲ့ပဲထည့်ထည့်ပေါ့.. ဖုန်းထဲက SD Card ထဲမှာ universal gb root v25 by maungpauk.zip လေးရောက်သွားဖို့ပါပဲ..
3. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ထားရင် ဖြုတ်လိုက်ပါ.. ပြီးရင် Power ပိတ်ပြီး Vol up + Home + Power တွဲနှိပ်ကာ Recovery Mode ကို ၀င်လိုက်ပါ..
4. Recovery Mode မှာ ဖုန်းပေါ်က Volume- နဲ့ Volume + ခလုပ်တွေကိုသုံးပြီး  Apply update from SD card ကိုရောက်အောင်ရွှေ့ပါ.. ရောက်ရင် Home Button ကိုတစ်ချက်ဖိပြီးဝင်လိုက်ပါ.. SD Card ထဲကိုမြင်ရပါမယ်..

ခုနကလိုပဲရွှေ့ပြီး universal gb root v25 by maungpauk.zip ကိုရောက်အောင်သွားပါ.. ပြီးရင် Home Button ကိုထပ်နှိပ်လိုက်ပါ... သူ Root နေပါပြီ..
5. ခဏကြာရင် Install from SD Card Complete ဆိုပြီး အောင်မြင်ကြောင်း စာလေး မြင်ရပါမယ်..
Reboot system Now ကိုရွေ့ပြီး Home တစ်ချက်နှိပ်လိုက်ပါ..

ဖုန်းက Reboot ကျသွားပြီးပြန်တက်လာရင် App List ထဲမှာ SuperSU ကိုရှာပါ.. တွေ့ရင် ပေါက်သွားပြီဗျို့.. Root ပြောပါတယ်.. :D

အဆင်ပြေကြပါစေ

မောင်ပေါက် <Knowledge Note>
www.maungpauk.org 

* ဒီပို့စ်က 3.5.2013 ရက်နေ့က တင်ထားခဲ့တာဖြစ်ပါတယ်..  ဖိုင်တွေ လင့်ပျက်သွားလို့ ခု ပြန်တင်ပေးလိုက်တာပါ..

ကဲကဲ.. လိုအပ်တဲ့ဖိုင်ကို ဒေါင်းရအောင်..

Download Here !

Samsung Gingerbread တွေအတွက် Universal GB Root  (Root နည်းဖေါ်ပြထားသည်) Title : Samsung Gingerbread တွေအတွက် Universal GB Root (Root နည်းဖေါ်ပြထားသည်)
Description : ခုတစ်ရက်နှစ်ရက်မှာ Root Tool လေးတွေတင်ဖြစ်ပါတယ်.. မိတ်ဆွေများအတွက် အကျိုးတစ်ခုခု ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်.. ဒါပေမယ့် Comment တွေက သ...
Rating : 5

15 comments

Galaxy Ace GT-S5830G is not successful rooting process.After applying update from SD card,information shows
"E:Error in /tmp /sideload /package.zip
(Status 7)
Installation aborted."
What is the problem? There is no GT-S5830G Model above lists.
How can I try to root successfully mine? Please!

Reply

ခုမှ ပဲ ဒီ နေရာလေးကိုတွေ့လို့ root လုပ်လိုက်တာ..superman ဖြစ်တော့တယ်..ကိုပေါက်ရေ..
ပါပါပါ ကျနော်လုပ်လိုက်တာ..ည8.30 ကတည်းက ခု ည02.44 ရှိသွားပီး..ကျေးဇူးကိုအရမ်းပဲတင်တယ်..ဗျာ..
အော်..အခုမှ..တွေ့ရလားနော်..င့ါ..နယ့်
ကိုပေါက်နဲ့တွေ့မှ..ပေါက်တော့တယ်..ဗျာ...root လုပ်တာပါ ကျေးဇူးပဲဗျာ ကျေးဇူး

Reply

unroot ဆိုရင်ဘယ်လိုလုပ်ရမလဲဗျာ

Reply
This comment has been removed by the author.

အကိုရေ ဒေါင်းလို့မရဘူးဖြစ်နေတယ်။နှစ်ခုစလုံးပါပဲ

Reply

ကျွန်တော်မှာလဲ ပေါက်သွားပြီ အကိုရေ Root ပြောတာနော် ကျေးဇူးအများကြီးတင်ပါတယ် အကိုပေါက်ရေ.

Reply

GT-s5360B နဲ့downတာပါ downလို့တော့ရတယ် ဝင်တယ် apk ဖိုင်မရဘူး ဖြစ်နေတယ် ဖုန်းထဲထည့်လို့မရဘူးဖြစ်နေတယ်

Reply

ဒီဖိုင်က apk ဖိုင်အမျိုးအစားမဟုတ်ပါဘူးခင်ဗျာ.. Zip ဖိုင်အမျိုးအစားပါ.

Reply

ရသွားပြီ ကိုပေါက်ရေ ကျေးဇူးပါပဲခဗျာ downloadဖိုင်ထဲကနေအပြင် move နဲ့ပြောင်းပြီး ပြန်rootလိုက်တာ ပေါက်သွားပြီ ကျန်တော် သိပ်နားမလည်လို့ပါ sorryနော်

Reply

Thank u very much

Reply

volume up+home+powerတွဲနှိပ်​ပါတယ်​recover modeကိုမ​တွေ့ဘူးဘာမှမ​ပေါ်ဘဲsamsungဆိုပြီစာတန်းက​နေမတတ်​​တော့ဘူးဘယ်​လိုလုပ်​ရမလဲ

Reply

volume up+home+powerတွဲနှိပ်​ပါတယ်​recover modeကိုမ​တွေ့ဘူးဘာမှမ​ပေါ်ဘဲsamsungဆိုပြီစာတန်းက​နေမတတ်​​တော့ဘူးဘယ်​လိုလုပ်​ရမလဲ

Reply

volume up+home+powerတွဲနှိပ်​ပါတယ်​recover modeကိုမ​တွေ့ဘူးဘာမှမ​ပေါ်ဘဲsamsungဆိုပြီစာတန်းက​နေမတတ်​​တော့ဘူးဘယ်​လိုလုပ်​ရမလဲ

Reply

တစ်ချို့ Samsung ဖုန်းတွေမှာ Home + Power ဖြစ်ပါတယ်.. Recovery Mode ဝင်တဲ့နည်းက ပုံသေမှတ်ထားလို့မရပါဘူး.. ဖုန်းတစ်လုံးနဲ့တစ်လုံး မတူပါ..

Reply

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.