ကျွန်တော်သိသော iPhone မှ Wifi ပြန်လွှင့်နည်း



စိုးကြီးးး: အကိုရေ iph ကနေ wifi လွှင့်လို့ရအောင်ဘယ်လိုလုပ်ရမလဲ iph version 5.1.1 ပါ (Cbox)
soe htay Lin : အကိုရေ iph ကနေwifi ပြန်လွှင့်တဲ့ software ကို cydia ကနေဘယ်လိုဒေါင်းရမလဲ ဆိုတာလေးပြာပေးလို့ရမလား ကျွန်တော်က iph ကနေ wifi ပြန်လွှင့်ပေးချင်လို့ပါ ကျွန်တော့ iph က version  5.1.1 ပါ (Email)

ကိုစိုးကြီးအပါအ၀င် မသိသေးသူများအတွက် ကျွန်တော်သိတာလေးပြောပြပေးလိုက်ပါတယ်..

Setting ကနေ ပြုလုပ်နည်း
1. Setting>General>Celluler ကိုနှိပ်လိုက်ပါ..


2. ပြီးရင် Personal Hotspot ကိုထပ်နှိပ်လိုက်ပါ.. ပြီးရင် Personal Hotspot ကို on ပေးလိုက်ပါ..


3. Password ထားချင်ရင်တော့ Wi-Fi Password ကိုတစ်ချက်နှိပ်ပြီး Password ပေးနိုင်ပါတယ်..

Application ဖြင့် ပြုလုပ်နည်း
iOS အတွက် Wi-Fi ပြန်လွှင့်ဖို့တော့ MyWi ဆိုတဲ့ App ကိုသုံးတာပဲသိပါတယ်.. ဒါကြောင့် MyWi ကိုပဲ ညွှန်ပါရစေ.
1.ဒီ App ကိုသုံးမယ်ဆိုရင် Jailbreak လုပ်ပြီးသားဖြစ်ရပါမယ်.. Cydia ထဲမှာ MyWi ကိုရှာပြီး ဒေါင်းရမှာဖြစ်ပါတယ်.. Free မရပါဘူး.. 9.99 ဒေါ်လာကျသင့်မယ်လို့ဆိုပါတယ်.. ဖရီးရတာကတော့ အခြားဆိုဒ်တွေမှာ သီးခြားဒေါင်းဖို့လိုမယ်ထင်ပါတယ်..
2. ဘယ်လိုနည်းနဲ့ပဲရရပေါ့.. MyWi ကိုရရင်တော့ Install လုပ်လိုက်ပါ.. ပြီးရင် ဖုန်းကို Reboot လုပ်ပေးရမှာဖြစ်ပါတယ်..
3. ဖုန်းပြန်ပွင့်လာရင် MyWi ကို Run လိုက်ပြီး WiFi Tethering ကို On ပေးလိုက်ပါ.
4. ဒါဆိုရင်တော့ Wifi Name မှာ နာမည်ပြောင်းလို့လည်းရပါတယ်.. Password ခံထားချင်ရင်တော့ Web Security ကို On ထားပေးရပါမယ်..
5. Tethering အောက်က USB and Bluetooth ကို On ပေးလိုက်ပါ..
ဒါဆိုရင်  Status မှာ WiFi Broadcasting ဆိုပြီး ကိုယ့် WiFi နာမည်လေးပေါ်နေပါလိမ့်မယ်...



အဆင်ပြေမယ်လို့ယုံကြည်ပါတယ်.. ကျွန်တော့်မှာ လက်တွေ့ပြစရာ iDevice ဆိုလို့ မူးလို့တောင် ရှုစရာမရှိတဲ့အတွက် တစ်ခြားနည်းတွေနဲ့ ဝေေ၀ဆာဆာ မပြနိုင်တာ နားလည်ပေးပါ..

MyWi ကို အောက်ကလင့်မှာလည်း တွေ့ထားပါတယ်.. Cydia မလိုပါဘူး.. ဒီပို့စ် တင်နေတဲ့အချိန်ထိတော့ လင့်တွေ ကောင်းနေပါသေးတယ်..

အဆင်ပြေပါစေ...

မောင်ပေါက်


ကျွန်တော်သိသော iPhone မှ Wifi ပြန်လွှင့်နည်း Title : ကျွန်တော်သိသော iPhone မှ Wifi ပြန်လွှင့်နည်း
Description : စိုးကြီးးး : အကိုရေ iph ကနေ wifi လွှင့်လို့ရအောင်ဘယ်လိုလုပ်ရမလဲ iph version 5.1.1 ပါ (Cbox) soe htay Lin : အကိုရေ iph ကနေwifi ပြန်လွှင့်တ...
Rating : 5

1 comments :

အကိုရေ ဒေါင်းပြီးတော့ install လုပ်တာ itool တို့ ifun box နဲ့လုပ်တာ လုပ်မရလို့ ဘယ်လိုလုပ်ရမလဲ အကို ကျွန်တော့ဖုန်းက APP နဲ့ပဲလုပ်လို့ရမှာမို့လို့ပါ

Reply

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.