March 2013
All Free Softwares, e-Books, Tutorials and Knowledges
မိတ်ဆွေများကို ပထမဆုံး သတိပေးချင်တာက ဒီ Rom က Official မဟုတ်ပါဘူး..  ဒီတော့ တင်ဖို့မတင်ဖို့ ဆုံးဖြတ်စေချင်ပါတယ်.. အားလုံးနဲ့ အဆင်ပြေမယ်လို့တော့ အသေအချာ မပြောနိုင်ပါ.. တင်မယ်ဆိုရင်တော့...

လိုအပ်တဲ့ Firmware ကို ဒေါင်းရပါမယ်..
S3 Firmware ကို ဒေါင်းရန် (188.58 MB)
ဒေါင်းပြီးသွားရင် ရလာတဲ့ zip ဖိုင်ကို မဖြည်ဘဲ SD Card ထဲကိုထည့်လိုက်ပါ.. ပြီးရင် ဖုန်းထဲကိုထည့်လိုက်ပေါ့
ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume Down (-) ခလုတ်နဲ့ Power ခလုပ်ကို တွဲဖိထားပြီး Recovery Mode ထဲကို ၀င်လိုက်ပါ..
Recovery Mode ထဲကို ရောက်သွားရင် Volume up/Downl ခလုတ်တွေကို သုံးပြီး Install From SD Card / Choose From SD Card ဆိုတာကိုရောက်အောင်ရွှေ့ပါ. ပြီးရင် Home Button ကို တစ်ချက်နှိပ်ပြီး သဘောတူပေးပါ
ပြီးရင် ခုနက ထည့်ထားတဲ့ zip ဖိုင်ကို ရောက်အောင် ရွှေ့ပြီး Home ကို နှိပ်ပါအုံး.. ရွေးပြီးပြီဆိုရင် Yes install ကိုရွေးလိုက်ပါအုံး..
ဒါဆိုရင် Install လုပ်နေတာကို တွေ့ရပါလိမ့်မယ်..
ပြီးသွားရင် Back နဲ့ပြန်ထွက်ပြီး Reboot System Now ကိုရွေးပြီး နှိပ်လိုက်ပါ..
ဖုန်းက Restart ကျသွားပါလိမ့်မယ်.. ပြန်တက်လာရင်တော့ S3 Rom လေးနဲ့ အခန့်သားမြင်နေရမှာဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်
All Free Softwares, e-Books, Tutorials and Knowledges

သန်းထိုက်(ရွှေပုံရိပ်) ရေးသားတဲ့ iDevice များအတွက် လက်တွေ့သုံးနည်းပညာ စာအုပ်ဖြစ်ပါတယ်.. iPhone, iPad, iPod စတဲ့ iDevice ကိုင်ထားတဲ့သူတွေအဖို့ ဒီစာအုပ်က တော်တော်အသုံးဝင်တာကို ဖတ်ကြည့်ရင်သိနိုင်ပါတယ်..

Download Links:

All Free Softwares, e-Books, Tutorials and Knowledges
Malware ဆိုတာ ဘာလဲ ??

တကယ်တော့ ကျွန်တော် ဒီအကြောင်းအရာကို မရေးခင်တည်းက အင်တာနက်ထဲမှာ Virus အမျိုးအစားတွေ အကြောင်းကို ကိုယ်နားလည် သိရှိထားသလောက် ဝေမျှထားခဲ့ဖူးကြပြီးသား အကြောင်းအရာတွေ ရှိနေတာ ကျွန်တော် သတိထားမိပါတယ် - ဒါပေမယ့် ဒီနေရာမှာ ကျွန်တော် တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးစားပေးသွားမှာပါ။ ခုနောက်ပိုင်း အင်တာနက် ခေတ်မှာ Virus ဆိုတာ ရှိနေသေးပေမယ့် Virus ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခံလာရတာ Malware ပါ။ Malicious software ဆိုတာကို အတိုချုန်းထားတဲ့ Malware ဆိုတာဟာ တစ်ခြား လူတစ်ယောက်ရဲ့ ကွန်ပြူတာ ထဲက သတင်းအချက်အလက် တွေကို လူမသိ သူမသိ ခိုးယူဖို့ - သူများ ကွန်ပြူတာကို ဒုက္ခပေးဖို့ လှလှ ပပ ပြင်ဆင်ထားတဲ့ viruses တွေ - worms တွေ spyware တွေ အားလုံးကို ယေဘုယျ အနေနဲ့ စကားလုံး တစ်လုံးတည်း အဖြစ် ကိုယ်စားပြုထားတဲ့ စာလုံးပဲ ဖြစ်ပါတယ်။

Viruses ဆိုတာ ဖိုင်တွေကို ဖျက်ဆီးတယ်။



ကျွန်တော်တို့ အမြဲတမ်း နားယဉ်နေကြတဲ့ computer virus ဆိုတာကို malware ဆိုတဲ့ စကားလုံးနဲ့ ဆင်တူတယ်လို့ ထင်မှတ်မှားတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ့ စကားလုံးနှစ်လုံးဟာ မဆင်တူပါဘူး - နဲနဲ အကျယ်ချဲ့ပြီး ရှင်းရရင် virus ဆိုတာမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ပုံတူပွားပြီး ကွန်ပြူတာကို တိုက်ခိုက်တဲ့ အမျိုးအစားပါ - ဆိုရရင် သူက ဝင်လာတုန်းက တစ်ကောင်တည်း ဒါပေမယ့် ကိုယ့်ဘာသာကိုယ် Copy ပြန်လုပ်ပြီး file တစ်ခုကနေ နောက်တစ်ခုကို ကူးတယ် - နောက် Copy နဲ့ Share လမ်းကြောင်းတွေကနေ တစ်ဆင့် စက်တစ်ခုကနေ နောက်တစ်ခုကို ဆက်ဖြန့်တယ် - နောက် viruses အများစုဟာ တစ်ကိုယ်ရည် တစ်ကာယ ရပ်တည်လှုပ်ရှားနိုင်တဲ့ executable files အမျိုးအစားတွေ ဖြစ်တတ်ပြီး တစ်ချို့ကတော့ master boot record အဖြစ် နောက် autorun scripts - MS Office macros နဲ့ တစ်ချို့ နေရာတွေမှာဆိုရင် arbitrary files တွေ အဖြစ်လည်း တည်ရှိနေတတ်ပါတယ်။ သူတို့ကို စီစဉ်ထုတ်လွှတ်လိုက်တဲ့ Programmer ရဲ့ စွမ်းရည်နဲ့ ရည်ရွက်ချက်ကို လိုက်ပြီး Target တွေလည်း မတူညီကြပါဘူး -

Viruses တော်တော်များများ - အထူးသဖြင့် CIH လိုမျိုးကတော့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာထဲက ဖိုင်တွေကို တစ်စုံတစ်ယောက် က ဖျက်ပစ်ဖို့ ဒါမှမဟုတ် တစ်ခုခု ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့အချိန်မှာ System တစ်ခုလုံး လုံးဝ ဘာတစ်ခုမှ လုပ်ဆောင်လို့ မရတော့လောက်အောင် ဖန်တီးထားတဲ့ Virus မျိုး ဖြစ်ပါတယ် - အဲတော့ ကျွန်တော် အဓိက Target ထားပြီး ပြောချင်တာ virus ဆိုတာမျိုးဟာ ကိုယ့်ရဲ့ System ကို ကိုယ့်ရဲ့ ချုပ်ထိန်းမှု အောက်မှာ မရှိတော့ပဲ အဲ့ဒီ့ Program က ညွှန်ကြားတဲ့ ခိုင်းစေချက် အတိုင်း လိုက်ပါလုပ်ဆောင်စေတဲ့ အဖျက်စွမ်းအားကြီးတဲ့ အမျိုးအစား ဖြစ်တယ်ဆိုတာပါ။

အလွယ်ပြောကြမယ်ဆိုရင် Viruses ရန်ကို ကာကွယ်ဖို့ အတွက် Latest definitions ကို အမြဲတမ်း Update ပေးထားတဲ့ antivirus application ကို အသုံးပြုပါလို့ ပြောလို့ ရပါတယ် - ဒါပေမယ့်လည်း ဒါတစ်ခုတည်းတင် မဟုတ်ပါဘူး - တစ်ချို့က Viruses ရန်ကို ကာကွယ်ဖို့ Antivirus ရှိရင် ရတယ်ဆိုပြီး ကိုယ့်စက်မှာ Antivirus တင်ပြီးတာနဲ့ စိတ်ထင်ရာ လျှောက်ဝင်ကြ - ဥပမာ Porn sites - Keygen/Crack Sites - နောက် တွေ့ကရာ USB Stick ထိုးကြ - Privacy ဆန်ဆန် သုံးသင့်တဲ့ ကိုယ့် Flash Drive - External HD ဆိုတာကို စေတနာ ကောင်းကောင်းနဲ့ သူများတကာကို ဌားကြ - ကိုယ့်ဆီ ပြန်လာတော့ Virus ပါလာတာ ကိုယ်က မသိ - အဲတာကို စက်မှာတပ်သုံး - မြင်သမျှ ဆန်းဆန်းပြားပြား ဖိုင် - ဥပမာ - New Folder ဆို " ဖိုဒါလေးက အခုမှ Create လုပ်ထားတာဟ - အသစ်လေး ဘာလေးများ ထည့်ထားမလဲ " ဆိုပြီး စပ်စု - စသဖြင့် ဆင်ခြင်မှုနဲ့ စဉ်းစားချင့်ချိန်မှုကို အရင်မလုပ်ပဲ စပ်စုလိုစိတ်ကို ရှေ့တန်းတင် လုပ်ဆောင်နေမယ် ဆိုရင်တော့ antivirus application ကို Latest definitions နဲ့ အမြဲတမ်း Update ပေးပြီး သုံးနေလည်း Virus ကတော့ ကိုက်ခံ ရမှာပါပဲ - သိထားဖို့ တစ်ခုက Latest definitions ဆိုတာ ဒီ Virus ရှိတယ်ဆိုတာ သိတော့မှ Programmer တွေက ဖြေရှင်းနည်းကို ရေးကြတာ မျိုးပါ။ ဒါ့ကြောင့် Latest definitions ဆိုတာ နောက်ဆုံးပေါ် Virus ကို ဘယ်သော အခါမှ သတ်နိုင်ခြင်း မရှိပါဘူး - ဒါကို ကျွန်တော်တို့နားလည် ထားဖို့ လိုပါတယ်။ နောက်ပြီး ဖိုင်တစ်ခုခုကို Run တော့မယ် ဆိုတဲ့ အချိန်တိုင်းမှာ filename ကို သေသေချာချာ ကြည့်ပါ။ သူ့ Extensions ကို သေသေချာချာ လေ့လာပါ - ဆိုလိုတာ mp3 လား .mp3.exe လား ဒါမျိုးတွေ သတိရှိဖို့လိုပါတယ်။ အဲ့တာကြောင့် Antivirus ကို Latest definitions နဲ့ အမြဲတမ်း Update ပေးပြီး သုံးနေယုံတင် မဟုတ်ပဲ နေ့စဉ်နဲ့ အမျှ သုံးစွဲနေတဲ့ ကိုယ့်ရဲ့ အင်တာနက် လမ်းကြောင်း - နောက် ပြင်ပက Share လမ်းကြောင်းတွေနဲ့ ကိုယ့်စက်ကို လာရောက်ပတ်သတ်မယ့် Activities တွေကိုပါ လုံခြုံရေး အသိနဲ့ စောင့်ကြည့်တတ်ဖို့ လိုပါတယ်။

Spyware ဆိုတာ ကိုယ်ပိုင် သတင်းအချက်အလက် အကြောင်းအရာတွေကို ခိုးယူတယ်

နောက် အကြောင်းအရာ တစ်ခုက Spyware ! သူ့ကိုတော့ တော်တော်များများ ကြားဖူးနားဝရှိပြီး ရင်းနှီးကြပါတယ်။ Spyware ဆိုတာဟာ ကိုယ့်ကွန်ပြူတာမှာ installed လုပ်ခံ ထားရပြီး ကိုယ် မသိလိုက်တဲ့ - မသိနိုင်တဲ့ သတိမထားမိခင် အချိန်မှာ ကိုယ့် စက်ထဲမှာ ရှိနေတဲ့ ကိုယ့်ရဲ့ information ( အကြောင်းအရာ သတင်းအချက်အလက် ) တွေကို နောက်ကွယ်ကနေ Spyware ထုတ်လုပ်သူထံ တိတ်တဆိတ် ပြန်ပို့ပေးနေတဲ့ Software အမျိုးအစား တစ်မျိုးကို ခေါ်ဆိုပါတယ်။ ကိုယ့်ရဲ့ information ကို ကိုယ်မသိအောင် ခိုးယူတယ် ဆိုမှတော့ဖြင့် ကျွန်တော်တို့ကို ကောင်းကျိုးပေးဖို့ထက် ဆိုးကျိုးပေးဖို့သာ ပိုများမှာပါ - Spyware မှာ ဘယ်လို လုပ်ဆောင်ချက်မျိုးတွေ ပါလဲ ဆိုရင် တစ်နေ့နဲ့ တစ်နေ့ ကျွန်တော်တို့ Websites အဝင်အထွက်တွေမှာ ရိုက်သွင်းရလေ့ ရှိတဲ့ passwords ပြောင်းလဲမှုတွေကို နောက်ကွယ်ကနေ မှတ်သားတဲ့ keylogging စနစ်တွေ - နောက် ကိုယ် အင်တာနက်ထဲမှာ ဘာတွေ ရှာတတ်သလဲ - နောက် ကိုယ်သုံးနေကျ browser home page ပြောင်းပစ်တာမျိုး - URL တစ်ခုခုကို ရိုက်ခေါ်လိုက်တဲ့ အချိန်မှာ ကိုယ်တောင်းဆိုမထားတဲ့ တစ်ခြား Web စာမျက်နှာ တစ်ခုကို ရောက်သွားအောင် လုပ်ဆောင်တာ စသဖြင့် နည်းလမ်းမျိုးစုံ ပါဝင်ပါတယ်။ ဒါတင်မက အထက်မှာ ဖော်ပြထားတဲ့ ပုံလိုမျိုး ဘာမှန်း ညာမှန်းမသိ toolbars တွေ အတင်း install လုပ်ခိုင်း - ကိုယ့် passwords နဲ့ credit card numbers ကိုခိုး စသဖြင့် - မျိုးစုံအောင် လည်း လုပ်ဆောင် တတ်ကြပါတယ်။

Spyware တွေရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ information ကိုခိုးယူပြီး အဲကနေမှ တစ်ဆင့် ငွေရပေါက် တစ်ခု သူတို့ ဖန်တီးချင်တာမျိုးမို့လို့ Spyware ဆိုတာမျိုးက ဘယ်တော့မှ ကွန်ပြူတာကို သုံးစား မရတော့လောက်အောင် ပြဿနာ ပေးတတ်တဲ့ Software မျိုးတော့ မဟုတ်ပါဘူး — တကယ်တော့ လူတော်တော်များများရဲ့ စက်မှာ spyware တစ်ခု မဟုတ်တစ်ခု နောက်ကွယ်ကနေ Run နေတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့ တော်တော်များများ မသိကြတာ များပါတယ်။ Spyware application တစ်ခု တစ်လေလောက် ရှိတာမျိုးက စက်ထဲမှာ ဘာမှ အရေးတကြီး ထည့်ပြီး မှတ်ထားလေ့ မရှိတဲ့ လူမျိုးတွေ အတွက် သိပ် ပြဿနာ ကြီးကြီး ကျယ်ကျယ် မရှိလှပေမယ့် ဒီလို spyware application တွေ တစ်ခုထက်မက installed လုပ်ခံရတာ များလာတဲ့အခါ နောက်ကွယ်ကနေ Spyware အများအပြားရဲ့ စောင့်ကြည့် သတင်းပို့ချင်း ခံရတဲ့ ကွန်ပြူတာ တစ်လုံးရဲ့ ဘဝမျိုး ရောက်သွားနိုင်တာမို့လို့ ကျွန်တော်တို့ရဲ့ ကွန်ပြူတာက နှေးသထက် နှေးသွားတတ်ပါတယ်။

ဒါတင်မက လူတော်တော်များများက Antivirus ရှိရင် အားလုံး ပြီးတယ်လို့ ထင်နေကြတာလည်း မှားပါတယ်။ Antivirus တိုင်းဟာ Spyware ကို မဖမ်းနိုင်ကြသလို သတ်ဖို့လည်း မစွမ်းဆောင်နိုင် ကြပါဘူး - ဒါ့ကြောင့် Software တစ်ခုခု ကို install လုပ်တော့မယ် ဆိုတဲ့ အချိန်မှာ အရင်ဆုံး လေ့လာသင့်တာ ဒီ application ကို ဘယ်ကထုတ်လဲ - သူတို့ ဘာတွေ အာမခံချက်ပေးလဲ - ဒါမျိုးတွေ လေ့လာပြီးမှ အသုံးပြုသင့်ပါတယ် - စိတ်ခံစားမှုနဲ့ တစ်ခြားသူတစ်ယောက်ရဲ့ လမ်းညွှန်မှုကို ကောင်းတယ် အထင်နဲ့ အမှတ်မှားပြီး မသုံးစေချင်ပါဘူး။ တကယ်လို့ ကိုယ့်စက်မှာ အထက်မှာ ဖော်ပြထားခဲ့တဲ့ ပုံစံတွေ အတိုင်း ဖြစ်နေမယ် - စက်ကလည်း ထင်မှတ်မထားရလောက်အောင် လေးလံနေမယ် ဆိုရင် အကောင်းဆုံးက Spyware ရှိမရှိ စစ်ဆေး လိုက်ဖို့ပါ။ Spyware ရှင်းဖို့ ဘယ် Software သုံးသင့်မလဲ ဆိုရင် MalwareBytes နဲ့ SuperAntiSpyware ကို ပေါင်းသုံးပြီး စစ်ဆေး ရှင်းလင်းစေချင်ပါတယ်။

Scareware ဆိုတာ ဘယ်လုပ်ရမှန်း မသိအောင် အကျပ်ကိုင်တယ်။
 

ခြိမ်းခြောက်တာ အကျပ်ကိုင်တာမျိုးကို လူတော်တော်များများ မုန်းကြပါတယ် - ကျွန်တော်လည်း မုန်းတယ် - ဘာလို့လည်း ဆိုတော့ အကျပ်ကိုင်တယ်ဆိုကတည်းက ကိုယ့်အတွက် အဆင်ပြေစေမယ့် ရွေးချယ်ပိုင်ခွင့် ဆိုတာ မရှိဘူး - သူဖြစ်ချင်တာကို ကိုယ့်ဘက်က လိုက်လျောအောင် အတင်းအဓမ္မ မဖြစ်မနေ တောင်းဆိုတာမျိုး မို့လို့ပါ။ Scareware ဆိုတာလည်း ဒီသဘောပါပဲ - ခုနောက်ပိုင်း ဒီတိုက်ခိုက်နည်းက တော်တော်လေး ခေတ်စားလာတဲ့ တိုက်ခိုက်နည်းပါ။ ဘယ်လိုမျိုးလဲ ဆိုတာ ဥပမာပြောရရင် တစ်ချို့လည်း တွေ့ဖူးရင် တွေ့ဖူးကြပါလိမ့်မယ်။

ကျွန်တော်တို့ site တစ်ခုခုကို သွားရင်းနဲ့ နေရင်းထိုင်ရင်း antivirus application လိုလို ဘာလိုလို Spyware စစ်ပေးတာလိုလို ဘာလိုလို ပေါ်ချလာပြီး မင်းကွန်ပြူတာမှာ virus တွေ ရှိနေနိုင်တယ် - သေချာသွားအောင် ငါ့ရဲ့ free scan နဲ့ virus စစ်ကြည့်ပါလားဆိုပြီး recommend ပေးလာရော - ကိုယ်တွေကလည်း free scan ဆိုတော့ အယောင်ယောင်အမှားမှားနဲ့ ကောင်းတယ်ပေါ့ - အလကားရတာပဲ စစ်မယ်ဆိုပြီး OK ပေးလိုက်တယ် - အဲ့မှာ ပြဿနာ စတာပဲ - အဲ့ဒီ့ Applications က ကိုယ်က OK/Agree ဆိုတာမျိုး ပေးလိုက်တာနဲ့ သူ့ဘာသာ နေရင်းထိုင်ရင်း Download တွေချ - Install တွေလုပ် Scan တွေဖတ် နေလုပ်နေပါလေရော - နောက်ခဏလောက်နေတော့ ကျွန်တော်တို့ ကွန်ပြူတာမှာတော့ဖြင့် virus ကတော့ ဘယ်နကောင် - Spyware ကတော့ ဘယ်နရာ စသဖြင့် ပြ - နောက်ပြီး သူ့ Software နဲ့ ရှင်းပေးထားတာ Spyware ဘယ်နကောင် တော့ဖြင့် သေသွားပြီ - ဒါပေမယ့် ဒါက trail version မို့လို့ အကုန်တော့ ရှင်းမပေးနိုင်ဘူး - အကုန်ရှင်းပစ်စေချင်ရင် full license ကို ပိုက်ဆံနဲ့ ဝယ်ဆိုပြီး အကျပ်ကိုင်လာပါလေရော ( ဟုတ်တော့လည်း ဟုတ်တယ် သူက free scan လုပ်ပေးမယ်ပဲ ပြောတာ တွေ့ရင် ရှင်းပေးမယ်လို့ ပြောထားတာမှ မဟုတ်တာ ) - တစ်ချို့ကျတော့ virus ဆိုကြောက်တာပဲ သိတယ် - ဒီအတွေ့အကြုံမျိုးကို မကြုံဘူးတော့ ဟာသွားပါပြီ - ငါ့စက်မှာတော့ virus တွေ မနည်းပါလားဆိုပြီး သူတောင်းတဲ့ ပိုက်ဆံနဲ့ ပေးပြီးဝယ်ကြ ပြုကြ ရှင်းကြ စသဖြင့် - တကယ်တမ်း ဟုတ်လားဆိုတော့ ဘာမှမဟုတ် - ဒါပေမယ့် ကိုယ့်ပိုက်ဆံကတော့ ပါသွားပြီ - ဒါတွေက scareware applications တွေရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

Scareware တွေရဲ့ ဆိုးရွားတဲ့ တစ်ချက်က သူတို့ကိုကိုယ်က စက်ထဲမှာ တစ်ခါ install လုပ်လိုက်မိတာနဲ့ သူတို့ တောင်းတဲ့ ပိုက်ဆံကို မပေးမချင်း တစ်ချိန်လုံး Alarm တွေတက် - လူကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ် - ဒါတင်မက တစ်ချို့ အခြေအနေတွေမှာဆိုရင် သူ့ကို ပြန် uninstall လုပ်လို့ မရယုံတင်မက စက်ပါသုံးလို့ မရတော့လောက်တဲ့ အခြေအနေထိ ဖြစ်အောင် သူက လုပ်ဆောင်ပစ်တတ်ပါတယ်။

ဒီလို အကျပ်ကိုင်မှုမျိုး ဒီလို Scareware မျိုးနဲ့ ကြုံတွေ့လာရပြီ ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက Google Search box မှာ ကိုယ့်စက်မှာ ဝင်နေတဲ့ Scareware ရဲ့ နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေလိုက်ပါ။ အဲ့ကနေတစ်ဆင့် တွေ့ရှိလာရတဲ့ အထူး ညွှန်ကြားချက်တွေကို လိုက်ပြီး တိတိကျကျ လုပ်ဆောင်မယ်ဆိုရင် ဒီ Scareware ကို ဘယ်လို ဖျက်ထုတ်နိုင်မယ်ဆိုတာ သိရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေ မှာ သီးသန့်ညွှန်ကြားချက် ဆိုပေမယ့် လမ်းညွှန်သူ တော်တော်များများ ကလည်း တစ်ယောက်ဖော်ပြချက်ကို တစ်ယောက် ကိုးကားဖော်ပြကြတာပဲ များပါတယ်။ ဒီလို Scareware ပြဿနာ တက်လို့ Google မှာ မေးလိုက်ရင် အများဆုံး ရတတ်တဲ့ အဖြေက MalwareBytes - SuperAntiSpyware နဲ့ လိုအပ်မယ်ဆို ComboFix ကို ပေါင်းပြီး run ဆိုတဲ့ အဖြေမျိုးပါ။ ဒါပေမယ့်လည်း အဲ့နည်းကပဲ ပြဿနာရဲ့ ရာခိုင်နှုန်း တော်တော်များများကို ပြေလည်စေတာ လည်း အမှန်ပါပဲ။

Trojan Horses ဆိုတာ နောက်ကွယ်ကနေ ကြိုးကိုင်တယ်။
 

ထရိုဂျန်မြို့ အကြောင်းကို ကျွန်တော်တို့ ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာလည်း သင်ခဲ့ရပါတယ်။ ထိုးဖေါက်ဝင်ရောက် ဖို့ ခက်ခဲလှပါတယ် ဆိုတဲ့ ထရိုဂျန်မြို့ကြီးထဲကို သစ်သားမြင်းရုပ်ကြီးတစ်ခုနဲ့ ပရိယာယ်ဆင်ပြီး ၀င်ရောက်နိုင်ခဲ့ကြတဲ့ ရန်သူစစ်သားတွေ အကြောင်းကို သမိုင်းပုံပြင်တစ်ပုဒ် အနေနဲ့ တည်ရှိနေခဲ့ရာကနေ ခု မျက်မှောက်ခေတ်မှာတော့ ကမ္ဘာ့နေရာ အနှံအသီးသီးက ကိုယ်လက်လှမ်း မမှီနိုင်တဲ့ ကွန်ပြူတာတွေကို ထိုးဖောက်ဝင်ရောက် နိုင်ဖို့ Trojan horses ဆိုတဲ့ အမည်နဲ့ပဲ နောက်ထပ် ထရိုဂျန် တစ်မျိုး ပေါ်ထွက်လာပြန်ပါပြီ - သူရဲ့ ရည်ရွယ်ချက်ကတော့ တစ်ဖက်က ကွန်ပြူတာ သုံးစွဲသူ မသိလိုက်ခင်မှာ သူ့ကွန်ပြူတာထဲကို ဝင်ရောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်း ဒုက္ခပေးနိုင်တယ် ဆိုတဲ့ အချက်ကို ရည်ညွှန်းချင်တာပါ။ Trojan horses ဆိုတာ applications တစ်မျိုး ဖြစ်ပြီး တစ်ဖက်က ကွန်ပြူတာ သုံးစွဲသူ user ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ ပြဿနာရပ်တော်တော်များများမှာတော့ trojans ဆိုတာ သမိုင်းပုံပြင် ထဲကအတိုင်း ကိုယ်မသိလိုက်ခင် တစ်ဖက်လူကို ကိုယ့်ကွန်ပြူတာနဲ့ ပတ်သတ်ပြီး စိတ်ကြိုက် ထိန်းချုပ် လုပ်ဆောင်လို့ ရအောင် နောက်ကွယ်ကနေ လမ်းဖွင့်ပေးပါတယ်။

Virus နဲ့ Trojan ရဲ့ကြားမှာ အဓိက ကွာခြားသွားတဲ့ တစ်ချက်က trojans တွေဟာ viruses တွေလိုမျိုး ကိုယ့်ကိုယ်ကိုယ် replicate မလုပ်နိုင်တာပါ - သူတို့တွေကို များသောအားဖြင့် ဘုမသိ ဘမသိ စာတမ်းတစ်ခုခု တက်လာရင် စာကို မဖတ်ပဲ Yes ပေးတတ်တဲ့သူ - အင်တာနက်နဲ့ ပတ်သတ်ပြီး အကျွမ်းတဝင် မရှိသေးသူ - Security နည်းတဲ့ ကွန်ပြူတာတွေမှာ အမှုမဲ့ အမှတ်မဲ့ install လုပ်ဆောင်မိရာကနေ ကျွန်တော်တို့ စက်ထဲကို ဝင်ရောက်ခြင်း ခံရတတ်ပါတယ်။

ကျွန်တော်တို့ ကွန်ပြူတာမှာ trojan ဝင်ရောက် ကိန်းအောင်းခံရပြီ ဆိုတာနဲ့ ကိုယ့် ကွန်ပြူတာဟာ ကိုယ့် ရည်ရွယ်ရာကို မလုပ်ဆောင်နိုင်တော့ပဲ ကိုယ်မလိုအပ်တဲ့ မလိုလားတဲ့ တစ်ခြားသူ တစ်ယောက် - ဒါမှမဟုတ် တစ်ခြား အဖွဲ့အစည်း တစ်ခုခုရဲ့ အသုံးချခံ ပစ္စည်းတစ်ခုအဖြစ် ရောက်ရှိသွားပါတယ်။ ဘယ်လိုဟာမျိုးတွေလဲ ဆိုရင် Denial of service (DoS) attack လို့ ခေါ်တဲ့ ကိုယ့်ရဲ့ computer resource ကို ကိုယ်ကိုယ်တိုင်ထိန်းချုပ်လို့ မရနိုင်တော့ပဲ web site တွေနဲ့ Service တွေကို တားဆီးပိတ်ပင်ဖို့ ကိုယ့်ကွန်ပြူတာက အသုံးချခံလာရပါတယ် - နောက် ဒီ့ထက်ဆိုးတာ တစ်ခုက Spam ပို့လွှတ်ရာ ဌာန တစ်ခုလို အသုံးချခံရတာပါ။ ဒီလို ပြဿနာတွေကို ဖန်တီးနေတဲ့ trojans ဆိုတဲ့ အကောင်ကို ဖြေရှင်းတားဆီးဖို့အတွက် နည်းလမ်းက ကျွန်တော်တို့ Viruses တားဆီးတဲ့ နည်းလမ်းနဲ့ ဆင်တူပါတယ်။ လုပ်ဆောင်ရမှာတွေက antivirus application ကို up to date ဖြစ်အောင်ထားရမယ် သံသယဖြစ်ဖွယ်ရာ ဝင်ရောက်လာတဲ့ mails တွေက attachments တွေကို မဖွင့်ကြည့်ခင်မှာ သတိထားပြီး စစ်ဆေးရမယ်။ ဖြစ်နိုင်ရင် ဖွင့်ကို မဖွင့်ပဲ Delete ပစ်တာ ကောင်းတယ်။ နောက်ပြီး ကျွန်တော်တို့ တစ်နေ့နဲ့ တစ်နေ့ ဝေမျှနေတဲ့ keygen တို့ crack file တို့ ဆိုတာတွေကို ကိုယ်တိုင် စမ်းသုံးတာမျိုး မလုပ်ပဲ ဘယ်သူတွေ သုံးဖူးလဲ - သူတို့ ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာလေ့လာပြီးတော့မှ သုံးစေချင်ပါတယ်။ အကောင်းဆုံးကတော့ keygen တို့ crack file တို့ ဆိုတာ မသုံးပဲ နေနိုင်ရင် အကောင်းဆုံးပါပဲ။

Worms ဆိုတာ Network ကနေ ကူးစက်ခံရတယ်။


Computer worms ဆိုတာ သူတို့ကိုယ်ကိုယ် သူတို့ copy ပွားပြီး network လမ်းကြောင်းကနေ တစ်ဆင့် တစ်ခြား ကွန်ပြူတာကို ကူးစက်တဲ့ အမျိုးအစားပါ။ နောက်ပြီး Worms တွေဆိုတာ network ကိုသုံးပြီး ပြန့်ပွားတာမျိုး မို့လို့ ခဏချင်းနဲ့ ပြန့်နှံ့လွယ်ပြီး လူသိလည်း များစေပါတယ်။ ဒါ့ကြောင့် သူ့ကို ကျွန်တော်တို့တွေက viruses နဲ့ အထင်မှားလေ့ ရှိပါတယ်။

ကျွန်တော်တို့ တော်တော်များများ သိကြတဲ့ worms အမျိုးအစားထဲက ဥပမာပေးရမယ် ဆိုရင် ILOVEYOU worm - သူက email attachment ကနေ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ တိုက်ခိုက်ခံရမှုကြောင့် စီးပွားရေး လုပ်ငန်းတွေ တန်ဖိုးငွေ ပမာဏ အမေရိကန် ဒေါ်လာ သန်း ငါးထောင့် ငါးရာ လောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နောက် Code Red worm ဆိုရင် web sites ပေါင်း သုံးသိန်းခွဲကျော် ဖျက်ဆီးခဲ့တယ် - နောက် SQL Slammer က internet traffic တွေကို အချိန်အတိုင်းအတာ တစ်ခုထိ နှေးကွေးသွားအောင် လုပ်ဆောင်ခဲ့တယ် - နောက်ဆုံး Blaster worm ဆိုရင် ကျွန်တော်တို့ ကွန်ပြူတာကို ခဏခဏ Restart ပေးရအောင် ခိုင်းစေခဲ့တယ် - ဒါတွေက Worms တွေရဲ့ စွမ်းဆောင်ရည် သမိုင်းပါ။

Worms တွေဟာ Network နဲ့ ပတ်သတ်ပြီး Security ပိုင်းဆိုင်ရာ အားနည်းတဲ့ လမ်းကြောင်းကနေ ထိုးဖောက်ဝင်ရောက် တာမို့လို့ သူ့ကို ကာကွယ်မယ် ဆိုရင် firewall နဲ့ ပေးထားဖို့ antivirus software ကို ပုံမှန် Update ပေးပြီး သုံးဖို့ စသဖြင့် လိုအပ်ပါတယ်။

အဲတော့ ကျွန်တော်တို့ viruses, spyware, scareware, trojans, နဲ့ worms တွေ အကြောင်းနဲ့ ပတ်သတ်ပြီး တော်တော် များများလည်း သတိထားမိပြီ - ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ Concepts လေးလည်း ချိတ်မိပြီ -
မူရင်းရေးသားသူ KznT
Virus အကြောင်းကို နားလည်နိုင်ကြပါစေလို့ ဆုတောင်းရင်း  သန့်ဇင်ဌေး 
Credit to--- www.lubo601.com
All Free Softwares, e-Books, Tutorials and Knowledges

ခုတင်ပေးတဲ့ ICS Root Unlocker လေးကလည်း Android Phone တော်တော်များများကို Root လုပ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ICS တွေပေါ့။ One Click Root လို့ခေါ်တဲ့ ခုလို Root Tool လေးတွေက ဖုန်းကို စိတ်ချလက်ချ Root နိုင်ပါတယ်။ ROM ပြောင်းတာတို့၊ CWM တင်တာတို့မလုပ်မီမှာ ခုလို Root Tool လေးတွေနဲ့ အရင် Root လုပ်တာပိုကောင်းပါတယ်။ ဘာ Root Tool နဲ့မှ မရတော့ဘူးဆိုမှ တခြားနည်း သုံးသင့်ပါတယ်။ ခုလို One Click Root Tool လေးတွေက ဖုန်းတစ်လုံးကို Root တော့မယ်ဆိုရင် လုပ်နေကျအတိုင်း-----
(၁) ဖုန်းမှာ Unknown Source နဲ့ USB Debugging လုပ်ထားရပါမယ်။ ဖုန်းကို Computer မှာတပ်ရပါမယ်။ Computer ကဖုန်း Driver ကိုသိပြီး ဖြစ်ရပါမယ်။
(၂) ICS Root Unlocker လေးကို Run လိုက်ပါ။ Computer မှာ Enter နှိပ်ပြီးစောင့်နေလိုက်ပါ။ သူ့ဟာသူလုပ်သွားပြီး Root Access ရသွားမှာပါ။

ဒီမှာဒေါင်းပါ။ အဲဒီ Link ပျက်သွားလို့ အောက်မှာပြန်တင်လိုက်ပါတယ်။

ဒီမှာနှိပ်ပါ။
ဒီမှာလည်း Down နိုင်ပါတယ်။

Post တင်သူ Myo Min Htun (myommh@gmail.com)
All Free Softwares, e-Books, Tutorials and Knowledges

Sony Xperia Series ဖုန်းတွေနဲ့ အခြားသော Android တော်တော်များများကို Root နိုင်တဲ့ Easy Rooting Toolkit လေးပါ။ Root နိုင်တဲ့ Device List ကတော့အောက်မှာဖေါ်ပြထားပါတယ်။ Root မယ်ဆို၇င်တော့---
- Computer မှာဖုန်းရဲ့ USB driver ထည့်ထားရပါမယ်။

- ဖုန်းမှာ USB Debugging mode လုပ်ထားရပါမယ်။
- ဒေါင်းထားတဲ့ File ကို Unzip လုပ်ပြီး RUNME.Bat ကို Run လိုက်ပါ။ Screen မှာဖေါ်ပြတဲ့ဟာကို ဖတ်ပြီးဆက်လုပ်ပါ။
-  Root ပြီးရင် Easy Rooting Toolkit Window လေးပိတ်သွားပါမယ်။

Easy Rooting Toolkit ကို ဒီမှာ ဒေါင်းပါ။

Root နိုင်တဲ့ Devices တွေစာရင်းကတော့---
Sony Xperia X10 (GB firmware)
Sony Xperia Arc
Sony Xperia Arc S
Sony Xperia Play [R800i/R800x]
Sony Xperia Ray
Sony Xperia Neo
Sony Xperia Neo V
Sony Xperia Mini
Sony Xperia Mini S51SE
Sony Xperia Mini Pro
Sony Xperia Pro
Sony Xperia Active
Sony Xperia Live Walkman
NTT Docomo Xperia ARCO SO-02C
Samsung Galaxy S2 [GT-i9100/i9100P/i9100T]
Samsung Galaxy S II for T-Mobile (SGH-T989)
Samsung Galaxy S II for AT&T (SGH-I777), Skyrocket (SGH-i727)
Samsung Galaxy S II LTE Rogers Canada (SGH-I727R), Android version 2.3.5, Baseband version I727RUXKJ7
Samsung Galaxy S II Epic 4g Touch
Samsung Galaxy S2 HD LTE (SHV-E120S)(korea)
Samsung Galaxy S2 LTE (SHV-E110S)
Samsung Galaxy S2 LTE Japanese version (carrier DoCoMo) [SC-03D] (2.3.6) {OMKK3}
Samsung Galaxy i9100G
Samsung Galaxy S [i9000B] & [i9000 2.3.3 (PDA I9000BOJV8, Phone I9000XXJVO, CSC I9000GDTMJV7) and german T-Mobile branding], XWJVW (2.3.6)
Samsung Galaxy S 4G (aka SGH-T959V)
Samsung Galaxy S Plus (GT-I9001) OS 2.3.3 and 2.3.6 (I9001ZSKP6) & 2.3.4 firmware (i9001XXKP4)
Samsung Galaxy Mini GT-S5570 (GB only)
Samsung Galaxy Mini Pro i5510
Samsung Galaxy W [i8150]
Samsung Galaxy Y
Samsung Galaxy Y pro [B5510] (2.3.5)
Samsung Galaxy Tab [P1000] (2.3.3 firmware), [P1000N]
Samsung Galaxy Note [N7000]
Samsung Galaxy Player YP-G70 2.3.5 (GINGERBREAD.XXKPF)
Samsung Galaxy Ace (2.3.3, 2.3.4 firmware)
Samsung S5670 FIT DDKQ5 2.3.5
Samsung Nexus S [i9023] (2.3.6)
Samsung Nexus S 4G 2.3.7
Samsung Galaxy Nexus S [i9020] (2.3.6) & Nexus S i9020A (2.3.6)
Samsung Exhibit (SGH-T759)
Samsung Exhibit 4G (SGH-T759) (2.3.3) Build UVKE8
Samsung Epic 4G
Samsung Captivate i897 UCKH3
Motorola ATRIX
Motorola Milestone 3 [ME863 HK]
Motorola Milestone 2 with Gingerbread
Motorola XT860, Bell XT860
Motorola Defy+
Motorola Droid X sys ver 4.5.605 w/ gingerbread
Motorola Droid X2 (2.3.4) Sys ver 1.3.380.MB870.Verizon.en.US Build 4.5.1A-DTN-150-30
Motorola XT883 (China Telecom)
Motorola XT862 (Verizon Droid3)
Motorola DROID RAZR
Nexus One (2.3.6 stock)
LG Revolution
LG Nitro HD
Vizio VTAB1008 Tablet
Huawei Ideos U8150 (2.2)
Huawei Ideos X5 [U8800] (2.3.5)
HTC Sensation (S-OFF only)
HTC Raider (Rogers)
HTC Chacha
Acer Liquid Mini (2.3.5)
Acer Liquid Metal (2.3.6) 


Root နိုင်ကြပါစေဗျာ..။

All Free Softwares, e-Books, Tutorials and Knowledges

Android 5.0 ကို Key Lime Pie လို့အမည်ပေးထားပါတယ်ဗျား... အောက်မှာပါတဲ့ (၁၀)ချက်ကတော့ ကျွန်တော်တို့ အသိချင်ဆုံးဖြစမဲ့ အကြောင်းအရာများဖြစ်ပါတယ်ဗျာ.. အဆင်ပြေမယ်ထင်သလို ဘာသာပြန် ထားပါတယ်။ လေလာနိုင်အောင် Eng လိုလေးပါထည့်ထားပါတယ်.. Top 10 Facts You Need to Know

google android 5.0, android 5.0, android 5.0 key lime pie
Google Android 5.0, rumored to be called Key Lime Pie, has been one of the most highly-anticipated software updates for Android devices in recent months. But, what do we know about the still-unconfirmed Android software update? Here's what you need to know about Android 5.0 Key Lime Pie, including rumored features and a potential release date. We'll continue to this post as more information leaks regarding Google Android 5.0 Key Lime Pie, so be sure to stay tuned.
1. We May See Android 5.0 Key Lime Pie as Soon as May
မေလလောက်မှာစတင် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်ဗျာ..
android 5.0 key lime pie, key lime pie rumors, android 5.0 rumors
Google I/O, Google's annual developer conference, will be held in San Francisco from May 15th to the 17th. Last year, Google introduced Android 4.1 Jelly Bean at Google I/O 2012, and most analysts are expecting Google to follow the same timeline. Note: Google I/O 2013 is over a month earlier than it was last year (the event was in late June in 2012).
2. It May Come to a Number of Devices
Samsung Devices တွေမှာ Update လုပ်နိုင်မဲ့စာရင်းကို ဒီ Blog မှာကျွန်တော်တင်ပီးပါပြီ။ ခုဒီမှာတော့ Galaxy S4, S3, S2, Galaxy Note 8 3G, LTE, Wi-Fi, Galaxy Note 2, and the Galaxy Note 10.1 တို့ကိုပြောထားပါတယ်။According to SamMobile, a number of Samsung Galaxy devices will be getting upgrades to Android 5.0 Key Lime Pie. Due to fragmentation, the time frame on when these devices will be able to get the updates is unclear, but SamMobile's insider claims Galaxy S4, S3, S2, Galaxy Note 8 3G, LTE, Wi-Fi, Galaxy Note 2, and the Galaxy Note 10.1 will all be getting Key Lime Pie.
3. Most Nexus Devices Will Be Able To Update To Android 5.0 Key Lime Pie
Google ကထုတ်တဲ့ Nexus ဖုန်းတွေဆိုရင်တော့ ဘယ် Nexus ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါလိမ့်မယ်။ သူကထုတ်တာကိုး... 
android 5.0 key lime pie, key lime pie rumors, android 5.0 rumors

Depending on how old the device is, it is assumed that most Nexus devices will be able to upgrade to Android 5.0 Key Lime Pie. It makes sense since Nexus devices are the only Android products developed (in part) by Google.

Google Nexus 5: Top 10 Facts You Need to Know

The Google Nexus 5 is rumored to be coming later this year. Find out the rumored release date, features, and specs.Click here to read more

4. The Samsung Galaxy S4 Will Likely Get Key Lime Pie and a Brand New Feature
Samsung Galaxy S4 ကတော့ Android 5.0 (Key Lime Pie) နဲ့ အဆင်ပြေပြေလုပ်နိုင်မဲ့ Device တစ်ခုပေါ့ဗျာ။ Latest မဟုတ်လား...
android 5.0 key lime pie, key lime pie rumors, android 5.0 rumors
Samsung Orb was supposed to be a brand new feature introduced last week during Samsung's Galaxy S4 unveiling in New York City last week. Obviously, it wasn't, and it seems that's because the feature wasn't finished by the time the event rolled around. But, according to recent reports from Android Authority, the Samsung Orb will be coming along with Android 5.0 Key Lime Pie.
5. It May be a lot Faster
Google က Android 5.0 မှာ Kernal တွေချိန်းထားတဲ့အတွက် RAM သုံးတာသက်သာပြီး ပိုမိုမြန်ဆန် စေမယ်၊ Multitasking ပိုကောင်းလာမယ်၊ ပြောရရင် Overall Performance ပိုကောင်းလာ မယ်ဆိုပါတော့။
android 5.0 key lime pie, key lime pie rumors, android 5.0 rumors
Google gets criticized heavily for some issues with the Android ecosystem, namely that updates take a long time to arrive to all Android devices (again, mostly because of fragmentation) and that the operating system has a few glitches. However, with Android 5.0 Key Lime Pie, Google has moved to a a different kernel, which means that the operating system will use less RAM and be faster and better with multitasking.

6. It Could be a Combination of Jelly Bean and Chrome OS
Android နဲ့ Chrome OS ကိုပေါင်းထုတ်လိုက်တဲ့ Software ဆိုပဲ။ Apple လိုပဲဖြစ်မယ်ထင်ပါ့.. iOS နဲ့ Mac OS ကိုတွဲပီးသုံးလို့ရအောင်လုပ်ထားသလိုမျိုး ဖြစ်ပါတယ်။
android 5.0 key lime pie, key lime pie rumors, android 5.0 rumors
With Andy Rubin, ex-head of Android development, leaving Google and Chrome OS director Sundar Pichai taking over his position, many are hypothesizing that Android 5.0 Key Lime Pie may be a combo of Android OS and Chrome OS. Similar to what Apple has done with the iOS and OS X operating system, Apple could be moving toward a closer integration between the two operating systems.
7. Key Lime Pie May Include Something Called Google Babble
Social ပိုင်းအတွက် Chat ကိုလည်း Google Bubble ဆိုပြီးထည့်သွင်းထားပါအုံးမယ်တဲ့...
android 5.0 key lime pie, key lime pie rumors, android 5.0 rumors
Geek.com reported that Google is preparing on unifying their chat services into one massive service called Google Babble. No timeline was given, but Geek.com guessed that the service could be introduced at Google I/O, which means it could be unveiled alongside Android 5.0 Key Lime Pie.
8. It MAY Help the Android Adoption Rate
အရင်ထွက်ခဲ့တဲ့ Android တွေမှာထက် Android 5.0 မှာ App Developer တွေအတွက် အခက်အခဲဖြစ်စေတဲ့ အချက်တွေကိုနည်းအောင် လုပ်ထားပါတယ်။ ဒါကြောင့် app တွေကို ပိုပြီး အဆင်ပြေပြေသုံးနိုင်မယ်လို့ ထင်ပါတယ်။ Android Device တွေကတော်ော် များတဲ့အတွက် Screen Size မှာနည်းနည်းအခက်တွေ့တော့ App Developer တွေခေါင်းခဲရတယ်လေ။
android 5.0 key lime pie, key lime pie rumors, android 5.0 rumors
The Android Jelly Bean operating systems' adoption rate has been poor considering Android is the most popular operating system in the world (probably because there are so many Android devices). The problem, again, is fragmentation. With so many different screen sizes to develop for, it takes awhile for Google and app developers to update the operating system and apps. But, depending on how good Android 5.0 Key Lime Pie is, it could help improve upon the abysmal Jelly Bean adoption rate (though they've picked up in recent months).
9. It Could Have a Guest Mode
Windows မှာလို Guest Mode ကိုထည့်ထားတဲ့အတွက် Owner ကို Admin Right ပိုမိုရရှိစေမှာဖြစပါတယ်။ Security အတွက် အိုစိတ်ချရတာပေါ့။
android 5.0 key lime pie, key lime pie rumors, android 5.0 rumors
A "Guest Mode" is where your family members or friends can use your phone without accessing the settings or key features on your devices, like SMS messaging. IBTimes AU writes that this feature could be introduced to Android 5.0 Key Lime Pie, though it seems like a kind of random feature to include in Android 5.0.
10. Google Could Do Well By Copying Apple
သုံးတဲ့သူတွေကတော့ Apple မှာ Mobile နဲ့ Computer ကိုပေါင်းစပ်ထားမှုက Google ထက်ပိုကောင်းတဲ့အတွက် သုံးရတာပိုအဆင်ပြေပါတယ်။ Google အနေနဲ့ Chrome OS and Android 5.0 Key Lime Pie ကို Apple လိုဖြစ်အောင် လုပ်ရအုံးမှာဖြစ်ပါတယ်။
android 5.0 key lime pie, key lime pie rumors, android 5.0 rumors
Apple's mastered the integration between mobile devices and computers, which is the biggest issue with Android devices. Yes, there are features and services like Google Drive, but the overall similarities between iOS and OS X - not only aesthetically but in terms of features as well — makes the Apple OS ecosystem easier to use for consumers. Android needs to develop a stronger bond between Chrome OS and Android 5.0 Key Lime Pie to move up to the same level as Apple.
All Free Softwares, e-Books, Tutorials and Knowledges

Memory Stick ရှိတဲ့သူတိုင်း ခုတင်ထားတဲ့ USB Secure Software လေးလိုအပ်ပါတယ်။ Memory Stick အခိုးခံရလို့ပဲဖြစ်ဖြစ်၊ ပျောက်သွားလို့ပဲဖြစ်ဖြစ်၊ မေ့ကျန်ခဲ့လို့ဖြစ်ဖြစ်၊ ကျနေခဲ့လို့ဖြစ်ဖြစ်၊ ဖြစ်ဖြစ်....ဖြစ်.. ကို့ရဲ့ Data တွေကိုလုံခြုံအောင်ဆောင်ရွက်ထားနိုင်ပါတယ်။ ကိုကလွဲပြီး သူများမသိနိုင်တဲ့ Password ပေးပြီးထားနိုင်ပါတယ်။ Full Version ဖြစ်ပါတယ်။ 1.7 MB ပဲရှိပါတယ်။ အသေးစိတ်ကတော့-
Features and Benefits:
– Password Protection: USB Secure is a powerful tool to password protect USB drive and all other external portable media. No matter what type of external storage device you use, USB Secure password protects it within seconds.
– No Administrator Rights Required: USB Secure doesn’t install any kernel or filter drivers, and therefore doesn’t require any administrator rights to password protect USB drive and other portable media.
– Compatible Everywhere: The program works on all flavors of Windows i.e. Windows 2000/ Windows XP / Windows Vista / Windows 7.0. USB Secure works perfectly well on all external portable media like USB flash drives, Thumb Drives, Memory Sticks, Memory Cards, Pen Drives and Jump Drives.
– Autoplay Feature: Full plug and play is supported that lets you automatically protect USB drive and all such external storage devices currently plugged into your PC.
– Complete USB Security:Whatever information, files, folders and documents you put in your USB drive, USB Secure keeps them completely secured.
– Reliable and Independent: USB Secure lets you protect USB drive’s data by using several layers of patent pending protection methods. This makes its protection, PC and hardware independent.
– Peace of Mind: Total peace of mind from security leaks and privacy breaches. Never again fear of what’s happening to your device while it is lost.
– User Friendly Interface: USB Secure is easy to install, run and use. It doesn’t complicate its users with technical jargon common in other encryption programs.
– Ease of Use: A very easy to use program with user-friendly interface.
– Affordable Software: USB Secure is a new addition to our robust collection of affordable and reliable security applications. You need not to shed hundreds of dollars to protect USB drive!


ဒေါင်းချင်သူများ----
ဒီ TusFile မှာတင်ထားပါတယ်။
All Free Softwares, e-Books, Tutorials and Knowledges

ဇာတ်တော်ကြီး (၁၀)ဘွဲ့ကို  မြန်မာလိုရော အင်္ဂလိပ်လိုပါရေးထားတဲ့စာအုပ်ဖြစ်ပါတယ်.. အမျိုးကောင်းသားဆီမှာတွေ့လို့ မလာတာ.. လိုချင်ရင်တော့ အောက်မှာ ပေးထားပါတယ်..

Download Links:

All Free Softwares, e-Books, Tutorials and Knowledges


AUDIO

IDT High-Definition Audio CODEC Driver

2009-11-26 , Version:6.10.6230.0 A, 26.38M

Download 



CHIPSET

Intel Chipset Installation Utility for ICH9 for Microsoft Windows 7

2009-11-26 , Version:9.1.1.1019 A, 2.32M

Download





GRAPHIC

There are 3 available drivers for graphic which is Intel and Nvidia.



Mobile Intel 4 Series Express Chipset Family Driver

2009-11-26 , Version:8.15.10.1883 A, 24.57M

Download 

Download (64-bit)



NVIDIA GeForce G 103M Graphics Driver

2009-08-27 , Version:8.15.11.8644 A, 176.66M

Download



NVIDIA GeForce GT 320M

Version: 8.17.12.7600

Download



QUICKLAUNCH

HP Quick Launch Buttons

2010-02-26 , Version:6.50.15.1, 25.42M

Download



TOUCHPAD

Synaptics TouchPad Driver

2009-08-27 , Version:13.2.4.12 A, 34.76M

Download





WIRELESS

There are 2 available driver, choose only one base on your specification or try which work for you.



1-Broadcom Wireless LAN Driver for Microsoft Windows 7

2010-03-15 , Version:5.60.48.35, 20.7M

Download



2-Intel PRO/Wireless Drivers for Microsoft Windows 7

2010-02-23 , Version:13.1, 13.11M

Download 





LAN/ETHERNET

Realtek RTL8102E/8103E Family NIC Driver

2009-08-27 , Version:7.3.522.2009 A, 10.59M

Download



CARD READER

Realtek Card Reader

Driver
2009-11-26 , Version:6.1.7600.30104 A, 7.47M

Download 



WEBCAM/CAMERA



Cyberlink YouCam Software

2009-09-25 , Version:2.0.3115, 51.15M

Download





TOOLS AND UTILITIES



LightScribe System Software

2010-05-17 , Version:1.18.12.1 A, 11.54M

Download



HP Wireless Assistant

2010-04-15 , Version:3.50.11.2, 3.81M

Download



Motorola SoftStylus

2010-01-01 , Version:2.2.119.2, 42.73M\

Download
You might
 
Be OK !
Maung Pauk 
All Free Softwares, e-Books, Tutorials and Knowledges

Window 8 အသုံးပြုနည်း ပြည့်စုံစွာ ဖော်ပြထားတဲ့ Using Microsoft Windows 8 (Window 8 ထည့်သွင်းနည်းမှစ လက်တွေ့သုံးနိုင်ရန် ပြည့်စုံစွာရှင်းပြထားသည်) စာအုပ်ကောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်... ဒီစာအုပ်ကလေးကို မိတ်ဆွေကြီး အိုင်တီမုဆိုး Blog ကမလာပြီး ပြန်တင်ပေးထားတာပါ.... ပါဝင်တဲ့ အခန်းတွေကတော့ အခန်း (၁) Windows OS ကို လေ့လာခြင်း၊ အခန်း (၂) Windows 8 Installation၊ အခန်း (၃) Windows 8 ကို စတင်အသုံးပြုခြင်း၊ အခန်း (၄) Internet အသုံးနှင့် တွဲဖက်လေ့လာခြင်း၊ အခန်း (၅) Windows နှင့် လုံခြုံရေးဆိုင်ရာ အသုံး၊ အခန်း (၆) Windows နှင့် တွဲသုံးမှုများ၊ အခန်း (၇) Windows နှင့် ထူးခြားအသုံး စသည်ဖြင့် ပြည့်စုံစွာဖော်ပြထားပါသည်... 43 MB ရှိပါတယ်။

ဒီ Solid Files မှာတင်ထားပါတယ်

Credit To--------
www.lubo601.com 
All Free Softwares, e-Books, Tutorials and Knowledges

၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်း သည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။
ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။

Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။

Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။

Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင် သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit - Original up-loader (ရေးမိရေးရာလေးများ)
Post by Admin Kyalsin 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်
All Free Softwares, e-Books, Tutorials and Knowledges
ပြီးခဲ့ တဲ့ သောကြာနေ့ ကစတင်ပြီးမြန်မာနိုင်ငံကနေGoogle Play Store ကို တိုက်ရိုက်ဝင်ရောက်ပြီး Application များကို ဒေါင်းလုပ်ဆွဲ နိုင်ပါပြီ။ သို့ သော် ဒီလို ၀င်ရောက်တဲ့ အခါမှာ Android ဖုန်းတိုင်း ၀င် ရောက်ပြီး ဒေါင်းလုပ်ဆွဲနိုင်သလားဆိုတာမေးစရာရှိလာပါတယ်။ ဒါကလည်း User တွေအနေ နဲ့ မေး သင့် တဲ့ မေးခွန်းတစ်ခုပါ။ အကယ်၍ မိမိရဲ့  Device က Play Store ကိုဝင် ရောက် လို့ မ ရဘူး ဆို ရင် တော့ အောက်မှာ ပေးထားတဲ့  Google Play Support Device ဆိုတဲ့ လင့် မှာဝင်ကြည့် နိုင်ပါတယ်။ ၀င်ကြည့် လို့ မှ မိမိ device ဟာ List ထဲမှာမပါဝင်ဘူးဆိုရင် တော့Play Store ကို တရားဝင် Access မလုပ်နိုင်ပါဘူး။ ဒီList ထဲမှာပါပြီး ၀င်လို့ မရဘူးဆိုရင်တော့ အနည်းငယ်ပြင်ဆင်ရမှာတွေရှိပါတယ်။ ဥပမာ Samsung Galaxy Gio ပဲထားပါတော့ ။ Gio ထွက်ခဲ့ တဲ့ အချိန်တုန်း Play Store ဆိုပြီးတောင် နာမည်မပြောင်းသေးပါဘူး။ Market အနေနဲ့ ပဲApp ပါဝင်လာတာပါ။ ပြီးတော့ ဖုန်းရဲ့ Firmware ကလည်း 2.2 (Froyo) နဲ့ လာတာပါ။ ဒါပေမယ့် 2.3.6 (Gingerbread) အထိUpdate ထွက်ထားပါတယ်။ Gio က play store ရဲ့ Support Device List ထဲမှာ ပါဝင်ပါတယ်။ဒါကြောင့် Market App ပေါ်က တောင် Access လုပ်ပြီး ၀င်ရောက် ဒေါင်းလုပ်ဆွဲ နိုင်ပါတယ်။ အဓိကပြောချင်တာကတော့ Google ရဲ့ အသိအမှတ်ပြုဘယ် Device မဆို play store ကိုဝင်လို့ ရပါတယ်။ ၀င်လို့ မရဘူးလို့ ပြောနေသူတွေလည်းရှိ ပါတယ်။ ဒီလို ၀င်လို့ မရတဲ့ သူ တွေ အတွက်ကတော့  Google Play Service ဆိုတဲ့ App ကို အောက်မှာပေးထားတဲ့ လင့် အတိုင်း ဒေါင်းလုပ်ဆွဲ ပြီး Install လုပ်ပါ။ ပြီးသွားရင် Setting>>About phone>>Software update ကို ၀င်Google အကောင့် နဲ့ Sign up လုပ် ပြီး FOTA update ကို ရယူပါ။ ဒီလို FOTA update ယူမှ GIO လို ဖုန်းမျိုးဆို ရင် နဂိုပါဝင်လာတဲ့  Google ရဲ့ Native app တွေကို update လုပ်ပေးမှာပါ။FOTA update လုပ်ရင် ဘာမှ ပြဿနာ မရှိနိုင် ပါဘူး။ Samsung ၊ HTC စတဲ့  branded ဖုန်းတွေအကုန်လုံး Google Native app တွေ Version နိမ့် နေရင် Update လုပ် နိုင်ပါတယ်။ ဒါတွေအကုန်လုပ်ပြီးရင်တော့  Play Store Access ရရှိပါပြီ။
Credit To =>
http://myanmardigitallife.blogspot.com/2013/03/google-play.html
သျှမ်းထက် (DL Tech Club)
All Free Softwares, e-Books, Tutorials and Knowledges


ဖုန်းများကိုကွန်ပျူတာဖြင့် ချိတ်ဆက်သုံးရန် ရည်ရွယ်ပါက... ဂျီအက်အမ်ဖုန်းများ အတွက်လည်း 3G ပါသောဖုန်းကို သာရွေးစေလိုပါသည်။ EDGE ရိုးရိုးဂျီအက်အမ် အချက်အလက်ဖြတ်သန်းမှု အင်တာနက် နည်းပညာအတွက် ယခုဖုန်းများသည် 2.75 gb သာရသေးသဖြင့် အနည်းငယ်နှေးပါသည်။ 3G ဟန်းဆက်ဖြစ်ပါက အင်တာနက်သုံးခါနီးတွင် နက်ဝပ်အမျိုးအစားတွင် 3G ပြောင်းသုံးပါက  ယခုတချို့နေရာများတွင် 3.5G ဟုမိလာပြီး တော်တော် အဆင်ပြေပါသည်။ 3G အတွက် High speed data mode သို့မဟုတ် UMTS ဟုရေးထားပါသည်။ Data Transfer Rate အချက်အလက်ဖြတ် သန်းမှုနှုန်းမြန်သဖြင့် Download လုပ်ရန်ရှိပါက အဆင်ပြေပါသည်။ အချို့နေရာများတွင် 3G မမိပါက 2G EDGE ဖြင့်သာသုံးရပါသည်။ Sony ဖုန်းများကိုကွန်ပျူတာဖြင့် ချိတ်ဆက်သုံးရန် PC COMPANIOM SOFTWARE ဖြင့်သုံးရပါသည်။ update အသစ်ထွက်တိုင်း ထပ်တင်ပေးမှသာ သုံးလို့ရပါသည်။ အပ်ဒိတ်မလုပ်ပါက သုံးလို့မရတော့ပါ။ ကွန်ပျူတာနှင့်ချိတ်သုံး လိုပါကအန်းဒရိုက်များ အတွက်တော့ (Huawei) ဟဝေးတံဆိပ်က ပိုအဆင်ပြေနိုင်ပါသည်။ သို့သော်ဆိုင်များတွင် အန်းဒရိုက် အိုအက်အတွက် ရီကွန်မန်းမလုပ်ပါ။ Android အိုအက်ဖုန်းများ ၀ယ်ကိုင်ပါက အိုအက်ဗားရှင်းအား 2.3 နှင့်အထက် ကိုသာဝယ်ပါ။ ဂိမ်းများ၊ Application များထပ်တင်ပါက SD memory card ထဲတွင်ပြောင်း သွင်းနိုင်သဖြင့် phone (internal memory) ကိုနေရာစားတာ သက်သာသွားပါသည်။ ဖုန်းအတွင်းပိုင်း မှတ်ညဏ်နေရာနည်းသွား ပါကစက်ဟန်းမှု၊ စက်လေးမှုဖြစ်နိုင်ပါသည်။ နောက်ပိုင်းဆော့ဝဲမြင့် တင်ရမည့်အပိုင်းများကိုပါ စဉ်းစားသင့်ပါသည်။ နိုကီယာဖုန်းများ ကတော့ကွန်ပျူတာနှင့် ချိတ်သုံးလျှင် လောလောဆယ် အကောင်းဆုံးဟုဆိုချင်ပါသည်။ ကွန်ပျူတာနှင့် ချိတ်ဆက်သုံးလိုပါက Nokia Ovi Suit, PC Suit ဆော့ဝဲအား ကွန်ပျူတာအတွင်းထည့်သွင်း ချိတ်ဆက်သုံးရပါသည်။ စီးပွါးရေး အတွက်အလို့ငှာသုံးလိုပါက နိုကီယာသည် ဆော့ဝဲပိုင်းဆိုင်ရာနောက်ပိုင်း ပန့်ပိုးမှုတော်တော်ကောင်းပြီး ရှုပ်ထွေးမှုမရှိပါ။ အလွန်စနစ်ကြပြီး အပ်ဒိတ်လုပ်ပြီး သုံးလိုပါကလည်း အဆင်ပြေပါသည်။ တခုရှိတာက အန်းဒရိုက်ဖုန်းများ တွင်မြန်မာစာထည့်ပြီး အင်တာနက်အားဟန်းဆက်ဖြင့်သာသုံးပါ ကတော်တော်ကောင်းပါသည်။ ဂျာဗား၊ ဆပ်ဘီယမ်ဖုန်းများ အတွက်မြန်မာဖွန့်ကတော့ ယခင် ၅၈၀၀ နိုကီယာဗားရှင်း အနိမ့်တွင်သာအဆင်ပြေပြီး အပ်ဒိတ်လုပ်ထားပါက အဆင်မပြေပါ။ ဟန်းဆက်ဖြင့်သာ ဂျီတော့၊ ဖေ့ဘုတ်ချက်တင်သုံးလိုပါက ebuddy နှင့် Nimbuzz နှစ်ခုဖြစ်သော ဖုန်းဆော့ဝဲများ တော်တော် ကာင်းပါသည်။ ယခုနောက်ပိုင်း Nimbuzz ကပိုပြီးအဆင်ပြေပါသည်။ ebuddy ဆော့ဝဲကတော့ ၅၈၀၀ ဖုန်းများတွင်သုံးရင်းဟန်းသွားတတ်ပါသည်။ ဂျာဗား၊ ဆပ်ဘီယမ်၊ အန်းဒရိုက်အိုအက် အားလုံးအတွက် အထက်ပါဆော့ဝဲနှစ်ခုထွက်ပါသည်။ နောက်ပိုင်းနိုကီယာ အိုဗီအိုင်စုမှပံပိုးပေးသော ဖုန်းဆော့ဝဲများသည် ဗားရှင်းထပ်မြင့် လာသဖြင့်ယခင်ဖုန်းမော်ဒယ်များ လိုက်မြင့်ပြီးတင်သုံးပါက Phone specification ဖုန်းပါစက်အစိတ်ပိုင်းများ ကကောင်းစွာလိုက်မလုပ်နိုင်ဘဲ စက်ပါဝါသေခြင်း၊ သုံးနေစဉ်ရပ်သွားခြင်း (ဟန်းသွားခြင်း) မကြာခဏဖြစ်ပါသည်။ လက်ရှိသုံးနေသော ဗားရှင်းဖြင့်သာအဆင်ပြေပါက မလိုအပ်ဘဲမော်ဒယ် အဟောင်းဟန်းဆက်များအား ဗားရှင်းမမြင့်စေချင်ပါ။ စီးပွါးရေးအတွက်နှင့် အင်တာနက်အတွက် သုံးပါက လောလောဆယ် နိုကီယာတံဆိပ်ကိုပိုသဘောကျပါသည်၊အဆင်ပြေပါသည်ဟု အတွေ့အကြုံအချို့အား မျှဝေပေးလိုပါသည်။
Android တွေ၊ နာက်ပိုင်းထွက် Sambium OS တွေမှာ Wi Fi ပါရင်... wifi tethering သို့မဟုတ် wifi hotsopt စတဲ့ဖန်ရှင်ဖွင့်ပြီး ၀ိုင်ဖိုင်ပါတဲ့ကွန် ပျူတာနဲ့ချိတ်သုံးကြတယ်။ ဘက်ထရီအကုန်မြန်တယ်။ ကြိုးနဲ့ချိတ်သုံးတာက နောက်ပိုင်းထွက်ဖုန်းတွေမှာ ဒေတာရော ပါဝါတခါတည်း သုံးနေစဉ် သွင်းတဲ့စနစ်ပါပါတယ်။
......................................................
Nokia, Sony Java, ဆမ်ဘီယမ် ဖုန်းများတွင်....
menu....setting....connectivity....network...destination..အောက်ရှိ...Access point name တွင် mptnet ရိုက်ပါ။ connectivity အောက်ရှိ admin setting တွင် packet data အောက်တွက် when need နှင့် အောက်အကွက်တွင် mptnet ရိုက်ပါ။ web browser ရှိ setting တွင်ဝင်ပြီး always ask ပဲထားပါ။ ဒါမှ wifi ရတဲ့နေရာမှာသုံးလိုရင်လည်း ရွေးနိုင်မှာဖြစ်ပါတယ်
...................................................
Android ဖုန်းများတွင်
setting......wireless and network.... mobile network... Menu key နှိပ်.. New APN.. Name မှာ ကြိုက်တာထည့်၊ APN (access point name) မှာ mptnet နှင့် Authentication Type မှာ PAP/CHAP ရွေး၊ Type မှာ Internet ရွေး ( Blank ပြရင်မထည့်ရပါ။) home key ဘေး Menu ခလုတ်နှိပ်ပါ save လုပ်ထွက်ပြီး browser ဖွင့်သုံးပါ။
......................................................
အိုင်ဖုန်းတွေမှာဆိုင်လျှင် Goto Settings,General, Network,
Cellular data Network and enter the below settings:
Cellular data
APN: mptnet ရိုက်ပါ
username:  မလိုပါ
password:  မလိုပါ
MMS (မာတီမီဒီယာမက်စေ့) အတွက်မလိုပါ။
Tethering အတွက်
APN: mptnet ရိုက်ပါ။
username: မလိုပါ
password: မလိုပါ
*** သုံးတဲ့နေရာမှာ Traffic data, Data Roaming တို့ကို on ထားပါ။

Credit To---
www.lubo601.com
Phoe Thar (B.Econ(Q), Dip in Tourism, Certi: in IT)