Samsung galaxy grand Duos GT-i9082 ကို ROOT လုပ်နည်း


SIM Card နှစ်ခုရှိပြီး Handset (၂)ခုကိုင်ရတာ အဆင်မပြေလို့ SIM Card နှစ်ခုသုံး Branded ဖုန်းသုံးကြ တဲ့သူတွေအတွက် Samsung ကနောက်ဆုံးထွက်တဲ့ Samsung galaxy grand Duos GT-i9082 ကို ROOT လုပ်ပါမယ်----
STEP 1 :
- အောက်က Link မှာလိုအပ်တဲ့ Software နဲ့ Driver တွေစုပြီးထည့်ထားပါတယ်။ 28.1 MB ရှိတာကို Download လုပ်ပြီး Unzip လုပ်ပါ။( UPDATE-SuperSU-v1.10 လေးကိုတော့ Unzip မလုပ်ပဲ ZIP အတိုင်းပဲထားပေးပါ။) ဖုန်း Driver ကို Computer မှာ Install လုပ်လိုက်ပါ။ ဖုန်းနဲ့ Computer ကောင်းကောင်းသိပြီဆိုမှ နောက်လုပ်မဲ့အဆင့်တွေ အဆင်ပြေမှာပါ။
STEP 2 :
- ဖုန်းကို Power ပိတ်ပြီး odin mode ကိုဝင်ပါ။ Vol down + home button + Power (၃)ခုတွဲနှိပ်၊ ဖုန်းမှာ GT-i9082 logo မြင်ရရင်လွှတ်ပါ။ Press vol up to confirm နှိပ်ခိုင်းရင် Volume up နှိပ်ပါ။ ဖုန်းမှာ odin mode ၀င်နေပါပြီ။
STEP 3 :
- ဖုန်းကို usb cable နဲ့ Computer မှာတပ်ပါ။ Driver သွင်းနေပါလိမ့်မယ်။ ခဏစောင့်ပါ။ ခုနက Down ထားတဲ့အထဲက Odin3 3.04 ကိုဖွင့်ပါ။ Odin Box ထဲက COM : xx ဆိုတဲ့နေရာမှာ (xx) နံပါတ် တစ်ခုခုပြနေရပါမယ်။ မပြရင် Driver ပြန်သွင်းပါ။ ပုံကြည့်ပါ။ Auto Reboot နဲ့ Reset Time ကိုအမှန်ခြစ်ထားရပါမယ်။ ပြီးရင် PDA ကိုနှိပ်ပြီး Download လုပ်ထားတဲ့အထဲက CWM-touch_i9082_chotu.tar.md5 ဆိုတာကိုရွေးပေးရပါမယ်။---


STEP 4 :
- Start နှိပ်ပါ။ IDCOM ရဲ့အပေါ်က Box နဲ့ Message Box မှာကြည့်ပါ။ အလုပ်လုပ်နေပါမယ်။ အားလုံးပြီးရင်တော့ cwm touch recovery ကိုဖုန်းထဲမှာ အောင်အောင်မြင်မြင်သွင်းပြီးဖြစ်ပါတယ်။ 
(တကယ်လို့များ failed ဖြစ်ခဲ့တယ်ဆိုရင် CWM-touch_i9082_chotu.tar.md5 ဆိုတာကို CWM-touch_i9082_chotu.tar အဖြစ်ပြောင်းပေးပါ။ (remove the .md5) လုပ်ပြီးရင်အပေါ်ကအဆင့်အတိုင်း ပြန်ပြီး flash လုပ်ပါ။)
STEP 5 :
HOW TO ROOT THE DEVICE :
- Download လုပ်ထားတဲ့အထဲက UPDATE-SuperSU-v1.05.zip ဖိုင်ကို Phone ရဲ့ SD ကဒ်မှာ တိုက်ရိုက်ထည့်ပါ။ externel sdcard (NOT INTERNAL ! )။ ဖုန်းကို Power ပိတ်ပါ။ ပြီးရင် vol up + power + home button (all at once) တွဲနှိပ်ပြီး Phone ကိုဖွင့်ပါ။ CWM ကိုဝင်သွားပါပြီ။ Select install zip from sdcard --->choose zip from sdcard ---> အဆင့်ဆင့်ဝင်ပါ။ scroll down and select UPDATE-SuperSU-v1.05.zip ဆိုတာကိုရွေးပေးလိုက်ပါ။ Yes (or) No ဆိုရင် Yes ပေါ့။ ပြီးရင် Phone ကို Reboot/Restart လုပ်ပေးလိုက်ပါ။ Done ! And you are ready to go.... ROOTED.
(အောက်က Link မှာ Down ကြပါ။)
ဒီမှာ TusFiles
ဒီမှာ SolidFiles
Post တင်သူ မျိုးမင်းထွန်း (myommh@gmail.com)
Samsung galaxy grand Duos GT-i9082 ကို ROOT လုပ်နည်း Title : Samsung galaxy grand Duos GT-i9082 ကို ROOT လုပ်နည်း
Description : SIM Card နှစ်ခုရှိပြီး Handset (၂)ခုကိုင်ရတာ အဆင်မပြေလို့ SIM Card နှစ်ခုသုံး Branded ဖုန်းသုံးကြ...
Rating : 5

1 comments :

ကျေးဇူးကြီးပါတယ်ခင်ဗျား

Reply

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.