Huawei Y210 ကို Root လုပ်ရအောင်


Thant Zaw Win: ကိုပေါက်ရေ.. ကျွန်တော့်ကို.. Huawei y210 Root လုပ်နည်းလေးပြောပြပါလား. အစ်ကို..

ဟုတ်ကဲ့.. Y210 ကို Root ဖို့..
ပထမဆုံး ဆော့ဝဲတစ်ခုကို အောက်ကလင့်(၃)ခုထဲက တစ်ခုခုမှာ ဒေါင်းလိုက်ပါ..
Download or Download or Download
ဒေါင်းပြီးပြီဆိုရင် စရအောင်..
1.ဖုန်းထဲမှာ USB Debugging ကို On ထားပါ
2.Fastboot ကို Off  လုပ်ထားရပါမယ်..
3.Unknow sources ကို အမှန်ခြစ်ပေးထားပါ..
ဒါတွေပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ..
4.Battery ကို ဖြုတ်လိုက်ပြီး ၅/၆ စက္ကန့်လောက်နေရင် ပြန်တပ်ပါ..
5.ဖုန်းရဲ့ Volume Down & Power ခလုတ်နှစ်ခုကိုတွဲဖိထားလိုက်ပါ..
ဖုန်းကပါဝါပွင့်လာပြီး Huawei Logo မှာရပ်နေဆိုရင် Fastboot ဝင်သွားပါပြီ
6. ပြီးရင် ဖုန်းနဲ့ PC နဲ့ ကို ချိတ်လိုတ်ပါ..
7.အပေါ်မှာဒေါင်းခဲ့တဲ့ဖိုင်ကိုဖြည်လိုတ်ရင်အဲဒီအထဲမှာ Y210 Root ဆိုတာပါ ပါတယ်..အဲဒီအထဲမှာ မှ
Run Me.bat ဆိုတာကို Run ဖို့ Enter တချက်ခေါက်လိုတ်ပါ..
သူ့ အလိုလို အလုပ်လုပ်သွားပါမယ်..ပြီးသွားရင် ဖုန်းကို ဓါတ်ခဲဆွဲဖြုတ်လိုတ်ပါ.
ပြီးရင်တော့ ပါဝါပြန်ဖွင့်လိုတ်ပါ Application Munu ထဲမှာ Super Su  ဆိုတာလေးတွေ့ / မတွေ့ ရှာကြည့်ပါအုံး.. တစ်ချို့ဖုန်းတွေက ဒီအဆင့်မှာတင် Root ပေါက်သွားတတ်လို့ပါ.. Super Su ကိုတွေ့ရင်တော့ Root ပေါက်ပြီးပေါ့ဗျာ..
မတွေ့သေးရင် Unlockroot နဲ့ Root လိုက်ပါ.. ကျွန်တော် Unlockroot 3.1 ကို ဒီမှာ တင်ပေးထားပါတယ်..
အဲဒီထဲက ဖိုင်ကိုဖြည်လိုက်ပြီး Install လုပ်လိုက်.. ဖုန်းကို PC နဲ့ချိတ်ပြီး Root ဆိုတာကိုနှိပ်လိုက်ရင် Root နေတာကို တွေ့ရပါမယ်.. ကဲဗျာ.. ဒါကတော့ လုပ်တတ်ပြီးသားဖြစ်မှာပါနှော..

အဆင်ပြေပါစေ..

မောင်ပေါက်

24 comments

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
တားတားလုပ်တဲ့ဖုန်းကတော့ အဆင့်နှစ်ဆင့်လုံးနဲ့လုပ်လိုက်ရပါတယ်ဗျာ

Reply

ကိုပေါက် Y210t root နည်းတင်ပေးတာ ကျေးဇူးပါ။
ဒါပေမယ့့် Y210 2010 ကို root လုပ်မရဘူး ဖြစ်နေလို့ ကူညီပါအုံး thank

Reply

wifi error တက်နေလို့ လုပ်ပါဦး ခင်ဗျာ

Reply

wifi error တက်နေလို့ လုပ်ပါဦး ခင်ဗျာ

Reply

y 210 2010 ကို root လုပ်တာမရ့ဘူး အကို ရ waiting for device မှာတန့်နေတယ် ကူညီပါအုံး အကို

Reply

အကိုရယ် HUAWEI Y210-0010 v2.3.6ကိုrootလုပ်လို့မရပ ကူညီပအုံး

Reply

ကျေးဇူးပဲအကို

Reply

အင်တာနက်ရောဖွင့်လို့ရလားy 210-2010 သိတဲ့လူရှိရင်ပြောပြပါsetting ဘဟ်လိုထားလဲgsmမှာmptnetဘာညာတော့သိတယ်

Reply

ဟုတ်တယ် ဘရားသား y210-2010 အတွက် internet setting လေးတင်ပေးပါ ဦး

Reply

ဟုတ်တယ် ဘရားသား y210-2010 အတွက် internet setting လေးတင်ပေးပါ ဦး

Reply

http://komaungpauk.blogspot.com/2013/06/y210-2010-y210c-cdma-800mhz-mectel.html မှာ တင်ပေးထားပါတယ်ခင်ဗျာ

Reply

အခုနည်းက build no မကိုက်ရင် Wifi ပျောက်တတ်ပါတယ် ... Vroot ot Root Master Mobile Version 1.4 နဲ့ root ကြပါ ... တရုတ်စာနဲ့ပါ လွယ်ပါတယ် Root ကိုနှိပ်ပီး Root လိုက်ရုံပါပဲ ... Super user မှာ Grant က ညာဘက်ခလုတ်ပါ ... ကျေးဇူးပါ ... AMT Wifi

Reply
ကိုသက်လှိုင်သာယာ mod

ကျေးဇူးတင်ပါတယ်အကို အဆင်ပြေသွားပြီ

Reply

y 210 က gsm အတွက်ဆို အင်တာနက်သုံးလို့မရပါဘူး setting လည်းချိန်လို့မရပါဘူး cdma အတွက်ပဲရပါတယ်

Reply

y 210 က gsm အတွက်ဆို အင်တာနက်သုံးလို့မရပါဘူး setting လည်းချိန်လို့မရပါဘူး cdma အတွက်ပဲရပါတယ်

Reply

root လုပ်လိုက်တာ auto rotate screen ပြောင်းပြန်ကြီးဖြစ်သွားတယ်ဗျကူညီပါအုံးအကိုရေ

Reply

အကိုရေ...ကျွန်တော့ရဲ့ samsung galaxy ace s5830 က too many pattern attempts ဆိုပြီး user name နဲ့ password တောင်းနေတယ် အကို....ပေးတော့လဲ invalid ဆိုပြီးပြန်ပြောနေတယ်.......ပြန်ပြင်လို့ ရမယ့် ဆော့ဝဲ လေး တင်ပေးစေချင်ပါတယ်...ကျေးဇူးပါ

Reply

အကိုရေ
ရှာပေးပါ

Reply

Aung : http://www.maungpauk.org/2013/05/android-pattern-lock-passwords-lock-pin.html

Reply

ကိုပေါက်ရေ ကျွန်တော့်ဖုန်းကို fastboot ပေးတာ fail ဖြစ်သွားလို့ ကူညီပါဦး

Reply

Anonymous ရေ. နားမလည်ဘူးခင်ဗျာ. သေသေချာချာလေး ရှင်းပြပေးရင်တော့ တစ်ခုခု ကူညီနိုင်မယ်ထင်ပါတယ်..

Reply

ဆရာပေါက်ရေ .. huawei ascend y210-0151 firmware (thai) ရှိရင် အမြန်လေးကူညီစေချင်တယ်ဗျာ။ dtac တံဆိပ်နဲ့ခင်ဗျာ။ ကျွန်တော် မရှာတတ်လို့ပါ။

Reply

huawei Y210-0151 thailand dtac firmware download link shi lar ako shi yin plz ?

Reply

Post a Comment

Download လုပ်ဖို့ Link ကိုနှိပ်ရင် adf.ly or adfoc.us တစ်ခုခုကိုရောက်မယ်.. ညာဘက်အပေါ်ထောင့်နားမှာ 5/6 စက္ကန့်စောင့်ပြီးရင် SKIP AD သို့မဟုတ် Skip ကိုနှိပ်ရပါမယ်.. ဒါဆိုရင် ဖိုင်တင်ထားတဲ့လင့်ကိုရောက်ပါပြီ... အဆင်မပြေတာများအတွက် Comment ပေးခဲ့ပါ.