November 2012
All Free Softwares, e-Books, Tutorials and Knowledges



မိုဘိုင်းဖုန်းတွေကနေ အင်တာနက် ဆက်သွယ်မှုတွေကို data usage နဲ့ ကောက်ခံတော့မယ်ဆိုတော့ အသုံးပြုကြတဲ့သူတွေ အနေနဲ့ ကိုယ်ဘာတွေကို သုံးနေပြီး ဘယ်လောက် ကုန်ကျနိုင်တယ်ဆိုတာကို အကြမ်းဖျင်းလောက်တော့ သိထားကြဖို့ လိုပါတယ်။
ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ data usage အနည်းအများဟာ အဓိကအားဖြင့်တော့ အသုံးပြုတဲ့ internet applications တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။

Typical Data Usage
-       အင်တာနက်ကနေ မိနစ် 30 ခန့် တီဗွီကြည့်မယ်ဆိုယင် 90 MB ခန့်
-       YouTube က music video တွေ 4 mins လောက် ကြည့်မယ်ဆိုယင် 11 MB ခန့်
-       Radio apps တွေသုံးပြီး internet radio 10 mins လောက် နားထောင်ယင် 15 MB ခန့်
-       Facebook ကို video streaming မပါပဲ 15 mins လောက် သုံးမယ်ဆိုယင် 5 MB ခန့်
-       Attachment မပါတဲ့ email အစောင် 100 လောက် လက်ခံတာ/ပို့တာအတွက် 2.5 MB ခန့်
-       Attachment ပါတဲ့ email 10 စောင်လောက် လက်ခံတာ/ပို့တာအတွက် 18 MB ခန့်
-       Web pages 100 လောက် browsing လုပ်ဖို့အတွက် 20 MB ခန့်
-       Google maps ကို 10 mins လောက် ဝင်ကြည့်ယင် 6 MB ခန့်
Video streaming
Data usage ဘယ်လောက်သုံးမလဲ ဆိုတာ video အမျိုးအစားအပေါ် မူတည်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ Youtube က 4 mins စာလောက်ရှိတဲ့ video file ကို ဖွင့်ကြည့်ယင် data usage 11 MB လောက် သုံးမှာဖြစ်ပြီး static image နဲ့ song file ဖွင့်နားထောင်မယ် ဆိုယင်တော့ 7 MB လောက် သုံးမှာ ဖြစ်ပါတယ်။
Radio streaming
Radio apps တွေဟာ data intensive app အမျိုးအစားတွေဖြစ်ပြီး ပုံမှန် သတ်မှတ်ချက်တွေ အရတော့ 1 min ကို 1.5 MB လောက် သုံးပါတယ်။


Google maps
ပုံမှန်ကတော့ 10 mins ကို 6 MB data usage လောက် ရှိပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ gepgraphic area, zooming, layer toggling တွေပေါ်မှာ မူတည်ပြီး data usage ပမာဏ အပြောင်းအလဲ ရှိနိုင်ပါတယ်။

Facebook
ဖေ့စ်ဘုတ်ကို ပုံမှန်အသုံးပြုတာမျိုး အတွက် (ဓာတ်ပုံတွေ၊ link တွေ ဝင်ကြည့်တာ အပါအဝင်) 15 mins ကို 5 MB လောက် data usage သုံးပါတယ်။ ဒါပေမယ့် ကိုယ်နှိပ်လိုက်တဲ့ link က streaming site တွေ ဖြစ်နေခဲ့ယင်တော့ data usage က အပြောင်းအလဲ ရှိနိုင်ပါတယ်။
Email
ပုံမှန် email ပို့တာ၊ ဖတ်တာတွေအတွက် email အစောင် ၁၀၀ ကို 2.5 MB လောက် သုံးပါတယ်။ Attachment တွေ ပါယင်တော့ data usage က တိုးလာမှာပါ။
Apps and games
Applications နဲ့ games တွေ အတွက်ကတော့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သတိထားဖို့ လိုတာက အချို့ applications တွေနဲ့ games တွေဟာ ဖွင့်ထားပြီး အသုံးပြု မနေယင်တောင်မှ နောက်ကွယ်မှာ background services တွေက ဆက်အလုပ်လုပ်နေပြီး data usage တွေ ရှိနေနိုင်ပါတယ်။
Music
Data usage ဟာ music track တွေရဲ့ length နဲ့ quality အပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အားဖြင့်တော့ music track တစ်ခုအတွက် data usage 5 MB လောက် ရှိပါတယ်။
Standard web pages
အခြေခံအားဖြင့်တော့ text အများစုသာ ပါဝင်တဲ့ web page တစ်ခုကို browsing လုပ်ဖို့အတွက် အကြမ်းဖျင်း 0.1 MB လောက် data usage ရှိပါတယ်။ ဒါပေမယ့် ပုံတွေများနေမယ် ဒါမှမဟုတ် flash animation တွေ ပါနေခဲ့မယ် ဆိုယင်တော့ data usage ပိုများလာနိုင်ပါတယ်။
Skype
Skype အတွက် typical data usage တွေကတော့
Skype ကနေ skype ကို ရိုးရိုးပဲ ခေါ်မယ်ဆိုယင် 1 min ကို 3 MB ခန့်
Skype ကနေ ကြိုးဖုန်း (သို့) ဟန်းဖုန်းကို ခေါ်မယ်ဆိုယင် 1 min ကို 1 MB ခန့်
Skype ကနေ skype ကို video calling ခေါ်မယ်ဆိုယင် 500 kbps ခန့်
Skype ကနေ ဟန်းဖုန်း (သို့) ကွန်ပျူတာကို ကို video calling ခေါ်မယ်ဆိုယင် 600 kbps ခန့်
Viber
Viber ခေါ်ဆိုမှုအတွက် data usage ကတော့ 240 kb per min ဖြစ်ပြီး 1 hr ကို 14 MB လောက် ရှိပါတယ်။ Message ပို့မယ်ဆိုယင်တော့ 828 bytes per 500 English characters ဖြစ်ပါတယ်။
Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း
(မြန်မာ့ဆက်သွယ်ရေးမှ လျာထားဈေးနှုန်း)
100 Kb (2 ကျပ်)
1 MB  (20 ကျပ်)
100 MB  (1500 – 1800 ကျပ်)

Credits to Sun Thurain Moe
All Free Softwares, e-Books, Tutorials and Knowledges

Huawei ဖုန်းတွေကို Root လုပ်နည်းများကို ဒီဆိုဒ်မှာ စုစည်းဖေါ်ပြထားပါတယ်.. အရင်က ကျွန်တော် တင်ပေးခဲ့တဲ့ Firmware တွေဟာ ဒီဆိုဒ်ကနေ ရတာဖြစ်ပါတယ်..

All Free Softwares, e-Books, Tutorials and Knowledges

ဒီရက်ပိုင်း ကျွန်တော် ဘလော့မှာ ပို့စ် တွေမတင်ဖြစ်ပါဘူး..  လွန်ခဲ့တဲ့ 1.11.2012 ရက်နေ့က ထိုင်းမှာနေတဲ့ ကိုရဲဝင်းထွန်းက ကျွန်တော့်ကို Domain တစ်ခုဝယ်ပေးပါတယ်.. ၂နှစ်စာပါ.. ကျွန်တော့်ကို အကျိုးပြုတဲ့ ပို့စ်တွေ ရေးသားနိုင်အောင်လို့ပါ..  ကျွန်တော့်ကို ကိုရဲဝင်းထွန်း ဒိုမိန်းဝယ်ပေးတဲ့နေ့ကစပြီး ကိုရဲဝင်းထွန်းလည်း အလုပ်ပျက်အကိုင်ပျက်နဲ့ ဖြစ်တော့တာပါပဲ.. ဘာဖြစ်လို့လဲဆိုတော့ ၀ယ်ထားတဲ့ ဒိုမိန်းက login ၀င်လို့မရလို့ ကုမ္ပဏီကို ကိုရဲဝင်းထွန်းက သွားပြီး ချဲလင့်လုပ်ရသေးတယ်.. Login ၀င်လို့ ရပြန်တော့ အခု ကျွန်တော်ရေးထားတဲ့ Blog နဲ့ ချိတ်လို့မရပြန်ဘူး.. သူတို့ရောင်းတဲ့ ဒိုမိန်း က Host မလုပ်လို့ကို မရတဲ့ ဒိုမိန်းဖြစ်နေပါတယ်.. Website လောကမှာ အတွေ့အကြုံရှိလှတဲ့ ကိုညီနေမင်းကိုယ်တိုင် ကျွန်တော့် ဒိုမိန်းကို ဘလော့နဲ့ချိတ်ဆက်ဖို့လုပ်ပါတယ်. မရပါဘူး.. ဒီတော့ ၀ယ်ထားတဲ့ ဒိုမိန်းကို အဆုံးခံမလား... ဒါဆိုရင်တော့ ၀ယ်ပေးတဲ့လူကို ကျွန်တော် စော်ကားရာရောက်လိမ့်မယ်.. အခု ကျွန်တော် Host ၀ယ်ဖို့ မတောင်းဆိုရဲတော့ပါဘူး.. ဒိုမိန်းအသစ် ၀ယ်ပေးဖို့တောင်းဆိုမိရင် ကျွန်တော် သိပ်မိုက်မဲရာကျမယ်.. Host က သိပ်ဈေးကြီးတယ်.. ဒီတော့ အလကားရပြီး Storage များများ၊ Bandwith များများ ပေးနိုင်တဲ့ ၁နှစ်ဖရီးမှာ Host လုပ်ပြီး Wordpress နဲ့ရေးဖို့ ကြိုးစားနေပါတယ်.. ကျွန်တော်က ဘလော့မှာသာ နည်းနည်း တီးခေါက်မိတာ.. Website တစ်ခုကို စလုပ်ရတော့မယ်ဆိုတော့ ယောင်ဝါးဝါးပါပဲ.. အခု ဒီဘလော့မှာ တင်ထားတဲ့ ပို့စ် အားလုံးကို ကျွန်တော် အခု စရေးမယ့် Website ဆီကို တစ်ခုချင်း ပြန်ရေးပါမယ်... ရေးပြီးရင်တော့ ဒီနှစ်တစ်နှစ်လုံး အဲဒီ မှာပဲရေးပါတော့မယ်.. ဒါကြောင့် ဒီရက်ပိုင်း ကျွန်တော် ပို့စ်မတင်နိုင်တာဖြစ်ပါတယ်..

ကျွန်တော့်ကို ဒိုမိန်းဝယ်ပေးတဲ့ ကိုရဲဝင်းထွန်း(ထိုင်း)၊ ကျွန်တော် ပူဂျီပူဂျီလုပ်သမျှကို စိတ်ရှည်သည်းခံပြီး လုပ်ပေးရှာတဲ့ ကိုညီနေမင်း၊ ကျွန်တော့် ဘလော့ကို လာရောက်ကြတဲ့ မိတ်ဆွေများကို ကျွန်တော် အထူး ကျေးဇူးတင်ပါကြောင်း ဒီပို့စ်လေးကို ရေးသားတင်ပြလိုက်ပါတယ်..

ကျွန်တော် Website အသစ်ကို ရေးသားပြီးတဲ့အခါ လိပ်စာပေးပါ့မယ်.. အခုရက်ပိုင်း အချိန်ရရင် ရသလောက် ကျွန်တော် တင်ပေးသွားပါ့မယ်....

အားလုံးကိုလေးစားလျက် မောင်ပေါက်

All Free Softwares, e-Books, Tutorials and Knowledges

Windows 8 အတွက် အဆင့်မြှင့်တင်မှုပြုလုပ်ထားပြီး tablet တွေပေါ်မှာအသုံးပြုနိုင်မယ့် နောက်ဆုံးပေါ် Office ဗားရှင်းဖြစ်တဲ့ Microsoft Office 2013 ကိုမကြာသေးမီ Microsoft ကုမ္ပဏီက မိတ်ဆက် ပေးခဲ့ပါတယ်။ လုပ်ငန်းသုံးဆော့ဖ်ဝဲပရိုဂရမ်တွေ စုပေါင်းပါဝင်တဲ့ Microsoft Office 2013 ကို ARM ပရိုဆက်ဆာတွေပေါ်မှာသုံးနိုင်တဲ့ Winodws RT အတွက်အပြင် x86-32 နဲ့ပတ်သက်ပြီး သိထား သင့်သမျှကို ဖော်ပြလိုက်ပါတယ်။

Office 2013 ဗားရှင်း ဘယ်နှစ်မျိုးရှိသလဲ။
Office 2013 အတွက် ဗားရှင်းတွေကို အိမ်သုံးနဲ့လုပ်ငန်းသုံး user တွေအတွက် ဖြန့်ချိပေးမှာဖြစ်ပေမယ့် package အပြည့်အစုံနဲ့ တန်ဖိုးကိုတော့ ကုမ္ပဏီက ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပါဘူး။ အခကြေးပေးသွင်းကာ အသုံးပြုနိုင်တဲ့ Office 365 ရဲ့ cloud ၀န်ဆောင်မှုများအနေနဲ့ကတော့ Home Premium (20GB SkyDrive သိုလှောင်မှုနဲ့ တစ်လလျှင် Skype အသုံးပြုခွင့်မိနစ် ၆၀ ပါဝင်)၊ Small Business Premium (calendar များဝေမျှခြင်း၊ business class မေးလ်အသုံးပြုခြင်း၊ HD conference ပြုလုပ်ခြင်း) နဲ့ ProPlus တို့ဖြစ်ပါတယ်။ Office 2013 ကိုဝယ်ယူသူများဟာ maintenance update များကိုသာ ရရှိမှာဖြစ်ပေမယ့် Office 365 ကိုအခကြေးငွေပေးသွင်းပြီး အသုံးပြုသူများကတော့ အရေးပါတဲ့ update တွေကို ရရှိမှာဖြစ်ပါတယ်။ ARM အခြေခံ tablet များအတွက် Microsoft RT Office ဗားရှင်းကိုလည်း ဖြန့်ချိပေးမှာဖြစ်ပြီး Home နဲ့ Student 2013 RT ဗားရှင်းမှာ Word, Excel, Power Point နဲ့ OneNote တို့ပါဝင်မှာဖြစ်ပါတယ်။ Office 2013 ကို ၀ယ်ယူသူများဟာ PC ငါးလုံးအထိ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အခြားထုတ်ကုန်များပေါ်မှာ ထည့်သွင်းအသုံးပြုလိုတဲ့အခါမှာလည်း ဗားရှင်းတွေကို deactivate လုပ်နိုင်ပါတယ်။ SkyDrive ကနေတစ်ဆင့် cloud အခြေခံ document ဝေမျှမှုများအတွက်တော့ အခမဲ့ Windows Live Microsoft account တစ်ခုလိုပါတယ်။

Office 2013 ကို ဘယ်အချိန်ဖြန့်ချိမလဲ။
ဖြန့်ချိမယ့်အချိန်နဲ့ပတ်သက်ပြီး Microsoft ကုမ္ပဏီက ကြေညာထားခြင်းမရှိပေမယ့် အဆိုပါ Office ဗားရှင်းသစ်ကို Windows 8 ဖြန့်ချိချိန်နဲ့ တစ်ပြိုင်နက်ဖြန့်ချိလိမ့်မယ်လို့ မျော်လင့်ရပါတယ်။

Office 2013 မှာ ဘာတွေပြောင်းလဲထားသလဲ။
Office ဗားရှင်းသစ်မှာ Windows 8 tablet များအတွက် touch, stylus တို့နဲ့အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီး social feature သစ်များနဲ့ Skype တို့ကိုလည်း ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ One-
Note နဲ့ Lync ဟာ note taking ချိတ်ဆက်ခြင်းနဲ့ ဗီဒီယိုချိတ်ဆက်ထားတဲ့ ဆက်သွယ်မှုများကို Office suite မှာ အထောက်အပံ့ပေးထားပါတယ်။

Google Docs လိုမျိုး အခမဲ့အွန်လိုင်းအသုံးပြုမှုတွေ ပါဝင်သလား။
မပါဝင်ပါ။ ဒါပေမယ့် ဆော့ဖ်ဝဲကိုဝယ်ယူရာမှာ cloud ချိတ်ဆက်မှုများကို အထေက်အပံ့ပေးထားတဲ့အတွက် လစဉ်ကြေးပေးသွင်းရန်မလိုပေ။ နောက်ပြီး Microsoft Office မှာ Office 365 လို့ခေါ်တဲ့ cloud အခြေခံဝန်ဆောင်မှု ပါဝင်ပေမယ့် Google Docs လိုမျိုး အခမဲ့ အသုံးပြုနိုင်ခြင်းမရှိဘဲ တစ်လကို ၄ ဒေါ်လာကနေ ၂၀ ဒေါ်လာကျသင့်မယ့် လစဉ်ကြေးပေးသွင်းခြင်းဖြင့်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Microsoft Office 2013 မှာ SkyDrive ကနေတစ်ဆင့် document တွေကို cloud မှာ သိမ်းဆည်းနိုင်ရန်အတွက် default အနေနဲ့ ပြုလုပ်ပေးထားတဲ့အတွက် setting များ dictionary များနဲ့ template များကို မည်သည့်ထုတ်ကုန်ပေါ်မှမဆို cloud ပေါ်မှာ သိမ်းဆည်းနိုင်ပါတယ်။

iOS နဲ့အသုံးပြုနိုင်သလား။
Office 365 ကို Web browser အချို့နဲ့အသုံးပြုနိုင်ဖို့အတွက် အထောက်အပံ့ပေးထားတဲ့အတွက် iPad နဲ့ iPhone ပေါ်မှာ အသုံးပြုနိုင်ပါတယ်။ iOS အတွက် Office ဗားရှင်းကို Microsoft ကုမ္ပဏီက ကြေညာထားခြင်းမရှိပါဘူး။ ဒါပေမယ့် OneNote app များကို iOS သာမကဘဲ Android နဲ့ Symbian ဖုန်းတွေအတွက် အထောက်အပံ့ပေးဖွယ်ရှိပါတယ်။

Mac ဗားရှင်းအနေနဲ့ရော ဖြန့်ချိသလား။
Microsoft ကုမ္ပဏီက Mac အတွက် Office 2013 ကို မိတ်ဆက်ကြေညာခဲ့ခြင်းမရှိပေမယ့် Office 365 ကိုတော့ Officer for Mac နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

System လိုအပ်ချက်က ဘာတွေလဲ။
Office 2013 ကို အသုံးပြုဖို့အတွက် Windows 7 ဒါမှမဟုတ် Windows 8 PC နဲ့ Windows RT tablet တို့ ရှိဖို့လိုပါတယ်။

Tablet တွေမှာ ဘယ်လိုအလုပ်လုပ်သလဲ။
Office ဗားရှင်းသစ်ကို tablet နဲ့ စမတ်ဖုန်းပေါ်မှာ အသုံးပြုနိုင်ဖို့အတွက် အဆင့်မြှင့်တင်ထားပါတယ်။ Layout အပြင်အဆင်ဟာ ရှင်းလင်းပြီး touch နဲ့ အဆင်ပြေစွာသုံးနိုင်မယ့် button-icon တွေကို ထည့်သွင်းပေးထားပါတယ်။ Word မှာ Ribbon ကို ဆက်လက်အသုံးပြုထားပေမယ့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်းအသုံးပြုလိုတဲ့အခါမှာ Ribbon ဖယ်ရှားနိုင်ပါတယ်။ အခြားပါဝင်လာတာတွေကတော့ tablet ပေါ်မှာ စာဖတ်တဲ့အခါ စာအုပ်ဖတ်သလိုမျိုး စာရွက်တွေကို လှန်လှောကြည့်ရှုနိုင်မယ့် Read mode အဆင့်မြှင့်တင်ခြင်းနဲ့ document များအတွင်း ဗီဒီယိုများကို ကြည့်နိုင်ခြင်းတို့ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို Tablet ရဲ့ onboard ကင်မရာနဲ့ရိုက်ကူးနိုင်ပြီး document အတွင်းမှာ အရွယ်အစားပြင်ဆင်နိုင်ပါတယ်။ ဒါ့အပြင် Layout ပြောင်းလဲခြင်းကိုလည်း finger gesture များနဲ့ ပြုလုပ်နိုင်ပါတယ်။

Office 2013 ကို ဖုန်းတွေမှာ သုံးနိုင်သလား။
သုံးနိုင်ပါတယ်။ Windows ဖုန်းတွေမှာ SkyDrive ကနေတစ်ဆင့် Office ကို အထောက်အပံ့ပေးထားတဲ့အတွက် ပြောင်းလဲထားတဲ့ update များကို ချောမွေ့စွာနဲ့ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းတွေပေါ်မှာ Office ကို ဘယ်လောက်အတိုင်းအတာအထိ သုံးနိုင်မယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Skype အထောက်အပံ့ ပါဝင်သလား။
Video chat ပြုလုပ်ခြင်းနဲ့ document များပေါ်မှာ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် Skype ကို Microsoft Lyn နဲ့ Office rSm အထောက်အပံ့ပေးထားပါတယ်။ ဒါကြောင့် ၈၀ လက်မအရွယ် Perceptive Pixel screen ပေါ်မှာ သရုပ်ပြတင်ဆက်မှုများလိုမျိုး တင်ဆက်ပြသမှုများနဲ့ ရုံးအစည်းအဝေးတွေမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။

Source: ITJ အတွဲ (၁၃)၊ အမှတ် (29) ပါ ဘမ်ဘီရဲ့ ဆောင်းပါး
All Free Softwares, e-Books, Tutorials and Knowledges

ယခင်က Windows on ARM လို့လူသိများတဲ့ Windows RT ရဲ့အခြားသော Windows operating system နဲ့ မတူညီတဲ့အချက်ကတော့ Microsoft ကအသိအမှတ်ပြုထားတဲ့ Windows Store ပေါ်က software များနဲ့သာ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ARM အသုံးပြု ထုတ်ကုန်တွေပေါ်မှာသာ သုံးနိုင်မယ့် Windows RT နဲ့ပတ်သက်တဲ့ သိထားသင့်တာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

Windows RT ဆိုတာဘာလဲ။
အထက်မှာ ဆိုခဲ့တဲ့အတိုင်း Windows 8 နဲ့ Windows RT ဟာ ကွဲပြားခြားနားပါတယ်။ Microsoft ဟာ Windows 8 ဗားရှင်းတွေကို ယခင် Windows ဖြန့်ချိစဉ်ကထက် ဗားရှင်းများ လျှော့ချထုတ်လုပ်ရန် ရည်ရွယ်ထားတာနဲ့အမျှ Windows RT လို့ခေါ်တဲ့ ARM ပရိုဆက်ဆာတွေပေါ်မှာသာ အသုံးပြုနိုင်တဲ့ Windows 8 ဗားရှင်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Windows RT နဲ့ WinRT တို့ရဲ့အဓိပ္ပာယ်က တူပါသလား။
အတိုဆုံး ဖြေရမယ်ဆိုရင်တော့ မတူညီပါဘူး။ အကျယ်ချဲ့ပြီး ရှင်းပြရမယ်ဆိုရင်တော့ WinRT လို့ခေါ်တဲ့ Windows Runtime ကို Windows 8 နဲ့ Windows RT နှစ်မျိုးစလုံးပေါ်မှာ အသုံးပြုနိုင်ပါတယ်။ Runtime ဆိုတာဟာ Metro app သစ်များကို ထောက်ပံ့ပေးတဲ့ အင်ဂျင်အတွက် နည်းပညာဆိုင်ရာ အသုံးအနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ Windows Runtime ဆိုတဲ့အသုံးအနှုန်းကို အခုမှ စတင်အသုံးပြုတာ မဟုတ်ပါဘူး။ Hardware တွေနဲ့ အပြန်အလှန် အလုပ်လုပ်နိုင်မယ့် software ကို developer တွေရေးသားနိုင်စေမယ့် application programming interfaces (APIs) ကိုလည်း Runtime ကို ရည်ညွှန်းခေါ်ဆိုပါတယ်။ Windows RT ကတော့ ARM ပေါ်မှာသုံးနိုင်မယ့် Windows 8 အတွက် Microsoft က ရိုးရိုးရှင်းရှင်း အမည်ပေးထားတာပါ။

Metro ဆိုတာဘာလဲ။
Metro ဆိုတာကတော့ Windows 8 ရဲ့ user interface သစ်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Icon များအစား tile များကို အသုံးပြုထားပြီး အချက်အလက်တွေကို app ကနေ အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးပါတယ်။ ၎င်းတို့ကို WinRT နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

WinRT ဆိုတာဘာလဲ။
အခြေခံအားဖြင့် WinRT ဟာ Windows 8 ရဲ့ Metro အပိုင်းကို ကျောထောက်နောက်ခံ ပြုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းဟာ Windows developer တွေအတွက် program ရေးဆွဲခြင်းကို ပိုမို ရိုးရှင်းစွာနဲ့ ပြုလုပ်နိုင်စေပါတယ်။ Metro အတွက် coding များဟာ Windows 7 နဲ့အစောပိုင်း Windows အတွက် program တစ်ခုကို ရေးဆွဲခြင်းထက် ပိုမိုလွယ်ကူတာကြောင့် Windows 8 ဟာ developer များကို ဆွဲဆောင်နိုင်မယ့် နေရာတစ်ခုဖြစ်လာပါတယ်။

Windows 8 နဲ့ Windows RT ဘာတွေကွာခြားသလဲ။
Windows 8 နဲ့ Windows RT မှာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုတွေရှိပါတယ်။ ဒီအချက်တွေကပဲ Windows RT ကိုကျရှုံးနိုင်စေပြီး Windows 8 ကို အောင်မြင်မှုရရှိစေနိုင်ပါတယ်။ ကွာခြားချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

- Windows RT ကို ARM အသုံးပြု ထုတ်ကုန်တွေပေါ်မှာသာ သုံးနိုင်ပါတယ်။
- Windows RT မှာ Desktop mode ပါဝင်ပေမယ့် pre-install ကိုတော့ ကန့်သတ်ထားပါတယ်။ Pre-install အနေနဲ့ touch နဲ့သုံးနိုင်မယ့် Microsoft Office (Word, Excel, PowerPoint, OneNote) တို့ကို ထည့်သွင်းပေးထားပါတယ်။
- Windows RT မှာ device encryption ပါဝင်ပါတယ်။
- x86/x64 program အဟောင်းတွေကိုတော့ Windows RT မှာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

Windows RT မှာ ဘယ်လို app အမျိုးအစားတွေကို အသုံးပြုနိုင်သလဲ
အင်တာနက်ချိတ်ဆက်မှု၊ cloud synchronization နဲ့တုံ့ပြန်နိုင်စွမ်းရှိတဲ့ Metro app တွေကို Windows RT ပေါ်မှာ သုံးနိုင်ပါတယ်။

ARM အသုံးပြု ထုတ်ကုန်အဟောင်းတွေပေါ်မှာ Windows RT ကို အသုံးပြုနိုင်ပါသလား။
အသုံးမပြုနိုင်ပါ။ Windows RT ကို pre-install အနေနဲ့သာ ရရှိနိုင်မှာ ဖြစ်တဲ့အတွက် ARM အသုံးပြုမှု ထုတ်ကုန်အဟောင်းတွေပေါ်မှာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

ARM ရဲ့ အကျိုးကျေးဇူးက ဘာတွေလဲ
ARM ပရိုဆက်ဆာတွေဟာ ဈေးကွက်ထဲမှာရှိတဲ့ iOS, Android နဲ့ အခြားသော မိုဘိုင်းထုတ်ကုန်တွေမှာ အသုံးပြုထားပါတယ်။ ၎င်းဟာ ဘက်ထရီစွမ်းအင် ထိန်းချုပ်မှုအပိုင်းမှာ ကောင်းမွန်တဲ့အတွက် ကျယ် ကျယ်ပြန့်ပြန့် အသုံးပြုကြခြင်းဖြစ်ပါတယ်။

Windows RT မှာ အားနည်းချက်များရှိသလား။
Windows 8 မှာ အသုံးပြုတဲ့ core API တွေကို Microsft က Windows RT မှာအသုံးပြုမှု ကန့်သတ်ထားပါတယ်။ ဒီအချက်ဟာ browser ကုမ္ပဏီများအကြား အံ့အားသင့်ဖွယ်ရာဖြစ်ခဲ့သလို Microsoft အနေနဲ့လည်း Apple က iOS ကို ထိန်းချုပ်ထားသလိုမျိုး Windows RT ကိုထိန်းချုပ်ကာ browser ဆန်းသစ်တီထွင်မှုများကို လျှော့ချရန် ကြိုးပမ်းဖွယ်ရှိပါတယ်။ နောက်အားနည်းချက် တစ်ခုကတော့ Windows RT အတွက် OEM လိုင်စင်ဟာ အမေရိကန်ဒေါ်လာ ၈၀ ခန့် ကျသင့်ဖွယ်ရှိပါတယ်။ ဒီအချက်ဟာ WindowsRT ရဲ့ဈေးနှုန်းကို အခြားသော Android ထုတ်ကုန်များထက် ကြီးမြင့်စေမယ့် အချက်ဖြစ်ပါတယ်။ ဒါ့အပြင် Windows RT tablet ဟာ Windows 8 tablet နဲ့အမြင်အားဖြင့် တူညီနိုင်တဲ့အတွက် ၀ယ်ယူသူများအနေနဲ့ စိတ်ရှုပ်ထွေးစရာဖြစ်နိုင်ပါတယ်။

Source: ITJ အတွဲ (၁၃)၊ အမှတ် (၄၃) ပါ ဘမ်ဘီရဲ့ ဆောင်းပါး
All Free Softwares, e-Books, Tutorials and Knowledges

android Device ပေါ်ကနေ blog ရေးလို့ရမယ့် Blogger 1.2.7.apk ဖြစ်ပါတယ်....

Download Here !



All Free Softwares, e-Books, Tutorials and Knowledges
 
Root မလုပ်ခင် လိုအပ်မည့်  Galaxy SIII ရဲ့  Driver . Odin V.3.04 .. CF-Root-SGS3-v6.3.tarတို့ ကို အောက်မှာ
Download ယူလိုက်ပါ.Driver ရှိပြီးသားဆိုရင်တော့ မလိုတော့ပါဘူး ကျန်တဲ့  နှစ်မျိုးကိုသာ Download ယူလိုက်ပါ။
( ၁) Galaxy SIII Driver for Download( ၂ ) Odin V.3.04 for download
 ( ၂ ) Odin V.3.04 for download
( ၃ ) CF-Root-SGS3-v6.3.tar for download
( ၄ ) Setting >> About Device >> Model number က GT-I9300 ဖြစ်ရမှာဖြစ်ပါတယ်.
        သေချာရင်တော့ ဖုန်းကိုပိတ်လိုက်ပါ။
( ၅ ) Volume Down + Home + Power ကိုဖိထားပါ။
( ၆ ) Download Mode ထဲရောက်ဖို့   Warning Message ပေါ်လာရင် Volume Up ကိုနှိပ်ပြီးသွားပါ။
( ၇ ) Download Mode ထဲရောက်ပြီးဆိုရင် ဖုန်းကို Computer နဲ့ချိတ်လိုက်ပါ။
( ၈ ) Download လုပ်ထားတဲ့ Odin V.3.04 ဖြည်ပြီး Odin ကိုဖွင့်လိုက်ပါ။
( ၉ ) PDA ကို နှိပ်ပြီး Download လုပ်ထားတဲ့ CF-Root-SGS3-v6.3.tar ကိုရွေး Start ကို နှိပ်လိုက်ပါ။
( ၁၀ ) Odin v.3.04 ထဲမှာ PASS ဆိုတဲ့ အစိမ်းရောင်နောက်ခံနဲ့ စာသားပေါ်လာရင် ဖုန်းရဲ့ USB ကြိုးကိုဖြုတ်လိုက်ပါ။
( ၁၁ ) ဖုန်း Restart ပြန်တက်လာရင်တော့ CWM Manager နဲ့ SuperSU တို့ကို Install လုပ်ပြီးသားတွေ့ရမှာဖြစ်ပါတယ်။
All Free Softwares, e-Books, Tutorials and Knowledges

ဘလော့ဂါများအတွက် Recent Post Slide လုပ်နည်းတစ်မျိုးကို ပြောပြချင်ပါတယ်...

1.Blogger ထဲသို့ Sign in ၀င်ပါ..
2.Template အောက်က Edit Template ကိုနှိပ်ပါ.. Porceed ကိုနှိပ်ပါ.. Expand Widget Templates ကို အမှန်ခြစ်ခဲ့ဖို့ မမေ့ပါနှင့်..
3. အောက်ပါကုဒ်ကိုရှာပါ..
</head>

4.တွေ့ရင် အောက်ကုဒ်ကို အဲဒီ ဆိုတဲ့ ကုဒ်ရဲ့ အပေါ်နားလေးမှာ ကူးပြီးချပေးလိုက်ပါ...
<script src='http://ajax.googleapis.com/ajax/libs/jquery/1.4.2/jquery.min.js' type='text/javascript'/>

6.ပြီးရင် Save လုပ်ပြီး Layout သို့ပြန်သွားပါ
7.Add a Gadget ကိုနှိပ်.. ပါ..
8.Add Html/Javascript ကိုနှိပ်ပြီး အောက်မှာပေးထားတဲ့ လင့်ကနေ ဒေါင်းလို့ရလာတဲ့ ကုဒ်တွေကို ချပြီး Save ပေးလိုက်ပါ..
trickmik.com နေရာမှာတော့ မိမိဘလော့/ ဒိုမိန်း ကို အစားထိုးလိုက်ပါ...
9.ဒါဆိုရင် ခုလောလောဆဲ တင်ထားတဲ့ Recent Posts တွေကို Slide လေးနဲ့ လန်းနေပါပြီ..





သတိ.. တကယ်လို့ အခြား Slide Show တစ်ခုခများလုပ်ထားတာရှိရင်တော့ အဲဒီ Slide Show တွေ ရပ်သွားမှာဖြစ်ပါတယ်..

မိမိဘလော့လေးလန်းပါစေ...

All Free Softwares, e-Books, Tutorials and Knowledges

ဒီပို့စ်အတွက် ကိုကျောက်ဒိုး ကိုကျေးဇူးတင်ကြောင်း ပထမပြောကြားလိုပါတယ်။

၁။ www.zbigz.com ကို သွားပါ။

၂။ အကောင့် လုပ်လိုက်ပါ။ free user ပေါ့။ free user လုပ်ထားမယ်ဆိုရင် torrent ဖိုင်နှစ်ခုကို တစ်ခါတည်းဒေါင်းခွင့်ရှိတယ်။ မလုပ်ထားရင်တော့ တစ်ခုတည်းပဲ ရပါလိမ့်မယ်။

၃။ upload torrent ဆိုတဲ့နေရာကို နှိပ်ပြီး ကိုယ့်စက်မှာဒေါင်းထားတဲ့ torrent ဖိုင်လေးကို ရွေးပေးလိုက်။ ပြီးရင် Go ကို ဆက်နှိပ်လိုက်ရင် Free နဲ့ Premium ဆိုတာလေးပေါ်လာမယ်။ Free ကို ဆက်နှိပ်

၎။ Free ကိုနှိပ်ပြီးသွားရင်တော့ torrent ဖိုင်လေးကို zbigz က အလုပ်လုပ်နေပါပြီ။ ခဏလောက်စောင့်ပါ။ အဲဒီမှာ ကိုယ်ဒေါင်းထားတဲ့ torrent ဖိုင်လေးရဲ့ ကျန်းမာရေးက စကားပြောပါပြီ။ ကျန်းမာရေးမကောင်းတဲ့ torrent ဖိုင်က ဒေါင်းဖို့ အသင့်အနေအထားကိုရောက်လာဖို့ တော်တော်ကိုကြာတတ်ပါတတယ်။ ကျန်းမာရေးကောင်းတယ်ဆို 1 မိနစ်လောက်နဲ့ ပြီးသွားပေမယ့် မကောင်းဘူးဆိုရင်တော့ ၁ ရက်လောက် စောင့်လည်း ဒေါင်းဖို့အနေအထားကိုရောက်မှာ မဟုတ်သေးပါဘူး။


၅။ ဒေါင်းဖို့အသင့်ဖြစ်သွားရင်တော့ Zip/ Download ဆိုတဲ့နေရာလေးကို နှိပ်လိုက်ရင် IDM လေးက တက်လာပြီး စတင်ဒေါင်းမှာဖြစ်ပါတယ်။

(မှတ်ချက်။ ။ ကိုယ်ဒေါင်းတဲ့ဖိုင်လေးက မပြီးမချင်း zbigz မှာ တင်ထားတဲ့ torrent ဖိုင်လေးကို မဖျက်ပစ်လိုက်ပါနဲ့၊ ဖျက်ပစ်လိုက်ရင် နောက်တစ်နေ့မှာ IDM က resume လုပ်ဖို့ အခက်အခဲရှိလာမှာဖြစ်ပါတယ်၊ အဓိက အရေးအကြီးဆုံးကတော့ firefox သုံးခဲ့တယ်ဆိုရင် firefox addon မှာ IDM က Enable ဖြစ်နေဖို့လိုပါတယ်။ မဖြစ်ခဲ့ဘူးဆိုရင်တော့ firefox နဲ့ ဒေါင်းမှာဖြစ်လို့ပါပဲ။ ဒါပေမယ့် firefox နဲ့ဒေါင်းလည်း ကွိုင်တော့ မရှိပါဘူး။ firefox နဲ့ ဒေါင်းမိတဲ့အခါ ဒေါင်းနေတဲ့ဖိုင်ကို right click နှိပ်ပြီး copy download link ကို နှိပ်ပြီး IDM မှာ add သွားလုပ်ပေးလိုက်ရင်လည်း ရတာပါပဲ၊)

တစ်ကယ်လို့များ အဆင်မပြေတာ၊ IDM နဲ့ resume လုပ်လို့မရတာ၊ 6GB လောက်ကြီးကို ဒေါင်းနေတုန်း အလယ်လောက်ရောက်မှ ရပ်သွားမျိုးရှိခဲ့ရင် ကျွန်တော့်ကို မေးပါ။ ပြောပြပါ့မယ်။

အဆင်ပြေခဲ့တယ်ဆိုရင်လည်း ကျွန်တော်ရဲ့ Page လေးကိုလည်း Like လုပ်ကြပါဦးဗျာ။ လူက တော်တော်ကိုနည်းနေလို့ပါ။

(ကျောက်ဒိုး)
******************
သူအကြောင်းကိုတော့ကိုနေမင်းမောင်ဆိုဒ်ကနေကူးလာတာပါ
Torrent ဆိုဒ်တွေကိုအသုံးချတက်ဖို့လိုနေပါပြီ..
ကျွန်တော်မိမိတို့လိုအပ်တဲ့ဆော့ဝဲလ်တွေကို  Torrent ဆိုဒ်တွေကနေအလွယ်တကူနဲ့ဒေါင်းလော့ချလို့ရမဲ့နည်း
လမ်းလေးကိုပြန်ပြီးမျှဝေပေးသွားပါမယ်..။ Torrnet  ဆိုဒ်ဆိုတာဘာလဲဆိုတာကိုတော့တော်တော်များများသိ
ကြမယ်လို့ထင်ပါမယ်..။အရမ်းကိုတန်ဖိုးရှိတဲ့ဆော့ဝဲလ်ရတနာသိုက်ကြီးတစ်ခုပါပဲ..။ဆော့ဝဲလ်တစ်ခုထွက်လာ
လို့ကိုယ်ကနာမည်လေးသိယုံနဲ့အဲ့ဒီဆော့ဝဲလ်ကို  Torrent  ဆိုဒ်တွေမှာရှာမယ်ဆိုရင်နောက်ဆုံး Update ကိုမရ
ရင်တော့အနီးစပ်ဆုံး Update ဖြစ်တာကတော့ Torrent မှာရှိနေပါလိမ့်မယ်။ဒီလို Torrentဆိုဒ်တွေကိုတော့ကွန်
ပျုတာနဲ့ပါတ်သတ်တဲ့လူတိုင်းသုံးတက်စေချင်ပါတယ်..။Torrent ကနေဒေါင်းလော့ချရတယ်ဆိုတာမခက်ခဲပါဘူး
သုံးတာကြာလာတာနဲ့အမျှကောင်းကောင်းသုံးတက်သွားပါလိမ့်မယ်..ကျွန်တော် Torrentဆိုဒ်တွေကိုရောက်ရင်
Software တစ်ခုကိုဘယ်လိုရှာမယ်..ဘယ်လိုအချက်တွေကြည့်ပြီးဒေါင်းလော့ချရမယ်ဆိုတာကိုရှင်းပြပေးသွား
ပါမယ်..။

1.ကျွန်တော် http://www.kat.ph/  ကိုမှာ  Internet Download Manager ကိုဘယ်လိုရှာရမယ်ဆိုတာကိုနမူနာ
တစ်ခုထားပြီးရှင်းပြပေးသွားပါမယ်...။အ၇င်ဆုံး http://www.kat.ph/  ကိုသွားလိုက်ပါ..။

2.ပြီးရင်အောက်ကပုံလေးမှာပြထားတဲ့အတိုင်း Search မှာ IDM လို့ရိုက်ပြီးရှာလိုက်ပါ..။ကျွန်တော် Internet
Download  Manager  လို့မရိုက်ပဲဘာလို့  IDM  လို့ရိုက်ရှာသလဲဆိုတော့  Torrent  ဆိုဒ်တွေမှာရှာတဲ့အခါ
မိမိလိုချင်တဲ့ဆော့ဝဲလ်ရဲ့နာမည်ကိုအရှည်ကြီးရိုက်ရှာနေစရာမလိုပါဘူး..။ဘာကိုဆိုလိုတယ်ဆိုတာအ
လွယ်တကူသိဖို့အတွက်အတိုကောက်လေးတွေကိုရိုက်ထည့်ပြီးတော့အလွယ်တကူရှာလို့ရမှာဖြစ်ပါတယ်..



အပေါ်ကပုံအတိုင်း  IDM နဲ့ဆိုင်တဲ့  Software တွေ  Version  အလိုက်ပေါ်လာပြီဆိုရင်ဘယ်လိုဆော့ဝဲလ်မျိုး
ကိုရွေးပြီးတော့ဒေါင်းလော့ချသင့်လဲဆိုတာကိုအချက်လေးချက်နဲ့ဖော်ပြပေးသွားပါမယ်..။

1.အရင်ဆုံး တစ် အချက်မှာ  Software  ကိုတင်ထားတဲ့ရက်ကိုကြည့်ပါ..။ကျွန်တော်ပြထားတဲ့ပုံမှာဆို 4 months
လို့ပြထားပါတယ်..။ဒါဆိုမိမိတို့ဒေါင်းလော့ချမဲ့  Software က Update ဖြစ်သေးတယ်လို့ယူဆလို့ရပါတယ်..။
တင်ထားတာတစ်နှစ်ကျော်သွားပြီဆိုတာနဲ့ဒေါင်းလော့ချလို့မရတာများပါတယ်..။ဖြစ်နိုင်ရင်တစ်နှစ်ကျော်ပြီ
ဆိုရင်ဒေါင်းလော့မချတော့ပါနဲ့..။

2.ပြီးရင်တော့ဒေါင်းလော့ချမဲ့ဆော့ဝဲလ်ရဲ့ Size ကိုကြည့်ပါ..။ဒါကတော့ကိုဒေါင်းလော့ချမဲ့ဆော့ဝဲဟာတကယ်
ရောသူဖော်ပြထားတဲ့ဆိုဒ်လောက်ရှိလားမရှိဘူးလားဆိုတာကြည့်ပြီးတော့ခန့်မှန်းလို့ရပါတယ်..။တစ်ချို့
ဆော့ဝဲလ်တွေကနာမည်ကတော့ကိုလိုချင်တာဒေါင်းလော့ချပြီးကာမှအထဲမှာဘာမှမပါတာတို့ဖြစ်တက်
ပါတယ်..။

3.ပြီးရင် Seed ကိုကြည့်ဖို့လိုပါတယ်..။ကိုယ်ကဒီဆော့ဝဲလ်ကိုဒေါင်းလော့မချခင်ကိုယ့်ရှေ့မှာဘယ်လောက်များ
များဒေါင်းလော့ချသွားပြီးပြီလဲပြီးမြောက်အောင်ကောဒေါင်းလော့ချလို့ရရဲ့လားဆိုတာကြည့်လို့ရမှာဖြစ်ပါ
တယ်..Seed  များလေဒေါင်းလော့ချဖို့ပိုပြီးသင့်လျော်လေပဲဖြစ်ပါတယ်..


4.နောက်ဆုံးတစ်ချက်ကတော့ Software  တွေကိုဒေါင်းလော့မချခင်  Comment  တွေကိုဖတ်ကြည့်ပါ..။အများ
ကြီးမရေးကြပါဘူး..။တော်ရုံလောက်တော့နားလည်ပါတယ်..။Comment တွေမှာ  perfect ၊ working fine!
very good   တိုလိုမျိုးများစုကပေးထားရင်တော့စိတ်ချလက်ချဒေါင်းလော့ချပါ..။ဒါမှမဟုတ်ပဲနဲ့ အဆင်
မပြေတာတို့ Virus လို့ပြောတာတို့ It Is not working တို့ပြနေမယ်ဆိုရင်တော့လက်ရှောင်လိုက်တာအ
ကောင်းဆုံးပါပဲ..။အဲ့ဒီလို  Comment  ပေးထားရဲ့သားနဲ့ဒေါင်းလော့ချလို့မရဘူးလားဆိုတော့ရပါတယ်..။
ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ပြီးလို့အချိန်မကုန်စေချင်လို့ပြောပြပေးတာပါ..။

5.အပေါ်ကအချက်တွေအားလုံးကြည့်ပြီးလို့မိမိတို့ဒေါင်းလော့ချမဲ့ Software ကိုဒေါင်းလော့ချချင်တယ်ဆိုရင်
တော့  Download  Torrent  ဆိုတာကိုရှာပြီးဒေါင်းလော့ချရမှာဖြစ်ပါတယ်..။ကျွန်တော်တို့က Torrent
Downloader  ကိုသုံးပြီးတော့ဒေါင်းလော့ချရမှာဖြစ်တဲ့အတွက်တစ်ခြားနေရာကနေချရင်အဆင်ပြေမှာ
မဟုတ်ပါဘူး..။ဘယ်  Torrent  ဆိုဒ်မဆို  Download  Torrent  ဆိုတာတော့ပါပါတယ်..။အောက်မှာပုံလေး
တွေနဲ့လဲပြထားပေးပါမယ်..။
All Free Softwares, e-Books, Tutorials and Knowledges

Step 1. Log in your domain.com account and go to "Zone Record".
အဆင့် ၁. မိမိ ဒိုမိန်းထဲသို့ ၀င်ပြီး Zone Record ကိုသွားပါ.

Step 2. Log in your blogger account , click your blog and click the "Settings".
အဆင့်၂. Blogger ထဲသို့ဝင်ပြီး မိမိအကောင့်ကို ဖွင့်ကာ Setting ထဲသို့ဝင်ပါ..

Step 3. Click the "Add a custom domain" link.
အဆင့်(၃). Add a custom domain ကိုနှိပ်ပါ..





Step 4. Click "Switch to Advanced Setting" link.
အဆင့် (၄). Switch to Advanced Setting ကိုနှိပ်ပါ..

Step 5. Type your domain name 'www.example.com' ('www' is required). If you find the error, please follow the settings instructions.
အဆင့် (၅). မိမိ ဒိုမိန်းအား ရိုက်ထည့်ပါ.. www. မပါမဖြစ်ထည့်ရမည်.. Error တက်လာမည်ဖြစ်သည်.. ပြထားသောအဆင့်အတိုင်း လိုက်သွားပါ...
Step 6. Back to domain and paste the first values as below and click ' setup'

အဆင့် (၆). domain သို့ပြန်သွားပြီး အောက်တွင်ပြထားသည့်အတိုင်း ရိုက်ထည့်ပေးရပါမည်။ ပြီးနောက် Setup ကိုနှိပ်ရပါမည်.


Step 7. Paste the second values as below and click 'setup'
အဆင့် (၇). အဆင့် ၅ ပုံ (၃) တွင်ပြထားခဲ့သည့် အနီရောင်ဝိုင်းပြထားသော value နှစ်ခုရှိ ၂ ဘေးရှိ value အတိုင်း copy ကူးပြီး အောက်ပါအတိုင်း ချထားလိုက်ပါ..
Step 8. Back to blogger and click the "Save" again.
အဆင့်(၈). Blogger သို့ပြန်သွားပြီး Save ကို ထပ်မံနှိပ်လိုက်ပါ.
 Step 9. Finally it finished.
အဆင့် (၉).နောက်ဆုံးတော့ ပြီးဆုံးအောင်မြင်သွားပါပြီ...



All Free Softwares, e-Books, Tutorials and Knowledges

ဥာဏ်ကောင်းစေပါမယ်လို့တော့မဟုတ်ပါဘူ။ သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။

1. Go for a walk with a friend

လုပ်ငန်းခွင်ရယ်လို့မဟုတ်ပါဘူး။ သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်း နဲ့သွားရပါမယ်။ အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊စ
ိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ တိုးတက်စေမှာ ပြီး ဦးနှောက်ကို သန်မာစေပါတယ်။

2. Solve Puzzles, Play Games

ဥာဏ်စမ်းဂိမ်းများ၊ ပဟေဌိဂိမ်းများ ဆော့ကစားပေး ရပါမယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊ အလွယ်တ ကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျူတာဂိမ်း၊ ကစားကွင်း ဂိမ်း အစရှိသဖြင့်တို့ကို မိနစ်ပိုင်း ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်သွေးဆဲလ်တွေကို တက်ကြွစေပြီး တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု အားကို ကောင်းစေပါတယ်။

3. Meditate

တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော အလုပ်လို့ ယူဆပါတယ်။ မထိုင်နိုင်လည်း ထိုင်နိုင် သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ်မဟုတ်တာင် ၂ ရက်တစ်ခါလောက် ပြု လုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းစေပါတယ်။

4. Eat healthy

မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့  ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက် တဲ့အစားအစာများကို ဦးနှောက်အတွက် အရေးပါ တယ်ဆိုတာ သိထားရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။

5. Think positive

အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုမျးက ဦးနှောက်ထဲက Neuron တွေ ကို သေဆုံးစေ ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ အကောင်းဘက်က မြင်းပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့ အကောင်းဘက်က မြင်ပေး၊ စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ် အသစ်တွေ ပိုမို တိုးတက်စေပြီး စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။

6. Laugh It Up

ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ရယ်သော သူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်မှု များကို လျော့ချပေးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ ရယ်မောလွယ်တတ်သူများဟာ သဘာဝ အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသရုပ်ရှင်များကြည့်ခြင်း၊ ဟာသနောက်ပြောင်ပြောဆိုခြင်း တို့က ဦးနှောက်ထဲက endorphin –level ကိုမြင့်တက်စေပါတယ်။

7. Listen To Music

သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး ကို မြင့်တက်စေပါတယ်။ အတွေးအခေါ် သစ်တွေရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့  ညာဘက်အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။

8. Do Self-Hypnosis

Hypnosis ဆိုတာ စိတ်ညို့ခြင်းကိုဆိုလိုပါတယ်။ ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် စိတ်ညို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူထူထွေးထွေးမဟုတ်ပါ။ ဥပမာ- လကုန် ရက် တစ်ရက်ရက်မှာ လုပ်စရာတစ်ခုရှိသည်ဆိုပါစို့။ ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊ မနက်အိပ်ယာ ၆နာရီထဖို့ စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာ နှိုးဆက်မပါပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။ မမေ့မလျော့ပဲ အိပ်ဆက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။

အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြား သာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဦးနှောက်ကို ဒီလို မှတ်သားခိုင်းစေနိုင်မှုက စိတ်ဖိအားလျော့ချနိုင်ပြီး အတွေးအခေါ်များကို ပိုမို ရှင်းလင်းပြတ်သားစေပါတယ်။

9. Set Goals

ရည်မှန်းချက်ထားရပါမယ်။ ခြောက်လအတွင်းဖြစ်လာမယ့်ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့် ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။ ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့  တွေးခေါ်စဉ်းစားနိုင်မှု စွမ်းအား လျော့ ချစေပါတယ်။ ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဥာဏ် ရည် အမြဲ ဖွံ့ဖြိုးနေပြီး ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအတွင်း ရတတ်ကြပါတယ်။

10. Follow a Sleep and Wake up Routine

စောစောအိပ်၊ စောစောထ ဆိုတာထက် အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။ ညဘက် သန်းခေါင်ကျော်အောင် မအိပ်ပဲ နေပြီး မနက် အိပ်ယာထနောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါတယ်။ ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဥာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ ညအိပ်နောက်ကျပြီး အိပ်ယာစောစောထရတာကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်စေပါ တယ်။ စောစော အိပ်ပေမယ့်၊ နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ ပုံမှန်ချိန်အိပ်ပြီး ပုံမှန်ချထားခြင်း က အိပ်ရေးဝဝ အိပ်စေပြီး စိတ်ရော၊ကိုယ်ရော ကျန်းမာစေပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။

အထက်ပါအချက်များအတိုင်း ကျင့်သုံးသွားရင် ဥာဏ်ကောင်းမလာ ရင်တောင် လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။ သာမန် နေထိုင်တတ်သူများနဲ့စာရင် အထက်ပါ ၁၀ချက်အတိုင်း လုပ်ဆောင်သွားသူများက ဥာဏ်ရည် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှု ရရှိရန် အခွင့် အလမ်းပိုများကြောင်း သုတေသန ဝဘ်ဆိုဒ် တစ်ခုက ဖော်ပြထားပါတယ်။