October 2012
All Free Softwares, e-Books, Tutorials and Knowledges

Mobile Phone သမားတွေအတွက် Computer နဲ့ချိတ်ဆက်တဲ့အခါ တကယ်လိုအပ်တဲ့ Driver တွေပါ..
အခုက Root လုပ်ကြတယ်.. Jailbreak လုပ်ကြတယ်.. ဒီတော့ ကိုယ့်ဖုန်းကို ကိုယ့်ကွန်ပျူတာက သိဖို့ လိုမှာပေါ့... အောက်မှာ အမျိုးအစားအလိုက်တင်ပေးတယ်ပါတယ်...







 1.Acer

 2.Android ADB Driver

 3.Android Handset USB Driver

 4.Hisense

 5.HTC

 6.Huawei

 7.LePhone

 8.LG

 9.Motorola

10.Samsung

11.Sony Ericsson

12.ZTE

All Free Softwares, e-Books, Tutorials and Knowledges

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Spe cific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။ ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385

အမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

 သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။

၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။ ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။

-- Ref: gizmocrazed.com အောင်ခမ်း (TSJ team) http://techspacejournal.blogspot.com/2012/10/blog-post_6372.html
All Free Softwares, e-Books, Tutorials and Knowledges

ကျွန်တော် Android Phone ကိုင်ဆောင်သူတွေအတွက် လျှို့ဝှက်ကုဒ်လေးတွေဖြစ်ပါတယ်။ အောက်မှာ စမ်းသပ်နိုင်ပါတယ်။
( မှတ်ချက် ။ ။ ANDROID PHONE တိုင်းတွင်ရသည်ဟူ၍မဟုတ်၊ တချို့ဖုန်းများ ကုဒ်နံပါတ်နှင့် အဆင်မပြေဖြစ်တတ်သည်။ )

1. Testလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* (or) *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test


2. Firmware အချက်အလက်ကြည့်ခြင်း

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်

*#*#273283*255*663282*#*#*


4. Service mode

*#*#197328640#*#*



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို
အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။


*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ပစ်ပါသည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics
ကျွန်တော် သိသလောက်၊ တတ်သလောက်လေး ပြန် Share ပေးထားတာပါ။ အမှားပါရင်လည်းခွင့်လွှတ်ပါ။

Source : ANDROID PALACE
All Free Softwares, e-Books, Tutorials and Knowledges

27.10.2012 ရက်နေ့ညက မောင်ပေါက်ရဲ့ မနေနိုင်မထိုင်နိုင် လက်ကမြင်းမှုကြောင့် www.maungpauk.co.cc ဆိုတဲ့ Domain Name လေး အဖတ်ဆယ်မရအောင် ဖြစ်သွားတယ်ဗျာ..
ကျွန်တော်က maungpauk@gmail.com နဲ့လုပ်ထားတာဆိုတော့ maungpauk နာမည်ကို မူပိုင် ဖြစ်ချင်တာကိုးဗျ.. ဒါပေမယ့် maungpauk.blogspot.com က ဆရာသမားတစ်ယောက်က ပို့စ်လေးတစ်ပုဒ်နဲ့ ၂၀၀၈ ကတည်းက လုပ်ထားတာ.. ဆက်လည်းမရေးဘူး.. ကျွန်တော်လည်းမရဘူးဗျ..
komaungpauk.blogspot.com ပဲရတယ်.. နာမည်ကရှည်တယ်လေနှော.. အဲဒါနဲ့ co.cc မှာ လျှောက်လုပ်ရင်းက maungpauk.co.cc ကိုရတာ 23.8.2012 ရက်နေ့က ပါ.. ကျွန်တော်လည်း နောက်နှစ် ၈ လပိုင်းကျရင် co.cc ကို ပိုက်ပိုက်မပေးဘဲ ဘယ်လိုလုပ်ရပါ့မလဲလို့ အကြံအိုက်နေတုန်း  komaungpauk.blogspot.com ဆိုတဲ့ နာမည်ရှည်ကြီးကို တိုအောင်လုပ်ကြည့်ရာကနေ ချိတ်ထားတဲ့ maungpauk.co.cc လည်းပျက်ပါလေရော.. စိတ်ညစ်လိုက်တာဗျာ.. 4 နာရီထိ အိမ်မပြန်နိုင်ဘူးခင်ဗျ... မရတဲ့အဆုံး.. နဂိုမူရင်း komaungpauk.blogspot.com နဲ့ပဲ ကျေနပ်လိုက်ရတယ်.. အဲလိုဖြစ်နေတာကို သိတဲ့သူငယ်ချင်းတွေကတော့ အားပေးရှာပါတယ်.. ကလိတာကိုး  ခံလေ.  တဲ့..( အောင်‌လေးကလေ)
ဒါပေမယ့် ကျွန်တော်ရဲ့ လျှာရှည်မှုကြောင့် ပျက်စီးသွားတဲ့ www.maungpauk.co.cc ကို နှမြောမနေဘဲ အကျိုးရှိတဲ့ပို့စ်တွေကို တတ်နိုင်သလောက် ဆက်ရေးနေမယ်ဆိုရင်.. အကျိုးရှိမယ်လို့ မျှော်လင့်ရင်း..
ဒီနေ့တော့ အဆင်ပြေပါစေလို့ မပြောနိုင်တော့ဘူးခင်ဗျာ.. ကျွန်တော်မှ အဆင်မပြေတာ...
နောက်တော့ maungpauk.com လည်းဘာလေး ၀ယ်နိုင်ရင် တော့ အကောင်းသားနှော..

ခင်မင်လေးစားလျက်

မောင်ပေါက်
All Free Softwares, e-Books, Tutorials and Knowledges

ဒီတစ်ခါတော. ကျန်းမာရေးအကြောင်း ကျနော်ဖတ်ဖူးတာလေး မျှဝေချင်ပါတယ်။ အစားအသောက်တွေထဲက အသီးတစ်မျိုးရဲ.အကြောင်းပါ။ ဒီအသီးကို  တော်တော်များများစားဖူးကြပါတယ်။ ထမင်းဝိုင်းတွေမှာ အတို.အမြှုပ်အဖြစ်စားကြ၊ ကြိုက်ကြပါတယ်။ တကယ်ကျတော. ဆေးပညာအနေနဲ.ဆိုရင် ဒီအသီးကို မစားသင့်ဘူးဆိုတာ စာအုပ်ထဲမှာ ဖတ်မိပြီးသိခဲ့ရပါတယ်။ ဒါကြောင့် ပြန်ပြီးမျှဝေ လိုက်ပါတယ်။
 အားလုံးသိကြတဲ.အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော. တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ.Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော. လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ
၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်
နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.့ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်. အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူး
သဖြင်. အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင့်ခြင်း
 
တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကို ပုတီးသီသလိုသီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီးတစ်ခုနဲ့တစ်ခုအလွယ်တကူချိတ်တွယ်နိုင်ပါတယ်။
ကျနော်တို.ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းကပျက်ပြယ်အောင်လုပ်ပေးပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ့ အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ.အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ.အဆိပ်ကိုတော.ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို.ဆိုပါတယ်။အဲဒီအခါ ကျောက်ကပ်
ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ့်တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင့်
ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေ
ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါဆီးလမ်းကြောင်းပိတ်ပြီး ဆီး လုံးဝသွားလို.မရဖြစ်လာပါမယ်။
 ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။
  သွေးထဲမှာ Urea နဲ. အဆိပ်အတောက်တွေများလာပြီး ဆေးရုံကိုအချိန်မီ တက်ရောက်ကုသမှုမခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း(Acute renal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ
အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက၀.၅%သာဖြစ်
ပါတယ်။တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက် အဆိပ်တွေထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ.မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။ တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင့်ဘယ်လိုမှဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေး လျော့နည်းသွား တယ်လို.ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာအလွယ်တကူ ပျော်ဝင်ပါတယ်။
သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ. ပတ်သက်ပြီး WHO(1970),South East Journal of Tropical Medicine(1978)စသဖြင့်ထုတ်ပြန်ရေးသားထားတာတွေလည်းရှိပါတယ်
လို.ဆိုတယ်။
ဒါကြောင်. စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလို
အသီးကို အားလုံး တတ်နိုင်သမျှတော့ မစားသင့်ဘူးလို.ထင်ပါတယ်။
ဒေါက်တာ ခင်မောင်လွင်-
FAME ၏ ကျန်းမာသုတအစီအစဉ်မှ သိသမျှ မျှဝေ ဖော်ပြပါသည်။

 shared by>>>http://www.facebook.com/koko.mg.528/photos_stream

shared by >>>http://natureenergycare.blogspot.com/2012/10/blog-post_2038.html#more
All Free Softwares, e-Books, Tutorials and Knowledges
ပိန်မပိန်တော့ မသိဘူးနှော်.. စာစောင်တစ်ခုမှာတွေ့လို့ ကူးထားတာကြာပြီ..
အခုမှ ပြန်တွေ့လို့ တင်ပေးလိုက်တာပါ..
စား၇မယ့်အစီအစဉ်တွေက..
အဆီကျဟင်းရည်
ကြက်သွန်......နီဥကြီး ခြောက်လုံး
ငရုတ်ပွ အစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံ တစ်စည်း
ဂေါ်ဖီတစ်ထုတ်
အသီးအရွက်တွေကို အနေတော်တုံးပြီး အိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီး ပွက်ပွက်ဆူအနေအထားမှာ ၁၀မိနစ်ထား နောက်မှမီးကို လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်...
အဲဒီအရည်တွေကို ၀ိတ်ချတဲ့ တစ်ပတ်လုံးသောက်၇ပါမယ်...
တတ်နိုင်၇င် အ၇ွက်တွေပါစား၇င်ပိုကောင်းတယ်။
ကျွန်တော် ကတော့ အရည်ဘဲစစ်သောက်ဖြစ်တယ်... ပုံမှန်ဆို တစ်ပတ်ကို ၁၀ ပေါင်ကျပေမယ့်... အရွက်တွေမစားတာရော လေ့ကျင့်ခန်းမလုပ်တာရောကြောင့် ၅ ပေါင်ဘဲကျပါတယ်...
အနံ့အရသာ၇ှိစေဖို့ ဆား င၇ုပ်ကောင်း ဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင်ပါတယ်


ပထမနေ့
အဆီကျဟင်းရည်ကို ဗိုက်ဆာတိုင်းသောက်ပါ တွဲဖက်စားလို့၇တဲ့အစာတွေက လိမော်သီး ပန်းသီး သစ်တော်သီး
မာလကာသီး ကျွဲကောသီး ကျန်တာ ဘာမှစားခွင့်မ၇ှိပါဘူး....အသီးတွေဘဲစားလို့၇ပါမယ်...
ငှက်ပျောသီးမပါ

ဒုတိယနေ့
ပင်တိုင်အဆီကျဟင်းရည်အပြင် ဟင်းသီးဟင်းရွက်အားလုံး အစိမ်းဖြစ်ဖြစ်
ကျက်ပြီးသားဖြစ်ဖြစ် စားခွင့်၇ှိပါတယ်
သစ်သီးကို စားခွင့်မရှိပါဘူး ကင်ထားတဲ့ အာလူးကြီး တစ်လုံး စားခွင့်ပြုပါတယ်

တတိယနေ့

ပထမနေ့နဲ့ ဒုတိယနေ့က ခွင့်ပြုထားတဲ့ အစာတွေအားလုံးစားလို့ရပါတယ်....အာလူးကင်မပါ...

စတုတ္ထနေ့
အဆီကျဟင်းရည်အပြင် တစ်နေ့လုံးအတွက် ငှက်ပျောသီးရှစ်လုံး အဆီထုတ်ထားတဲ့ နွားနို့ ကြိုက်သလောက်သောက်ခွင့်ရှိပါတယ်...
ငှက်ပျောသီးနဲ့နွားနို့ မဖြစ်မနေသောက်၇ပါမယ် ကိုယ်ထဲက ပိုတက်ဆီယမ် ပရိုတင်းနဲ့ ကယ်လ်စီယမ်တို့လိုအပ်နေပြီမို့ပါ

ပဉ္စမနေ့
ပင်တိုင်အဆီကျဟင်းရည်အပြင် ၁၀ ၂၀ အောင်စရှိ ငါး သို့မဟုတ် အမဲသား ဆိတ်သားဆို အဆီမပါ ကြက်သားဆို၇င် အရေပြားဆုတ်ပြီးသား ကို ဆီမပါတဲ့နည်းနဲ့ ကင်ပြီး စားလို့ရပါတယ် ငံပြာရည် ဆနွင်း ဆား သုံးလို့၇ပါတယ်
ခရမ်းချဉ်သီးခြောက်လုံး အထိတွဲဖက်ပြီး ကြက်သွန်နဲ့သုပ်ပြီးဖြစ်ဖြစ် သူ့ကြီးဖြစ်ဖြစ်စားလို့၇ပါတယ်...ကိုယ်ထဲက Uric Acid တွေကို ဆေးချဖို့ ဒီနေ့မှာ ရေ အနည်းဆုံး ရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်

ဆဋ္ဌမနေ့
ပင်တိုင်အဆီကျဟင်းရည်အပြင် အဆီလွတ်အသားများကင်ပြီးဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေနဲ့ရောပြုတ်ပြီးဖြစ်ဖြစ်
စားခွင့်ရှိပါတယ်

သတ္တမနေ့
နောက်ဆုံးနေ့မှာ ဆန်လုံးညိုစားခွင့်ပြုပါတယ် ၀ယ်ရခက်ရင် ပေါင်မုန့်ကြမ်းကို အာသာပြေ၇ုံ စားခွင့်၇ှိပါတယ် အချိုဓါတ်မပါတဲ့ သစ်သီး ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက်စားခွင့်ပြုပါတယ် ဟင်းရည်ကိုတော့ သောက်ပေး၇ပါမယ်...

ကဲ.. အဆင်ပြေပြေ ပိန်ကြပါစေဗျာ...
All Free Softwares, e-Books, Tutorials and Knowledges

ခရမ်းချဉ်သီးဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မရှိမဖြစ် ဟင်းတစ်မျိုးဖြစ်ပါတယ်.. မီးဖုတ်ပြီးသုပ်စားကြသလို အစိမ်းသုပ်လည်းစားကြပါသေးတယ်.. ဟင်းချက်ရာမှာတော့ သူမပါရင် မပြီးဘူးခင်ဗျ.. ဒီတော့ ဒီခရမ်းချဉ်သီးကို ကျွန်တော်တို့ နေ့စဉ်စားသုံးခြင်းဟာ ဘာအကျိုးများရနိုင်ပါသလဲ..

ကျန်းမာရေးရာ
ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။

ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။

လေ့လာတွေ့ရှိချက် ၇၂ ခုအရ ခရမ်းချဉ်သီးကို အစိမ်းလိုက်၊ ချက်ပြုတ်ပြီးစားတဲ့သူရော၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့စားသောက်ကုန်များကို စားသုံးတဲ့သူတွေဟာ ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး အတော်လေးကို နှိမ်နှင်းကာကွယ်နိုင်စွမ်းရှိကြတာကို တွေ့ရှိရပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။

အစာအိမ်ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက်ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်းဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ယောက်ျားလေးမျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ ပေးပါတယ်။ သိသိသာသာ အစွမ်းပြတဲ့အချက်ကတော့ အဆုတ်နဲ့ အစာအိမ်ဘေးကင်းကျန်းမာစေဖို့ ကောင်းကောင်း အထောက်အကူ ပြုပေးပါတယ်။



အလှအပရေးရာ
ပါးနုသွေး၊ နီမြန်းစေချင်ရင်
တချို့ပျိုလေးတွေရဲ့ ပါးလေးတွေဟာ နီးမြန်းပြီး နှင်းဆီရောင် သမ်းနေတတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ချင်ရင် ခရမ်းချဉ်သီးကို များများစားပေးပါ။ ပါးပြင်ကို ပန်းနုရောင် သမ်းရုံမျှမက အသားရည်ကို ရွှန်းစိုဝင်းလဲ့စေပါတယ်။ ခရမ်းချဉ်သီးကို ဒီအတိုင်း စားပေးရင် ပါးပြင် ပန်းနုရောင်သန်းရုံမျှမက မျက်လုံး၊ သွား၊ အရည်ပြားတွေပါ ကောင်းမွန်စေပါတယ်။



မျက်နှာသန့်စင်စေချင်ရင်
အိပ်ရာမဝင်ခင်နဲ့ အိပ်ရာထပြီး ဆယ်ငါးမိနစ်၊ စုစုပေါင်း တစ်နေ့ကို မိနစ် ၃၀ လောက် အချိန်ပေးရင် ရပါပြီ။ အိပ်ရာမဝင်ခင်မှာ မျက်နှာကို ခရမ်းချဉ်သီးတစ်ဝက်နဲ့ (တစ်လုံးကို လှီးပြီး) မျက်နှာကို ပွတ်သပ်ပေးပါ။ လည်ပင်းတစ်ဝိုက်နေရာတွေကိုပါ ပွတ်ပေးပါ။ ပြီးရင်တော့ ဆယ်ငါးမိနစ်ခန့်ထားပြီး ရေနဲ့ ပြန်ဆေးပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လုပ်ပေးပါ။ မျက်နှာကို သန့်စင်ဝင်းပစေပါတယ်။

အဆီပြန်သော အသားအရေအတွက်
ပျားရည်နဲ့ ခရမ်းချဉ်သီးဟာ အဆီပြန်တဲ့ အသားအရည်အတွက် အရမ်းကို ဆေးဖက်ဝင်တဲ့ ပစ္စည်းများပဲ ဖြစ်ပါတယ်။ ပျားရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း) နဲ့ ခရမ်းချဉ်သီး အလတ်စား အရွယ်တစ်လုံးကို ယူပြီးရောစပ်ချေနှယ်ပေးပါ။ ပြီးရင် အဲဒီ့ ပျားရည်ရော ခရမ်းချဉ်သီးရည်ကို မျက်လုံးကလွဲပြီး မျက်နှာအပြင် အနှံ့လိမ်းပေးပါ။ လိမ်းပြီး အသားထဲ စိမ့်ဝင်သွားအောင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပေးပါ။ ၁၅ မိနစ်ပြည့်မှ ရေနဲ့ ပြန်ဆေးပေးပါ။ နှစ်ပတ်လောက် လုပ်ကြည့်တာနဲ့ သိသာလာပါလိမ့်မယ်။ ဒါပေမယ့် ခရမ်းချဉ်သီးနဲ့ ဓာတ်မတည့်တဲ့ သူများအနေနဲ့တော့ မသုံးပါနဲ့။

ရေနွေးပူလောင်ခြင်းနှင့် ဝက်ခြံ
ရေနွေးပူလောင်လို့ ဘေးနားမှာတစ်ခုခုနဲ့ သက်သာအောင် လုပ်စရာပစ္စည်း၊ ဆေးဝါးမရှိရင် ခရမ်းချဉ်သီးနဲ့ အုပ်ထားပေးပါ။ အပူသက်သာစေပါတယ်။ အမြန်ဆုံး သက်သာ ပျောက်ကင်း စေပါတယ်။ ဝက်ခြံကိုလည်း ပြေလျော့စေပါတယ်။

ဆံပင်အနံ့ဆိုးခြင်း
တစ်ခါတစ်လေ ကိုယ့်ခေါင်းက ဆံပင်ရဲ့ အနံ့ဟာ ဆိုးရွားနေတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခရမ်းချဉ်သီးအရည်နဲ့ ခေါင်းကို လိမ်းပြီး မိနစ်ငါးဆယ်လောက်ထားပြီး ရေနဲ့ ပြန်လျှော်လိုက်ရင် အနံ့အသက်လည်း ကင်းပြီး ဒက်တွေပါ ပျောက်ကင်းသွားစေပါတယ်။ နောက်ပြီး ဗီတာမင်အေ ပါဝင်တာမို့ ဆံသားကို တောက်ပြောက်သန်မာစေပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..

* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .


တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။
Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။

မှီငြမ်းလိပ်စာများ>>>www.yoyarlay.com/(or)www.myanmarinternetforum.com/(or)//www.apytz.org

All Free Softwares, e-Books, Tutorials and Knowledges

Folder တွေ အလိုလိုနေရင်းပျောက်တာ ကြုံဖူးကြမှာပါ.. ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်.. ဗိုင်းရပ်စ်ကိုလည်း သတ်ပြီးပြီ.. ကိုယ့် Folder တွေလည်း ပြန်မမြင်ရသေးဘူး.. Folder Option နဲ့ ပြန်ဖေါ်မယ် လုပ်တော့ Folder Option က ပျောက်နေတယ်..
အဲဒီလို အဖြစ်အပျက်က ခဏခဏကြုံရတတ်ပါတယ်..
ဒီနည်းလေးနဲ့ စမ်းကြည့်စေချင်ပါတယ်...

Start ထဲက Run ဆီကိုသွားပြီး Run box ထွက်လာတဲ့အခါမှာ gpedit.msc ကိုရိုက်ပြီး ok ပေါ့။
ကဲ ပေါ်လာတဲ့ box ထဲမှာမှ . . . .
User Configuration -> Administrative Template -> Windows Components -> Windows Explorer
အဲလို တစ်ဆင့်ပြီးဆင့်သွားလိုက်ပါ..
ပေါ်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး Double Click လုပ်လိုက်ပါ
ထပ်ထွက်လာတဲ့ box ထဲက Disable ကိုရွေးလိုက်ပါ..
ကဲ့ အဲဒါတွေအားလုံးပြီးရင်တော့ ကျနော်တို့ Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ ပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေဗျာ . .
All Free Softwares, e-Books, Tutorials and Knowledges

Huawei U8818 ICS 4.0.3တင်ချင်ရင်ပဲဖြစ်ဖြစ် ORIGINAL Firmware ပြန်တင်ချင်ရင်ဘဲဖြစ်ဖြစ် အောက်ကနည်းတိုင်းလုပ်ပါ့မယ်အခုပာာကတော့ ICS firmwar 4.0.3 တင်နည်းပါပထမဦးဆုံး u8818 ရဲ့ ICS firmware ဖိုင်ကိုအရင်ဒေါင်းရပါမယ်။
ICS firmware 4.0.3 ကိုဒီမှာဒေါင်းပါ

ပြီးရင် သင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက်ပါ။dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။

ထို folder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်။
ဒုတိယအရေးကြီးတာကတော့ Kingstom SD ကဒ် 2GB (or) 4GB တစ်ကဒ်လိုပါလိမ့်မယ်။
Firmware တင်ဖို့က အဓိက SD card ကောင်းကောင်းတစ်ကဒ်လိုတာပေါ့။ ဘာလို့လဲဆိုတော့ သင် firmware ဖိုင်ကို
ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်း
စသည့် အခြေအနေများကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။
ကဲစမယ်နော်။
၁။သင့်ဖုန်းအား Power ပိတ်လိုက်ပါ။ ပြီးရင် သင့် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၂။ သင် ခုနက zip ဖိုင်ဖြည် ချထားတဲ့ (UPDATE.APP) ပါတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
၃။သင့်ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။
၎။ သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select “OK”
ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။



၅။ ဘာမှလုပ်ပေးဖို့မလိုပဲ Firmware စတင်ပါလိမ့်မယ်။ Step 1> Step2 > Step 3 သူ့မှာသူအလိုလို အလုပ်လုပ်ပါလိမ့်မယ်။
၆။ ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။ Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
၇။ Restart ထပ်ကျပြီး ပြန်တက်လာလျှင် သင့်ဖုန်း ICS ဖြစ်သွားပါပြီ။ :D
အခုအောက်ကနည်းလမ်းကတော့ Original Firmware ပြန်တင်နည်းပါ
အောက်ကနည်းအတိုင်းဆက်လုပ်ပါ့မယ်

Original Firmware ကိုဒီမှာဒေါင်းပါ

အထက်မှာ ပြောထားတဲ့ နံပါတ် (၃) အဆင့်ထိ လုပ်သွားပါ။
၎။ ပြီးရင် သင့်ဖုန်းကို ပါဝါမဖွင့်ခင် Volum (+ ကော , – ကော)နှစ်ခုလုံးကိုဖိထားပါ။
၅။ ပြီးရင် ထိုနှစ်ခုလုံးကိုဖိထားပြီး POWER ခလုပ်ကိုပါ ထပ်ဖိထားပါ။ ထိုအချိန်မှာ နံပါတ်(၅) မှာရေးထားတဲ့အဆင့်တိုင်းအကုန်လုပ်သွားပါလိမ့်မယ်။
ကဲ အခုတော့ ကလိချင်တိုင်းကလိလို့ ရပါပြီဗျာ စိတ်မပူရတော့ဘူးပေါ့ပဲာပဲာ :D
Ref>>>
All Free Softwares, e-Books, Tutorials and Knowledges

1. Huawei Ascend C8812 Firmware
2.Huawei Ascend D1 U9500 Firmware
  1. Ascend D1 (U9500-1, Android 4.0) V100R001CHNC00B126 (Generic Version)

3. Huawei Ascend G300C C8810 Firmware
  1. C8810 V100R001C92B862(General Version)(05010TJJ)
4. Huawei Ascend P1 U9200 Firmware
  1. Ascend P1 U9200-1 (Android 4.0) V100R001CHNC00B118(Generic Version)

5.  Huawei U8185 AKA Ascend Y100 Firmware
  1. U8185 (Android 2.3.6)V100R001C00B814CUSTC185D001(Europe)
6.  Huawei Ascend Y200 U8655 Firmware
  1. U8655-1 V100R001C169B880SP02(Germany O2) 
ကိုယ့်ဖုန်းနဲ့ ကိုက်ညီတာတွေ ရနိုင်ဖို့ အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းထားတာပါ..
Collection 10 ကို ဆက်လက်စောင့်မျှော်ပါရန်...
အဆင်ပြေပါစေ...
All Free Softwares, e-Books, Tutorials and Knowledges
How to download APK files from Google Play to Pc
 


ကဲဒီတစ်ခါတော့GooglePlay(Market)ကနေAPKfiles တွေကိုPc ပေါ်ဒေါင်းလုပ်ပုံစံချကြည့်ရအောင်လား။Google Play(Market)ဟာဒီအတိုင်းဆိုရင်ဖုန်းပေါ်မှာပဲ ဒေါင်းလုပ်ချခွင့်ရှိတာပါ။PCကွန်ပျူတာပေါ်ကို ဒေါင်းလုပ်ချခွင့်ပေးမထားပါဘူး။အခုဖော်ပြမယ့် ဟာလေးကတော့ဖုန်းထဲတင်မကပဲPCကွန်ပျူတာထဲမှာပါသိမ်းထားချင်တဲ့သူများအတွက်အသုံးဝင်ပါလိမ့်မယ်။ လိုအပ်တာတွေကတော့....
Chrome browser ဖြစ်ဖို့လိုပါတယ်(Chrome သမားတွေအတွက်အကြိုက်ပေါ့)
ပြီးရင်
 APK Downloader Google Chrome Extension  လေးကို   Chrome မှာ ထည့်ထားပေးရပါမယ်။Chrome ဗားရှင်း17 အထက်ဆို အဆင်ပြေပါလိမ့်မယ်။Extensionပြန်ကြည့်ရင် အောက်ကပုံလေးလို ဖြစ်နေပါလိမ့်မယ်။




Chrome မှာ ထည့်လိုက်ပြီဆိုတာနဲ့ Android Market မှာ ၀င်သုံးလို့ရတဲ့ account နဲ့ Device ID ကိုထည့်ပေးရပါလိမ့်မယ်။

Device ID


Device ID ကို ဒီမှာယူပါ။ (ဖုန်းထဲမှာ ဒီ Device ID apk လေးကို တင်ထားပေးလိုက်ရင် သိရှိနိုင်ပါတယ်။Device ID ကိုတခြားနည်းလမ်းသိမယ်ဆိုရင်လည်း ပြောပြပေးခဲ့ပါ။)
 
 ပြီးရင် Simအသုံးပြုတဲ့နိုင်ငံနဲ့ အမျိုးစားကို ရိုက်ထည့်ပြီး Save settingsကို နှိပ်ပေးလိုက်ပါ။ဒါဆိုရင်အဆင်ပြေသွားပါပြီ။

ဘယ်လိုဒေါင်းလုပ်ချမလဲဆိုရင်တော့
ပုံမှန်အတိုင်း Android Market account.ကိုဝင်လိုက်ပြီးတော့...




မိမိကြိုက်နှစ်သက်တဲ့ Apk လေးကို ရွေးချယ်ပေးလိုက်ပါ။


ပြီးရင်တော့ အောက်ကပုံအတိုင်း မြားလေးနဲ့ပြထားသလို APK Downloader ဆိုတဲ့ပုံလေးကို တွေ့မြင်ရပါလိမ်မယ်။အဲဒါလေးကို နှိပ်ပေးလိုက်ယုံပါပဲ။


Downloadingဆိုပြီး ဖိုင်ကို Save ဖို့နေရာတောင်းပါလိမ့်မယ်။မိမိ ကြိုက်နှစ်သက်ရာ နေရာေ၇ွးထားပေးလိုက်တာနဲ့ အဆင်ပြေသွားပါပြီ။

Download လုပ်ရန် Device ID 


 
သို့မဟုတ်


 
 သို့မဟုတ်



ကျွန်တော်တော့ မလုပ်ရသေးဘူးဗျ..
တစ်ယောက်ကတော့ ပြောတယ်.
Device ID ကိုအလွယ်တကူသိချင်ရင်
Phone Touchpad ကနေ *#*#8255#*#* ကို ရိုက်ထည့်လိုက်ရင် Device ID ပါပါတယ် သေရှာကြည့်ပြီး ကြည့်ရပါမယ်. တဲ့ခင်ဗျာ...

 
Source : Myanmar Android Users

All Free Softwares, e-Books, Tutorials and Knowledges
All Free Softwares, e-Books, Tutorials and Knowledges

ကိုဝင်းကမ္ဘာကျော်ဆီက ယူလာခဲ့တာပါ..  အသုံးတည့်မယ့်ဟာလေး ဆိုတော့ ပြန်လည်မျှဝေပေးတာပါ..
အဆင်ပြေရင်တော့ ကိုဝင်းကမ္ဘာကျော်ကို ကျေးဇူးတင်သင့်ပါတယ်ခင်ဗျာ..
အဆင်မပြေခဲ့ရင်တော့ ကျွန်တော့်ကိုသာ အပြစ်တင်လိုက်ပါ....
Avast
AVG
Avira
Bitdifender
ESET
Kasper
Norton
TrstPrt
စတဲ့ Antivirus (8)မျိုးရဲ့ Key တွေ ပါဝင်ပါတယ်..

အဆင်ပြေပါစေ..


OR

Download Here !


All Free Softwares, e-Books, Tutorials and Knowledges

1.  Huawei U8150 AKA Ideos Firmware

  1. U8150 V100R001C183B825(New Zealand 2degrees) 

2.  Huawei U8120 AKA Vodafone 845/V845/Joy Firmware


3. Huawei U8110 AKA T-Mobile Pulse Mini/ Pulse Mini/Selina Firmware
  1. U8110 V100R001C17B239(China Unicom)(05010EJA)

4.  Huawei U8100 Firmware
  1. U8100 V100R001C138B220SP01(Austria H3G)
All Free Softwares, e-Books, Tutorials and Knowledges

1. Huawei U8350 AKA Boulder/Orange Barcelona Firmware
  1. U8350 (Android 2.2)V100R001C88B630(France Virgin)(05010QQK)

2.  Huawei U8300 Firmware
  1. U8300 V100R001THAC208B263(Thailand TOT)

3.  Huawei U8230 Firmware
  1. U8230 V100R001C62B857(Zambia Airtel)

4.  Huawei U8220 AKA Pulse Firmware
  1. U8220-6 V100R001CHNC00B857(Chinese Channel)(05010HDP)

5.  Huawei U8180 AKA Orange Stockholm/T-Mobile Rapport/Ideos X1/Gaga Firmware
  1. U8180 V100R001C193B661 (Megafon Russian)
  2. U8180 (Android 2.2)V100R001C00B665(Normal)

6.  Huawei U8160 AKA Vodafone 858 Smart Firmware

မိမိ အမျိုးအစားအလိုက် အဆင်တပြေဖြစ်အောင် ရှာဖွေစုဆောင်းထားတာဖြစ်ပါတယ်..

အဆင်ပြေကြပါစေ..
အားလုံးကို ခင်မင်လေးစားလျက်....
All Free Softwares, e-Books, Tutorials and Knowledges

A. Huawei U8661 Sonic Plus Firmware
  1. U8661 (Android 2.3) V100R001C17B827(China Unicom)(05010VVE)

 B. Huawei U8660 Firmware
  1. U8660 V100R001C17B861(China)(05010TBV)

C. Huawei U8650 AKA Sonic/Turkcell T20 Firmware
  1. U8650 V100R001C306B858(France_Audim_Ingram)(05010TDW)

D. Huawei U8520 Duplex Aka Huawei Deuce Firmware

E. Huawei U8510 AKA Ideos X3/Blaze Firmware
F.  Huawei U8500 Firmware
  1. U8500 (Android 2.2.1)V100R001C278B712

ကဲ ကိုယ့်ဖုန်းအမျိုးအစားနဲ့ ကိုက်တာတွေ ဒေါင်းပြီး အဆင်ပြေနိုင်ကြပါစေ...

အပိုင်း (၃) ဆက်လက်စောင့်မျှော်ပါရန်

ခင်မင်လေးစားလျက်......

All Free Softwares, e-Books, Tutorials and Knowledges

Huawei Firmware တွေကို ရသလောက်စုပြီးတင်ပေးလိုက်ပါတယ်..

ဖုန်း ကျွမ်းကျင်တဲ့ ပညာတွေအတွက် တစ်ခုခု အထောက်အကူရမလားလို့ပါ...

1. Huawei UM840 Firmware -
    (a) UM840 V100R001C32B251
    (b) UM840 V100R001C32B766SP02

2.Huawei U9000 AKA Ideos X6/Ascend X /Spice Mi410/Cherrymobile Magnum HD/Motorola Triumph/WellcoM A99 Firmware
    (a) FB0-318D-0-5012-A03
    (b) MAGNUM_softwareupdate3 FB0-318D-0-5019-A03
    (c) U9000 V100R001C00B244SP00(normal)
    (d) U9000_Android_2.2_V100R001C322B259SP00 (China Channel)
    (e) U9000-81 V100R001C258B245SP10(USA CBW)
    (f)  WellcoM-A99(2.3)-V318E

3. Huawei U8860 AKA Honor Firmware
  1. U8860 V100R001C00B909SP02 (female subject Customised)
  2. U8860 V100R001C17B866b (China Unicom)
  3. U8860 V100R001C00B977 (China)
  4. U8860 V100R001C00B866SP01(Normal)05010PUU
  5. U8860 V100R001C394B865SP01(Malaysia Only)
  6. U8860 V100R001CHNC00B876 (Chinese channels)
  7. U8860 ICS 4.0 Cambodia Demo version
  8. U8860V100R001C379B860(General Version)
  9. U8860V100R001C379B875(Chinese Version)
  10. U8860 V100R001C00B913SP01
  11. U8860 V100R001CHNC00B919
  12. Huawei Honor Ice-Cream Sandwich (4.0.3) firmware (Malaysia Version) (TRIAL VERSION)
  13. U8860 V100R001C17B923SP03(China Unicom customized version)
  14. U8860 V100R001CHNC00B923SP03 (Chinese channels)
  15. U8860 (Android 2.3.6)V100R001C29B879 (Mobitel)
  16. U8860 (Android 2.3.6)V100R001DEUC00B870(Normal West Europe)(05010VWP)
  17. U8860 (Android 4.0.3)V100R001C00B922
  18. U8860-I (Android 4.0.3)V100R001C00B923SP01
4. Huawei U8850 AKA Vision Firmware
  1. U8850 (Android 2.3.7)V100R001C279B244SP22(Slovenia TUS Mobil)

5.Huawei U8800Pro AKA Ideos X5 Pro Firmware

  1. U8800Pro (Android 4.0.3) V100R001CHNC00B927(Domestic General)

6. Huawei U8800 AKA Ideos X5/Huawei Titan/U8800H Firmware
  1. U8800-51 V100R001C00B035CUSTC32D001 (Venezuela Movilnet)

အပိုင်း (၂)အား ဆက်လက်စောင့်မျှော်ပါရန်.....

ခင်မင်လေးစားလျက်......