ဖေါင့်မရှိဘဲ Word ကိုဖတ်နိုင်ဖို့


ဒီပြသနာကို အနည်းနဲ့အများတော့ ကြုံဘူးကြမယ်ထင်တယ်
ကိုယ့်စက်မှာ ရိုက်ထားတဲ့ စာကို ကွန်ပျုတာဆိုင်မှာ print သွားထုတ်တော့ ဆိုင်က ဖောင့်မရှိလို့
ထုတ်မရတဲ့ပြသနာ
ကိုယ်ရိုက်ထားတဲ့စာကို သူငယ်ချင်းဆီ ပို့လိုက်တာ
သူ့ဆီမှာ ဖောင့်မရှိလို့ ဖွင့်မရဘူးဆိုတဲ့ ပြသနာ
စသည်.. စသည် ပေါ့ဗျာ

လုပ်နည်းလေးက လွယ်ပါတယ်
သတိမထားမိကြလို့ပါ
file ကို save as လုပ်တဲ့ အချိန်မှာ tool ကိုသွား
save option ကိုဆက်ပြီးတော့သွားလိုက်ပါ
အဲဒီရောက်တော့Embed True Type Fontsနဲ့
Embed characters in use only ဆိုတာလေးကို အမှန်ခြစ်လေးပေးရုံပါပဲ
ကဲ စက်မှာ ဖောင့်မရှိလဲ ဖတ်နိုင်ပါပြီ
မသိသေးတဲ့ လူတွေအတွက်တင်ပေးလိုက်တာပါ ဖတ်ပြီးသားသိပြီးသားလေးတွေဆိုရင်လဲ ခွင့်လွှတ်ပေါ့ဗျ

ပြုံးတိုင်းလှစေဖို့




သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး

JPG ဖိုင်တွေကို ချုံ့ပစ်မယ်




Advanced JPEG Compressor 4.7
          Jpg ဖိုင်ဆိုဒ်ကြီးကြီးတွေကို ချုံ့ပြီး သိမ်းထားချင်ရင်ပဲဖြစ်ဖြစ်၊ မေးလ်ကတစ်ဆင့်ပို့ချင်လို့ပဲဖြစ်ဖြစ်၊ Upload တင်ချင်ပဲဖြစ်ဖြစ် ဒီကောင်လေးက သိပ်ကောင်းတာ။ ဆိုဒ်တွေကို တော်တော်ချုံ့ပေးနိုင်တယ်ဗျ။ မိတ်ဆွေတို့မှာ ရှိကောင်းရှိပါလိမ့်မယ်။ မရှိရင်တော့ အောက်မှာဒေါင်းထားလိုက်ပေါ့ဗျာ။ ဖိုင်အမှတ်က ၀၀၀၉ ပါခင်ဗျ။

USB flash Drive နဲ့ Memory Card တွေမှာ ဖိုင်တွေပျက်သွားရင်



     ကျွန်တော့်ဆရာသုံးတဲ့ 4GB ကဒ်ထဲက အရေးကြီးတဲ့ ဓါတ်ပုံအပါအ၀င် Data တွေကို သူ့သမီးလေးက format ချမိလို့ လုပ်ကြပါအုံးဆိုတာနဲ့ ဒီဆော့ဖ်ဝဲလ် လေးကို သုံးလိုက်တာ အားလုံးနီးပါး ပြန်ရတယ်ဗျ။
     အရေးကြီးတာက ဖိုင်တွေကို မှားဖျက်မိရင်ပဲဖြစ်ဖြစ်၊ ယောင်လို့ format ချမိရင်ပဲဖြစ်ဖြစ် အဲဒီ Drive ပေါ်မှာ နောက်ထပ် Data တွေထပ်မထည့်မိဖို့ပါပဲ။ ထပ်ထည့်မိရင်တော့ ပြန်ဆည်လို့ရဖို့ ၉၀% မသေချာ တော့ပါဘူး။ အခု flash Drive ထဲက Data တွေကို ပြန်ဆည်ဖို့ အကောင်းဆုံး ဆော့ဖ်ဝဲလ် တစ်ခုကို ညွှန်ပြ ချင်ပါတယ်။ 

Pendrive Data Recovery ဖြစ်ပါတယ်။ 
လိုချင်ရင်တော့ ဒီနေရာလေး ကိုနှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။

ဂျီတော့မှာ မြန်မာစာပေါ်စေတဲ့ဆော့ဝဲလ်



        ဂျီတော့မှာ မြန်မာစာမပေါ်တဲ့ဒုက္ခက ကင်းလွတ်အောင် gtalkmyanmaraddin ကိုသွင်းထားသင့်ပါတယ်။ နို့မို့ဆို တစ်ခါတစ်လေ တော့ရတာ အဆင်မပြေဘူးဗျ။ အခုမြန်မာစာရနေပြီး ok တုန်းရှိသေး။ ခဏကြာတော့ မြန်မာစာကမရတော့ပြန်ဘူး။ အင်္ဂလိပ်စာကို မြန်မာလိုအသံထွက်အောင် ရိုက်ရတာလဲ မနိပ်ပါဘူးဗျာ။ ငယ်ငယ်က သင်ထားတဲ့ အင်္ဂလိပ်စာတွေတောင် မတတ်တော့ဘူး။ ဒီတော့ ဂျီနဲ့ တော့ကြမယ်ဆိုရင်တော့ အင်္ဂလိပ်လိုပြောချင်ပြော၊ မဟုတ်ရင် မြန်မာလိုပြောရတာ အကောင်းဆုံးပဲဗျ။ မိတ်ဆွေတို့က ကျွန်တော့်ထက် တော့ဖူး၊ ချက်ဖူးတော့ ရှိချင်ရှိမှာပေါ့လေ။ မရှိတဲ့သူများအတွက် မျှဝေလိုက်ပါ။

ကွန်ပျူတာ Hardware နဲ့ OS တို့ကို တိကျစွာစစ်ဆေးနိုင်တဲ့ Software





ဒီဆော့ဖ်ဝဲလေးကတော့ ရှိကောင်းရှိကြပါလိမ့်မယ်။ CPU-Z လိုပဲ။ ဒါပေမယ့် ဒီကောင်လေးက ပိုပြီးတော့ အသေးစိပ်ကို ရှာဖွေစစ်ဆေးနိုင်ပါတယ်။ ဘယ်ဘက်ခြမ်းမှာ ကိုယ်သိချင်တဲ့အကြောင်းအရာကို ဖိလိုက်တာနဲ့ ညာဘက်ခြမ်းက Penel မှာ ဖေါ်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အသုံးတည့်လိမ့်မယ်လို့ယုံကြည်ပါတယ်။
သူကတော့ Everest Ultimate ဖြစ်ပါတယ်။ ကျွန်တော့်ဆီမှာ Edition 2005 ပဲရှိတာမို့တင်ပေးလိုက်ပါတယ်





လိုချင်သူများ အောက်မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျ (လင့်သေနေရင်တော့ပြောပေးကြပါ)